သံသရာစက်ဝန်းထဲမှာ
ကျွန်မရဲ့သူငယ်ချင်းတွေနဲ့ ကျွန်မ ဘယ်နေရာမှာ ဘယ်လိုတွေ့ဆုံခဲ့တယ် သိကျွမ်းခဲ့တယ် ဆိုတာထက် သူတို့တွေ ကျွန်မကို ဘယ်နေရာမှာ ဘယ်လိုခွဲခွာသွားကြတယ်ဆိုတာကို ပိုလို့ မှတ်မိနေခဲ့ပါသည်။
မိသားစုနဲ့အတူနေခဲ့စဉ် အချိန်တွေတုန်းကတော့ သူငယ်ချင်းတွေနဲ့ ခွဲခွာရခြင်းတွေအတွက် ထူးခြားစွာ ဝမ်းနည်းခြင်း လွမ်းဆွေးတသခြင်း သိပ်မရှိခဲ့ပါ။
နွေးထွေးတဲ့ မေတ္တာတွေနဲ့ လွှမ်းထားတဲ့ မိသားစုနဲ့ယှဉ်ချိန်မှာ သူငယ်ချင်းဆိုတဲ့သံယောဇဉ်က ခပ်တိမ်တိမ် ဖြစ်နေတတ်သလို သူငယ်ချင်းတွေကို လွမ်းရတဲ့အလွမ်းကလဲ သိပ်မပြောပလောက်ပါ။
မှတ်မှတ်ရရ မိသားစုနဲ့အဝေးမှာတော့ သူငယ်ချင်း မိတ်ဆွေတွေကို သိသိသာသာ သံယောဇဉ် တွယ်တတ်လာခဲ့ပါသည်။ သူငယ်ချင်းတွေရဲ့ ဂရုစိုက်မှု အလေးပေးမှု သံယောဇဉ်တွေကိုလဲ သိသိသာသာ ဆာလောင်ငတ်မွတ်လာခဲ့ပါသည်။
မိဝေးဖဝေးရောက်နေသူတွေမို့ သူငယ်ချင်း မိတ်ဆွေတွေကိုပဲ မိသားစုဝင်တွေလို မောင်နှမ သားချင်းတွေလို ဆွေးမျိုးရင်းချာတွေလို ပုံစံမျိုးစုံနဲ့ သံယောဇဉ်တွယ်ရပါသည်။
မေတ္တာ ငတ်နေသူတွေပီပီ အနီးစပ်ဆုံး သူငယ်ချင်းတွေကသာ ကျွန်မတို့အတွက် တိုးတိုးဖော် ရင်ဖွင့်ဖော် စားဖော် သွားဖော် ငယ်ပေါင်းကြီးဖော်လို ဖြစ်လာခဲ့ပါသည်။
မှတ်မှတ်ရရ လေးနှစ်ကျော်ကာလအတွင်း မိဝေးဖဝေးမှာ သူငယ်ချင်းမိတ်ဆွေပေါင်းများစွာ တွေ့ခွင့် ခင်မင်ခွင့်ရခဲ့ပါသည်။
ဒူဘိုင်းရောက်ပြီးမှ တိုးပွားလာခဲ့သော ကျွန်မနဲ့ ခင်မင်သူ မိတ်ဆွေ အရေအတွက်ကို တိတိကျကျ မှတ်မထားမိပေမယ့် အချိန်တိုအတွင်းမှာ ခင်မင်ရင်းနှီးခွင့်ရခဲ့သူတွေ အချိန်တိုအတွင်းမှာ ကျွန်မကို ပြန်လည် ခွဲခွာသွားခဲ့ကြတာကိုတော့ အသေးစိတ်မှတ်မိနေခဲ့ပါသည်။
ပထမဆုံးခွဲသွားသူက ကျွန်မရဲ့ ပထမဆုံးအခန်းဖော် သူငယ်ချင်းမလေးပဲ ဖြစ်ပါသည်။ သူမနဲ့ နောက်ဆုံးတွေ့ဖြစ်ခဲ့တဲ့ ညကတော့ အခြားအခန်းဖော်တစ်ယောက်ဖြစ်နဲ့အတူ သုံးယောက်သား အသံတိတ် မျက်ရည်ကျခဲ့ဘူးပါသည်။
