Yes he canlatest left-handed president
ခုတလော ဒီဘလော့လေးမှာ လက်ကလေးတွေနဲ့ တော်တော်လေးကို အကျိုးပေးနေပါတယ်။
အခုထပ်ရေးဖြစ်တာလေးကတော့ ဘယ်လက်ကို ညာလက်ထက် ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် သုံးကြသူ ကမ္ဘာကျော်ပုဂ္ဂိုလ် တွေအကြောင်းပါ။
သူတို့ကို အင်္ဂလိပ်လိုဆိုရင် Lefty ဒါမှမဟုတ် Left Handed လို့ ပြောကြပြီး မြန်မာတွေကတော့ ဘယ်ကျော်တွေလို့ ပြောတတ်ကြပါတယ်။ကျွန်မ မြင်ဖူးသမျှ မိဘဆရာသမားတွေ ကတော့ ကလေး တွေ စာရေး ရင်၊ ထမင်းစားရင် ညာလက်ကိုပဲ သုံးဖို့ ဆုံးမ သွန်သင်လေ့ရှိပါတယ်။ ဘယ်လက်နဲ့ စာရေးရင် ထမင်းစားရင် အပြစ်တစ်ခုလို မြင် တတ်ကြပါတယ်။
ကျွန်မတို့ မြန်မာလူမှု အဖွဲ့ အစည်းမှာ ယဉ်ကျေးမှု အရရော ဓလေ့ထုံးတမ်း အရရော ညာဘက်လက်ကို ပဲသုံးရမယ် ဆိုတာ ဥပဒေတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ တကယ်တမ်း မှာတော့ မှတ်သားမိသလောက် မှတ်တမ်းတွေအရ လူတစ်ရာမှာ ငါးယောက် ကနေ ဆယ်ယောက်က ဘယ်သန်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။အမေရိကန် နိုင်ငံမှာတော့ လက်ရှိနှစ်ပေါင်းသုံးဆယ် ကာလအတွင်းမှာ သမ္မတဖြစ်လာသူတွေရဲ့ ၆၆ရာခိုင်နူန်းဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။ ပိုပြီးတိတိကျကျ ပြောရရင်တော့ ခုနောက်ဆုံးမှာ သမ္မတဖြစ်လာသူ အမေရိကန်သမ္မတ ၇ယောက်ထဲမှာ ၅ယောက်ဟာ ဘယ်သန်တွေပါ။

