စာမျက်နှာ (၃၃)
၁။ စကားနည်းနည်းပဲပြောပြီး များများ နားထောင်တတ်လာတယ်။
၂။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် နေရတာကို ပိုပြီး သဘောကျလာတယ်။
၃။ မရနိုင်တဲ့ အရာတွေအပေါ် တက်မက်စိတ်တွေ သိသိသာသာလျော့ကျသွားခဲ့တယ်။
၎။ တခါတရံမှာ စကားတစ်ခွန်းမှမပြောပဲ အသံတိတ် နားလည်ပေးတတ်လာတယ်။
၅။ အမှန်တရားကို အမှန်တရားလို့ ပြောခွင့်မရှိတဲ့ အခြေအနေမျိုးမှာ ပါးစပ်ပိတ်ပြီး ဥပေက္ခာ ပြုတတ်လာတယ်။
၅။ လောဘတွေ သိသိသာသာ လျော့ကျလာပေမယ့် ဒေါသတွေကတော့ သိသိသာသာ တိုးလာခဲ့တယ်။
၆။ သူတပါးအရေးကိစ္စတွေကို စိတ်မဝင်စားတော့သလို ကိုယ့်အရေးကိစ္စတွေကိုလဲ စိတ်ဝင်စားမှု လျော့ကျလာတယ်။
၇။ မမြဲခြင်းတရား မရှိခြင်းတရား ဆုတ်ယုတ် ပျက်စီးခြင်းတရားတွေနဲ့ နေသားကျလာခဲ့တယ်။
၈။ ကိုယ်ရေးချင်တဲ့စာတွေ ရေးရတာထက် သူများရေးတဲ့စာတွေကို ဂရုတစိုက်ဖတ်တတ်လာတယ်။
၉။ မလိုအပ်ပဲ အဝတ်အစား အသုံးအဆောင်တွေ မဝယ်မိအောင် မလိုတဲ့ အသုံးစရိတ်တွေ မသုံးမိအောင် စေ့စပ်သေချာလာခဲ့တယ်။
၁၀။ သူများရဲ့ အချိန်တွေကို မခိုးယူခဲ့သလို ကိုယ့်ရဲ့ အချိန်တွေကိုလဲ သူများကိုပေးဖို့ တွန့်တိုလာတယ်။
၁၁။ အချစ်ဆိုတာ ရုပ်ရှင်တွေထဲမှာ ဝတ္တုတွေထဲမှာပဲ လူစိတ်ဝင်စားစေတဲ့ အရာတစ်ခု ဆိုတာကို လက်ခံယုံကြည်လာခဲ့တယ်။ ( အပေါဆုံး ရောင်းကုန်… အချိုဆုံးမုသားထဲမှာ အချစ်က ထိပ်ဆုံးမှာ နေရာယူပါတယ်)
၁၂။ ကိုယ့်ဘဝမှာ ကိုယ်ကလွဲလို့ ဘယ်သူမှ ကိုယ့်လောက်အရေးမကြီးဘူးဆိုတာ လူတွေဆီက လေ့လာသင်ယူတတ်လာတယ်။
၁၃။ ကိုယ့်ပတ်ဝန်းကျင်က လူတွေထက် သဘာဝ လောကကြီးကို ပိုပြီး မြင်တတ်ကြည့်တတ်လာတယ်။ ဆိုးရွားပျက်စီးနေတဲ့ လူတွေကိုမနှမြောပဲ ဆိုးရွားပျက်စီးနေတဲ့ သဘာဝတရားတွေကို နှမြောစိတ်ပိုလာတယ်။
၁၄။ စကားများများပြောလာတဲ့ လူတွေကိုတွေ့ရင် သူတို့မျက်လုံးတွေကို တည့်တည့်ကြည့်ပြီး လူလိမ် ဟုတ် မဟုတ် အကဲခတ် ဆုံးဖြတ်တတ်လာတယ်။
၁၅။ လူတွေကို မြင်ယုံနဲ့ အားနာ သနားပြီး အလွယ်တကူ အကူအညီပေးတတ်တဲ့ အကျင့်ကို သိသိသာသာ ပြောင်းလဲပစ်နိုင်ခဲ့တယ်။ နိုး လို့ ချက်ချင်းလက်ငင်း ပြောပစ်ဖို့ ဝန်မလေးတတ်တော့ပါ။( အလုပ်ထဲမှာ အကူအညီ တောင်းသူတိုင်းကို နိုးလို့ ချက်ချင်း မငြင်းနိုင်ရင် အလုပ်ပြုတ်ဖို့ လမ်းက များသထက်များပါသည်။)
၁၆။ ချိုချိုသာသာပြုံးဖို့ ယဉ်ယဉ်ကျေးကျေးစကားဆိုဖို့ ဟက်ဟက်ပက်ပက် ရယ်မောဖို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖို့ သိသိသာသာ ဝန်လေးတတ်လာခဲ့တယ်။
၁၇။ ဆုံးရှုံးခြင်းတွေက လူတွေကို ပိုပြီး တည်ငြိမ်ရင့်ကျက်စေတယ်ဆိုတာကို နားလည်သဘောပေါက်လာခဲ့တယ်။ ( ဆုံးရှုံးရတာများလေ တည်ငြိမ်ရင့်ကျက်လာလေ)