ဒူဘိုင်းကို အတူတူရောက်လာပြီး ပထမဆုံး သိကျွမ်းခဲ့ရတဲ့ အခန်းဖော်သုံးယောက်မို့ သူမနဲ့ ခွဲရတဲ့ အချိန်တုန်းက မငိုမိအောင် စကားလမ်းကြောင်းတွေ ပြောင်းပြီး ရယ်စရာတွေ ပြောနေခဲ့ပေမယ့် နောက်ဆုံး အနမ်းပေးကြချိန်မှာတော့ သုံးယောက်လုံး မျက်ရည်တွေဝဲနေခဲ့ပါသည်။
နောက်ပိုင်းမှာတော့ တစ်ယောက်စ နှစ်ယောက်စ ခွဲခွာရာကနေ တဖြည်းဖြည်းနဲ့ ကျွန်မကို ထားခဲ့ပြီး ရေကြည်ရာ မြက်နုရာကို ထွက်သွားကြသူတွေ တစတစ များပြားလာခဲ့ပါသည်။
အချိန်တိုအတွင်းမှာ သိကျွမ်းခင်မင်ခဲ့ရသူတွေ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လာတိုင်း သူနဲ့ဆိုရင် ဒီကထွက်သွားတဲ့သူတွေ ဘယ်နှစ်ယောက်တောင် ရှိနေပြီဆိုပြီး စိတ်ထဲကနေ ပြန်လည်တွက်ချက်နေတတ်ပါသည်။
ဒါပေမယ့် ခွဲခွာခြင်းတွေအတွက် ခံနိုင်ရည်မွေးထားသလို အတွေ့အကြုံက ပေးလာတဲ့ ရင့်ကျက်မှုတွေကြောင့် မျက်ရည်တော့ အလွယ်တကူ မကျတတ်တော့ပါ။
နောက်ပိုင်းမှာတော့ သံယောဇဉ်တွေရဲ့ နှိပ်စက်ခြင်း ဒဏ်ရာတွေနဲ့ ခွဲခွာခြင်းဒဏ်ရာတွေ ပိလာသလို ခံစားရတာမို့ အသိမိတ်ဆွေ တိုးပွားလာမှာကို တွေးတွေးပြီး ကြောက်လာမိပါသည်။ အသိမိတ်ဆွေ တစ်ယောက်တိုးတိုင်းလဲ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ငါ့ကိုပြန်ခွဲသွားမလဲ မသိ ဆိုတဲ့ အတွေးက သတိပေး တပ်လှန့်နေတတ်ပါသည်။
တခါတရံမှာလဲ သူငယ်ချင်းမိတ်ဆွေ အသစ်တွေတိုးလာမှာထက် ရှိနေတဲ့ မိတ်ဆွေတွေ ကျွန်မ အနားကနေ တစတစ လျော့ကျသွားမှာကိုလဲ တွေးတွေးပြီး စိတ်မကောင်းဖြစ်နေမိတတ်ပါသည်။
အပေါင်းအသင်း ဝင်ဆံ့တဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သူငယ်ချင်း မိတ်ဆွေဆိုတာ နေရာတိုင်းမှာ ရှိသင့်တယ်။ ကိုယ်နဲ့ တွေ့ခွင့် ကြုံခွင့်ရချိန်မှာ အားလုံးကို ချစ်ချစ်ခင်ခင် ပေါင်းသင်းတတ်ရတယ်လို့ မကြာခဏ ပြောလေ့ရှိပါသည်။
သူပြောတာလဲ မှန်ပါသည်။ နေရာတိုင်းမှာ အသိမိတ်ဆွေရှိနေမှလဲ အထီးကျန်ဆန်လွန်းတဲ့ အကျည်းတန်ချိန်တွေကို အပြုံးမပျက် ကုန်လွန်စေမည်……..
