ကိုယ့်ကမ္ဘာ

သခွားသီး
အပြင်မှာစိမ်းပေမယ့်
အတွင်းမှာ ဖြူတယ်...

မာနကြီးသယောင်
ကိုယ်က
အပြင်မှာ စိမ်းနေပေမယ့်
အရိုးခံ အဖြူထည်လေးပါ...

လေပြင်းမိုးသက်ရှေ့
မိုးပြေးအနေနဲ့
ရေးတေးတေးလေး
ကိုယ်ရှိနေချင်ခဲ့တာ ယုံပါ...

ယုံကြည်မှုတွေ
မာနတွေနဲ့
ပေါင်းဖက်ထားတဲ့
ကိုယ့်အနာဂတ်မှာ
ကိုယ့်နှလုံးသားဟာ
ဂွမ်းစတစ်ခုလိုပါ...

ဘယ်သူလာထိမလဲ
ဘယ်သူလာဆွတ်မလဲ
ခူးရုံနဲ့ ညွှတ်ပေမယ့်
ကိုယ့်ကို
ဆူးလေးတော့ ရှိခွင့်ပေးပါ။

1 comments:

Beauty Studio USA Branded Store said...

သမရိုးကျစာသားတွေနဲ ဖွဲ့တည်
ရိုးစင်းတဲအသုံးလေးတွေမို့
ရိုးသားစွာနှစ်ခါဖတ်မိပါတယ်
ဖွဲ့တတ်ပါ့ နှင်းနှမရေ။

My Blog List