ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago
ညနေဆည်းဆာ
နေရောင်ကွယ်ပျောက်
မှုန်ရီရီ မြူနှင်းအောက်
အိမ်ပြန်ချိန်ရောက်တိုင်း
ငါ အိမ်ကိုလွမ်းတယ်။
မပီဝိုးတဝါး
အာရုဏ်ဦးရဲ့နှင်းတွေကြား
ရောင်နီပျိုးလို့
လင်းလုလင်းခင်
မနက်ခင်းလဲ
ငါ အိမ်ကိုလွမ်းတယ်။
တိမ်ခိုးတိမ်လိပ် တရိပ်ရိပ်တက်
ရှစ်ခွင်မှောင်မဲ မိုးတွေသဲလို့
မစဲတဲ့မိုးတွေကြား
မပီပြင်ဝိုးတဝါးနဲ့
ငါ အမေ့အိမ်ကိုလွမ်းတယ်။
ကန္တာရမှာ မိုးတွေသည်းတုန်းက
လွမ်းရတာတွေကို ရည်ညွန်းပါသည်။
Tuesday, December 23, 2008
|
Labels:
ကဗျာ
|
1 comments:
အိမ်လွမ်းသူအချင်းချင်း
ဒီလိုလေးဆိုပြန်တော့
ရင်ဘတ်ကြီးနဲ့
ထိကုန်ပြီ။
Post a Comment