လုပ်ငန်းခွင်က စိတ်ဖိစီးမှုတွေ လုပ်ငန်းခွင်ပြင်ပက စိတ်ဓါတ်ကျ အားငယ်စိတ်တွေကို လျော့ကျစေမည်….
နေ့သစ်တွေအတွက် ခွန်အားသစ်တွေ ဖြစ်ထွန်းစေမည်လေ….
ကျွန်မတို့နဲ့ နေ့တဓူဝ ရင်းရင်းနှီးနှီး ပေါင်းသင်းတဲ့ သူငယ်ချင်းတွေအပြင် ရံဖန်ရံခါ ခရီးသွား ဟန်လွဲ တွေ့ရတတ်တဲ့ သူငယ်ချင်းတွေလဲ ကျွန်မတို့ ဘဝထဲမှာ များစွာ ရှိနေတတ်ပါသည်။
စက္ကန့်ပိုင်း မိနစ်ပိုင်းမျှသာ ဖြတ်သွားဖြတ်လာ တွေ့ခွင့်ရခဲ့ပေမယ့် အမှတ်တမဲ့ မိတ်ဆွေတွေကပေးခဲ့တဲ့ အမှတ်တရ ဖြစ်ရပ်ပေါင်းများစွာ ဘဝထဲမှာ ထင်ကျန်ရစ်တတ်ပါသည်။
တခါတုန်းက ဗီဇာအသစ်လဲဖို့အတွက် အိမ်နီးချင်းနိုင်ငံတစ်ခုကို နေ့ချင်းပြန် သွားခဲ့ရဘူးပါသည်။ လေဆိပ်မှာ Check-In ဝင်တော့ ကောင်တာမှာ တာဝန်ကျတဲ့ အမျိုးသားဝန်ထမ်းက ကျွန်မရဲ့ ပါစ်ပို့ကို ကြည့်ပြီး “နင်နဲ့ငါနဲ့ တစ်ရက်တည်းမွေးတာပဲ အခုလို သိခွင့် မြင်ခွင့်ရတာ အရမ်းဝမ်းသာတယ် ငါ့မွေးနေ့ရောက်တိုင်း နင်နဲ့ ဆုံခဲ့ဘူးတာကို သတိရနေမယ်နော်” ဆိုပြီး နှုတ်ဆက်လာခဲ့ဘူးပါသည်။
ခရီးသွားဟန်လွဲ တွေ့ခဲ့ရသလို မိတ်ဆွေ သူငယ်ချင်းလဲ မဖြစ်ခဲ့တာမို့ နောက်ပိုင်းမှာတော့ သူနဲ့ ဆုံဘူးတာကို ကျွန်မမေ့သွားခဲ့ပါသည်။ ဒါပေမယ့် ကျွန်မ မွေးနေ့ ရောက်တိုင်း တခါတုန်းက သူနဲ့ ဆုံဘူးတာကို ပြန်ပြီး အမှတ်ရနေမိပါသည်။
သိပ်မကြာသေးခင်က ညတစ်ညမှာလဲ ကျွန်မတို့အလုပ်လုပ်နေတဲ့ လေဆိပ်ကို လူစားထိုးပြီး ဂျူတီကျလာတဲ့ ဝန်ထမ်း တစ်ယောက်နဲ့ လေးနာရီလောက် အတူတူ အလုပ်လုပ်ခဲ့ရပါသည်။
သူတို့တွေ ဂျူတီလဲချိန်မှာ အသစ်ဝင်လာတဲ့ သူက ကျွန်မကို လှမ်းနှုတ်ဆက်တော့ ဟိုင်းတစ်ခွန်းပဲ ပြောပြီး လုပ်စရာရှိတဲ့ အလုပ်ကို ဆက်လုပ်နေမိပါသည်။ ကျွန်မကိုယ်တိုင်ကလဲ တခါဘူးမှ မသိဘူး မမြင်ဘူးသူတစ်ယောက်ကို ဟိုင်းထက်ပိုပြီး မနှုတ်ဆက်တတ် မဖော်ရွေတတ်။
