မှတ်စုရေးသူတစ်ယောက်အကြောင်း

အော် ဒါနဲ့ စကားမစပ် လို့ ပြောရမလား...
ဒီကလဲ ကြော်ငြာချင်ပါတယ်လို့ ပြောရမလား...
မိတ်ဆက်ပေးပါရစေလို့ ခွင့်တောင်းရမလား....

ဒီနေ့မှာတော့ မှတ်စုရေးသူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ....

ကျောင်းတက်တုန်းက ခင်မင်ခဲ့ဘူးတဲ့ သူငယ်ချင်းတစ်ယောက်က Face Book ပေါ်မှာ မှတ်စုလေးတွေ ရေးနေတာတွေ့လို့ သူ့ကို ဘလော့ရေးဖို့ တိုက်တွန်းရင်း ထုံးစံအတိုင်း ဘလော့ပိုးသွင်းပေးလိုက်ပါတယ်။

သူကလဲ နဂိုကတည်းက ဘလော့ရေးဖူးတဲ့သူဆိုတော့ နှစ်ခါမစည်းရုံးလိုက်ရပါဘူး...
စည်းရုံးရေးမှုးတော်လို့ပဲလား သူကိုယ်တိုင်ကပဲ စိတ်အားထက်သန်နေလို့လားမသိ ပြည် ဆိုတဲ့ ဘလော့ဂါလေးတစ်ယောက် ဘလောဂိုစဖီးယားပေါ်ကို သိပ်မကြာခင်လေးကပဲ စပြီးခြေချလာပါတယ်...

အရင်တုန်းက သူမြန်မာစာမရိုက်တတ်ခင်တုန်းကတော့ အွန်လိုင်းမှာတွေ့တိုင်း ကိုယ့်ကို မြန်မာစာရိုက်ခိုင်းတတ်ပါသေးတယ်...

ရိုက်ခိုင်းတဲ့စာတွေကလဲ မင်္ဂလာပါ နေကောင်းလားကစလို့ လေယာဉ်လက်မှတ် အထူးလျှော့ဈေး ဆိုတာတွေအဆုံး ဘာတွေမှန်းမသိ....
သူစာရိုက်ရမှာပျင်းတာလေးနဲ့ ကိုယ့်ကိုတွေ့တိုင်း အာပြဲကြီးနဲ့ အော်လို့ စာတွေရိုက်ခိုင်းတတ်ပါသေးတယ်...
(အပြင်မှာတွေ့ရင်လဲ အာပြဲကြီးနဲ့ အော်နေကျပါ။)

အခုတော့ သူက မြန်မာစာကို ကောင်းကောင်းရိုက်တတ်သွားတာမို့ မှတ်စုတိုလေးတွေ စပြီးရေးပါတော့တယ်...

မြန်မာစာမရိုက်တတ်ခင်တုန်းကတော့ living by Society ဆိုတဲ့ဘလော့လေးကို အင်္ဂလိပ်လိုရေးခဲ့ပါသေးတယ်........သူငယ်ချင်းရေးတဲ့ ဘလော့လေးမို့ လင့်ခ်ထဲ ထည့်ထားပြီး စောင့်ဖတ်နေခဲ့ပေမယ့် သူက အဲဒီဘလော့လေးကို ဆက်မရေးပဲ နာမည်ကျော် Tour Guide ပီသစွာ ခရီးတွေများပြီး ဘီးဇီးနေခဲ့ပြန်ပါတယ်။

သိပ်မကြာခင်လေးကမှ သူက Face Book မှာမှတ်စုတိုလေးတွေ စပြီးရေးလာပါတယ်။ ကိုယ့်ကိုလဲ မှတ်စုရေးပြီးကြွားပြန်ပါသည်။

ကိုယ်က သူ့ကို ဘလော့ရေးဖို့ စည်းရုံးခဲ့သလို သူကလဲ ကိုယ့်ရဲ့ပို့စ်တွေကို Face Book မှာတင်ဖို့ မဲဆွယ်ပြန်ပါတယ်...

ရန်ကုန်က ကုမ္ပဏီတစ်ခုမှာလုပ်နေပြီး တချိန်လုံးအွန်လိုင်းပေါ်ကမဆင်းတဲ့သူ့ကို လေးစားမိသလို ကျော်ခွပီး ရေးရ ဖတ်ရတဲ့ ရန်ကုန်ဘလော့ဂါတစ်ယောက် ဖြစ်နေတဲ့သူ့ဘလော့လေးကို မိတ်ဆက်ပေးချင်တာမို့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

Face Book ပေါ်မှာသူတက်ဂ်ထားတဲ့ ပို့စ်လေးကိုရေးရင်း သူ့ကို ဘလော့ဂါလို့ ပြောပေမယ့် သူငယ်ချင်းကတော့ သူ့ကိုယ်သူ မှတ်စုပဲရေးတဲ့ မှတ်စုရေးသူပါလို့ ဆင်ခြေပြန်တက်ပါသေးတယ်...

