ကောင်မလေးတွေသိဖို့ ကောင်လေးတွေထိဖို့




သိပ်မကြာခင်လေးက သတင်းစာတစ်စောင်ထဲ မှာ စိတ်ဝင်စားစရာ သတင်းတိုတိုလေးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
အကြောင်းအရာကတော့ သိပ်အဆန်းကြီးမဟုတ်ပါဘူး။ ကောင်မလေးတွေအနေနဲ့ သူတို့ရဲ့ လက်တွဲဖော်တွေရဲ့ အပြုအမူတွေကိုလေ့လာပြီး သူတို့စရိုက် လက္ခဏာတွေ စိတ်နေသဘောထားတွေ ကိုဆန်းစစ်ဖို့ပါ။ စံချိန်မီတဲ့ လက်တွဲဖော်တွေဆိုတာ ယေဘူယျဆန်လွန်းတဲ့ ကားတံခါးကို သူတို့ကစပြီး ဖွင့်ပေးတာတို့ ဘယ်ကိုပဲသွားသွား ဘယ်တော့မှ လက်တွဲမဖြုတ်တာတို့ ကိုယ့်ချစ်သူနဲ့ ပြိုင်ပြီးမငြင်းခုန်တတ်တာတို့ အရာရာမှာ ဦးဆောင်နိုင်တာတို့ ကို အဲလို အကြောင်းအရာလေးတွေ ရေးထားတာပါ။

နောက်ဆုံးမှာတွေ့လိုက်တဲ့ အချက်တစ်ချက်ကတော့ အရမ်းကိုစိတ်ဝင်စားစရာကောင်းနေတာမို့ သေသေချာချာ မှတ်ထားလိုက်ပါတယ်။

ကောင်လေးအများစုဟာ ကိုယ်လက်ထပ်တော့မယ်ဆိုရင် ချစ်သူကောင်မလေးအတွက် ကိုယ့်ဝင်ငွေလစာရဲ့ နှစ်လစာနဲ့ညီမျှတဲ့ ငွေကိုလက်ထပ်လက်စွပ်လေး ဝယ်ပေးဖို့သုံးသင့်တယ် ဆိုတာလေးပါ။

မကြာမီ လက်ထပ်တော့မယ့် သူငယ်ချင်းမလေးတွေ အချိန်မီပြင်ဆင်လို့ရအောင် သတင်းကောင်းပါးလိုက်တာပါ။ ကောင်လေးတွေရဲ့ ဝင်ငွေစစ်တမ်း ကောက်သင့်ရင် ကောက်ရအောင်ပါ။
သူငယ်ချင်းကောင်လေးတွေကတော့ မသိချင်ယောင်ဆောင်နေကြပါလို့။

ဘလော့စရေးခဲ့တဲ့ အချိန်တုန်းက ရေးခဲ့တဲ့ပို့စ်လေးတစ်ပုဒ်ပါ...
ဘလော့မှာ Error တစ်ခုပြနေလို့ ပြန်တင်ကြည့်တာပါ။

6 comments:

Black Dream said...

ဗုဒ္ဓေါ အဲ့လိုကြီးဆိုရင်တော့ ပြန်စဉ်းစားလိုက်ဦးမယ်ဗျ...။ အခြေအနေ မကောင်းဘူး.. :P

Beauty Studio USA Branded Store said...

တို့ မိန်းမအယူမြန်ပေလို့။မလွယ်ကြောပဲ။:P

သားကြီး said...

တေပြီဆရာ:p
သေပြီဆရာ:P
မောင်ခေါ်ရာ....လိုက်ခဲ့...လိုက်ခဲ့ပါလားလေ....
ဟီး...သီချင်းဆိုကြည့်တာ ခိုးပဲပြေးတော့မယ် ကောင်မလေးကို :P
ကံကောင်းတယ် ဒီပိုစ်လေးကောင်မလေးမဖတ်မိပါစေနဲ့ :P

မိုးစက်အိမ် said...

ဟ ဒါဆို အနော် ၀င်ငွေက တစ်ကျပ်ဆို
လက်စွပ်က နှစ်ကျပ်တန်ပေါ. မဆိုးဘူး
ဟီးးးးးးးးးးးးးးးးးး ... မနှင်းရေ မနှင်းဘလော.
ဘာ error ပြနေလဲ မသိဘူးဗျ သူငယ်ချင်း
အတွက်ပို.စ်ကနေ ထပ်တက်မလာတော.ဘူး
အခုက တမင်လာလည်လို.တွေ.တာ ...

မိုးခါး said...

း)
ကောင်လေးတွေ လန့်ပြေးကုန်ဦးမယ် :D

ရေတမာ said...

အဲဂလိုကြီးတော့ ကန့်ကန့်သတ်သတ်မလုပ်နဲ့လေဗျာ..
ဝယ်ပေးချင်တာပေါ့.. တန်ဖိုးအကြီးဆုံး..
ဒါပေမယ့် တတ်နိုင်သလောက်တော့ အကောင်းဆုံးဖြစ်စေချင်ပါတယ်..


အော် မုန်ဆီကြော်ကဘယ်နားနေမှန်းမသိသေးဘူး.. ငါနှယ်.....

My Blog List