မြန်မာ မိန်းမသားတစ်ယောက်ရဲ့ ဘဝကို အရှက်အကြောက်တရား သိက္ခာတရားတွေနဲ့ တည်ဆောက်ထားပါတယ်။
မြန်မာ အမျိုးသမီးမှန်ရင် အသက်ငယ်တာ ကြီးတာနဲ့ မဆိုင် ပျိုတာ အိုတာနဲ့လဲမဆိုင် အရှက်တရား သိက္ခာတရားကို အသက်နဲ့ရင်းလို့ တန်ဘိုးထားတတ်ကြပါတယ်။ အရှက်ကို အသက်နဲ့ လဲမယ်ဆိုတာ မြန်မာမိန်းကလေးတွေ တော်တော်များများ ပြောတတ်ကြပါတယ်။
အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတဲ့ မြန်မာ မိန်းကလေးတွေ အများကြီးရှိပါတယ်။
ယဉ်ကျေးမှု ဓလေ့စရိုက် မတူညီတဲ့ သူတပါးတိုင်းပြည်မှာ မြန်မာ မိန်းကလေးတွေ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းရတယ်ဆိုတာတွေကိုတော့ ကိုယ်တိုင်ခံစားမိတဲ့ သူတွေကလွဲလို့ ဘယ်သူမှ ပုံတူ မခံစားနိုင်ပါဘူး။ ဘယ်သူကမှလဲ တိတိကျကျ မပြောနိုင်ကြပါဘူး။ ဘေးကနေပြီး အမျိုးမျိုးထင်မြင်ချက်ပေးနေသူတွေကလဲ တိတိကျကျ မသိကြပါဘူး။
အထူးသဖြင့် ဒီရက်ပိုင်းမှာ ဒူဘိုင်းမှာ မြန်မာ မိန်းကလေး တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်လို့ အသံမျိုးစုံ ဝေဖန်ချက်မျိုးစုံကို ကြားရပါတယ်။ သတင်းတွေက မှန်တာလဲ ရှိသလို ချဲ့ကားပြီး ပြောကြတာတွေလဲ ရှိပါတယ်။ နှမသားချင်းမစာနာပဲ ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တာတွေကိုလဲ နားနဲ့ ဆက်ဆက်ကြားနေရပါတယ်။ အဲလိုပြောနေကြတဲ့သူတွေအနေနဲ့ သေဆုံးသွားသူ မိန်းကလေးကို ဘယ်လိုများကူညီပေးနိုင်မှာလဲ အဲလိုပြောပေးခြင်းဖြင့် ကျန်ရစ်ခဲ့တဲ့ မိသားစု အသိုင်းအဝိုင်းရဲ့ သောကတွေကို ချုပ်ငြိမ်းစေမှာလား လို့ မဆီမဆိုင်စဉ်းစားမိပါတယ်။
အထူးသဖြင့် ကွယ်လွန်သူရဲ့ ကိုယ်ကျင့် သိက္ခာကို ဘာကိုမှ တိတိကျကျ မသိပဲ ပုတ်ခတ်ပြောကြတဲ့သူတွေက ယောက်ျားလေးတွေ များပါတယ်။ သူငယ်ချင်းကောင်လေးတွေ အားလုံးနီးပါးဆီက တူညီတဲ့ အသံတွေကိုပဲ ကြားခဲ့ရတာပါ။ စာနာတဲ့ အသံကိုတော့ မကြားလိုက်ရပါဘူး။ နိုင်ငံခြားရောက် ရွှေမြန်မာတွေပါ။ နားလည်ပါတယ် ယောက်ျားလေးတွေဆီမှာ ယောက်ျားလး အသိ ယောက်ျားလေးအတွေး ယောက်ျားလေး အမြင်တွေပဲ ဖုံးလွှမ်းနေတာပါ။ သူတို့ကိုလဲ အပြစ်ပြောလို့မရပါဘူး။ မျိုးချစ်စိတ်ရှိလို့ မြန်မာဘက်ကရပ်လို့ နာကြည်းလို့ ပြောကြတာပါ။
မိန်းကလေး သူငယ်ချင်းတွေ တော်တော်များများ ဆီကတော့ စာနာတဲ့အသံ ဂရုဏာသံတွေ စိုးရိမ်သံတွေ အများဆုံး ကြားရပါတယ်။ အဘူဒါဘီက ညီမလေးတစ်ယောက်က သတင်းစာတွေ့တွေ့ချင်းဖုန်းဆက်ပြီး ဘယ်လိုတွေ ကူညီပေးရင်ကောင်းမလဲ သံရုံးမရှိတဲ့ တိုင်းပြည်မှာ ကွယ်လွန်သူအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ရပ်တည်ပေးကြမလဲ လို့မေးလာပါတယ်။ မိန်းကလေးပီပီ မိန်းမသားချင်းစာနာ ဖေးကူချင်တဲ့ စိတ်ကလေးတွေ ကို မြန်မာမလေးတွေဆီမှာ ချစ်စရာ ကောင်းလောက်အောင် တွေ့ရပါတယ်။
