သူနုနယ်၏
ဝမ်းနည်းကြေကွဲခြင်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူကြီးတွေသာမက ကလေးငယ်တွေလဲ ပါဝင် ပက်သက်နေလေ့ရှိပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ ကလေးတွေရဲ့ ဝမ်းနည်းကြေကွဲမှုတွေကို လူကြီးတွေက ဥပေက္ခာပြုထားတတ်တာများပါတယ်။ ဒီအယူအဆဟာ မှားတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲ ဆိုတော့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးတွေကို ပိုလို့ ဦးစားပေးပြီး စာနာဖေးမ သင့်လို့ပါပဲ။
ကလေးတွေဟာ အချစ်ကို ခံစားတတ်လာတာနဲ့အမျှ သူတို့ ချစ်ခင်သူတွေကို ဆုံးရှုံးရချိန်မှာ ခွဲခွာရချိန်တွေမှာ ပူဆွေးသောက ရောက်လေ့ရှိပါတယ်။ ဒီနေရာမှာတာ့ အသက်အရွယ် အပိုင်းအခြားအလိုက် ပြောလို့ မရတော့ပါဘူး။ ပိုချစ်တတ်လာလေ ပိုတွယ်တာတတ်လာလေ ပိုလို့ ဝမ်းနည်းကြေကွဲ တတ်လာလေလို့ ပြောလို့ရပါတယ်။
ဒါပေမယ့် ကလေးတွေဟာ သူတို့ရဲ့ ဝမ်းနည်းကြေကွဲခြင်းတွေကို လူကြီးတွေလို ထုတ်ဖော်ပြီး ပြလေ့မရှိပါဘူး။ လူမသိသူမသိ တိုးတိုးတိတ်တိတ် ကြေကွဲလေ့ရှိတတ်ကြပါတယ်။
ကျွန်မကတော့ ဒီလို အဖြစ်အပျက်မျိုးတွေကို မကြာခဏ ကြုံဘူးပါတယ်။ တစ်နှစ်တကြိမ် အိမ်ပြန်မိတဲ့ အချိန်တိုင်း ကျွန်မကို အလွန်အမင်း တွယ်တာတဲ့ တူလေးကို အရိပ်လိုကြည့်ပြီး နှစ်သိမ့်ရတတ်ပါတယ်။ ကျွန်မ အလုပ်ခွင်ပြန်ဝင်ဖို့ နီးလာတာနဲ့အမျှ ကလေးက ပိုလို့ တိတ်ဆိတ်သွားလေ့ရှိပါတယ်။ လူကြီးတွေနဲ့ ခပ်ဝေးဝေးမှာ တစ်ယောက်တည်း စဉ်းစားပြီး တွေဝေ ငေးမောနေလေ့ရှိပါတယ်။
ဒီအခြေအနေကို မရိပ်မိတဲ့ အိမ်သားတွေကတော့ ကလေးကို သတိမထားမိပဲ ပစ်ထားလေ့ရှိပါတယ်။ ကျွန်မကတော့ ကြိုတင်ပြီး ကြေကွဲနေတဲ့ ကလေးအနားကို ကပ်ပြီး အခြေအနေကို ရှင်းပြရပါတယ်။ ကျွန်မ ဘာကြောင့် ကလေးတွေနဲ့ ခွဲနေရတယ်ဆိုတဲ့ အကြောင်းကို ကလေးနားလည်မယ့် ဘာသာစကားနဲ့ ကွက်ကွက်ကွင်းကွင်း မြင်လာအောင်ပဲ ရှင်းပြခဲ့ပါတယ်။ မနှစ်တုန်းကတော့ ကျွန်မ တိုက်ကြီး တစ်လုံးဆောက်နေတာ မပြီးသေးလို့ ပိုက်ဆံ ထပ်ရှာရအုံးမယ့်အကြောင်း တိုက်ကြီး ဆောက်ပြီးသွားရင်း ကလေးတွေနဲ့ အမြဲတမ်းနေမယ့် အကြောင်း ဖွဲ့ကာနွဲ့ကာ ပြောပြခဲ့ပါတယ်။ ကျွန်မ ရှင်းပြနေတဲ့ အချိန်မှာ ကျွန်မရဲ့ အကြောင်းပြချက်ကို လက်ခံတဲ့ လက္ခဏာကို ကလေးရဲ့ မျက်နှာပေါ်မှာ တွေ့ခဲ့ရပါတယ်။