၁၈။ အချိန်တစ်ခုက အတွေးအခေါ်တစ်ခု ဘဝတစ်ခု ယုံကြည်မှုတစ်ခုကို အလွယ်တကူနဲ့ ပြောင်းလဲ စေနိုင်တာကို နားလည်လာခဲ့တယ်။
၁၉။ နာကျင်ခြင်းတွေကို အသိစိတ်က မေ့လျော့ထားနိုင်ခဲ့ပေမယ့် မသိစိတ်က မကြာခဏ သတိပေးနေသလို တခါတလေမှာ အိပ်မက်ထဲအထိ ဆွဲခေါ်လာတတ်တာကို လက်ခံလာတတ်ခဲ့တယ်။
၂၀။ စိတ်ဖိစီးမှုတွေ ကြောက်စိတ်တွေက လူကို နှစ်ကြိမ်နှစ်ခါ သေစေနိုင်တဲ့ အရာတွေဆိုတာ လက်ခံလာတတ်ခဲ့တယ်။
၂၁။ တစ်ကြိမ်တစ်ခါ ပျော်ရွှင်မှုအတွက် အကြိမ်ကြိမ်အခါခါ နောင်တ မရမိအောင် နေတတ်လာခဲ့တယ်။
၂၂။ မေတ္တာတရားတွေ သံယောဇဉ်တွေနဲ့ အဝေးဆုံးမှာ နေသားတကျဖြစ်နေခဲ့သလို ခွဲခွာခြင်းတွေအတွက် အသင့် ဖြစ်နေတတ်ခဲ့ပြီ။ ( အရောင်မျိုးစုံသော ချစ်ခြင်းတွေအတွက် ငိုပြီးတော့လဲ နားလည်တတ်လာသလို ရယ်မောပြီးလည်း နားလည်တတ်ခဲ့ပြီးပြီ…)
၂၃။ ပေးလိုက်ရတိုင်းလဲ အချစ်မဟုတ်သလို ယူခွင့်ရတိုင်းလဲ အချစ်မမည်ပါ…. အချစ်သည် အချစ် သက်သက်သာ ဖြစ်ပါသည်။ အပေးအယူ အတိမ်အနက် အနိမ့် အမြင့် အတက်အကျ သည် အချစ်ကို တိုင်းတာသော ယူနစ်များမဟုတ်ပါ။
၂၄။ ပြီးပြည့်စုံတဲ့ မိသားစုဘဝ... ပျော်စရာကောင်းတဲ့ အိမ်ပြန်ချိန် ဆိုတာ လူတိုင်းအတွက် အမြဲတမ်းမရှိနိုင်တာကို နာနာကျင်ကျင် ခံစား နားလည် တတ်လာခဲ့တယ်။
မှတ်ချက်။ ။ ဒီစာမျက်နှာ ၃၃ ကလို့ တမ်းတ တိုင်တည်ရာ မြတ်နိုးချစ်ခင်ရာ တန်ဘိုးထား လေးစားရာ ဖခင်တစ်ယောက် ကျွန်မ အနားမှာ မရှိတော့ပါ။
Tuesday, August 02, 2011 | Labels: အပိုင်းအစများ | 7 Comments
မှတ်စုရေးသူတစ်ယောက်အကြောင်း
ဒီကလဲ ကြော်ငြာချင်ပါတယ်လို့ ပြောရမလား...
မိတ်ဆက်ပေးပါရစေလို့ ခွင့်တောင်းရမလား....
ဒီနေ့မှာတော့ မှတ်စုရေးသူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ....
ကျောင်းတက်တုန်းက ခင်မင်ခဲ့ဘူးတဲ့ သူငယ်ချင်းတစ်ယောက်က Face Book ပေါ်မှာ မှတ်စုလေးတွေ ရေးနေတာတွေ့လို့ သူ့ကို ဘလော့ရေးဖို့ တိုက်တွန်းရင်း ထုံးစံအတိုင်း ဘလော့ပိုးသွင်းပေးလိုက်ပါတယ်။
သူကလဲ နဂိုကတည်းက ဘလော့ရေးဖူးတဲ့သူဆိုတော့ နှစ်ခါမစည်းရုံးလိုက်ရပါဘူး...
စည်းရုံးရေးမှုးတော်လို့ပဲလား သူကိုယ်တိုင်ကပဲ စိတ်အားထက်သန်နေလို့လားမသိ ပြည် ဆိုတဲ့ ဘလော့ဂါလေးတစ်ယောက် ဘလောဂိုစဖီးယားပေါ်ကို သိပ်မကြာခင်လေးကပဲ စပြီးခြေချလာပါတယ်...
အရင်တုန်းက သူမြန်မာစာမရိုက်တတ်ခင်တုန်းကတော့ အွန်လိုင်းမှာတွေ့တိုင်း ကိုယ့်ကို မြန်မာစာရိုက်ခိုင်းတတ်ပါသေးတယ်...
ရိုက်ခိုင်းတဲ့စာတွေကလဲ မင်္ဂလာပါ နေကောင်းလားကစလို့ လေယာဉ်လက်မှတ် အထူးလျှော့ဈေး ဆိုတာတွေအဆုံး ဘာတွေမှန်းမသိ....