ပြီးတော့ အသတ်ခံရသူက ရိုးရိုးသားသား အသတ်ခံရတာမဟုတ် ဝတ်လစ်စလစ်သေဆုံးနေတာ ဖြစ်တော့ ဝေဖန်သံတွေက တနေ့တခြားဆိုးလာပါတယ်။ ကွယ်လွန်သွားတဲ့ ကောင်မလေး ပျောက်ဆုံးနေတဲ့ ရက်တွေအတွင်းမှာလဲ ကောင်မလေးရဲ့ သူငယ်ချင်းကောင်မလေးတွေ တော်တော် သောကရောက်ခဲ့ရပါတယ်။
အထူးသဖြင့် ကောင်မလေးက အခြားနိုင်ငံသားတစ်ဦးနဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းက မြန်မာကောင်လေးတွေ ပါးစပ်ဖျားမှာ တော်တော်လေးကို ရေပန်းစားနေပြန်ပါတယ်။ သတင်းစာထဲမှာ ပါတာက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း လုပ်ငန်းတူ မိတ်ဆွေလို့ပဲ ရေးထားတာပါ။ ချစ်သူရည်းစားလို့ မရေးထားပါဘူး။ သတင်းစာတွေရှာပြီး သေသေချာချာ ဖတ်စေချင်ပါတယ်။ နှမသားချင်း စာနာစေချင်ပါတယ် ကိုယ့်ညီမ ကိုယ့်အမ ကိုယ့်ချစ်သူ ကိုယ့် ဆွေမျိုးသားချင်းလို့ သဘောထားပြီး ကောင်းတဲ့ ဘက်က ပြောင်းမြင်စေချင်ပါတယ်။
မီဒီယာတွေက သတင်းကို ဘယ်တော့မှ မဖုံးထားပါဘူး တိတိကျကျပဲ ရေးတာပါ။ ကောင်မလေးနောက်ဆုံးတွေ့ခဲ့ တဲ့သူဟာ အဲဒီနိုင်ငံခြားသား ဖြစ်နေတာတော့ မှန်ပါတယ်။ ဒါကို ထောက်ပြပြီး နိုင်ငံခြားရောက် မြန်မာမတွေ အောက်ခြေလွတ်တယ် နိုင်ငံခြားသားဆို မငြင်းဘူး ခေါ်ရင်လိုက်တာပဲလို့ ပြောပြန်ပါတယ်။ ဒါကလဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတာပါ။ ကောင်မလေးက အဲဒီလူကို အပြတ်ငြင်းထားတယ်ဆိုတာကို တိတိကျကျ ပြောတဲ့သူက နည်းပါတယ်။ အဲဒီအချက်ကို မေ့ထားကြပါတယ်။
မိန်းကလေးတွေရဲ့ အားနည်းချက် က အလွန်အမင်းအားနာတတ်တာပါပဲ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဆွေကို ဘယ်သူက ပစ်ပစ်ခါခါ ရိုင်းရိုင်း စိုင်းစိုင်းပြောချင်မလဲ။ အထိုက်အလျောက် ခေါ်ပြောနှုတ်ဆက်ရပါတယ်။ မိတ်မပျက်အောင် လူမှုရေး မပျက်ရအောင် မေးထူးခေါ်ပြော လုပ်ရပါတယ်။
ပြီးတော့ သေဆုံးသူက သမီးတစ်ယောက်မိခင် အိမ်ထောင်သည် မိဘကို လုပ်ကျွေးနေသူတစ်ယောက်။
မြန်မာ့ အိမ်ထောင်ရေး ထုံးစံကို သူနားလည်သလို သမီးတစ်ယောက် မိခင်တစ်ယောက် ဖြစ်တဲ့ အတွက် သူ့ကိုယ်သူ ဘယ်လို ထိန်းကျောင်းရမယ်ဆိုတာ သူကောင်းကောင်းသိခဲ့မှာပါ။
