ချစ်တဲ့အမိမြေ
ဒီနေ့ဟာ မြန်မာနိုင်ငံရဲ့ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့ပါ။
လွတ်လပ်ရေးနေ့ အမှတ်တရ ဒီပို့စ်လေးကို ရေးတာပါ။
မင်္ဂလာပါ ချစ်တဲ့ အမိမြေ ...
"လွတ်လပ်ခြင်းရဲ့ အရသာကို မလွတ်လပ်ခြင်းနဲ့ နှိုင်းယှဉ် ခံစားကြည့်ပါ" တဲ့ …
ငယ်ငယ်ကတည်းက ဖတ်ပြီး မှတ်မိနေတဲ့ စကားစုလေးပါ ...
ဟိုတုန်းကတော့ အဲဒီအဓိပ္ပါယ်ကို သိပ်ပြီးမခံစားခဲ့ရပါ …
ခုဒီနှစ်မှာတော့ သိသိသာသာ ခံစားနားလည်ခဲ့မိပါတယ် ...
အထူးသဖြင့် ချစ်တဲ့သူတွေရဲ့အဝေး၊
ချစ်တဲ့ အမိမြေရဲ့ အဝေးမှာ ရောက်နေတာလဲပါပါတယ် …
မြန်မာမိန်းကလေး တစ်ယောက်အတွက် ဘယ်နေရာကိုရောက်ရောက် လုံခြုံနွေးထွေးမှုကို ပိုတမ်းတပါတယ်။
ခုလို ရေခြားမြေခြားကို မဆိုထားနဲ့ မြန်မာပြည်ထဲမှာတောင် ဘယ်ကိုသွားသွား မိန်းကလေးတစ်ယောက်အတွက် လုံခြုံစိတ်ချရမလား ဆိုတဲ့ အတွေးက အမြဲဝင်ပါတယ်။
ဒါကလဲ ကျွန်မက မြန်မာမို့လို့ပါ။ မြန်မာပီပီ မြန်မာ အတွေးအမြဲတွေးပါတယ်။
ဒီမိုကရေစီ ဘယ်လောက် ထွန်းကားတဲ့နိုင်ငံဖြစ်ဖြစ် မိန်းကလေးတစ်ယောက်အတွက်
စိတ်လွတ်လပ် ပျော်ရွှင်မှုကိုသာ ပေးနိုင်မယ် …
အမှန်တကယ် လိုအပ်တဲ့ လုံခြုံနွေးထွေးမှု အတွက်တော့ အာမခံချက် မရှိပါဘူး ...
အစစအရာရာ စားသတိ နေသတိ သွားသတိ ကိုယ့်အန္တရာယ်ကို ရှောင်နေရတာကများပါတယ်...
အဲလို အချိန်တွေမှာတော့ မြန်မာပြည်ကို အရမ်းလွမ်းရပါတယ်။
မြန်မာပြည်ဟာ ဘယ်လိုပဲ မပြည့်စုံဘူး မတိုးတက်ဘူးပြောပြော မြန်မာပြည်ကို မချစ်တဲ့သူ မလွမ်းတဲ့ သူမရှိပါဘူး။
၂၄နာရီ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးညီးနဲ့ နေရပေမယ့် မကြာခဏမီးပျက်တဲ့ တိုင်းပြည်လေးကို လွမ်းပါတယ်။
အဲကွန်းအပြည့်နဲ့ ဇိမ်ခံကားကြီးတွေ စီးတိုင်းလဲ ဘတ်စ်ကားကြပ်ကြပ် တိုးစီးခဲ့ရတဲ့ မြန်မာပြည်က အတွေ့အကြုံလေးကို သတိရနေပါတယ်။
တကယ်တော့ ကျွန်မတို့ အားလုံးဟာ ကိုယ့်ရဲ့ လိုအပ်ချက် ဒါမှဟုတ် ကိုယ့်မိသားစုရဲ့ လိုအပ်ချက် အကြောင်းတစ်ခုခုကြောင့်သာ ရပ်ဝေးမြေခြား တိုင်းတပါးမှာ ရုန်းကန်နေထိုင်နေရတာပါ။
တကယ်လွတ်လပ်တဲ့ အနှစ်သာရဟာ မြန်မာပြည်မှာပဲ ရှိတာပါ။
သူတပါးတိုင်းပြည်မှာ ဘယ်လိုပဲနေနေ လွတ်လပ်တယ် လို့ မခံစားရပါဘူး။
သူတပါးတိုင်းပြည်မှာ ဆိုတဲ့ အသိက အမြဲတမ်းနှိပ်စက်နေပါတယ်။
ရုပ်ပိုင်းဆိုင်ရာ အသိပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေ ရတာကိုတော့ မငြင်းလိုပါဘူး ...