သူစာရိုက်ရမှာပျင်းတာလေးနဲ့ ကိုယ့်ကိုတွေ့တိုင်း အာပြဲကြီးနဲ့ အော်လို့ စာတွေရိုက်ခိုင်းတတ်ပါသေးတယ်...
(အပြင်မှာတွေ့ရင်လဲ အာပြဲကြီးနဲ့ အော်နေကျပါ။)
အခုတော့ သူက မြန်မာစာကို ကောင်းကောင်းရိုက်တတ်သွားတာမို့ မှတ်စုတိုလေးတွေ စပြီးရေးပါတော့တယ်...
မြန်မာစာမရိုက်တတ်ခင်တုန်းကတော့ living by Society ဆိုတဲ့ဘလော့လေးကို အင်္ဂလိပ်လိုရေးခဲ့ပါသေးတယ်........သူငယ်ချင်းရေးတဲ့ ဘလော့လေးမို့ လင့်ခ်ထဲ ထည့်ထားပြီး စောင့်ဖတ်နေခဲ့ပေမယ့် သူက အဲဒီဘလော့လေးကို ဆက်မရေးပဲ နာမည်ကျော် Tour Guide ပီသစွာ ခရီးတွေများပြီး ဘီးဇီးနေခဲ့ပြန်ပါတယ်။
သိပ်မကြာခင်လေးကမှ သူက Face Book မှာမှတ်စုတိုလေးတွေ စပြီးရေးလာပါတယ်။ ကိုယ့်ကိုလဲ မှတ်စုရေးပြီးကြွားပြန်ပါသည်။
ကိုယ်က သူ့ကို ဘလော့ရေးဖို့ စည်းရုံးခဲ့သလို သူကလဲ ကိုယ့်ရဲ့ပို့စ်တွေကို Face Book မှာတင်ဖို့ မဲဆွယ်ပြန်ပါတယ်...
ရန်ကုန်က ကုမ္ပဏီတစ်ခုမှာလုပ်နေပြီး တချိန်လုံးအွန်လိုင်းပေါ်ကမဆင်းတဲ့သူ့ကို လေးစားမိသလို ကျော်ခွပီး ရေးရ ဖတ်ရတဲ့ ရန်ကုန်ဘလော့ဂါတစ်ယောက် ဖြစ်နေတဲ့သူ့ဘလော့လေးကို မိတ်ဆက်ပေးချင်တာမို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။
Face Book ပေါ်မှာသူတက်ဂ်ထားတဲ့ ပို့စ်လေးကိုရေးရင်း သူ့ကို ဘလော့ဂါလို့ ပြောပေမယ့် သူငယ်ချင်းကတော့ သူ့ကိုယ်သူ မှတ်စုပဲရေးတဲ့ မှတ်စုရေးသူပါလို့ ဆင်ခြေပြန်တက်ပါသေးတယ်...
မှတ်စုပဲရေးရေး ဆောင်းပါးပဲရေးရေး ဘလော့ပေါ်မှာ စွဲစွဲမြဲမြဲ အချိန်ပေးချင်တဲ့.... ဂျာနယ်လစ် တစ်ယောက်ဖြစ်ချင်တဲ့ သူငယ်ချင်းလေးကို အားပေးကူညီတဲ့အနေနဲ့ ဒီဘလော့လေးကို ညွှန်းရခြင်းဖြစ်ပါတယ်...
အချိန်ရမယ်ဆိုရင်တော့ စာဖတ်သူတွေကို ပြည် ဆိုတဲ့ဘလော့လေးပေါ်က မှတ်စုတိုလေးတွေကိုလဲ ဖတ်စေချင်ပါသေးတယ်....
သူ့နာမည်ကတော့ မြန်မာလို ညီညီပါ.....လူသိများတဲ့ အခြားနာမည်ကတော့ ဖရန်ကီ.....
သူနဲ့အရမ်းခင်သွားရင်တော့ အာပြဲကြီးနဲ့ လာအော်ပါလိမ့်မယ်....
Saturday, September 12, 2009 | Labels: အပိုင်းအစများ | 14 Comments
Moment of 123456789
လောလောဆယ်ဖတ်ထားဖူးတဲ့ စိတ်ဝင်စားစရာ သတင်းလေးကိုမျှဝေပါ့မယ်...
အခုလာမယ့် ၇ ရက်နေ့ (မနက်ဖြန်မှာပေါ့နော်) မှာ သူငယ်ချင်းတို့ရဲ့ ဒစ်ဂျစ်တယ်နာရီလေးမှာ
123456789 ကိန်းဂဏန်းလေးတွေ အကုန်လုံးကို အပြိုင်တည်းတွေ့ရမယ့် အခိုက်အတန့်လေးကို
မှတ်မှတ်ရရ သတိထားကြည့်လိုက်ပါ....