အခန့်မသင့်လို့ အကြောင်းမလှလို့ အသေဆိုးနဲ့သေခဲ့ သူကသေခဲ့ပြီးပါပြီ။ သူလောကကြီးမှာ မရှိတော့ပေမယ့် သူ့မိသားစု အသိုင်းအဝိုင်းရဲ့ နားတွေ မျက်စေ့တွေ အများကြီး ကျန်နေပါသေးတယ်။ သူတို့ရဲ့ သောကတွေ ကိုဘယ်လို စာနာနားလည်ပေးနိုင်မလဲ။ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ အထူးသဖြင့် သေခြင်းမလှခဲ့တဲ့ သူ့ရဲ့ဘဝလေး မြန်မာ မိန်းမသားရဲ့ ဘဝလေး။
သူမကွယ်လွန်ခင် အချိန်ပိုင်းလေးမှာ သူ့အရှက်သူ့သိက္ခာအတွက် ဘယ်လောကတောင်ခံစားခဲ့ရမလဲ။ သူ့ရဲ့နောက်ဆုံးထွက်သက်မှာ ဘယ်လောက်အထိ နာကျင်ခံစားလိုက်ရမလဲ။ သူဘယ်လောက်တောင် ခုခံကာကွယ်ပြီးမှ အားမတန်လို့ မာန်လျှော့ခဲ့ရလဲ ဒါလေးတွေကို လူတိုင်း တွေးမိချင်မှတွေးမိမှာပါ။ အရှက်ရော အသက်ပါ တပြိုင်တည်း ဆုံးခဲ့ရတဲ့ အဖြစ်ကို ဘဝတူ မိန်းကလေးတွေကသာ စာနာနားလည်ပေးနိုင်မှာပါ။ ထပ်တူထပ်မျှခံစားနိုင်မှာပါ။
နိုင်ငံခြားမှာ မိန်းကလေးတွေတော်တော်များများ နိုင်ငံခြားသားတွေနဲ့ ရည်ငံနေတာ လူတိုင်းသိပါတယ်။ လူမှုရေးကိစ္စတွေ ဖြစ်နေလေတော့ ကာယကံရှင်တွေကို ဘယ်သူတွေက အမုန်းခံပြီးတားဖြစ်နိုင်မှာလဲ။
တားခဲ့ နိုင်တယ်ဆိုရင်တောင်မှာ ဘယ်နှစ်ယောက်ကို လိုက်ပြီး တားနိုင်မှာလဲ။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ပါကုန်တာကို ထိုင်ကြည့်နေရတဲ့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်အသိဆုံးမို့ ပို့စ်တစ်ခုမှာတောင် ရေးဖြစ်ခဲ့ပါတယ်။
မြန်မာ မိန်းကလေးတစ်ယောက်ကို တပါးသူကိုပေးလိုက်ရတိုင်း ကိုယ့် ကိုယ်ထဲကသွေးတွေကို ဖောက်ထုတ်ပြီးပေးခဲ့ရသလို နာနာကျင်ကျင်ခံစားခဲ့ရပါတယ်။ အကြိမ်ကြိမ်တားခဲ့ဘူးသလို အကြိမ်ကြိမ်လဲ လူမုန်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် အမှန်တရားတွေ ဖြစ်နေပြန်တော့ လဲကိုယ့်သူငယ်ချင်းလေးတွေအတွက် ကိုယ်စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ လုပ်လို့မရခဲ့ပါ။
အခုကိစ္စမှာတော့ အမှန်တဝက် အမှားတဝက် ဖြစ်နေတာကိုတွေ့ရပါတယ်။ ကိုယ်က စာနာပေမယ့် မစာမနာပြောနေကြတာတွေ ကြားတိုင်းလဲ အောင့်သက်သက်နဲ့ ခံစားရပါတယ်။ သူလေးရဲ့ နောက်ဆုံးအချိန်မှာ သူ့ရဲ့ အရှက်နဲ့ သိက္ခာပါမက သူ့မိသားစု အသိုင်းအဝိုင်းရဲ့ သိက္ခာတွေပါ ထိခိုက်ကုန်ပါတယ်။ လုံးဝမဖြစ်သင့်တာတွေ ဖြစ်ကုန်တာပါ။
မိန်းကလေးနဲ့ ယောက်ျားလေး ရရှိပိုင်ဆိုင်ထားတဲ့ အခွင့်အရေးချင်းက မတူပါဘူး ဘယ်လိုမှလဲ ယှဉ်လို့မရပါဘူး။
မိန်းကလေးမှာက ပင်ကို သဘာဝမှာကိုက အားနည်းပြီးသားပါ။ ယော်ကျားတွေကို ဖြေဖျော်ဖို့ သက်သက် လူဖြစ်လာတာ မဟုတ်ပေမယ့် မိန်းကလေးလဲ မိန်းကလေးအလျှောက် တန်ဘိုးတွေ သိက္ခာတွေ ရှိပါတယ်။ အားနည်းချက်တွေကို သိကြတဲ့သူတွေက အနိုင်လိုချင်ကြပါတယ်။ ပါးစပ်လေးနဲ့ပဲ ပြောရပြောရ ဘယ်လိုလေးပဲ ဝေဖန်ရ ဝေဖန်ရ ဝေဖန်ချင်ကြပါတယ် ပြောချင်ကြပါတယ်။
