Happy Birthday သြချစ်ဘုန်းမိုရ်
သြချစ်လေးရေ
သားရဲ့ ၅ နှစ်ပြည့်မွေးနေ့မှာ ပါပါး မာမားတို့နဲ့ အတူ ညီလေးတွေနဲ့အတူ သူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်နေမှာလား....
တီတီလေးကို လွမ်းနေမှာလား...
တီတီလေးဖုန်းကို မျှော်နေမှာလား...
ကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူတူ ဆော့ကစားရင်း တီတီလေးကို မေ့နေမှာလား...
တီလေးကတော့ သားကို အရမ်းလွမ်းနေပီ...
ဆော့လွန်းတယ်...
စွာလွန်းတယ်....
လူကြီးတွေကို ပြန်ပြောလွန်းတယ်.....
ဆရာမကိုတောင် ဆရာပြန်လုပ်တယ်....
ညီလေးတွေကိုလဲ ဆရာလုပ်လွန်းတယ်ဆိုတဲ့ သတင်းတွေနဲ့
နာမည်ကြီးနေတဲ့ သြချစ်လေးကို အရမ်းလွမ်းနေပါတယ်....
ကျူရှင်မှာ ကျောင်းမှာ ဆရာမတွေ သားကိုဆူမှာ အော်မှာ ရိုက်မှာ စိုးရိမ်နေမိသလို
အိမ်မှာလဲ ဘယ်အချိန်အရိုက်ခံနေရမလဲ လို့လဲ အမြဲပူပန်နေရတယ်သားရေ...
သားရဲ့မာမားက သားကို အော်လိုက်ရင် သားလေးတစ်ကိုယ်လုံးတုန်တက်သွားတဲ့ အထိ လန့်ခဲ့ပေမယ့် သားညီလေးကို အော်ခဲ့ရင်တော့ "မာမားရယ် ညီညီ့ကို အရမ်းမအော်ပါနဲ့ "လို့ မာမားကိုတောင်ဆရာလုပ် ပြီး တောင်းပန်ပေးတတ်တဲ့ ပြန်ပြောပေးတတ်တဲ့သားကို အရမ်းသနားမိသလို ဘယ်တုန်းကမှလဲ စိတ်မချရဲပါဘူး....
သားကို သားမာမားက ရိုက်ခဲ့ရင် သားကို ကူဆွဲပေးမယ့်သူမရှိပေမယ့် ညီလေးကိုရိုက်ခဲ့ရင်တော့ "ညီညီဘာမှမလုပ်ဘူး ညီညီ့မှာ အပြစ်မရှိဘူး"ဆိုပြီး အကိုပီပီ ရှေ့ကနေ ကာပေးတတ်တဲ့ သားလေးရဲ့ သိတတ်မှု စာနာမှုလေးတွေကို ကြားရတိုင်း သားအတွက် ကျေနပ်ရပါတယ်။
အတ္တတွေမရှိပဲ စာနာတဲ့စိတ်ကလေးတွေ သားရင်ထဲမှာ ရောက်နေခဲ့တာကို သိရတော့ တီလေး အရမ်းဝမ်းသာရပါတယ်...
သားကို မအော်ဖို့ မရိုက်ဖို့ စိတ်ရှည်ပေးဖို့ အမြဲမှာနေမိပေမယ့် တကယ့် လက်တွေ့မှာ သားကို အော်နေ ဆူနေတဲ့ စိတ်မရှည်တဲ့ သားရဲ့ မာမားအနားမှာ ထားခဲ့ရတာ စိတ်တော့မချပါဘူး သားရယ်.....
သားငယ်ငယ်တုန်းကလို ဘယ်သွားသွား ခေါ်သွားချင်ပေမယ့် သားနဲ့ အဝေးကြီးကိုထွက် လာရတဲ့ အချိန်မှာတော့ တီလေးက သားကို ခေါ်မလာနိုင်ခဲ့ဘူး....
ဆရာမတွေ ဆိုးလွန်းလို့ မူကြိုကျောင်းကို လေးကျောင်းတိတိ ပြောင်းတက်ခဲ့ရတဲ့ သားကို သနားမိသလိုပဲ မူကြိုက ပေးတဲ့ အိမ်စာတွေရေးဖို့ သားအနားမှာ စိတ်ရှည်လက်ရှည်စောင့်ပေးမယ့်သူမရှိတော့ သားလေးက မူကြိုမှာကတည်းက အပြင်ကျူရှင်ထပ်ယူရတဲ့အထိ နာမည်ကြီးနေပြန်ရောနော်.....