၃၈ ယောက် မြောက်သမ္မတ Gerald Ford

၄၀ မြောက် သမ္မတ Ronald Reagan

၄၁ ယောက်မြောက် သမ္မတ George H.W Bush

၄၂ ယောက်မြောက် သမ္မတ Bill Clinton
ခုလောလောလတ်လတ် ပူပူနွေးနွေး သမ္မတ ဖြစ်လာသူ ဘာရက်အိုဘားမား အပါအဝင် ၃၈ ယောက်မြောက် သမ္မတ Gerald Ford ၄၀ယောက် မြောက်သမ္မတ Ronald Reagan ၄၁ ယောက်မြောက် သမ္မတ George H.W Bush နဲ့ ၄၂ ယောက်မြောက် သမ္မတ ဖြစ်လာသူ Bill Clinton ( William Jefferson Clinton) တို့ဟာလဲ ဘယ်သန်တွေပါပဲ။ ခုနောက်ပိုင်းမှာတော့ သမ္မတရွေးခံတဲ့သူတွေဟာ ဘယ်သန်တွေဖြစ်ရမယ် ဆိုတာစံချိန်စံညွှန်း တစ်ခုလိုတောင် ဖြစ်နေပါပြီလို့ ပြောစမှတ်ဖြစ်နေပါပြီ။
၂၀၀၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေအရ ကောလိပ်တက်ရောက်ခဲ့သူ အမျိုးသားတွေထဲမှာ ညာသန်သမားတွေထက် ဘယ်သန်သမားတွေက ၁၅ရာခိုင်နှုန်းပိုချမ်းသာကြပြီး ဘွဲ့ရတဲ့အချိန်မှာတော့ ၂၆ ရာခိုင်နှုန်းပိုပြီး ချမ်းသာကြတယ်လို့ဆိုပါတယ်။
၁၉၇၀ မှာတွေ့ရှိခဲ့တဲ့ အချက်အလက်တွအရ ဆိုရင် အသက် ၁၅ နှစ်ကနေ ၂၄ အတွင်းမှာရှိတဲ့ အမျိုးသား အမျိုးသမီး ၁၁ရာခိုင်နှုန်းဟာ ဘယ်သန်တွေဖြစ်ပါတယ်တဲ့။ အသက်၅၅ ကနေ ၆၄ကိုရောက်တဲ့ အချိန်မှာတော့ ၃ရာခိုင်နှုန်းသာကျန်တော့တဲ့ အထိ သိသိသာသာ ထိုးကျသွားတယ်လို့ ဆိုပါတယ်။
သုတေသန ပြုချက်တွေအရ ဘယ်သန်တွေဟာ ညာသန်တွေထက်ပိုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်မြော်မြင်တတ်ပါတယ်။ ပိုပြီးတော့လဲ စဉ်းစားချင်ချင့်ချိန်ကြပြီး ဆန်းသစ်တဲ့ အတွေးအမြင်တွေနဲ့ အပြောင်းအလဲတွေကို ဖန်တီးကြသူတွေ ဖြစ်ပါတယ် ဆိုတာကို ကနေဒီယန် သုတေသန ပညာရှင်တွေက သက်သေပြခဲ့ကြပါတယ်။ ဘယ်သန်တွဟာ သူတို့ရဲ့ ညာလက်ကိုလဲ ညာသန်တွေလိုပဲ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ကြပါသေးတယ်။
အထူးသဖြင့် ဘယ်လက်ပိုင်ရှင်တွေဟာ နိုင်ငံရေးလုပ်ဖို့ သင့်တော်သူတွေလို့လဲ ဆိုပါတယ်။
ဘယ်လက်ပိုင်ရှင်တွေနဲ့ ပက်သက်ပြီးစိတ်ဝင်စားစရာ အချက်တွေအရ ဘယ်လက်ပိုင်ရှင်တွေဟာ ညာလက်ပိုင်ရှင်တွေထက် သက်တမ်း ၉နှစ် တိုတယ်လို့ ပြောကြပါတယ်။
ဘယ်လက်ပိုင်ရှင်တွေရဲ့ ၃၉ ရာခိုင်နှုန်းဟာ လိင်တူ ဆက်ဆံခြင်းကိုအားသန်သူ ( အခြောက်) တွေဖြစ်တတ်တယ်လို့လဲဆိုထားပါတယ်။
ဒါပေမယ့် ဘယ်လက်ပိုင်ရှင်တွေဟာတချိန်တည်း တပြိုင်တည်းမှာပဲ အလုပ်ကို တစ်ခုထက်ပိုပြီး လုပ်နိုင်စွမ်းရှိသူတွေပဲဖြစ်ပါတယ်။
သာမန် ညာလက်ပိုင်ရှင်တွေကတော့ဘယ်ဘက်ခြမ်းဦးနှောက်က ပိုမို ဖွံ့ဖြိုးကြပါတယ်။ ဘယ်လက်ပိုင်ရှင်တွေကတော့ ညာဘက်ဦးနှောက်ခြမ်း ပိုမိုဖွံ့ဖြိုးပြီး အရက်သေစာမီဝဲသူဖြစ်ဖို့အခွင့်အရေးသုံးဆပိုတယ်လို့လဲ ပြောကြပါတယ်။ (ဘယ်လက်ပိုင်ရှင်တွေမှာဦးနှောက်ရဲ့ ညာဘက်ခြမ်းက အရက်ကိုပိုပြီး အာရုံခံလွယ်တာကြောင့် ဖြစ်ပါတယ်။)
ဘယ်လက်သမား တနည်းအားဖြင့် လက်ဝဲသမားတွေဟာ အိပ်မရတဲ့ ရောဂါဝေဒနာကို ခံစားရလေ့ရှိပြီး အလွယ်တကူခေါင်းကိုက်ဝေဒနာခံစားရသလို ဓါတ်မတည့်တဲ့ ရောဂါဝေဒနာတွေလဲ ခံစားရလေ့ရှိပါတယ်။
သမိုင်းဝင် ဘယ်လက်ပိုင်ရှင်တွေ ကိုရှာဖွေပြီး မျှဝေလိုက်ပါတယ်။