သံရုံးမရှိတဲ့ တိုင်းပြည်မှာ ရက်ရက်စက်စက် အသတ်ခံရသလို ဘုန်းကြီးမရှိတဲ့ အမျှပေးလို့မရတဲ့ တိုင်းပြည်မှာ ကွယ်လွန်ခဲ့တဲ့ သူမရဲ့ ဘဝနိဂုံးက လုံးဝမလှပခဲ့ပါဘူး။ အရှက် အသက် သိက္ခာ ဘာမှမကျန်အောင် ရင်းနှီးပေးဆပ်ရလောက်အောင် အတိတ်ကံ မကောင်းခဲ့သူလေးအတွက် နေ့စဉ်နဲ့အမျှ စာနာသနားနေမိပါတယ်။
မိန်းကလေးတစ်ယောက်ရဲ့ အသက်အရှက် သိက္ခာတွေကို ပုံတူ စာနာနားလည်သူတွေ တိုးပွားလာဖို့လဲ ဆုတောင်းမိပါတယ်။
သူတို့ ကုမ္ပဏီက တာဝန်ရှိသူတွေက သူ့အလောင်းကို ရန်ကုန်အရောက်ပြန်ပို့ပေးဖို့ စီစဉ်နေကြပါတယ် ။ သူတို့ HR ကလူကြီးတွေ ကိုယ်တိုင် မိသားစုကို ဖုန်းဆက်ပြီး အစစအရာရာ တာဝန်ယူကြောင်း ရန်ကုန်အရောက် လိုက်ပို့ပေးမယ့် အကြောင်း ပြောခဲ့ပါတယ်။
အမှန်တရားကို ဖော်ပြချင်လို့ သူ့ရဲ့ သူငယ်ချင်း ဖြစ်သလို ကိုယ့် သူငယ်ချင်းလဲ ဖြစ်တဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ကို ဖုန်းဆက်မေးပြီးမှ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။
သူမရဲ့ အရိပ်ဆိုးကြီးကို လုံးဝ ဖျောက်လို့မရပေမယ့် ကျန်ရစ်တဲ့ မိသားစု ရဲ့ သိက္ခာကို အနည်းအကျဉ်းလောက် ဖြစ်ဖြစ် ပြန်ဆယ်ပေးချင်ပါတယ်။ ကျန်နေခဲ့တဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ မျက်နှာ မိခင်မဲ့ခဲ့ရတဲ့ ခြောက်နှစ်သမီးလေး နဲ့ ဇနီးမယားကို ဆုံးရှုံးခဲ့ရတဲ့ ခင်ပွန်းတစ်ယောက်ရဲ့ သိက္ခာ ကိုလဲ ထည့်သွင်းပြီး စာနာပေးချင်ပါတယ်။
သတင်းအပြည့်အစုံကိုတော့
Gulf News မှာဝင်ဖတ်လို့ရပါတယ်။
18 comments:
ဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာတိုင်း တဖက်တည်းကြည့်ပီး ပြောလို့မရတတ်ပါဘူး။
အဲဒီအမျိုးသမီးလေးသေသွားတဲ့သတင်းဖတ်ပီး စိတ်မကောင်းလဲဖြစ်မိပါတယ်။
ဒါပေမဲ့ သူ့ကို ပစ်ပစ်ခါခါတော့ မပြောရက်ပါဘူး။ဒါပေမဲ့ အဲဒီနိုင်ငံရောက် မိန်းကလေးတွေအနေနဲ့ ပိုပီး အနေအထိုင် ဆင်ခြင်စေဖို့ အခုသေဆုံးသွားတဲ့ အမျိုးသမီးက သက်သေပြသွားတယ်ဆိုတာတော့ သတိချပ်သင့်ပါတယ်။ ညအချိန်မတော် အပြင်ထွက်သွားလာခြင်းကို ရှောင်ကြပေါ့ နော်။
အချို့အချို့သော မြန်မာပြည်ဖွား ယောင်္ကျားတွေဟာ ယောင်္ကျားမာန်ကို စွဲကိုင်ထားပီး အဲဒီလို ပြောတယ်လို့ မြင်မိပါတယ်။
ကိုယ်ချင်းစာစိတ် သူတို့မှာ မရှိပါဘူးလို့ ထင်မိပါတယ်။
တကယ်ဆို သူတို့ကိုယ်တိုင်ကရော... အချင်းချင်း စောင့်ရှောက်ကူညီရမဲ့အစားးးးးးးး တခါတလေ ဖျက်ဆီးတတ်ကြတာ ..