မူကြိုကပြန်ရင် ကျူရှင်ထပ်သွားရတယ်ဆိုတဲ့ သားရဲ့ သတင်းကိုကြားတော့ ရီချင်မိပေမယ့် သားအနားမှာ တီလေးမရှိနိုင်တဲ့ အချိန်တွေမှာ ဒီလိုတွေ ဖြစ်လာမယ်ဆိုတာ မျှော်လင့်ထားတာမို့ စိတ်မကောင်းယုံကလွဲလို့ တီလေး ဘာမှ မတတ်နိုင်ခဲ့ပါဘူး သားရယ်....
သားရဲ့ဘဝမှာ မဆုံးနိုင်တဲ့ ပညာတွေ မဖြစ်မနေ သင်ရမယ်ဆိုပေမယ့် သားရဲ့ ဦးနှောက်က လက်ခံနိုင်တဲ့ အတိုင်းအတာ တစ်ခုအထိပဲ သင်ယူစေချင်ပါတယ်.... စိတ်ရော ကိုယ်ပါ ပင်ပန်းစေမယ်ဆိုရင်တော့ သားလေးကို ပညာတတ်ကြီးဖြစ်အောင် မသင်မနေရ မကျက်မနေရဆိုတဲ့ ပညတ်ချက်တွေရဲ့ အဝေးမှာ ခဏလေး ဖွက်ထားပေးချင်ပါသေးတယ်...
ကလေးလေးတွေ အတွက် ပညာဆိုတာ တန်ဘိုးဖြတ်လို့မရတဲ့ အမွေဆိုပေမယ့် လောဘတကြီး ပညာနောက်လိုက်ရင်း ပညာရဲ့ကျေးကျွန်ဖြစ်သွားမှာကိုတော့ စိုးရိမ်မိသေးတယ်သားရေ....
အခုခေတ်ကြီးမှာ လူတစ်ချို့က လူ့ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံလောက်ကို ပညာတွေသင်ယူနေရင်း ကုန်ဆုံးသွားစေတတ်ပေမယ့် သားလေးကိုတော့ အဲလို သင်ယူမှုတွေနဲ့ တကယ့် ပြင်ပလောကကြီးကြားမှာ Balance ဖြစ်အောင်တော့ အတွေ့အကြုံတွေပါ ရှာဖွေပြီး သင်ယူစေချင်သေးတယ်...
စာအုပ်ထဲက ပညာတွေရော တကယ့်လောကကြီးထဲက ဘဝတွေကိုပါ မျှမျှတတ ကြည့်မြင်စေချင်ပါသေးတယ်...
ဒီနှစ်မှာ သားသူငယ်တန်းစတက်တော့မယ်ဆိုတာ သိနေခဲ့သလို သားလေး ကျောင်းစတက်တဲ့နေ့ကလဲ တီတီလေး တစ်ယောက် အဝေးကြီးကနေ စိတ်တွေပူနေခဲ့သလို ညဘက်မှာလဲ သားကို ဖုန်းဆက်ဖို့ မမေ့ခဲ့ပါဘူး....
သားရဲ့ ပထမဆုံးကျောင်းတက်တဲ့ အတွေ့အကြုံလေးကို မေးချင်ပေမယ့် တီလေးဖုန်းဆက်တဲ့အချိန်မှာ သားက အိပ်နေပြီလေ....
ကျောင်းမတက်ခင်ကတည်းက သားအတွက်မဆုံးနိုင်တဲ့ မှာတမ်းတွေနဲ့ တီတီလေးတစ်ယောက် စိတ်ပူနေခဲ့ရသေးတယ်.....
ချူချာလွန်းတဲ့ သားမို့ အပြင်စာတွေ မကျွေးဖို့ ကျောင်းမှာ ဆရာမနဲ့ သေသေချာချာ အပ်ထားဖို့ အဖော်မပါပဲ အပေါ့အလေး မသွားတတ်တဲ့ သားတစ်ယောက် ကျောင်းမှာ ဒုက္ခရောက်နေမှာလဲ စိတ်ပူနေရသလို ကလေးအချင်းချင်း ရန်ဖြစ်မှာ သားလေးဒဏ်ရာ အနာတရဖြစ်မှာတွေက အစ အများကြီးတွေးပြီး စိတ်ပူနေရတာ သားတစ်ယောက် သိပါ့မလား....