နေ့ရက်က ၇ ရက် ၈ လ ၂၀၀၉
အချိန်က ၁၂ နာရီ ၃၄ မိနစ် ၅၆ စက္ကန့်မှာပါ။
အောက်က ဇယားလေးမှာ ပြထားသလိုလေး ကိန်းဂဏန်းအားလုံး အစဉ်လိုက်လေး ပေါ်လာပါလိမ့်မယ်....
| 12 | 34 | 56 |
| 7 | 8 | 9 |
ပြီးတော့ နောက်လာမယ့် ၂၀၁၁ ၁၁လပိုင်း ၁၁ ရက်နေ့မှာလဲ အဲဒီလိုပဲ ၁ ဂဏန်းလေးတွေ အစီအရီနဲ့ ပေါ်လာမယ့် အခိုက်အတန့်လေးကို ကြုံရအုံးမှာပါ....
| 11 | 11 | 11 |
| 11 | 11 | 11 |
ကမ္ဘာပေါ်က ဘလော့ဂါတွေကတော့ ရှားရှားပါးပါး ကြုံတွေ့ရမယ့် အဲဒီအခိုက် အတန့်လေးမှာ အမှတ်တရဖြစ်စေမယ့်
ပို့စ်လေးတွေကို အပြိုင်ရေးပြီးတင်ကြမယ်လို့ သတင်းရပါတယ်...
မြန်မာ ဘလော့ဂါတွေလဲ ကြုံတောင့်ကြုံခဲ အမှတ်တရ ဒီအခိုက်အတန့်လေးမှာ အမှတ်တရလေးတွေ ဖန်တီးနိုင်စေဖို့
အချိန်မီလေးလက်တို့လိုက်ပါတယ်နော်....
Thursday, August 06, 2009 | Labels: အပိုင်းအစများ | 16 Comments
ကောင်မလေးတွေသိဖို့ ကောင်လေးတွေထိဖို့



သိပ်မကြာခင်လေးက သတင်းစာတစ်စောင်ထဲ မှာ စိတ်ဝင်စားစရာ သတင်းတိုတိုလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။အကြောင်းအရာကတော့ သိပ်အဆန်းကြီးမဟုတ်ပါဘူး။ ကောင်မလေးတွေအနေနဲ့ သူတို့ရဲ့ လက်တွဲဖော်တွေရဲ့ အပြုအမူတွေကိုလေ့လာပြီး သူတို့စရိုက် လက္ခဏာတွေ စိတ်နေသဘောထားတွေ ကိုဆန်းစစ်ဖို့ပါ။ စံချိန်မီတဲ့ လက်တွဲဖော်တွေဆိုတာ ယေဘူယျဆန်လွန်းတဲ့ ကားတံခါးကို သူတို့ကစပြီး ဖွင့်ပေးတာတို့ ဘယ်ကိုပဲသွားသွား ဘယ်တော့မှ လက်တွဲမဖြုတ်တာတို့ ကိုယ့်ချစ်သူနဲ့ ပြိုင်ပြီးမငြင်းခုန်တတ်တာတို့ အရာရာမှာ ဦးဆောင်နိုင်တာတို့ ကို အဲလို အကြောင်းအရာလေးတွေ ရေးထားတာပါ။
နောက်ဆုံးမှာတွေ့လိုက်တဲ့ အချက်တစ်ချက်ကတော့ အရမ်းကိုစိတ်ဝင်စားစရာကောင်းနေတာမို့ သေသေချာချာ မှတ်ထားလိုက်ပါတယ်။
ကောင်လေးအများစုဟာ ကိုယ်လက်ထပ်တော့မယ်ဆိုရင် ချစ်သူကောင်မလေးအတွက် ကိုယ့်ဝင်ငွေလစာရဲ့ နှစ်လစာနဲ့ညီမျှတဲ့ ငွေကိုလက်ထပ်လက်စွပ်လေး ဝယ်ပေးဖို့သုံးသင့်တယ် ဆိုတာလေးပါ။
မကြာမီ လက်ထပ်တော့မယ့် သူငယ်ချင်းမလေးတွေ အချိန်မီပြင်ဆင်လို့ရအောင် သတင်းကောင်းပါးလိုက်တာပါ။ ကောင်လေးတွေရဲ့ ဝင်ငွေစစ်တမ်း ကောက်သင့်ရင် ကောက်ရအောင်ပါ။
သူငယ်ချင်းကောင်လေးတွေကတော့ မသိချင်ယောင်ဆောင်နေကြပါလို့။
ဘလော့စရေးခဲ့တဲ့ အချိန်တုန်းက ရေးခဲ့တဲ့ပို့စ်လေးတစ်ပုဒ်ပါ...
ဘလော့မှာ Error တစ်ခုပြနေလို့ ပြန်တင်ကြည့်တာပါ။
Saturday, July 11, 2009 | Labels: အပိုင်းအစများ | 6 Comments
သဝန်တိုတတ်တယ်....
