ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
3 months ago
နင်ငါ့ ကို အရူးမလုပ်ပါနဲ့
အခါခါပြောရင်း
ငါ အခါခါ ရှုံးခဲ့တယ်...
နင်နဲ့ငါ
စကားစစ်ထိုးရင်း
နင့်အလိုကျ
ငါရှုံးရပြန်တယ်...
ငါဟာ နင့်အတွက်ပါ
နင်ကတော့ ငါ့အတွက် မဟုတ်
ညီမျှခြင်းတွေချတိုင်း
ငါ့ထပ်ရှုံးပြန်ပေါ့...
နင့်အတ္တနဲ့ငါ
တစ်ထပ်တည်း မကျတဲ့အခါ
နင့်ဆုံးဖြတ်ချက်တွေအောက်
ဒူးထောက်လက်မြှောက်
ဒါ..
ငါ့ကျရှုံးခြင်းလား
တကယ်ဆို
ငါဟာ ရှုံးပြီးရင်းရှုံး
ဆုံးပြီးရင်းဆုံး
နင့်အနားမှာ ခိုဝင်တွယ်ငြိရင်း
အရှုံးတွေ အတိုင်းအဆမဲ့....
၃.၁.၂၀၀၉ စနေနေ့
၅း ၃၀မိနစ်
Saturday, January 03, 2009
|
Labels:
ကဗျာ
|
0 comments:
Post a Comment