မှတ်စုပဲရေးရေး ဆောင်းပါးပဲရေးရေး ဘလော့ပေါ်မှာ စွဲစွဲမြဲမြဲ အချိန်ပေးချင်တဲ့.... ဂျာနယ်လစ် တစ်ယောက်ဖြစ်ချင်တဲ့ သူငယ်ချင်းလေးကို အားပေးကူညီတဲ့အနေနဲ့ ဒီဘလော့လေးကို ညွှန်းရခြင်းဖြစ်ပါတယ်...

အချိန်ရမယ်ဆိုရင်တော့ စာဖတ်သူတွေကို ပြည် ဆိုတဲ့ဘလော့လေးပေါ်က မှတ်စုတိုလေးတွေကိုလဲ ဖတ်စေချင်ပါသေးတယ်....

သူ့နာမည်ကတော့ မြန်မာလို ညီညီပါ.....လူသိများတဲ့ အခြားနာမည်ကတော့ ဖရန်ကီ.....

သူနဲ့အရမ်းခင်သွားရင်တော့ အာပြဲကြီးနဲ့ လာအော်ပါလိမ့်မယ်....

14 comments:

အိုက်ခီလောက် said...

အယ် မထင်ပဲနဲ့ တစ်ဖြစ်နေတယ်ကြည့်စမ်း ကြည့်စမ်း
ကံကောင်းပုံများ မနှင်းရေ

kiki said...

နှင်း ကတော့ စာရေးကောင်းသလို ကြော်ငြာရေးတာလဲ ကောင်းတာပဲ နော် .....

ညီညီ (ပြည်) ၊ဖရန်ကီ ...အာပြဲတာက အဆစ်ပါလိုက်သေး ... အဟေးဟေး ..

ဟိ .. ဝင်ကြည့်လိုက်ဦးမှ ... အာပြဲ ဆိုတော့ စိတ်ဝင်စား သွား လို့  ..

အိုက်ခီလောက် said...

ကြိုဆိုပါတယ် ပြည် ဆိုတဲ့ ညီညီရေ
နာ့နဲ့ ပေါင်းလို့ ကတော့ မူးနေမှာပဲ
ရစ်တာလည်းခံ၇မှ
အဟား ပိုက်ပိုက် မရှိလည်း ချေးနိုင်ရမယ်
အရက်လည်းဝယ်တိုက်နိုင်ရမယ်
မနှင်းကိုလည်း အမလို့ စောင့်ရှောက်နိုင်ရမယ်
စည်းကမ်းချက်များနေလားမသိဘူး
နောက်ဆုံးကတော့ အရက်အမြဲတိုက်လေ ပိုချစ်လေပဲ :D

အိုက်ခီလောက် said...

ဒီအမားကတော့ နေရာတစ်ကာလိုက်နေတယ်
စပ်စပ်စုစု နဲ့ မိန်းမသားလို့ မပြောရဘူး
ဟိုစပ် စပ်ဒီ စပ်စပ်နဲ့ 
ငမူးအမားလို့ မပြောရဘူး :P
ခုလည်း သွားထောက်လှမ်းနေပြီလားမသိဘူး
အမားရေ အကြောင်းပြန်နော်ဘာစမ်းမိလည်းလို့ 

Nyi Nyi said...

အိုက်ခီရေ.....ပုလင်းတူတွေဗူးဆို့ တော့ဖြစ်တော့မှာပဲ...

Beauty Studio USA Branded Store said...

ကိုညီညီစာတွေသွားဆတပါတယ်။အရေးအသားလဲကောင်းတယ်။ကဗျာလေးတွေကို ကြိုက်တယ်ဗျာ။:)

မိုးစက်အိမ် said...

မဆိုးဘူး နောက်ကျ အနော်ကြော်ငြာလည်း မနှင်းနဲ.ဘဲ
လာအပ်တော.မယ် ဟီးးးးးးးးး

သီဟသစ် said...

မနှင်းရေ

ကိုညီညီဆီကို စာသွားဖတ်နေပါပြီ
:)

emayarKhin said...

ကဲ..လစ်ပီ...

သားကြီး said...

မနှင်းရေ
ဘလော့အသစ်ကိုဝမ်းပန်းတသာကြိုဆို
ပါတယ် ပြောနေကြာတယ် သွားကြည့်လိုက်ဦးမယ်ဗျာ

လင်းကြယ်ဖြူ said...

သွားအော်ပြီးပြီ...
နှုတ်ဆက်တယ်လို့..
အဆင်ပြေပါစေခင်ဗျာ

Angel Shaper said...

မရေ...သွားမွှေလိုက်ဦးမယ်။ ဟိဟိ သတင်းပေးလို့ ကျေးဇူးနော်။

Nyi Nyi said...

အားလုံးကို ကျေးဇူးတင်ကြောင်း......................................................

မိုးခါး said...

ထပ်သွားလည်လိုက်ဦးမယ်
ရောက်ဘူးတယ် လင့်ဘူးတယ် ထင်တယ် ..း)
း)

My Blog List