ဒီတခါတော့ သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်တွေ့လေးကို မျှဝေလိုက်ပါတယ်။
မိန်းကလေးသဘာဝက ချစ်တဲ့သူကို သဝန်တိုတတ်ပါတယ်။ အိမ်ထောင်သည် ဘဝရောက်ရင်တော့ မိန်းမတွေက ရင်တမမနဲ့ ပိုပြီး စိုးရိမ်ကြတတ်ပါတယ် ပိုပြီးလည်း သဝန်တိုကြပါတယ်။
နည်းနည်းတိုတာနဲ့ များများတိုတာပဲ ကွာကြပါတယ်။
ဒီမှာအလုပ်လာလုပ်နေတဲ့ သူငယ်ချင်းတစ်ယောက် ခွင့်ပြန်သွားတုန်း သူ့အမျိုးသမီးနဲ့
အကြီးအကျယ် ပြဿနာတက်ခဲ့ကြပါတယ်။ တကယ်မှာတော့ သူငယ်ချင်းက ရိုးသားတယ်လို့ ပြောလို့ရပါတယ်။
ပြဿနာရဲ့ အစကတော့ သူငယ်ချင်းရဲ့ ဖုန်းထဲက SMS message တွေကြောင့်ပါ။
သူ့လေဒီတွေ့သွားတဲ့ SMS တွေကတော့ မန်နေဂျာမမက ပို့ထားတဲ့ ဒီ message လေးတွေပါ။
မန်နေဂျာ မမက စောစောထရမှာ ပျင်းတော့ အမြဲတမ်း အလုပ်လာတာ နောက်ကျပါတယ်။
သူနောက်ကျတတ်လွန်းလို့ SMS ပို့နေကျ ပြီးတော့ မနိုးမှာစိုးလို့လဲ အိပ်ယာက နှိုးခိုင်းနေကျပါ။
"Open the door, I am on the way"
"Pls open the door, I am coming"
"Pls give me a call when you wake up"
"Wake me up in the morning, I was very tired"
အဲဒီ မက်ဆေ့ခ်ျတွေက သူ့ဖုန်းထဲမှာ တော်တော်များပါတယ် မက်ဆေ့ခ်ျအားလုံးရဲ့ တဝက်နီးပါးဟာ ဒီလို မက်ဆေ့ခ်ျလေးတွေ ဖြစ်နေတော့ ပိုဆိုးသွားပါတယ်။။ သူကလဲ ဘယ်လိုမှ မထင်မှတ်ထားတာမို့
သူအိမ်ပြန်တဲ့အချိန်မှာ ဖျက်ဖို့ သတိမထားမိခဲ့ပါဘူး။
သူ့ကိုဒုက္ခရောက်စေခဲ့တဲ့ နောက်ဆုံးတစ်စောင်ကတော့
"I want you tonight" တဲ့
တကယ်တော့ အဲဒီနေ့က သူ့နားရက်ပါ.. ဒါပေမယ့် အလုပ်ကိစ္စပေါ်လာတာမို့ သူ့ကို လှမ်းခေါ်တဲ့ မက်ဆေ့ခ်ျလေးပါ။
သူတို့လင်မယားတွေ ဘယ်လိုပြဿနာတွေ ဖြစ်ခဲ့လဲတော့ မသိပါ။ သူပြန်လာတော့ သူ့လည်ပင်းမှာ ဘုရားပုံသေးသေးလေးပါတဲ့ ဆွဲကြိုးလေးပါလာပါတယ်။
ဘုရားမှာ သစ္စာအကြိမ်ကြိမ်ဆိုပြီး သစ္စာရေ သောက်ပြီး ဆွဲကြိုးပါ ဆွဲလာရတဲ့ အထိ မုန်တိုင်းက ပြင်းထန်ပုံရပါတယ်။
သူကလဲ ပြောပါတယ် ဘုရားကယ်လို့ ငါပြန်လာလို့ရတာတဲ့ ဘုရားရှေ့မှာ ကျိန်လိုက်ရတာ ပါးစပ်က အမြှုပ်ပါ ထွက်တယ်ဆိုပဲ......
Friday, May 01, 2009 | Labels: အပိုင်းအစများ | 5 Comments
အလွဲများနဲ့ ၂၀၀၈
တစ်နှစ်စာ အတွက်ပြန်သုံးသပ်လိုက်တော့ ......
၂၀၀၈ ဟာ ကိုယ့်အတွက် အလွဲတွေ တော်တော်များခဲ့တာကို သတိထားမိပါတယ်...