ရုတ်တရက် ကျွန်မဘေးနားကို သူရောက်လာပြီး “ ဟေး နင့်ကို အပျိုလား အိမ်ထောင်သည်လားလို့ ငါမမေးဘူး … အသက်ဘယ်လောက်လဲ ဘယ်မှာ နေလဲ မမေးဘူး ….နင့်ဖုန်းနံပါတ်ကိုလဲ မတောင်းဘူး..... နင်နဲ့ ဒင်နာထွက်စားဖို့လဲ ဒိတ်မလုပ်ဘူး.... ဒါပေမယ့် နင်နဲ့ငါနဲ့ အလုပ်အတူတူ တွဲလုပ်ရမှာဆိုတော့ နင့်နာမည်လေးတော့ သိခွင့်ရမယ်ထင်ပါတယ်” လို့ ပြောလာခဲ့ပါသည်။
သူ့ကို ဟိုင်းတစ်ခွန်းပြောရုံလောက်သာ အသိအမှတ်ပြုမိတဲ့ ကျွန်မကို လူမှုရေးနားမလည်သူလို့ ထင်သွားပုံရပါသည်။ သူထိုင်နေတဲ့ ခုံကို ကျွန်မနားအထိ ဆွဲယူလာပြီး မိကျောင်းသားက ရှည်လျားစွာ မိတ်ဆက်လာခဲ့ပါသည်။
“ငါ့မှာ အိမ်ထောင်ရှိတယ် ပထမအိမ်ထောင်က မိဘပေးစားတာ ကွဲသွားပြီ အခု ဒုတိယ အိမ်ထောင်နဲ့နေတယ် ဒီမှာ အလုပ်လုပ်တာ ငါးနှစ်ကျော်ပြီ …. …. လူတစ်ယောက်နဲ့ အကြောင်းတိုက်ဆိုင်လို့ ခဏလေးတွေ့ခွင့်ရတဲ့ အချိန် အလုပ်အတူတူ လုပ်ခွင့်ရချိန်လေးမှာ စကားလေးနည်းနည်းလောက် ပြောကြည့်တာ အပန်းမကြီးလောက်ပါဘူးနော်…. နောက်လဲ နင်နဲ့ငါက တွေ့ရမယ့်သူတွေမှ မဟုတ်တာ “လို့ တစ်ယောက်တည်း စကားတွေ ဖောင်ဖွဲပြီး ပြောနေခဲ့ပါသည်။
ညစာစားချိန်ရောက်တော့ စားသောက်ဆိုင်ကို ဖုန်းဆက်ပြီး ထမင်းမှာနေသံကြားရပါသည်။ ထမင်း ဟင်းတွေ ရောက်လာချိန်မှာတော့ နှစ်ယောက်စာ စားသောက်စရာတွေကို အသင့်ပြင်ဆင်ပြီး ကျွန်မကို ထမင်းစားဖို့ ဖိတ်လာခဲ့ပါသည်။။
ထမင်းစားချိန်အတွင်းမှာ သူ စကားသိပ်မပြောပါ။ ထမင်းစားပြီး ချိန်မှာတော့ “ကလေးမ လောကကြီးကို ဘောင်ခတ်ပြီး မကြည့်နဲ့ ပြတင်းပေါက်ကို ဖွင့်ကြည့်တာထက်စာရင် အိမ်ပြင်ထွက်ကြည့်တာက လောကကြီးကို ပိုပြီး ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား မြင်ရတတ်တယ်” ဆိုတဲ့ စကားတစ်ခွန်းကိုတော့ သတိပေးသလို ပြောခဲ့ပါသည်။
