ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago

နှောင်ငင်တွယ်ငြိ
မြတ်နိုးမိတိုင်း
စိတ်ပြေစေဖို့
ပန်းတစ်ပွင့်ကို ပျိုးရတယ်။
အလွမ်းတွေ ရဲ့သက်သေ
အရမ်းလွမ်းတိုင်း
အလွမ်းပြေဖို့
ပန်းတစ်ပွင့်ကို ပျိုးရတယ်။
အရှုံးတွေရဲ့ သက်သေ
တစ်ခါရှုံးတိုင်း
မျက်ရည်စို့လို့
ပန်းတစ်ပွင့်ကို ပျိုးရတယ်။
စိမ်းမဲ့ဟန်ပြင်
သူငြိုငြင်တိုင်း
ရင်မှာနောင်တ တသသနဲ့
ပန်းတစ်ပွင့်ကို ပျိုးရတယ်
ခုတော့
ယုယမြတ်နိုး တိတ်တခိုးနဲ့
သခင်မသိအောင် ပျိုးခဲ့တဲ့ ပန်းတွေ
ပွင့်တဲ့ပန်းကပွင့်
လွင့်တဲ့ပန်းက လွင့်
လန်းတဲ့ပန်းက လန်း
နွမ်းတဲ့ပန်းက နွမ်း
ဝေတဲ့ပန်းကဝေ
ကြွေတဲ့ပန်းက ကြွေ
ပွင့်လွှာတွေ
ဝတ်လွှာတွေ
ဝတ်ဆံတွေ
ဝတ်မှုန်တွေ
တစစီ... တစစီ.... ကြွေ...
Monday, January 26, 2009
|
Labels:
ကဗျာ
|
2 comments:
ကြည်နူးနှစ်သက်ဖွယ်ကဗျာလေးပါပဲ။
နှလုံးသားထဲကစမ်းရေစီးသံလို.ပဲနားလည်ခံစားမိပါတယ်။
ကဗျာလှလှလေးများဆက်လက်ရေးသားနိုင်ပါစေ...
Ma Thandar said....
အ၇မ်း ကောင်းတဲ့ ကဗျာလေးပါပဲ....
ချစ်သူကိုပြောချင်တဲ့....စကားလုံးတွေအားလုံးကို....
လှပစွာဖွဲ့နွဲ့ထားလို့........ခိုက်သွားတယ်....
Post a Comment