ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago
ညှီနံ့ဖြာတဲ့လမ်းမှာ
ငါလျှောက်ဖူးတယ်
အဖြူရောင်မဲ့ပြီး
ဘဝက မိုက်ထန်ခဲ့တယ်...
ခြေထောက်က သံမှိုတွေ
လည်ပင်းမှာ ချိတ်ရင်း
ငါ့ အတိတ်ဟာ
အရိပ်မဖြာဝေခဲ့ဘူး...
လမ်းကွေ့မှာ
လှမ်းတွေ့တဲ့ချစ်သူ
အသစ်ယူစရာ အားအင်နဲ့
မျှော်လင့်ချက် ရခဲ့တယ်
အပင်ပျိုးစရာ
ကြည်လင်တဲ့ အလင်းရောင်
ညအမှောင်ခွင်းတဲ့ လရောင်
အရောင်ဖြာတဲ့ ငါ့ဘဝ
လက်နှစ်ဖက် ဆုပ်ကိုင်ကာ
ကျေးဇူးပဲ ချစ်သူ
အရူးအမူးပဲ ချစ်သူ
မင်းရဲ့ ရင်ခွင်ဟာ
ငါ့အတွက်..
ကောင်းကင်ကြယ်စင်ပါ။
သူငယ်ချင်း လင်္ကာချို ရေးပါသည်။
Saturday, January 31, 2009
|
Labels:
လင်္ကာချို ကဗျာများ
|
1 comments:
ကောင်းတဲ့အရေးပဲ။
စာသားအားပြင်းရှတယ်။
အားမာန်လဲပါတယ်။
ကောင်းတယ်ဗျာ။
Post a Comment