သူပြောသလိုပဲ ကျွန်မတို့ကြားမှာ နောက်ထပ်တွေ့စရာ ဆုံစရာ အကြောင်းအရာမရှိတာမို့ အခုချိန်အထိ သူနဲ့ ပြန်မတွေ့ရတော့ပါ။ သူဘယ်နိုင်ငံကလဲ ဘာလူမျိုးလဲ ဆိုတာကို ကျွန်မ မှတ်မိတော့ပေမယ့် တခါတရံမှာ လောကကြီးကို ဘောင်ခတ်ပြီး ကြည့်ဖို့ ကြိုးစားတိုင်း သူသတိပေးဘူးတဲ့ စကားတွေကို ပြန်အမှတ်ရမိပါသည်။
တကယ်လဲ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လေ့လာသင်ယူစရာ အသစ်အသစ်တွေနဲ့ ပြည့်နှက်နေတတ်ပါသည်။
ကျွန်မတို့ နှစ်သက်မြတ်နိုးလွန်းတဲ့ မိတ်ဆွေတွေကို မခွဲနိုင်မခွာရက်စွာ ဖက်တွယ်ထားရင်း အိမ်အပြင်ဘက်ကို ထွက်ကြည့်ဖို့ ဝန်လေးနေတဲ့ အဖြစ်မျိုးတွေကို မကြာမကြာ တွေ့ခဲ့ဘူးပါသည်။
တကယ်ဆိုရင် ကျွန်မတို့ မမြင်ဘူး မသိဘူးတဲ့ အသစ်သစ်တွေကို သယ်ဆောင်လာပေးတတ်သူတွေကလဲ ကျွန်မတို့နဲ့ မရင်းနှီး မကျွမ်းဝင်ခဲ့ဘူးတဲ့ သူငယ်ချင်း အသစ်အသစ်တွေပဲ ဖြစ်နေတတ်ပါသည်။
သံယောဇဉ်တွေနဲ့ ရစ်ပတ်နှောင်ဖွဲ့နေရင်း တွေ့ဆုံခြင်း ခွဲခွာခြင်း သံသရာတွေလည်နေတဲ့ လောကမှာ….
သံယောဇဉ်အနှောင်အဖွဲ့တွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာရမှာလဲ ဓမ္မတာ…
သံယောဇဉ်ဟောင်းတွေနဲ့ ခွဲခွာပြီး အခြားတနေရာမှာ သံယောဇဉ် အသစ်တွေ တိုးပွားရမှာလဲ ဓမ္မတာ…
တွေ့ဆုံရခြင်းရဲ့ နောက်ကွယ်မှာ ခွဲခွာခြင်းဆိုတာကလဲ ကပ်ငြိနေတတ်တာလဲ သဘာဝပေမို့……
သူငယ်ချင်းများစွာနဲ့ သံသရာလည်နေသူများအတွက် တွေ့ဆုံချိန် ခွဲခွာချိန်တိုင်းမှာ အမှတ်တရ ရှိနေတတ်ဖို့ …
Sunday, July 10, 2011
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
1 comments:
သံသရာထဲမှာ ခင်မင်ခွင့်ရတဲ့သူတွေနဲ့ ခွဲခွာရမှာ ကြောက်မိတယ်။ ဒါပေမယ့်လည်း ခွဲခွာနေရအုံးမှာပဲ။ အရာအားလုံးနဲ့ ခွဲခွာနေရအုံးမှာပါပဲ မနှင်းရယ်။ ခံနိုင်ရည်ရှိဖို့
ကြိုးစားနေရင်း ခံနိုင်ရည်မဲ့နေသလိုပဲ။
ချစ်တဲ့
သဒ္ဓါ
Post a Comment