ကျွန်မဘက်က စကားစလာတော့ ကလေးဆီက မေးခွန်းတွေ ထွက်အံကျလာပါတယ်။ ကျွန်မ အဝေးမှာ ဘယ်လောက်ကြာအုံးမှာလဲ။ ဘယ်တော့ ပြန်လာအုံးမှာလဲ။ တိုက်ကြီးပြီးဖို့ ပိုက်ဆံ ဘယ်လောက်လိုလဲ။ ပိုက်ဆံက ဘယ်တော့ ပြည့်မှာလဲ ဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းတွေကိုလဲ ကလေး ကျေနပ်လက်ခံလာတဲ့ စိတ်ရှည်လက်ရှည်နဲ့  အထိ ဖြေခဲ့ရပါတယ်။
နှစ်တိုင်းလိုလို ကျွန်မ မပြန်ခင် သုံးရက်လောက်အလိုမှာတည်းက ကလေးနဲ့ စပြီးနားလည်မှုယူရပါတယ်။ သူ့ကို လူကြီးတစ်ယောက်လို အရေးပေးပြီး စကားတွေပြောပါတယ်။ အခြေအနေကို နားဝင်အောင်ရှင်းပြပါတယ်။ သူ့ကို ဘယ်လောက်ချစ်ကြောင်း ပြောပြပါတယ်။ တကယ်တမ်း ကလေးနဲ့ ထပ်ပြီး ခွဲတဲ့ နေ့မှာတော့ ကလေးက ကျွန်မနဲ့ ခွဲဖို့ အဆင်သင့် ဖြစ်သွားပါပြီ။ ဝမ်းနည်းကြေကွဲတဲ့ အမူအယာ အရိပ်အယောင်တွေ မပြတော့ပါဘူး။ ကလေး သုံးနှစ်အရွယ်ကစလို့ ခွဲခဲ့တာ အခုဆို ကလေးက ရှစ်နှစ်ရောက်နေပါပီ။ ခွဲခါနီးအချိန်တွေအတွက် ကလေးကို ကြိုတင်ပြင်ဆင်ဖို့ အချိန်ပေးခဲ့ရပါတယ်။ ဘယ်လို နေရမယ်ဆိုတာကို သင်ပေးခဲ့ပါတယ်။ ကျွန်မ သူတို့အနားမှာနေရတဲ့ အချိန်တိုင်းမှာလဲ ကလေးတွေကို အချိန်တွေ ပိုပေးခဲ့ပါတယ်။
တကယ်တော့ ဝမ်းနည်းကြေကွဲနေတဲ့ ကလေးတွေက ကျွန်မတို့ဆီက အစပျိုးလာမယ့် စကားလုံးတွေကို မျှော်လင့်နေတတ်ပါတယ်။ ကျွန်မတို့က စကားစလိုက်တာနဲ့ သူတို့ ခံစားနေရတာ သူတို့ မျှော်လင့်နေရတာ သူတို့ သိချင် မြင်ချင်တဲ့ အရာတွေကို စိတ်ပါလက်ပါ ဆွေးနွေးလာတတ်ပါတယ်။
အဓိက အရေးကြီးတဲ့ အချက်ကတော့ ကလေးတွေ အထင်အမြင်လွဲနေတဲ့ ကိစ္စတွေ နားလည်မှုလွဲနေတဲ့ ကိစ္စတွေကို ကျေညက်အောင် နားလည်အောင် သေသေချာချာ အချိန်ယူပြီး ရှင်းပြပေးဖို့လို့ပါတယ်။
မိသားစုထဲမှာ နာရေးနဲ့ ကြုံလာပြီဆိုရင်လဲ ကလေးတွေကို ဘာလုပ်ရမယ် ဘယ်လို ပြင်ဆင်ထားရမယ် ဘာတွေ တွေ့ရတတ်တယ် ဆိုတာတွေကို ကြိုတင်ရှင်းပြထားဖို့ လိုပါတယ်။ လူကြီးတွေ ဘယ်လို ပြုမူကြလိမ့်မယ်။ ဘယ်လို မြင်ကွင်းတွေ မြင်တွေ့ရတတ်တယ် ဘယ်လိုလူတွေ လာလိမ့်မယ် သူတို့ ဘာတွေ လုပ်ကြမယ် ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကို ရှင်းပြရပါမယ်။
