Showing posts with label လင်္ကာချို ကဗျာများ. Show all posts
Showing posts with label လင်္ကာချို ကဗျာများ. Show all posts

ကိုယ့်ကမ္ဘာ

သခွားသီး
အပြင်မှာစိမ်းပေမယ့်
အတွင်းမှာ ဖြူတယ်...

မာနကြီးသယောင်
ကိုယ်က
အပြင်မှာ စိမ်းနေပေမယ့်
အရိုးခံ အဖြူထည်လေးပါ...

လေပြင်းမိုးသက်ရှေ့
မိုးပြေးအနေနဲ့
ရေးတေးတေးလေး
ကိုယ်ရှိနေချင်ခဲ့တာ ယုံပါ...

ယုံကြည်မှုတွေ
မာနတွေနဲ့
ပေါင်းဖက်ထားတဲ့
ကိုယ့်အနာဂတ်မှာ
ကိုယ့်နှလုံးသားဟာ
ဂွမ်းစတစ်ခုလိုပါ...

ဘယ်သူလာထိမလဲ
ဘယ်သူလာဆွတ်မလဲ
ခူးရုံနဲ့ ညွှတ်ပေမယ့်
ကိုယ့်ကို
ဆူးလေးတော့ ရှိခွင့်ပေးပါ။

ကောင်းကင်ကြယ်စင်

ညှီနံ့ဖြာတဲ့လမ်းမှာ
ငါလျှောက်ဖူးတယ်
အဖြူရောင်မဲ့ပြီး
ဘဝက မိုက်ထန်ခဲ့တယ်...

ခြေထောက်က သံမှိုတွေ
လည်ပင်းမှာ ချိတ်ရင်း
ငါ့ အတိတ်ဟာ
အရိပ်မဖြာဝေခဲ့ဘူး...

လမ်းကွေ့မှာ
လှမ်းတွေ့တဲ့ချစ်သူ
အသစ်ယူစရာ အားအင်နဲ့
မျှော်လင့်ချက် ရခဲ့တယ်

အပင်ပျိုးစရာ
ကြည်လင်တဲ့ အလင်းရောင်
ညအမှောင်ခွင်းတဲ့ လရောင်
အရောင်ဖြာတဲ့ ငါ့ဘဝ
လက်နှစ်ဖက် ဆုပ်ကိုင်ကာ

ကျေးဇူးပဲ ချစ်သူ
အရူးအမူးပဲ ချစ်သူ

မင်းရဲ့ ရင်ခွင်ဟာ
ငါ့အတွက်..
ကောင်းကင်ကြယ်စင်ပါ။

သူငယ်ချင်း လင်္ကာချို ရေးပါသည်။

သင်၌သာ


ငါ့ကြောင့်
သင့်မျက်ရည် ခြောက်ခန်းလု
ဖြစ်ခဲ့ရတယ်...

ငါ့ကြောင့်
သင့်နှလုံးအိမ် ပြိုကွဲလု
ဖြစ်ခဲ့ရတယ်...

ငါ့ကြောင့်
ရင်ကွဲစွာ ခံစားချက်
ဖြစ်ခဲ့ရတယ်...

ငါ၏ ဆိုးသွမ်းမှု
ငါ၏ မိုက်မဲမှု
ငါ၏ စာနာမဲ့မှု...မှာ

သင်သည်
နာကျည်းရင်း
ရင်မောရင်း
ခံစားရင်း....

ယနေ့တိုင်...
ငါ့အပါး
လိုအပ်သမျှ
ဖြည့်ဆည်းကာ

သင်၌သာ
ငါ့ဘဝ တည်စေသော်.....


သူငယ်ချင်း လင်္ကာချို ရေးသားပါသည်။

My Blog List