ATMနဲ့ ကိုယ်
ATM Card လေးနဲ့ ကိုယ်ဟာ တစ်နှစ်လုံး နည်းမျိုးစုံနဲ့ လွဲမှားနေခဲ့တာပါ။
နှစ်စပိုင်းလောက် ကတော့ အဆင်ပြေနေပါသေးတယ် ။ ဧပြီလကုန်တော့ လစာဝင်ပြီလားသိချင်လို့
အေတီအမ် စက်မှာ စစ်ပါတယ်။ ပင်နံပါတ် ရိုက်ထည့်တော့ စက်က ပင်နံပါတ်မှားနေတယ်လို့ပြပါတယ်။
ထပ်ရိုက်ထည့် ပါတယ်။ အမှားထပ်ပြပါတယ်။ ယုံကြည်ချက်အပြည့် နဲ့ ထပ်ရိုက်ထည့်ပါတယ်။
အမှားထပ်ပြပါတယ်။ လေးကြိမ်ဖြစ်နေ ပါပြီ။ ဒါနဲ့ ပဲကဒ်ကို ပြန်ထုတ်လိုက်ပါတယ်။
စက်ကမှားနေတယ် လို့ထင်နေတုန်းပါပဲ။ ပြီးမှ မိုဘိုင်းလ်မှာ မှတ်ထားတဲ့ ပင်နံပါတ်နဲ့ တိုက်ကြည့်တော့ မှန်တယ်လို့ ထင်ပြီး ကိုယ်ရိုက်ထည့်တဲ့ ပင်နံပါတ်က မှားနေတာပါ။ သုံးခါဆက်တိုက် မှားတာဆိုရင်တော့ ကဒ်ကနောက်ထပ် ဘယ်မှာမှ သုံးလို့မရတော့ပါဘူး။ ဘဏ်က အလိုအလျှောက် ပိတ်လိုက်ပါပြီ။ ကိုယ်က လေးကြိမ်ဆက်တိုက် နံပါတ် အလွဲကြီး ရိုက်ထည့်မိတော့ မျှော်လင့်ချက်ဝေးသွားပါပြီ။
နောက်နေ့ကျတော့ ဘဏ်မှာသွားပြီးလစာထုတ်ရပါတယ်။ ပိုက်ဆံသွင်းပြီး ကဒ်အသစ် ပြန်လျှောက်ရပါတယ်။
နှစ်ပတ်နေရင် ရမယ်ဆိုပေမယ့် နောက်လကုန်တဲ့ အထိပြန်မရပါဘူး ။ နေပူကြီးထဲ ပူပူလောင်လောင်နဲ့ ဘဏ်ကိုထပ်သွားရပါတယ်။ လစာထပ်ထုတ်ရင်းနဲ့ ကဒ်အသစ်ကိစ္စ ကိုထပ်မေးရပါတယ်။ နောက်နှစ်ပတ်လောက်နေတော့ ကဒ်ပြန်ရပါတယ်။ ဘဏ်သွားရတဲ့ကိစ္စ ကသက်သာသွားပြီမို့ ပျော်သွားပါတယ်။ ငွေစစ်တိုင်း ပင်နံပါတ်မှား မှာစိုးလို့ အမြဲသတိထားပါတယ်။ အပျော်လေးက နှစ်လပဲခံပါတယ်။
ဇူလိုင်လထဲမှာတော့ ပြဿနာအသစ် စတွေ့ပါတယ်။
တစ်နေ့တော့ အလုပ်ထဲမှာ နာရီပိုင်းလောက် မီးပျက်ပါတယ်။ ရာသီဥတုက အရမ်းပူတာမို့ အနားက twentyfour hours မီနီမားကတ်မှာ မုန့်သွားဝယ်စားပါတယ်။ စားချင်တာတွေ ဝယ်တော့ မုန့်တွေအားလုံးကို ကြွပ်ကြွပ်အိပ်နဲ့ ထည့်ပေးပါတယ်။ လက်ထဲမှာကိုင်ထားတဲ့ ပိုက်ဆံအိတ်ရော မိုဘိုင်းဖုန်းကိုပါ ကြွပ်ကြွပ်အိပ်ထဲ ထည့်လိုက်ပါတယ်။ ပြီးတော့ အဲဒီဆိုင်မှာပဲ မုန့်ထိုင်စားပါတယ်။ မုန့်စားနေတုန်း ဖုန်းလာတာနဲ့ ဖုန်းပြောရင်းတန်းလန်းနဲ့ စားလက်စတွေကို လက်စသတ်ပြီး ကြွတ်ကြွတ်အိတ်ကို ဆိုင်ကအမှိုတ်ပုံးထဲ ပစ်ခဲ့ပါတယ်
အမှိုက်ပစ်ခါနီးမှာ ကြွပ်ကြွပ်အိတ်ကိုင်ပြီး ခဏစဉ်းစားသေးပါတယ်။ ဒီထဲပစ်ထည့်မိတဲ့ ပစ္စည်းတွေဆိုဆုံးပြီ ပြန်မရတော့ဘူးဆိုပြီးတော့ပါ။ လက်ထဲမှာလဲ သောက်လက်စ အချိုရည်ပုလင်းကို ကိုင်ထားပါတယ်။ ပြီးတော့ အလုပ်ကိုပြန်လာပါတယ်။ အဲဒီနေ့ကကြာသပတေးနေ့မို့ အလုပ်ထဲမှာပျော်နေပါတယ်။ သောကြာနေ့က ကျွန်မတို့ အားလုံးရဲ့ ပိတ်ရက်မို့ပါ။
နောက်နေ့ သောကြာနေ့ကျတော့ ကောင်းကောင်းအိပ်ပါတယ်။ နေ့လည် ၁၂ နာရီကျော်မှနိုးပါတယ်။ ဒါတောင်သူငယ်ချင်းနဲ့ အပြင်သွားစရာရှိလို့ပါ။ အားလုံးပြင်ဆင်ပြီးမှ ပိုက်ဆံအိတ်ကို သတိရပါတယ်။ ဘယ်မှာမှ ရှာလို့ မတွေ့ပါဘူး သေချာစဉ်းစားတော့ မနေ့ကမုန့်ဝယ်စားပြီး အပြန်မှာ ပိုက်ဆံအိတ် ပြန်မပါလာတာ သတိရပါတယ်။