အမေရိကန်ရဲ့ အချစ်တော်ကြီး အိုစမာ ဘင်လာဒင်ကလဲ ဘယ်လက်ပိုင်ရှင်ပါ။

စစ်ဗိုလ်ချုပ်နပိုလီယန်

အလက်ဇန္ဒား

ဝိတိုရိယ ဘုရင်မကြီး


ဗြိတိန်နိုင်ငံရဲ့ မျိုးဆက်သစ် မင်းသားလေး ဝီလျံ ပါ။ ဘယ်လက်ပိုင်ရှင်လေးပါပဲ။

နိုဗယ်ဆုရ သိပ္ပံပညာရှင်အိုင်စတိုင်း

လီယိုနာဒိုဒါ ဗင်ချီ
ကမ္ဘာကျော်ပန်းချီဆရာ ကြီးဖြစ်တဲ့ မိုနာလီဇာ ရဲ့ ပိုင်ရှင် လီယိုနာဒိုဒါ ဗင်ချီ ဟာလဲ ဘယ်လက်ပိုင်ရှင်တစ်ဦးပါ။

သူကတော့ ပါဘလို ပီကာဆိုပါ။ ကမ္ဘာကျော် ပန်းချီဆရာကြီးပါ။
ကမ္ဘာကျော် အနုပညာရှင် အများစုလဲ ဘယ်လက်ပိုင်ရှင်တွေ ဖြစ်နေပြန်ပါတယ်။ ထင်ပေါ်ကျော်ကြားလှတဲ့ ဘယ်လက်ပိုင်ရှင် သရုပ်ဆောင်တွေ ရှာဖွေပြီး မျှဝေလိုက်ပါတယ်။

ဆွဲဆောင်မှု အပြည့်နဲ့ အင်ဂျလီနာဂျိုလီ

မင်းသမီးချော ဂျူလီယာရောဘတ်ပါ

သူ့ခေတ်နဲ့ သူကမ္ဘာ ကိုကိုင်လှုပ်ခဲ့တဲ့ မာရီလင်မွန်ရိုးလ်

နစ်ကိုးကစ်မင်းပါ


ဘရုစ်ဝီလီ

တွမ်ခရူးစ်

ကိုချာလီချက်ပလင်ပါ

Paul McCartney
အနုပညာအပြင် အားကစားထက်မှာလဲ ထင်ရှားတဲ့ ဘယ်လက်ပိုင်ရှင်တွေရှိပါတယ်။ အားကစားနည်းတစ်မျိုး ဖြစ်တဲ့ ပိုလိုမြင်းစီးကစားနည်းမှာတော့ ဘက်လက်ပိုင်ရှင်တွေကို ပါဝင်ကစားခွင့်မပြုပါဘူး။

ကမ္ဘာကျော် ဘောလုံးသမားကြီးပီလီ

ကမ္ဘာကျော် ဘောလုံးသမား ဘလော့ဂါကြီး ရိုမာရီယို

ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းရှင်ကြီး ဘီလ်ဂိတ် ကလဲ ဘယ်လက် ပိုင်ရှင်တစ်ဦးပါ။

တီထွင်သူ သိပ္ပံပညာရှင်ဟင်နရီဖို့
နိုင်ငံတကာ ဘယ်လက်ပိုင်ရှင်များနေ့ကတော့ နှစ်စဉ် သြဂုတ်လ ၁၃ရက်နေ့ပါ။