သြချစ်က အဒေါ်နဲ့တူလို့စွာတာ အဒေါ်နဲ့တူလို့ ချေးများတာ အဒေါ်နဲ့တူလို့ အလှအပကြိုက်တာ အဒေါ်နဲ့တူလို့ ပြန်ပြောတတ်တာ အဒေါ်နဲ့တူလို့ အသန့်အပြန့်ကြိုက်တာ အဒေါ်က သင်ပေးထားလို့ အကောင်းကြိုက်တာ လမ်းလျှောက်ပုံက အစ ပြောပုံဆိုပုံအဆုံး မျက်ခုံးသေးသေးလေးရှိတာပါ အဒေါ်နဲ့တူလွန်းတာ မျက်နှာကျပုံ နှုတ်ခမ်းပါးပုံ အစစအရာရာ အဒေါ်နဲ့ တူလွန်းတယ် ဆိုတဲ့ အသံတွေကြားရတိုင်း ပိုပြီး လွမ်းနေရသလို မသိမသာလဲ ကျေနပ်ဝမ်းသာရသေးတယ်သားရေ.....
စခွဲကာစက တီတီလေး မြန်မြန်ပြန်လာတော့ ဆိုတဲ့ အသံကြားတိုင်း အပြေးပြန်လာချင်ခဲ့သလို အိပ်မက်တွေမက်တဲ့ အထိ အဒေါ်ကို စွဲလမ်းလွန်းတဲ့ ချစ်လွန်းတဲ့ သားသတင်းတွေနဲ့အတူ အိပ်မက်တွေမက်ပြီး အိပ်ယာက နိုးချိန်မှာ တအိမ်လုံးအနှံ့ အဒေါ်ကို လိုက်ရှာနေတယ် ဆိုတဲ့ သတင်းကြားတော့ မနေနိုင်အောင်လဲ စိတ်ထဲမှာ ဝမ်းနည်းရပါသေးတယ်...
စိတ်ချင်းဆက်နေသလိုပဲ အဲဒီနေ့က ဖုန်းဆက်ချိန်မှာ "တီတီလေးက သားအိပ်နေတဲ့အချိန်မှာ အိမ်ကို လာလည်သွားတယ် သားနိုးတဲ့အထိမစောင့်ဘူးဆိုတဲ့" အသံလေးက တီလေးကို တော်တော်လေးကို နှိပ်စက်ခဲ့သေးတယ်သားရယ်...
လူက အနားမှာ မရှိခဲ့ပေမယ့် သားနဲ့ထိတွေ့ နေတဲ့ အဝတ်အစားလေးတွေ ကစားစရာလေးတွေ ဖိနပ်လေးတွေက အစ ကျောင်းတက်ဖို့ ကျောပိုးအိတ် ခဲတံပေတံ ရေဗူး ထမင်းဗူးလေးတွေအဆုံး ပို့ပေးခဲ့ပေမယ့် သားအတွက် လိုအပ်တဲ့ ကွက်လပ်လေးကိုတော့ တီလေးက မဖြည့်ပေးနိုင်ခဲ့ပါဘူး....
ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်ကိုပဲရောက်ရောက် သားအတွက် ဆိုတဲ့ အသိလေးနဲ့ ပစ္စည်းလေးတွေဝယ်စုရင်း အလွမ်းဖြေနေရတယ်သားရယ်...
ပြီးခဲ့တဲ့ နှစ်က တီလေးတို့နေတဲ့ တိုက် အပေါ်ထပ်အခန်းမှာ မီးလောင်တော့ သူငယ်ချင်းတွေက ဘာပစ္စည်းမှမယူနဲ့ လူက အရေးကြီးတယ်လို့ ပြောနေချိန်မှာတောင် အရေးကြီးလွန်းတဲ့ ကိုယ်ပိုင် စာရွက်စာတမ်းတွေ ထက် သားအတွက် ဝယ်ထားမိတဲ့ ဖိနပ်လေးကို စိတ်ထဲစွဲပြီး ယူဖို့မယူဖို့ အကြာကြီးစဉ်းစားနေမိတဲ့အထိ သားကို ချစ်ခဲ့ရတာပါနော်...
တီလေးရဲ့ အိပ်ယာဘေးမှာ သားရဲ့ဓါတ်ပုံလေးတွေ အမြဲတမ်းရှိနေခဲ့သလို ပိုက်ဆံအိတ် တအိတ်လုံးပျောက်သွားတုန်းကလဲ အရေးကြီးတဲ့ ကဒ်ပြားပေါင်းများစွာထက် ပိုက်ဆံအိတ်ထဲက သားရဲ့ ဓါတ်ပုံသေးသေးကို နှမြောဆုံး ဖြစ်ခဲ့သလို ပြန်တွေးမိတိုင်းလဲ နှမြောလို့မဆုံးခဲ့ပါဘူး...
သားရဲ့မွေးနေ့မှာ သားနဲ့တူတူ မရှိခဲ့တာ ဒီနှစ်နဲ့ဆိုရင် နှစ်နှစ်တိတိရှိပြီနော်....