ပိုက်ဆံအိတ်ကို အမှိုတ်တွေနဲ့ ရောပြီးပစ်ခဲ့ တာကိုပြန်မြင်ပါတယ်။ တကယ်ဆို ပစ်ထားခဲ့တာ ၂၄နာရီ တိတိရှိနေပါပြီ။ သူငယ်ချင်းတွေက ဆိုင်မှာပြန်ရှာဖို့ပြောပါတယ်။ ဒါပေမယ့် အရေးကြီးတာတွေ ကိုအရင်လုပ်ရပါတယ်။ ပါသွားတာတွေက အေတီအမ်ကဒ် လေဘာကဒ၊် credit card ၂ကဒ၊် advantage card ကတစ်ကဒ၊် ချစ်ရတဲ့ တူတော်မောင်လေးတွေရဲ့ ဓါတ်ပုံလေးနှစ်ပုံ နဲ့ ပိုက်ဆံကနည်းနည်းလေးပါ။ အရေးကြီးတာက ဘဏ်ကဒ်တွေပါ။ ဘဏ်ကိုဖုန်းဆက်ပြီး ကဒ်တွေအားလုံး ကိုအရင်ပိတ်လိုက်ပါတယ်။
ဆိုင်ကိုသွားရှာဖို့ တော်တော်လေးစဉ်းစားပါတယ် လေဘာကဒ်က တော်တော်အရေး ကြီးတာမို့ရလိုရငြား သွားလိုက်ပါတယ်။ ဆိုင်ကလူတွေနဲ့ ကမျက်မှန်းတန်းနေပါတယ်။ အကြိုးအကြောင်း ပြောပြတော့ သူတို့က ညကတည်းက အမှိုက်ကားက လာသိမ်းသွားတယ်လို့ ပြောပါတယ်။
ဒါပေမယ့်ရှာချင်ရင်ရှာပါဆိုပြီး အမှိုက်ပစ်တဲ့ အခန်းထဲကို လိုက်ပို့ပါတယ်။ အမှိုက်ပစ်တဲ့ အခန်းထဲမှာတော့ အမှိုက်ကန်ကြီးက လူတစ်ရပ်စာလောက် ရှိပါတယ်။ ကန်ထဲကမှိုက်တွေက လဲပုံစံတူ အိပ်တွေနဲ့ ကျကျနန ထည့်ပြီးပစ်ထားတာပါ။ ဘယ်လိုစရှာရမှန်းမသိတော့ပါ။ ရှာချင်စိတ်လဲ ပျောက်သွားပါတယ်။ လေဘာကဒ်ပျောက်ရင် အသစ်လုပ်ဖို့ ပိုက်ဆံကုန်မယ် ဆိုပေမယ့် မရေမရာနဲ့ အမှိုက်ပုံကို ရှာဖို့ကတော့ တော်တော်မဖြစ်နိုင်တဲ့ ကိစ္စမို့ လက်လျှော့ပြီးပြန်လာခဲ့ပါတယ်။
လေဘာကဒ် အသစ်လုပ်ဖို့အတွက် ရဲစခန်းမှာ အမှုဖွင့်ရပါတယ်။ ဒီမှာကလေဘာကဒ်က မရှိမဖြစ်တဲ့ ID တစ်ခုပါ။ ရဲစခန်းကိုရောက်တော့ ပိုက်ဆံအိတ်ပျောက်လို့ လေဘာကဒ် ပါပျောက်တယ်လို့ ပြောပြပါတယ်။ ရဲကဘယ်မှာပျောက်တာလဲ နေရာကိုပြော ပျောက်တဲ့ရက်ကိုပြောပါ ဆိုပြီးကျကျနနမေးပါတယ်။ သူတို့ဆီမှာ ပိုက်ဆံအိတ်တွေ အများကြီးရှိနေပါတယ်။ ကောက်ရတဲ့သူတွေက လာပြန်ပို့ထားတာတွေပါ။ တော်ရုံတန်ရုံပျောက်ရုံနဲ့ မဆုံးပါဘူး။ အသိကောင်မလေးတစ်ယောက်ဆို နှစ်ခါတိတိကျပိုက်ဆံအိတ် ကျပျောက်ပါတယ် ရဲစခန်းသွားရှာတိုင်း ပြန်ရပါတယ်။
ကိုယ်ကတော့ ကိုယ်တိုင်ကိုယ်ကျ အမှိုက်ပုံးထဲ ထည့်ခဲတာပါလို့ ပြောတော့ ရဲလဲစိတ်ညစ်သွားပါတယ်။ သူတို့ဆီမှာ အမှိုက်ပုံက ကောက်တွေ့တဲ့ ပစ္စည်းတော့ လာမအပ်ထားဘူးလို့ပြောပါတယ်။ ကိုယ်လဲအမှုဖွင့် ရက်ချိန်းယူပြီး ပြန်လာလိုက်ပါတယ်။ ရဲစခန်းကို သုံးခေါက်တိတိသွားလိုက်ရပါတယ်။
credit card တွေကတော့ သုံးရက်အတွင်းပြန်ရပါတယ်။ ဘဏ်ကဒ်ကတော့ ထုံးစံအတိုင်း ပိုက်ဆံသွင်းပြီး ပြန်လျှောက်ရမှာပါ။ သွင်းရမယ့်ပိုက်ဆံကို နှမြောတာရော အဲဒီဘဏ်ကို စိတ်ညစ်တာရောပေါင်းပြီး အခြားဘဏ်ကို ပြောင်းပြီးငွေစာရင်းဖွင့် လိုက်ပါတယ်။ အခြားဘဏ်ကလဲ ဒီတစ်ခါမှာ နှစ်လလောက်
်ထပ်ကြာပါတယ်။ ထုံးစံအတိုင်း လကုန်တိုင်းလစာထုတ်ဖို့ ဘဏ်သွားရပြန်ပါတယ်။ လေဘာကဒ် အသစ်လုပ်ဖို့ကလဲ ပိုက်ဆံတွေ ကုန်သွားပြန်ပါတယ်။ မြန်မာငွေ နှစ်သိန်း လောက်ပါ။
