ကဗျာတွေရေးပြီး
စာတွေဖတ်ဖို့
သုတ ရသတွေ ခံစားတတ်ပြီး
မျှဝေစေဖို့
တွေးခေါ်မြော်မြင်တတ်ဖို့
အတ္တမကြီးဖို့
စာနာတတ်ဖို့
နားလည်တတ်စေဖို့
သစ္စာရှိဖို့
ရောင့်ရဲတတ်စေဖို့
အရာရာကို
သင်ကြားပေးခဲ့
လမ်းပြပေးခဲ့
ဆုံးမခဲ့တာတွေ
ဘယ်လောက်ဝေးဝေး
စိတ်ထဲမှာနီးနီးလေး
လေလှိုင်းကြားက
မေ့သံတွေကြားတိုင်း
မျက်ရည်ဝိုင်းလို့
လွမ်းနေရတယ်........
အဝေးကြီးဆိုပေမယ့်
မေမေနဲ့သမီးကြားမှာ
နံရံတစ်ချပ်ပဲခြားပါတယ်
နားလည်မှု နံရံလေးပေါ့
မဝေးလှတဲ့မနက်ဖြန်မှာ
ပြန်ဆုံမယ်
အရမ်းချစ်တယ်မေမေ..............
ပထမဆုံးပို့စ်ကိုမေမေ့အတွက်ရေးလိုက်ပါတယ်။ သမီးရဲ့တိုးတိုးဖော် အားပေးဖော်မေမေ့ အတွက်မှတ်တရ။
0 comments:
Post a Comment