ရသင့်ရထိုက်လို့ ရတာလို့ပဲ ခံယူထားပါတယ်။
အဲဒီအတွက် ကိုယ်ရင်းနှီး ပေးဆပ်ရတာတွေကလည်း အများသားပါ။
အဲဒီအပေါ် ယစ်မူးပျော်ရွှင်တာမျိုးတော့ မဖြစ်မိပါဘူး …
ငါ “မြန်မာ” ဆိုပြီး ဂုဏ်ယူမိတာ ကလွဲလို့ပါ …
မြန်မာတွေဟာ အရမ်းတော်ပါတယ် ...
ကျရာနေရာမှာ ကျတဲ့ဝန် ထမ်းနိုင်ပါတယ် ...
သူတို့ နိုင်ငံတွေက သူတို့တွေ အထင်ကြီးလေးစားတဲ့ လူဖြုတွေကို ရင်ပေါင်တန်းနိုင်ပါတယ် ...
အရေးပါတဲ့ ရာထူးနေရာတွေမှာ မြန်မာတွေ အများကြီးရှိပါတယ် ...
တော်တဲ့ မြန်မာတွေတွေ့တိုင်း ငါ “မြန်မာ” ဆိုပြီး စိတ်ကြီးဝင်မိပါတယ် ...
မျိုးချစ်စိတ် ဇာတိမာန် ကတော့ မလျှော့ပါဘူး …
သူများတိုင်းပြည်မှာ အလုပ်လုပ်နေပေမယ့် သူများရဲ့ ကျွန်တော့ မဟုတ်ပါဘူး ...
ကျွန်ခံနေရတယ်လို့လဲ တစ်ခါမှ မခံစားမိပါဘူး …
ကျွန်မတို့မှာ ကိုယ်ပိုင်လွတ်လပ်တဲ့ တိုင်းပြည်ရှိပါတယ် ...
ကိုယ်ပိုင်ယဉ်ကျေးမှု ရှိပါတယ် …
ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်ဘာသာစကား ရှိပါတယ် ...
ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ဘာသာ စကားမရှိတဲ့ ဒီမိုကရေစီ တိုင်းပြည်တွေ အများကြီးပါ ...
ကျွန်မတို့က သူတို့ထက်သာပါတယ် ...
ဘယ်တိုင်းပြည်မှာမှ မရှိတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ အစဉ်အလာ တွေမြန်မာပြည်မှာ ရှိပါတယ်...
မြန်မာမိသားစု မြန်မာလူမျိုးတွေမှာ ငွေနဲ့ပေးဝယ်လို့ မရတဲ့ နွေးထွေးမှု ကြင်နာမှု ဂရုဏာ တရားတွေ ရှိပါတယ်...
အခြားလူမျိုးတွေဆီမှာ တွေ့ရခဲတဲ့ ရိုင်းပင်းကူညီမှု စာနာနားလည်မှု တွေရှိပါတယ်...
မြန်မာမိန်းကလေးတွေ အတွက်မြန်မာပြည်မှာ မွေးဖွားကြီးပြင်းရတာ ဂုဏ်ယူစရာပါ...
မိန်းကလေးတွေကို တန်းဘိုးထားလေးစား တဲ့ဓလေ့ဟာ မြန်မာ ပြည်မှာပဲရှိပါတယ်...
ဘယ်တိုင်းပြည် ဘယ်လူမျိုးမှာမှ မရှိတဲ့ ရှားပါးလွန်းလှတဲ့ ချစ်စရာ မြတ်နိုးစရာ ဓလေ့လေးပါ...
ဒါတွေကြောင့် မြန်မာမိန်းကလေးတွေ ကိုယ့်သူငယ်ချင်းတွေ သူတပါး တိုင်းတပါးသားတွေနဲ့ ရည်ငံနေတာတွေ့တိုင်း အင်မတန် ဝမ်းနည်းမိပါတယ် နှမြောမိပါတယ်...
ကျွန်မရဲ့ ကိုယ်ထဲက သွေးတွေကို ဖောက်ထုတ်ပေးလိုက်ရသလိုပဲ ခံစားမိပါတယ်...