အဲဒီလို ကလေးတွေ ကိုအရေးအရာပေးပြီး ဝမ်းနည်းစရာ အခမ်းအနားတွေအကြောင်းကြိုတင် အသိပေးထားတဲ့ အတွက် တကယ်ရင်ဆိုင်လာတဲ့ အချိန်တွေမှာ ကလေးတွေဟာ တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးတွေကို ပြုမူ နေထိုင်သွားတတ်ကြပါတယ်။
တချို့နေရာတွေမှာတော့ ကလေးတွေရဲ့ ဆန္ဒတွေကို အရင်မေးသင့်ပါတယ်။ နာရေးအခမ်းအနားကို သူတို့ ဆန္ဒနဲ့ လိုက်ချင်တယ်ဆိုရင် ခွင့်ပြုသင့်သလို မလိုက်ချင်တဲ့ ကလေးကိုလဲ ဇွတ်အတင်း မခေါ်သင့်ပါဘူး။
ကလေးဟာ နည်းနည်း သိတတ်တဲ့ အရွယ်ဆိုရင်လဲ ကွယ်လွန်သူကို နောက်ဆုံးအနေနဲ့ ဦးချ ကန်တော့ဖို့ သင်ပေးရပါမယ်။ ချစ်ခင်သူတွေကို ဆုံးရှုံးခြင်းအတွက် လက်ခံနိုင်လောက်အောင် သွန်သင် ရှင်းပြ နှစ်သိမ့်ပေးဖို့ လိုပါတယ်။
ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပက်သက်ပြီး ကလေးတွေ နားလည်ခံစားတတ်အောင်သင်ပေးဖို့က ပထမ အဆင့်။ ပြီးတော့ မိသားစု ဝမ်းနည်းကြေကွဲရတဲ့ အချိန်တွေမှာလဲ သာမာန်အချိန်တွေလိုပဲ မသိမသာ ကျော်လွန်ဖြတ်သန်းနိုင်အောင် ဖေးမကူဖို့ကတော့ ဒုတိယ အဆင့်လို့ ပြောလို့ရပါတယ်။
တကယ်တော့ ကလေးတွေဟာ ကျွန်မတို့ လူကြီးတွေနဲ့ မတူအောင် ကြေကွဲခံစားတတ်သူတွေပါ။ ကျွန်မတို့ လူကြီးတွေရဲ့ အရိပ်တွေကို မှန် တစ်ချပ်လို စောင့်ကြည့်နေတတ်သူတွေပါ။ ကျွန်မတို့ရဲ့ စိတ်ခံစားမှုမှန်သမျှကို အချိန်မဆိုင်းပဲ တုပတတ်သူတွေမို့ လူကြီးတွေ ငိုရင် လိုက်ငိုဖို့ လူကြီးတွေ ရီရင် လိုက်ရီဖို့ ဝန်မလေးသူတွေလဲ ဖြစ်ပါတယ်။ အင်မတန် ထိခိုက်ကွဲရှလွယ်တဲ့ နုနယ်လွန်းသူလေးတွေပါ။
ဒီလို နုနယ်သူလေးတွေကို ဝမ်းနည်းကြေကွဲ ခြင်းတွေ အလယ်မှာ ပစ်မထားပဲ လူကြီးတွေနဲ့ တန်းတူ အခွင့်အရေးပေးရင်း ထိုက်တန်စွာ ပြုစုပျိုးထောင်ပေးဖို့ အင်မတန်မှကို အရေးကြီးပါတယ်။
(Supporting Grieving People သင်ခန်းစာအချို့မှ ကောက်နှုတ်ချက်လေးကို သင့်တော်သလို ပြန်ရေးထားပါတယ်။)
နှင်းနဲ့မာယာ
Monday, September 03, 2012 | Labels: ကလေးဂျာနယ် ဆောင်းပါး | 0 Comments
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “13 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon15 years ago
-
မျက်ရည်ရဲ့ တန်ဖိုး15 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်16 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-