ပိုက်ဆံအိတ်ပျောက်တာက ဘာမှမဟုတ်ပေမယ့် သူ့ရဲ့နောက်က လိုက်လုပ်ရတဲ့ အလုပ်ပိုတွေကတော့ တော်တော်များပါတယ်။ နွေခေါင်ခေါင်ကြီးမှာ မောမောပန်းပန်းနဲ့ ဟိုပြေးသည်ပြေး။ ပြန်တွေးမိတိုင်း ရင်မာရပါတယ်။
ပြီးခဲ့တဲ့လကတော့ ဘဏ်အသစ်ကနေ ကဒ်လေးရပါတယ်။ Activate လုပ်တော့ pin code က နှစ်ခါတောင်ထည့် လိုက်ရပါတယ်။ pincode ထည့်တော့ သေသေချာချာ မှတ်ပြီးထည့်တာပါ။ ဒါပေမယ့် မိုဘိုင်းထဲမှာ သိမ်းထားဖို့ မေ့သွားပါတယ်။ တနေ့ကတော့ ကဒ်ကိုကိုင်ပြီး ခေါင်းတော်တော်ကြီးသွားပါတယ်
pin code မေ့နေလို့ပါ ပြီးတော့ pin က နှစ်ခုတောင် မှတ်ထားတတ်တဲ့ နေရာတွေကို သေသေချာချာရှာတော့လဲ မတွေ့ပါ။ စမ်းတဝါးဝါးနဲ့ စက်ရှေ့မှာ ရပ်ပြီး အနီးစပ်ဆုံး pin ကိုစဉ်းစားပြီး ရိုက်ပါတယ် ။ စက်က အမှားပြပါတယ်။ အခွင့် အရေးက နှစ်ခါပဲကျန်ပါတော့တယ်။ နောက်ထပ်တစ်ခုကို စဉ်းစားပြီးသေသေချာချာ ရိုက်ထည့်ပါတယ်။ ဒီတစ်ခါမှားရင်တော့ တော်ပြီလို့ဆုံးဖြတ်ထားတာပါ။ နောက်တစ်ခါထပ်မှားရင်တော့ ဘဏ်ကိုထပ်ပြေးရတော့မှာပါ။ ဒါပေမယ့် ဒုတိယအကြိမ်မှာတော့ အောင်မြင်ပါတယ်။ ၂၀၀၈ ခုနှစ်ရဲ့ နောက်ဆုံးလစာကို ရင်တထိတ်ထိတ်နဲ့ ထုတ်ခဲ့ရပါတယ်။
ဒီနှစ်ထဲမှာတော့ တော်တော်ဦးနှောက်စားခဲ့တာ အေတီအမ်ကဒ်လေးတွေပါ။
ရင်မောရတဲ့ ၂၀၀၈ ကိုတော့ ဝမ်းသာအားရနဲ့ လက်ပြနှုတ်ဆက်ခဲ့ပါတယ်။
လေဘာကဒ်ကတော့ ခုချိန်ထိ ပြန်မရသေးပါဘူး။
တစ်နှစ်လုံးနီးပါး ရင်မောစိတ်မောခဲ့ ရပေမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့
ဒီဘလော့လေးကို စရေးဖြစ်ခဲ့ပါတယ်။
တစ်နှစ်လုံး မောခဲ့သမျှ ဒီဘလော့လေးကြောင့် အမောတွေပြေခဲ့ရပါတယ်။ ပင်ပန်းခဲ့တာတွေလဲ မေ့ကုန်ပါပြီ။
၂၀၀၉ ကိုတော့ အကောင်းဆုံးပြင်ဆင်လို့ ကြိုနေပါတယ်။
မနက်ဖြန်တိုင်းဟာ လှပနေမှာပါ.............
မင်္ဂလာပါ ၂၀၀၉..........
Tuesday, December 30, 2008 | Labels: အပိုင်းအစများ | 1 Comments
သူဘယ်သူလဲ သိလား





စနေနေ့ကကျင်းပတဲ့ (၅၈) ကြိမ်မြောက်ကမ္ဘာ့အလှမယ်ရွေးပွဲမှာ သရဖူဆောင်းခဲ့တဲ့ ရုရှားသူလေးပေါ့။
Kseniya Sukhinova တဲ့။
Sunday, December 14, 2008 | Labels: အပိုင်းအစများ | 0 Comments
မိသားစုဟုခေါ်ပါသည်
And
Mother
I
Love
You
chicken soup series မှာဖတ်ဖူးတာလေးပါ။
Saturday, December 13, 2008 | Labels: အပိုင်းအစများ | 0 Comments
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ4 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “13 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon15 years ago
-
မျက်ရည်ရဲ့ တန်ဖိုး15 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်16 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-