မြစ်တစ်စင်း
မှားယွင်းစွာ
စီးဆင်းနေတယ်...
ပြောင်းပြန်စီးတာတော့
မဟုတ်ခဲ့ဘူး...
မြတ်နိုးလွန်းတဲ့
သစ္စာတရား
အမှိုက်တစ်ခုလို
ဟိုး.... အဝေးမှာမျောနေခဲ့
မေတ္တာမိုးစက်တွေ
ခံယူနေဆဲ....
လေပြင်းတစ်ချက် အဝေ့မှာ
မျှော်လင့်ချက်တွေ...
တစစီ...တစစီ
သာယာလွန်းတဲ့
ရေစီးသံတွေ ကြား
ရင်ခုန်အမောတွေ မပြေခင်....
ရုတ်တရက်
မိုးကြိုးသွားတစ်ခု.....
မြစ်တစင်းလေ...
ရှိုက်ကြီးတငင်နဲ့
စီးနေခဲ့တယ်...
မြစ်တစင်းလေ
ဒဏ်ရာတွေ ဗလပွနဲ့
စီးနေခဲ့တယ်.....
မြစ်တစင်းလေ
အိပ်မက်တွေ ထွေးပိုက်ရင်း
ခါးသီးတဲ့ နေ့ရက်တွေဖြတ်လို့
သူ...စီးဆင်းနေခဲ့တယ်
ခုချိန်ထိ
သူ...စီးဆင်းနေဆဲလေ
7 comments:
စီးဆင်းမြဲ စီးဆင်းပါ
အားမလျှော့လိုက်ပါနဲ့
ပင်လယ်မရောက်ခင် အချိန်ထိပေါ့
မြစ်တစင်းရေ.. စီးဆင်းပါ
အချိန်တန်ရင်
လေပြေညှင်းတွေနဲ့ အတူ
အိမ်မက်တွေ နိုးထလာမှာပါ။
နှင်ူရေ အဲဒီမြစ် ပြန်လာပြီလား သူပြန်လာရင် ဖုန်ဒခေါ်မလို့ ငါနဲ့တွေ့မယ်

မြစ်တစ်ဆင်းဟာ ဖွေးဖွေးဖြူချင်မှဖြူလိမ့်မယ် ဒါပေမယ့် သူ့ရဲ့ အသုံးဝင်မှုကတော့ တုနှိုင်းစရာ မရှိဘူးလေ။ ဒီလိုပဲပေါ့ ညီမလေးရယ် စစ်မှန်တဲ့မေတ္တာတရားဆိုတာ အသွားအပြန်ရှိပါတယ်။
ပျောရွှင်ပါစေ
ခင်တဲ့
မကြီး
Post a Comment