မိန်းကလေးဆိုတာ ဘယ်နေရာမှာနေနေ သတိရှိဖို့က အရေးကြီးဆုံးပါပဲ။
ဖတ်ရ သိရတာ စိတ်မကောင်းပါဘူး...း(
တကယ်ကိုစိတ်မကောင်းစရာသတင်းပါပဲ ။
မလွတ်လပ် မပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမှာ အဲသည်လိုပဲ Victim ကိုပဲ ရေနစ်ရာ ၀ါးကူထိုးသလို ဖိပြီးပြောတတ်ကြတာ ဘဘာဝပါ။
မြန်မာမတွေ နိုင်ငံခြားသားနဲ့ တွဲတာ ဘာမှပြောစရာမရှိပါ။ သူနှစ်သက်ရာ သူရွေးချယ်ခွင့် ရှိသင့်ပါတယ်။ အလားတူပဲ မြန်မာယောက်ျားတွေလည်း ကိုယ်နှစ်သက်ရာ ကိုယ်ရွေးချယ်ခွင့်ရှိပါတယ်။ ဒါဟာ ပုဂ္ဂလ လွတ်လပ်ခွင့်ပါ။ မလွတ်လပ်တဲ့ တိုင်းပြည်တွေမှာတော့ နိုင်ငံခြားသားနဲ့ ယူမိရင် အပြစ်ကြီးတခုလို မြင်တတ်ပါတယ်။
ဆက်ပြောရင်မကောင်းတော့လို့ချန်ထားလိုက်တော့မယ်
ဒါပေမယ့်
ဒီကုလား ရဲစခန်းမှာ ဘယ်လို အစစ်ခံလဲဆိုတာ သိတဲ့လူရှိလား
ဒီကုလားနဲ့ အတူနေတဲ့ အခန်းဖော်တွေကို ရဲကဘာမေးလိုက်သလဲ
အခန်းဖော်တွေက ရဲကို ဘယ်လိုဖြေရှင်းချက်ပေးလဲ
ခင်ဗျားတို့ထဲက သိတဲ့လူရှိရင်ပြောစမ်းပါ
ဒါမှမဟုတ်လို့သိချင်သပ ဆိုရင် ကျွန်တော့်ကို ဆက်သွယ်ပါ။ ဒီကုလားရဲ့ အခန်းဖော် က ကျွန်တော့် နဲ့ဌာနတူတဲ့လုပ်ဖော်ကိုင်ဖက်ပါ။ လူကိုယ်တိုင်တွေ့ပေးမှာပါ။ စာရေးရင်မယုံမှာစိုးလို့
ယောက်ျားလေးတွေကသေဆုံးသူနှင့်မိသားစုအတွက် မကူညီဘူးဆိုတဲ့စကားက တော့ စော်ကားလိုက်သ လိုပဲ
သေချာပြန်မေးကြည့်ကြပါဦး
ခင်တဲ့လူရှိရင်
ညီမရေ- ဖတ်ရတာ စိတ်မကောင်ဘူး။ ဒါတွေဟာ..ခေတ်အခြေအနေတခုရဲ့ ဘေးထွက်ဆိုးကျိုးလဲ ဖြစ်တယ်။
ဒီကုလားနဲ့ အတူနေတဲ့ အခန်းဖော်တွေကို ရဲကဘာမေးလိုက်သလဲ
> မေးသင့်မေးထိုက်တာတွေမေးမှာပေါ့.
