စံကားပွင့်တို့ မှတ်တမ်း

မိန်းကလေး ပီပီ ပန်းချစ်သူမို့ ပန်းပွင့်လေးတွေ အကြောင်းမျှဝေ ချင်ပါတယ်။
စံကားပွင့် လေးတွေအကြောင်းပါ။
ငယ်ငယ်တုန်းကတော့ စံကားဖြူနဲ့ စံကားဝါ နှစ်မျိုးပဲ သိခဲ့တာပါ ဒါပေမယ့် ဂျူးရေးတဲ့ ချစ်သူလားစံကားတစ်ပွင့် ပွင့်ခဲ့တယ် ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးမှ ကမ္ဘာပေါ်မှာ စကားပွင့် အမျိုးအစားပေါင်း များစွာရှိတာကို သိရပါတယ်။
ခုရေးတဲ့ပို့စ်လေးကတော့ ဂျူးရေးတဲ့ စာအုပ်လေးကို အခြေခံပြီး ကျန်တဲ့ အချက်အလက်တွေကို Google ကနေ ထပ်မံရှာဖွေထားတာပါ။



ကမ္ဘာပေါ်မှာ အကြီးဆုံး မက်ဂနောလီးယား ဂရန်ဒီဖလော်ရာ လို့ခေါ်တဲ့ စကားဖြူပင်ပါ။အမေရိကန် နိုင်ငံ South Carolina ပြည်နယ်ကပါ။ အိမ်ဖြူတော်က စကားဖြူနဲ့ အတူတူပါပဲ။ Southern Magnolia လို့လဲ လူသိများပါတယ် အမြဲစိမ်း စံကားဖြူ လို့လဲ ခေါ်ပါတယ်။




အမေရိကန် ဒေါ်လာမှာ ရိုက်နှိပ်ထား တဲ့အိမ်ဖြူတော် နဲ့အတူ စကားဖြူပင် ပုံလေးပါ။ ဒီစကားဖြူ ပင်လေးကို အမေရိကန်နိုင်ငံ ရဲ့ ခုနစ်ယောက်မြောက် သမ္မတ ဂျက်ဆန်က ကွယ်လွန်သွားတဲ့ သူ့ချစ်ဇနီးလေး ရေချယ်အတွက် အမှတ်တရ အလွမ်းပြေ ဖြစ်အောင် ၁၈၂၈ ခုနှစ်က စိုက်ပျိုးခဲ့ပါတယ်။ သူဟာ ရေချယ်ကွန်လွန်ပြီးတဲ့ နောက်ပိုင်း နောက်ထပ်အိမ်ထောင်မပြုတော့ပါဘူး။ရေချယ် အချစ်ဆုံးဖြစ်တဲ့ ဒီစကားဖြူပင်လေးကို နက်ရှဗီးပြည်နယ်က သူ့ခြံကနေယူ ပြီးတော့ အိမ်ဖြူတော်မှာ စိုက်ခဲ့တာပါ။ ခုချိန်ထိ အိမ်ဖြူတော်မှာ ရှိနေတဲ့ စံကားဖြူပင်ပါ။



ဒီပုံလေးကတော့ အဲလိဇဘက် စံကားဝါပင်ပါ။ စံကားဝါ ပင် အမျိုးအစားထဲကပါ။




ဒီပုံလေးက ကျူးလစ် စံကားဝါလေးပါ။





ဒါလေးက ကြာစံကားနီပါ။ Lili magnolia လို့ ခေါ်ပါတယ် အပင်က ၁၂ ပေကနေ ၁၅ ပေအထိ မြင့်ပါတယ်။


ဒီစံကားပင်လေးက ယူလန် စံကားဖြူလေးပါ။ အမြင့် ပေ ၃၀ ကနေ ပေ ၄၀ အထိ ရှိပါတယ်။


ဒီပုံလေးက တော့ ကြယ်စံကားဖြူပါ။ကြယ်စံကားဖြူပင်ပုံလေးပါ။



စံကားပင် ကို စန္ဒယား ပြုလုပ်တဲ့နေရာမှာ သုံးပါတယ်။ ပြီးတော့ အခြားအိမ်ထောင် ပရိဘောဂ တွေလုပ်တဲ့နေရာမှာ သုံးပါတယ်။ အခေါက်ကိုတော့ အမွှေးနံ့သာ ထုတ်ပါတယ်။

ဒီပုံလေးတွေကတော့ အရောင်သွေးစုံလှတဲ့ စံကားပွင့်လေးတွေပါ။




စံကားချစ်သူတွေ အနေနဲ့ ပိုပြီးသိချင်ရင် ပိုပြီးခံစားချင်ရင်တော့ ဂျူးရေးတဲ့ စာအုပ်လေးကို ဖတ်စေချင်ပါတယ်။
"ချစ်သူလား စံကားတစ်ပွင့် ပွင့်ခဲ့တယ်တဲ့"
ကျွန်မ အရမ်းကြိုက်တဲ့ စာအုပ်လေးပါ။

2 comments:

တနင်္သာရီသား said...

အမရေ ကျေးဇူးအထူးတင်ပါတယ်။ ဗဟုသုတတွေ ရှာဖွေပြီး ပေးနိုင်လို့...

Anonymous said...

စကားပန်းပွင့်လေးတွေ တွေ့ရတာ စိတ်ကို ကြည်နူးစေခဲ့ပါတယ် ...
ကျေးဇူးပါ
နေဒေးသစ်။

My Blog List