မြန်မာ မိန်းကလေးတွေကို မြန်မာလူမျိုးတွေ တန်ဖိုးထားသလို သူတပါးတွေ တန်ဖိုးမထားမှာ စိုးလို့ပါ...
တစ်ချိန်တည်းမှာပဲ မြန်မာကောင်လေး တော်တော်များများကို လေးစားမိပါတယ်...
မြန်မာ မိန်းကလေးတွေထက် မြန်မာအမျိုးသားလေးတွေက ပိုပြီးမျိုးချစ်စိတ် ရှိလို့ပါ...
တိုင်းတပါးသူနဲ့ လက်ထပ်တဲ့ မြန်မာအမျိုးသားဆိုတာ တိုင်းတပါးသားနဲ့ လက်ထပ်ယူတဲ့
မြန်မာ အမျိုးသမီး အရေအတွက်နဲ့ ယှဉ်ရင် အင်မတန် ကိုနည်းပါးလွန်းပါတယ်...
တကယ်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့် ရွေးချယ်ခွင့်တွေ ရုပ်ဝထ္တုပစ္စည်း ပြည့်စုံခြင်း မပြည့်စုံခြင်းတွေ
တိုင်းပြည် ဆင်းရဲခြင်း ချမ်းသာခြင်းတွေဟာ ဒီမိုကရေစီ နဲ့ လုံးဝကို မဆိုင်ပါဘူး...
မိမိရဲ့ ခံယူချက် ရပ်တည်ချက်တွေ ယုံကြည်ချက်တွေ အပေါ်ပဲမူတည်ပါတယ်...
ဒီမိုကရေစီ တိုင်းပြည်တွေမှာ ယဉ်ကျေးမှုတွေ စာရိတ္တတွေ အင်မတန်ကို ဆင်းရဲကြပါတယ်...
လွတ်လပ်မှုကို ခုတုံးလုပ်ပြီး လုပ်ချင်တာတွေ လုပ်နေကြလို့ပါ။
ကျွန်မ မြန်မာပြည်ကို ချစ်ပါတယ်...
အများက ချစ်မြတ်နိုးတဲ့ အမှန်တရားကို ချစ်ပါတယ်...
တရားမျှတမှုကို ချစ်ပါတယ်...
ယဉ်ကျေးမှုကို မထိခိုက်တဲ့ ကိုယ်ပိုင်လွတ်လပ်မှုကို ချစ်ပါတယ်...
မြန်မာမိန်းကလေးတွေကို ချစ်ပါတယ် တန်ဖိုးပေးလေးစားပါတယ်...
သူတပါးတိုင်းပြည်မှာနေပေမယ့် ကိုယ့်ကိုယ်ကိုလဲ တန်ဖိုးထားပါတယ်...
သူတပါးအထင် အမြင်သေးစေမယ့် အပြုအမူ အနေအထိုင်ကို ဆင်ချင်ပါတယ်...
ကျွန်မလိုပဲ ပြည်ပရောက်နေကြတဲ့ မြန်မာအမျိုးသား အမျိုးသမီးအားလုံးကိုလဲ အမိမြန်မာပြည်ကို
ချစ်စေချင်ပါတယ် လေးစားတန်ဖိုးထား စေချင်ပါတယ်...
ဘယ်နေရာမှပဲ ဖြစ်ဖြစ် ကိုယ်အမှားတစ်ခု လုပ်မိတိုင်း ချက်ချင်း တောင်းပန်ပါ ချက်ချင်းပြင်ပါ...
ပြီးရင် ငါမြန်မာပါလို့ပြောလိုက်ပါ...
ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကိုယ်အောင်မြင်မှု တစ်စုံတစ်ရာ ရတိုင်း ဒါငါလုပ်တာလို့ ဂုဏ်ယူဝမ်းသာပါ...
ပြီးရင် ငါ မြန်မာလို့ ပြောဖြစ်အောင်ပြောပါ...
ကျွန်မတို့အားလုံးရဲ့ ကောင်းမွေဆိုးမွေအားလုံးဟာ အမိမြေ နဲ့ တိုက်ရိုက် ဆက်စပ်နေတာမို့....
အမိမြေကို ချစ်ကြပါ
မြတ်နိုးကြပါ
မြန်မာနိုင်ငံသား ဖြစ်ရတဲ့ အပေါ် ဂုဏ်ယူကြပါ....
Sunday, January 04, 2009
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
1 comments:
ကိုယ့်မြေကို ချစ်တဲ့ စိတ်အတွက် ဂုဏ်ယူပါတယ်ဗျာ...
Post a Comment