အခန်းဖော်တွေက ရဲကို ဘယ်လိုဖြေရှင်းချက်ပေးလဲ
ခင်ဗျားတို့ထဲက သိတဲ့လူရှိရင်ပြောစမ်းပါ
> သူ့တို့ကုလားချင်းချင်းတွေပဲလေသိတယ်ဟုတ် ကုလားတွေကသိပ်စည်းလုံးတာ
ဒါမှမဟုတ်လို့သိချင်သပ ဆိုရင် ကျွန်တော့်ကို ဆက်သွယ်ပါ။ ဒီကုလားရဲ့ အခန်းဖော် က ကျွန်တော့် နဲ့ဌာနတူတဲ့လုပ်ဖော်ကိုင်ဖက်ပါ။ လူကိုယ်တိုင်တွေ့ပေးမှာပါ။ စာရေးရင်မယုံမှာစိုးလို့
> အဲဒီအခန်းဖော်ကုလားပြောတာကိုရော ယုံရမှာလား ?
ဒီကုလားနဲ့ မလုံလောက်ရင်တော့ ဗမာတွေပဲ ကျန်ပါတော့တယ်။ ခင်များတို့ကျေနပ်အောင်ဖြေရှင်းနိုင်မှာပါ။ ဒါပေမဲ့ ဒီကိစ္စ ဒီမှာပဲရပ်ကြစို့...ဘယ်သူ့အတွက်မှ အကျိုးမရှိပါ....
ကျေးဇူးတင်ပါသည်။
nsnaing@gmail.com
nayzaw1982@gmail.com
thantsinh@gmail.com
tonythanhla@gmail.com
တစ်ခုခုတော့ လွဲမှားနေပြီထင်ပါတယ်..။ ဘာပဲ ဖြစ်ဖြစ် သတင်းကတော့ အင်မတန်မှ စိတ်မကောင်းဖြစ်စရာ သတင်းတစ်ခုပါပဲ..။ သံရုံးမရှိ..။ ဘုန်းတော်ကြီးမရှိတဲ့ ဒီလို နေရာမျိုးမှာ ဖြစ်ခဲ့ရတာဟာ တကယ့်ကို စိတ်နှလုံး မချမ်းမွေ့စရာပါပဲ...။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အရေးကြီးရင် သွေးနီးတက်ကြပါတယ်..။ အခုလိုအချိန်မျိုး မှာလည် ယောကျာ်း၊ မိန်းမ မခွဲခြားပဲ..။ ကိုယ့်လူမျိုး ဆိုတဲ့ စိတ်တစ်ခုထဲနဲ့ အားလုံးဝိုင်းဝန်းပြီး တတ်နိုင်တဲ့ ဘက်က ကူညီပေးကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်...။
လူတစ်ယောက်နဲ့ တစ်ယောက် အမြင်တွေ မတူကြသလို ခံယူချက်တွေလဲ မတူကြပါဘူး။
ဒီပို့စ်လေးနဲ့ ပက်သက်ပြီး ဒီလောက်အထိ ဖြစ်လာလိမ့်မယ်လို့လဲ မထင်ထားခဲ့ပါဘူး။
ဒါပေမယ့် သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ တွေကို ကိုယ်က ဘယ်လောက်အထိ အတွင်းကျကျ သိထားသိထား လူပုံအလည် ချပြသင့် မပြသင့် ဆိုတာတွေ လူအများသိအောင် ပြောသင့် မပြောသင့် ဆိုတာကတွေတော့ လူတွေသိထား နားလည်ထား ခံယူထားတဲ့ လူ့ကျင့်ဝတ် သိက္ခာတွေနဲ့ ပဲဆိုင်ပါတယ်။
စာရေးသူကတော့ မြန်မာ မိန်းကလေးဖြစ်တဲ့အတွက် မိန်းကလေးတွေရဲ့ အကျင့် သိက္ခာတွေအတွက် မြန်မာလူမျိုးရဲ့ သိက္ခာအတွက် အမှန်တရားဘက်က ရပ်တည်ခဲ့သလို အားနည်းသူ တစ်ယောက်ကို ဖေးမကူညီလိုတဲ့ ဆန္ဒ အမှန်တရားတစ်ခုကို ဒါအမှန်တရားပါလို့ ပြောပြချင်တဲ့ ဆန္ဒလေးနဲ့ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။
