ပိုင်ရှင်မဲ့ အလွမ်း

ငါလွမ်းတော့လွမ်းတယ်
ဒါပေမယ့်
ငါ့အလွမ်းမှာ
လိပ်စာမရှိ...

ငါတမ်းတနေတယ်
တစ်ယောက်ယောက်ကို
ဒါပေမယ့်
ဘယ်သူမှန်းငါမသိ..

ငါ့ရင်ထဲမှာ
ဟာတာတာ
တစ်ယောက်တည်းကမ္ဘာမှာ
ဘာလိုနေခဲ့လဲ
ငါတကယ်မသိပါ...

ချစ်သူ...
ကျေးဇူးပြုပြီး

ငါ့အလွမ်းတွေကို
အသိအမှတ်ပြုပေးပါ...

ငါ့အထီးကျန်မှုတွေကို
နားလည်ပေးပါ...

ငါတမ်းတနေတာကို
စာနာပေးပါ...

ငါ့အနားမှာ
အမြဲရှိနေပေးပါ...

0 comments:

My Blog List