ငါ့ကို မလွမ်းပါနဲ့


ဒီနေ့မခွဲလဲ
တနေ့နေ့မှာ ခွဲရမယ်....

ငါထားခဲ့ရင်တောင်
ငါ့ကို မလွမ်းပါနဲ့

ခွဲခွာခြင်း
ကွေကွင်းခြင်း
လွမ်းဆွတ်ခြင်း
ကြေကွဲခြင်းတွေ....
မဆုံးနိုင်တဲ့ အလွမ်းမီးတွေ...
မလောင်ကျွမ်းခင်....

လက်ပြနှုတ်ဆက်ပြီး
ကျောခိုင်းလျှောက်ကြဖို့
နင် ပြင်ဆင်ထားလိုက်ပေါ့...

သံသရာ တကွေ့မှာ
တစ်ခါကြုံတွေ့ပြီးပြီပဲ...

တို့နှစ်ယောက်နဲ့ သက်ဆိုင်တဲ့
မှတ်တိုင်တစ်ခုက
ဟိုး အဝေးတနေရာမှာ.....

နင့် ဘဝတကွေ့မှာ
ငါရှိခဲ့ဘူးတယ် ဆိုရင်
နင် လွမ်းနေဖို့လိုသေးလား..

ငါတော့ မလွမ်းတော့ဘူး
ငါ့အနားမှာ..
နင်...
တချိန်တုန်းက ရှိခဲ့ဘူးတယ်....


7 comments:

Anonymous said...

ငါ့အနားမှာ..
နင်...
တချိန်တုန်းက ရှိခဲ့ဘူးတယ်....


ဟုတ်လိုက်လေ အဲ့ဒီရှိခဲ့ဖူးတဲ့အမှတ်တရလေးကိုပဲ ထာဝရ သိမ်းထားလိုက်ရင် ကျေနပ်နိုင်တာပဲ ရင်ထဲမှာလည်းအချစ်တွေရှိနေသေးတယ် ။ ကဗျာလေး လှတယ် နှင်းရေးတာလား မာယာ ရေးတာလား ။

Anonymous said...
This comment has been removed by the author.
လင်းဒီပ said...

ဝေးကွားသွားတဲ့အခါ
တချိန်က အတူတူ ရှိခဲ့ဖူးတာ တွေးပြီး
ကျေနပ်နိုင်မယ်ဆို အလွမ်းတွေ မလိုပါဘူးလေ..။

လင်းဒီပ said...

ဝေးကွားသွားတဲ့အခါ
တချိန်က အတူတူ ရှိခဲ့ဖူးတာ တွေးပြီး
ကျေနပ်နိုင်မယ်ဆို အလွမ်းတွေ မလိုပါဘူးလေ..။

မမသီရိ said...

ပြတ်သားလှချည်လား ညီမလေးနှင်းရဲ့..း)

Anonymous said...

ကဗျာလေး ကောင်း၏

သီဟသစ် said...

တဖြည်းဖြည်းဝေးလို့
သွေးအေးသွားခဲ့ရင်
နင်ငါ့ကို မမေ့ပါနဲ့

ဆိုတဲ့ သီချင်းနဲ့ပြောင်းပြန်ပေါ့လေ။

My Blog List