မြန်မာမိန်းမသားချင်း စာနာ မိတာမို့
ကွယ်လွန်သူ ရဲ့ အခန်းဖော် မြန်မာ အမျိုးသမီးလေးများကို မေးမြန်းဆက်သွယ်ပြီး သူတို့ဆီက သိရသမျှကို ရေးသားထားခြင်းဖြစ်၍ အခြား ဘဝတူ ဘလောဂါ များအပေါ်ထိခိုက်နစ်နာစေလိုခြင်း အလျဉ်း မရှိပါကြောင်း။
သက်သေအခိုင်အလုံ မပြနိုင်ချိန်တွင် ထွက်ဆိုထားသော ထိုကုလား၏ထွက်ဆို ချက်များကိုလဲ အမှန်တရား ဟုတ်မဟုတ် စဉ်းစားပြီးမှ လက်ခံမှာ ဖြစ်ပါကြောင်း။
စာပေစိစစ်ရေး မူပိုင်ခွင့် ဘလောဂါ စည်းကမ်း တိတိကျကျ မရှိသော်ငြား ဘလော့ဂါ တစ်ယောက် စောင့်ထိန်းသင့်သော သိက္ခာ ကျင့်ဝတ် အပြည့်ဖြင့် မိမိရေးသော စာများအပေါ် လိပ်ပြာ သန့်ပါကြောင်း ရေးခဲ့သော ပို့စ်အားလုံးအတွက် အပြည့်အဝ တာဝန်ယူကြောင်း လဲ ပြောချင်ပါသည်။
မမျှော်လင့်ပဲ ဂျပန်က အစ်မတစ်ယောက်ပို့ပေးလို့ ရောက်လာခဲ့ပါတရ် ။ ခုတစ်လောလည်း အဲဒီ့သီတင်းက အွန်လိုင်းမှာ နာမည်တော်တော်ပျံ့ နေပါတရ် ။ ကျွန်တော့်ဆီကိုလည်း မေးလ်ရောက်ပါတရ် ။ ရေးသားတဲ့သူက သူ့ကိုတိုက်ရိုက်မေးဖို့ သူ့ဂျီမေးလ်လိပ်စာလေးတောင် ထည့်ပေးထားပါသေးတရ် ။ ခုလိုမျိုးကြားရတာ စိတ်မကောင်းပါဘူး ။ ကိုယ်ချင်းစာပါတရ် ။ တစ်ခါတစ်ရံယောက်ျားလေးတောင်မှ စိတ်ညစ် ၊ စိတ်လေ ၊ အားငယ်တတ်တာပဲလေ ။ မိန်းမသားဆိုပိုဆိုးမှာပါ ။ အစစအရာရာအဆင်ပြေပျော်ရွှင်ပါစေနော် ။
(ကိုရဲ)
ညီမလေး နှင်းရေ..
မမ အရောက် နောက်ကျ တာ ခွင့် လွှတ်နော်.
ဒီပို့စ်လေး ဖတ်ပြီး အရမ်း စိတ်မကောင်း ဖြစ်ရတယ်..
နိုငံ ရပ်ခြား.. တိုင်း တပါး မပြောနဲ့..
ကိုယ့်ပြည်တွင်း ထဲ မှာလဲပဲ..ဆွေမျိုးမိဘ သူငယ်ချင်း
အသိုင်းအသိုင်းတွေ နဲ့..ဝေးနေတဲ့ အခါ အားငယ်တတ်ကြတာ သဘာဝပါ..
မိန်းကလေး .ယောင်္ကျားလေးရယ် လို့ မဟုတ်ပေမဲ့..
အများစု က ဒီလိုပဲ တကိုယ်တည်း နေ နေ ရတဲ့ အခါ
အားငယ်မှု.. လိုအပ်မှု တွေ ဆိုတာ ရှိလာတယ်..
မမ ရဲ့ ဘ၀ တစ်လျှောက်မှာ..
ကြုံ တွေ့ ခဲ့ရတဲ့ သာဓကတွေ အများ ကြီး ပေါ့..
အများအား ဖြင့်တော့ မိန်းကလေးတွေ များတယ် ပဲ
ပြောရမှာ ပါ.....ယောကျာင်္းလေးတွေ လဲ ရှိဖူး တယ်..
အသက်ဆုံးရှုံး ရတဲ့ ထိ ဖြစ်ရတာ ကတော့ တကယ့်ကို
စိတ်မကောင်း စရာပဲ ....
ကျန်နေခဲ့တဲ့ သူတွေက တော့..သူ့အဖြစ်မျိုး မဖြစ်အောင် ရှောင် နိုင်ဘို့ ရယ်..
