ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago

ကောင်လေးရေ...
သိနေပေမယ့်
ငါ... တိတ်တိတ်လေးပဲနေမယ်
ကြားနေပေမယ့်
ငါ...နားတွေပိတ်ထားတယ်
မြင်နေပေမယ့်လည်း
ငါ...မျက်စိစုံမှိတ်လို့
နင် ညာရက်ပေမယ့်
ငါမငြိုငြင်ခဲ့ပါဘူး...
နင် ဘာတွေပြောပြော
နင် ဘာတွေလုပ်လုပ်
ငါဟာ
ငါမဟုတ်သလို
မတုန်လှုပ်ခဲ့ပါဘူး...
နင့်နှုတ်ခမ်းက
ကျလာတဲ့ မုသားတွေ
ရေတွက်ရင်း...
နင်ပေးခဲ့တဲ့
သေရာပါမယ့်
ဒဏ်ရာတွေရေတွက်ရင်း...
နင်ပါဝင်ခဲ့ဘူးတဲ့
ငါ့ရဲ့ နေ့ရက်တွေထဲ
လွဲမှားစွာ
ရူးသွပ်စွာ
မိုက်မဲလွန်းစွာ
ကျရှုံးနေဆဲ....
Friday, April 03, 2009
|
Labels:
ကဗျာ
|
3 comments:
နှင်းရေ
ကဗျာလေး ဖတ်သွားတယ်
နှင်းရေ
ကိုငှက်ကြီးရဲ့ ချိုသော အရှုံးများ သီချင်းကိုတောင် သတိရ သွားပြီ။
ခေါင်းစဉ်နဲ့စာသား သိပ်ကို လိုက်ဖက်တဲ့ ကဗျာကောင်းလေး တစ်ပုဒ်ပါပဲ...
Post a Comment