သားလေးနားမှာ တီလေးမရှိပေမယ့်...
တီလေးချစ်တဲ့ သားလေးက....
တနေ့တခြား လိမ္မာသိတတ်လာတယ်...
ကိုယ်ချင်းစာတရားလေးရှိလာတယ်....
တကိုယ်ကောင်းမဆန်ဘူး...
ညီလေးတွေအပေါ်ညှာတာတယ်... သိတတ်တယ်...
အကိုပီပီ ကာကွယ်ပေးတတ်တယ်....
မျှမျှတတ တွေးတတ်လာတယ်....
ဗိုလ်မကျတတ်ဘူး....
ဆိုတဲ့ သတင်းလေးတွေနဲ့ သားကို လွမ်းတဲ့ အလွမ်းတွေ ဖြေနေရတယ် သားရေ...
သားလေးရဲ့မွေးနေ့လေးမှာ သားလေးကို လွမ်းရင်း သားလေးအတွက် ဆုတွေတောင်းပေးနေမယ်နော်.....
၁၄.၇.၂၀၀၉ မှာ ကျရောက်တဲ့ တူလေး သြချစ်ဘုန်းမိုရ် အတွက် ရေးပါသည်...
Tuesday, July 14, 2009
|
Labels:
Happy Birthday
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
8 comments:
ညီမရဲ့ တူလေးကို Happy Birthday ပါလို့
ပျော်ပါစေခင်ဗျာ
ဒီလို တူလေးမှာ ဒီလို အဒေါ်တစ်ယောက်ရှိတာ ၀မ်းသာကြည်နှုးရပါတယ်။ တယောက်တနေရာစီဝေး နေကြတာလည်း စိတ်မကောင်းပါဘူး။ အဒေါ်ချစ်တဲ့ တူလေး ယခုမွေးနေ့မှတိုင် နှစ်ပေါင်းများစွာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ။
သြချစ်လေးရေ happy Birthday ပါ။ ထက်မြတ်တဲ့ ပညာတတ် သားလေးတစ်ယောက် ဖြစ်ပါစေနော်။
ကဲ တူလေးကို ချစ်တဲ့ တီတီနှင်းရေ.ပျော်နေပါနော်။
တူလေးကို..သတိရသွားတယ်။။
တူလေးရဲ့ မွေးနေ့ ၅နှစ်ပြည့်မှာ အနားမှာမရှိပေမဲ့ နောက်နှစ်ကျရင် အတူတူကြုံချင်ကြုံမှာပေါ့ ..ဘယ်သူပြောနိုင်မလဲ..
တူလေးရဲ့မွေးနေ့ မှာတူလေးအတွက်ဆုတောင်းပေးတာကို တူလေးဖတ်ရရင် သိပ်ပျော်သွားမှာ သေချာပါတယ်..
ဒေါ်လေးကမွေးတဲ့တူဆိုကျနော်မြင်တောင်မုမင်ဖူးလိုက်ဘူး
ဒီရောက်မှမွေးလို့လေ အဲဒါနဲ့များတောင်ဖုန်းထဲမှာစကားသံပီပီသသကြီးနဲ့ ကျနော်ဒီကပြန်လာရင်မုန့်တွေဝယ်လာဖို့မှာနေလေရဲ့
မမြင်ခင်ကတည်းကပဲချစ်နေရတာ သွေးကြောင့်ပဲထင်ပါတယ်ဗျာ
အစ်မတူလေးနာမည်က တော်တော်လှတယ်
သနပ်ခါးပါးကွက်ကျားနဲ့ရိုက်ထားတဲ့ပုံကလည်းမိုက်တယ်
ကြီးလာရင် handsome boyဖြစ်ဦးမှာပဲ
တူဝရီးနှစ်ယောက်သံယောဇဉ်အမြန်ဆုံးဆက်ထုံးနိုင်ပါစေလို့
တူဝရီးနှစ်ယောက်လုံး ပျော်ရွှင်ပါစေး)
ဒေါ်လေးရေးသမျှ စာမူတွေထဲမှာ
ဒီတစ်ပုဒ်ကို အကြိုက်ဆုံးပဲ။ =)
နှင်းရေ
သြချစ်လေးအတွက် Happy Birthday ပြောပေးပါ။
ငယ်ငယ်ရွယ်ရွယ်နဲ့ စာနာစိတ်ရှိတဲ့ အကိုကြီးပီသတတ်တဲ့ သြချစ်လေး သားကောင်းရတနာလေးဖြစ်လာမှာပါ
ခင်မင်စွာဖြင့်
သီဟသစ်
Post a Comment