ကမ္ဘာ့အရှေ့အလယ်ပိုင်း မိုးရာသီမရှိတဲ့ ဒူဘိုင်းမှာ ရာသီဥတု ကူးပြောင်းကာနီးတိုင်း မိုးရွာလေ့ရှိပါတယ်။
နွေကနေ ဆောင်းအကူးကာလရယ် ဆောင်းကနေ နွေအကူးကာလတွေရယ်မှာ တခါတရံ တစ်ရက် တစ်ခါတရံ နှစ်ရက်လောက် ရွာလေ့ရှိပါတယ်။
အဲဒီမိုးတွေရွာပြီးတိုင်းလဲ ရာသီဥတုက သိသိသာသာ ပြောင်းပါတော့တယ်။ အခုရွာတဲ့မိုးကဆို ဆောင်းကနေ နွေကိုရောက်တော့မယ်ဆိုတာကို အချက်ပြတဲ့မိုးမို့ အလွန်အမင်းပူပြင်းလာတော့မယ့်အရေး တွေးပြီးပူမိကြောက်မိနေပါပြီ။
နွေရာသီဆို အရေးကိစ္စရှိမှ မဖြစ်မနေလွန်းမှ အပြင်ထွက်ဖြစ်ပါတယ်။ အပြင်ထွက်မိပြီဆိုရင်ပဲ နီးနီးနားနားလေးကိုတောင် ပြေးပြေးလွှားလွှား ခုန်ဆွခုန်ဆွ သွားရတဲ့အထိ ရာသီဥတုက ပူလွန်းပါတယ်။ အဲလိုသွားရတိုင်းလဲ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက ရေသည်ယောက်ျားကို ပြေးပြီးမြင်မိပြီး ကိုယ်ချင်းလဲစာမိပါတယ်။ တောင်ဘက်မြို့ရိုးနဲ့ မြောက်မြို့ရိုးနဲ့ကို ပူစပ်ပူလောင်နဲ့ အပြေးသွားတဲ့ပုံကို ပီပီပြင်ပြင် သရုပ်ပေါ်အောင် ရေးစပ်နိုင်တဲ့ ဦးပုညကိုလဲ လေးစားမိပါတယ်။
တနေ့ကရွာတဲ့မိုးကလဲ ထူးထူးဆန်းဆန်း မိုးသီးတွေပါကြွေလို့ ရေခဲတုံးလေးတွေ တောင်မြင်ရပါတယ်။
မိုးရွာတဲ့အသံက အိမ်ခေါင်မိုးပေါ်ကို ခဲမိုးရွာသလို ဆူညံလွန်းတာမို့ လူတိုင်းက အလန့်တကြား အပြေးအလွှား ထွက်ကြည့်ကြပါတယ်။ တချို့ကလဲ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။ ဒါပေမယ့် ညနေစောင်း မှောင်စပြုနေချိန်မို့ ပုံကောင်းကောင်းတော့မရပါဘူး။

ကိုယ်တိုင်လဲ အွန်လိုင်းမှာ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်းက ထူးဆန်းလွန်းတဲ့ အသံတွေနဲ့ ဆူညံနေတာကြားလို့ အပြေးအလွားချောင်းကြည့်မိပါတယ်။ ပြတင်းပေါက်ကို အပြေးအလွားသွားကြည့်တော့ ရှိရှိသမျှ တိုက်ခန်းတွေကနေပြီး ထွက်ချောင်းနေကြတဲ့ ဝါသနာတူတွေ အများကြီးကိုတွေ့ရပါတယ်။
ကိုယ်တိုင်က ဓါတ်ပုံကောင်းကောင်းရိုက်လို့မရခဲ့ပေမယ့် သတင်းစာမှာရှာကြည့်တော့ အင်မတန် ချစ်စရာကောင်းတဲ့ ရှားပါးလွန်းတဲ့ ပုံလေးတွေတွေ့တာမို့ ဘလော့မိတ်ဆွေတွေကို မျှဝေလိုက်ပါတယ်။

ငယ်ငယ်တုန်းက လူကြီးတွေပြောတဲ့ မိုးသီးလေးတွေဆိုကို ကြားဖူးနားဝနဲ့ ရင်းနှီးနေပေမယ့် အခုမှပဲ ပထမဆုံး အကြိမ် မြင်ဖူးတာပါ။


ကြာသပတေးနေ့ ညနေကရွာတဲ့မိုးမတိုင်ခင်ကတော့ ၂ရက်ဆက်တိုက် သဲမုန်တိုင်းလေးတွေ တိုက်ခဲ့ပါတယ်။
လေပြင်းပြင်းတွေ ခပ်ကြမ်းကြမ်းတိုက်ချိန်မှာ သဲတွေပလူပျံပြီး နေရာအနှံ့သဲတွေဖုံးနေတာမို့ ဒီကလူတွေက သဲမုန်တိုင်းလို့ပဲ လူတိုင်းက တင်စားပြောတတ်ကြပါတယ်။ တမြို့လုံးဖုန်အလူးလူးနဲ့ ဆောင်းရာသီကို နှုတ်ဆက်နေပုံက မြန်မာပြည်က ဆောင်းအကုန် နွေအကူး စပ်ကူးမတ်ကူး ကာလလေးလိုတော့ လွမ်းစရာမကောင်းလှပါဘူး။

ဒါကတော့ မိုးသီးကြွေတဲ့ အပေါ်မှာ ပြောလာကြတဲ့ ဒူဘိုင်းမြို့သူမြို့သားတွေရဲ့ အတွေ့အကြုံလေးတွေပါ။
Wowwww as in so wow a hail storm!!! what a nice evening last night.. it's like a diamond. its so nice when its raining here in UAE.
Josh
Dubai,UAE
Well....it was a delightful sight...i didnt see such in ages...that too in summer..it was a lovely sight..such heavy rains and bullet like hailstorm just filled my compound like gems on ground! i am soo happy!!
Hani
Dubai,UAE
Last night i was searching for parking in Deira as suddenly the rain started with thousands of hails that striked my car.I came out and tried to eat them, but they strongly hit my face forced me to sit in the car.
Shahzad
Dubai,UAE
It was so great to see hail stones in UAE! at last i have seen them last night, in Ireland there is much to see of a hail stone, its great to see them in UAE too!
Grace


ဓါတ်ပုံတွေနဲ့ comment တွေကတော့ Gulfnews ကယူထားတာပါ။
3 comments:
မမ လဲ မိုးသီးကြွေတယ်ဆိုတာ လူကြီးတွေပြောလို့ ကြားဖူးပေမဲ့ တခါမှ မကြုံဖူးဘူး
ထူးဆန်းတယ်
မိုးရွာရင်အိမ်ကိုလွမ်းတယ်
မိုးသီးကျတာတော့ ဒီမှာ ၂ ခါတွေ့ဖူးတယ်
ဒီတခါတော့ မသိလိုက်ဘူး :)
အိပ်နေတာလေ
မိုးသီးကြွေတာ ၃ ကြိမ်ကြုံဖူးတယ်...
ငလျင်လှုပ်တာ ၂ ကြိမ် ကြုံဖူးတယ်...
အဲတာ ကံကောင်းတယ်လို့ ပြောရမလား...း)
Post a Comment