ဘယ်လက်ပိုင်ရှင်များဟာ နယ်ပယ်အသီးသီးမှာ ထင်ရှားထွန်းပေါက်ကြပါတယ် ဆေးပညာ သိပ္ပံပညာ အနုပညာ အားကစားအမျိုးမျိုး နိုင်ငံရေး စာပေပညာ နဲ့ အခြားအခြားသော နေရာများမှာပါ အောင်မြင်
ကျော်ကြားသူတွေရှိပါတယ်။ ဒီပို့စ်လေးမှာတော့ လူသိများတဲ့သူတစ်ချို့ ကိုသာဖော်ပြပေးထားပါတယ်။
မြန်မာပြည်မှာလဲ ထင်ရှားတဲ့ ဘယ်လက်ပိုင်ရှင် အနုပညာသည်တွေ တော်တော်များများ ရှိပါတယ်။ ကွယ်လွန်သွားတဲ့ အဆိုတော်ကြီး စိုင်းထီးဆိုင် ကော်နီ ဝိုင်းစုခိုင်သိန်း သရုပ်ဆောင် ခိုင်ခင်ဦး ပန်းချီပေါ်ဦးသက်နဲ့ အခြားသော အောင်မြင်နေတဲ့ အနုပညာရှင်တချို့ဟာ ဘယ်လက်ပိုင်ရှင်တွေပဲ ဖြစ်ကြပါတယ်။
အခုလက်ရှိ နိုင်ငံရေး လောကထဲမှာတော့ လွှတ်တော်အမတ် ဒေါ်ဖြူဖြူသင်းဟာ ထူးခြားတဲ့ဘယ်လက်ပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ သူမဟာ လွှတ်တော်အမတ်မဖြစ်ခင်တုန်းကလဲစေတနာ့ဝန်ထမ်း ပရဟိတ လူမှုရေး လုပ်ငန်းမှာ လူသိများသူ တစ်ဦးပဲ ဖြစ်ပါတယ်။
( တကယ်တော့ ဒီပို့စ်လေးက အိုဘားမား သမ္မတအဖြစ် အရွေးခံရတဲ့ အချိန် ၂၀၀၉ ဇန်နဝါရီလတုန်းက တင်ထားခဲ့တဲ့ ပို့စ်အဟောင်းလေးပါ။ အခုတော့ သြဂုတ်လ ရတီမဂ္ဂဇင်းအတွက် ထပ်မံ ဖြည့်စွက်ပြီး ပြန်တင်ပေးလိုက်ပါတယ်။)
13 comments:
စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်လေးပါ... ပြန်ပြီးတော့ ရှဲပေးထားတယ်...
ရှာရှာ ဖွေဖွေ တင်ပြပေးထား တာ..စိတ်ဝင်စား စရာပဲ...
အစ်မ အစ်ကိုကတော့...
နှင်းနဲ့မာယာ က ရေးသမျှတွေ..ရှဲတာပဲ...း)....
artist Pow Oo Thett too
အားထုတ် ရှာဖွေတင်ပြထားမှုကို အလေးအနက် အသိအမှတ်ပြုကြောင်းပါ။
ဆက်ရေးစေချင်ပါတယ်။ ဆက်လက်တင်ပြစေလိုပါတယ်။ ချမ်းမြေ့ပါစေခင်ဗျာ။
မင်းဒင်
စိတ်ဝင်တစားဖတ်သွားပါတယ် ..
ခုလိုဖော်ပြပေးလို့ ကျေးဇူးပါး)
အခုလိုရှာရှာဖွေဖွေလေးတွေ တင်ပြပေးထားတာ ကျေးဇူးတင်လို့မဆုံးပါဘူး၊
ကျိုးစားအားထုတ်မူအတွက် လေးစားချီးကျုးမိပါတယ်။
နှင်းနဲ့မာယာရော ... ဘယ်လက်ပိုင်ရှင် ... ဘယ်သန်လား ....း)
မနှင်း
ဗဟုသုတ ရစရာ ရှာဖွေတင်ပြရေးသားပေးတာ ဂုဏ်ယူပါတယ်။
ချမ်းမြေ့ပျော်ရွှင်ပါစေမနှင်း။
ချစ်တဲ့
သဒ္ဓါ
ဒီပို့စ်လေးအတွက် ကျေးဇူး တော်တော စုံစုံလင်လင် သိလိုက်ရတယ်ဗျ ။
လာရောက်အားပေးကြတဲ့ စာဖတ်သူများနဲ့ မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။
ကိုအောင်ရေ ညီမကတော့ သာမန် ညာသန်ပါ ( ဒါပေမယ့် အများနည်းတူ ဘယ်လက်ရော ညာလက်ရော ပိုင်ပါတယ်း))
လေးစားစွာဖြင့်
နှင်းနဲ့မာယာ
သားလေးက ဘယ်သန်မို့ ဒီပိုစ့်လေး သူ့ကို ဖတ်ပြဖြစ်တယ်...း)
အမရေ..ညီမကတော့
ညာသန်ပါ..
တချို့ကတော့ကလေးတွေဘယ်သန်ဆိုရင်
အတင်းကိုညာဘက်ပြောင်းခိုင်းကြတယ်
ဘယ်သန်ဆိုတာပုံမှန်မဟုတ်သလိုလို
ဘာလိုလိုနဲ့လေ..
ဘယ်လက်ပိုင်ရှင်တွေက စိတ်ဝင်စားစရာ..။
ငယ်စဉ်တုန်းကတော့ ဘယ်ရော ညာရော နှစ်ဖက်လုံး ရေးတတ်ခဲ့လို့ အမေက ညာနဲ့ရေးတာကို ပို ကျင့်ပေးခဲ့တယ်။ အခုလည်း စာရေးတာကလွဲရင်တစ်ခုခုဆို ဘယ်နဲ့ပဲ လုပ်ဖြစ်တယ်။ ထင်ရှားကျော်ကြားတဲ့ ဘယ်သန်တွေ အကြောင်းသိခွင့်ရတာ ကျေးဇူးပါညီမရေ..။ ရတီမှာ ပါရင် ထပ်ဖတ်ပါဦးမယ်နော် :)
Post a Comment