သူ့ အဖြစ်က မှန် မှန် မှားမှား..တတ်နိုင်သလောက် စာနာ နား လည် တဲ့ အကြည့်လေးနဲ့ မြင်ပေး နိုင် ကြရင် တော့..အကောင်း ဆုံး ပဲပေါ့နော်..
ဒါကတော့ Khaleej Times မှာပါလာတဲ့သတင်းဖြစ်ပါတယ်ခင်ဗျာ
အချင်းချင်းစိတ်ဝမ်းကွဲကုန်ကြရင်မကောင်းပါဘူး
ကျွန်တော့်အနေနဲ့လည်းဆက်ပြီးသက်သေပြဖို့ ကြိုးစားမှာမဟုတ်တော့ပါဘူး။
ဒါပေမယ့် သတင်းကတော့ သတင်းပဲဖြစ်ပါတယ် ။ Link ကလေးပါပေးလိုက်ပါတယ် Khaleej Times မှာဝင်ဖတ်လို့ရပါတယ်
http://www.khaleejtimes.com/DisplayArticleNew.asp?section=theuae&xfile=data/theuae/2009/february/theuae_february548.xml
DUBAI - The Dubai Police are investigating the death of a Myanmarese woman in her twenties whose naked body was found in a manhole in Al Qusais on Sunday, five days after she went missing.
Colonel Khalil Ibrahim Al Mansouri, Director of the General Department of Criminal Investigation, said the police detained the woman’s Indian boyfriend. Both of them were working for a national service company.
The police arrested the man after the company informed them that the woman had been missing for five days and he was the last person to see her. They went on a date after which she never returned to her company flat. Al Mansouri said the Operations Room of the police on Sunday received a call from a worker that he found the naked body of a woman while cleaning a manhole in Al Qusais. The police rushed to the area and shifted the body to the General Department of Forensic Medicine for autopsy. The police called the director of the company who identified the body as that of the missing woman.
Khalil said the police have not found any evidence linking her boyfriend with her death or the cause.
ခုချိန်မှာတရားခံလည်းမမိသေး သေတဲ့သူကလည်းထမပြောနိုင်
ဒီတော့ကာလဲ ကုလားပြောသမျှပေါ့
ဒီသတင်းကြားလို့  စိတ်မကောင်းဖြစ်မိပါတယ်ဗျာ..
ပြည်ပရောက် မြန်မာတွေ နီးစပ်ရာ နီးစပ်ရာ ကူညီကြဖို့  စည်းလုံးကြဖို့  တိုက်တွန်းပါတယ်..
အခင်းဖြစ်ပွားတာဟာ Al Mamzar Park မှာလို့သိရပါတယ်။ တကယ်လို့ သေဆုံးသူမိန်းကလေးဟာ သူကိုယ်တိုင် မနှစ်သက်မလိုလားဘူးဆိုရင် ဘာလို့များ အဲကိုလိုက်သွားလဲ။ နေထိုင်ရာ အဆောင်ရှေ့မှာဘဲ ပြောဆိုလို့မရဘူးလား။ အလုပ်က နေခင်းပိုင်နားချိန်မှာ အစားအသောက်စားရာနေရာမှာ ပြောလို့မရဘူးလား။ သူကိုယ်တိုင်က အနေအထိုင်ဆင်ခြင်ရမှာပေါ့။ ကလေးတစ်ယောက်အမေဘဲ။ အသက်အရွယ်ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲပြီး ကျောင်းတက်နေတဲ့သူတွေ အလုပ်လုပ်နေတဲ့သူတွေ အများကြီးပါ။ အများစုက ကိုယ်ဘ၀ကို ကောင်းကောင်းမွန်မွန်စောင့်ရှောက်နေထိုင်သူတွေကြီးပါဘဲ။ သူလို ကလေးတစ်ယောက်အမေက ပိုပြီး အနေအထိုင် ဆင်ခြင်တတ်ရမှာပေါ့။ ထင်မြင်တာကို ရေးသွားတာပါ။ အစက သေဆုံးသူကို သနားစနာမိပါတယ်။ ဘုရားတရားမရှိ ဘုန်းတော်ကြီးမရှိတဲ့ နေရမျိုးမှာ ကွယ်လွန်တဲ့အတွက်။ ဒါပေမဲ့ ဒူဘိုင်းက ဘလော့တော်တော်များများက လိုတာထက်ပိုပြီးရေးလာကြတဲ့ အတွက် ထင်မြင်မိတာလေးတွေကို ပြောပြတာပါ။
Post a Comment