စာရေးသူ စာရေးဆရာ စာရေးစရာနဲ့ စားစရာ
စာရေးဆရာ စာရေးသူ အနုပညာခံစားသူ ဖန်တီးသူနဲ့
သူတို့ရဲ့ စားဝတ်နေရေး ဆိုတဲ့ ခေါင်းစဉ်တွေက ငယ်ငယ်ကတည်းက လူကို တော်တော်နှိပ်စက်
ခဲ့သလိုခုချိန်ထိလဲ တခါတရံ နှိပ်စက်နေတတ်ဆဲပါ....
စာရေးရင် ထမင်းများငတ်မလား စာရေးဆရာတိုင်း ထမင်းငတ်သလား ဆိုတာ တခါတရံ မကြာမကြာ စဉ်းစားဖြစ်ပါတယ်...
သွေးကြောင်တာ သတ္တိနည်းတာမျိုးတော့ မဟုတ်ပေမယ့် အနူပညာဖန်တီးသူတွေရဲ့ ဘဝတွေက ဟိုးအစပိုင်းမှာ ခါးခဲ့ကြတာများပါတယ်....
အောင်မြင်နေတဲ့ အောင်မြင်ခဲ့တဲ့ စာရေးသူတွေ ဘယ်လောက်အထိ ဆင်းရဲပင်ပန်းခဲ့ကြလဲ....
ဘဝကို အခက်အခဲတွေကို ဘယ်လို ဖြတ်ကျော်ခဲ့ကြသလဲ စဉ်းစားမိတိုင်း စာရေးချင်တဲ့ စိတ်ကပျောက်ပျောက်သွားစမြဲ...
ပြီးတော့ စာရေးဆရာ တစ်ယောက်အနေနဲ့ ဘယ်လို အရည်အချင်းတွေ ရှိနေသင့်လဲ ဘယ်လို အတွေးအခေါ်တွေ ပိုင်ဆိုင်သင့်လဲ ဘယ်လို ကျင့်ဝတ်တွေ ဘယ်လို သိက္ခာတွေ လိုက်နာရလဲ.....
စာရေးဖို့ စာတစ်ပုဒ်ဖြစ်လာဖို့ ဘယ်လို တွေးခေါ် စဉ်းစားခဲ့ကြလဲ အများပြောပြောနေတဲ့ ကုန်ကြမ်း လို့ခေါ်တဲ့
စာရေးစရာ ဇာတ်လမ်းလေးတွေ ဘယ်လို ရှာဖွေတွေ့ခဲ့ကြလဲ....
စာရေးသူတစ်ယောက်ဟာ အဓိက မဖြစ်မနေ လုပ်နေရမယ့် အလုပ်တစ်ခုကတော့ စာတွေကို အဆက်မပြတ်ရေးနိုင်ရမယ် ဆိုတဲ့အချက်.... ဒါကတော့ အရေး အကြီးဆုံးပါ .. စာရေးပျင်းတဲ့ သူတစ်ယောက် စာရေးဆရာ ဖြစ်လာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စ....
ပြီးတော့ ဟိုးအရင့်အရင်က စာရေးဆရာကြီးတွေ စာရေးတာ ခဲတံနဲ့ ရေးကြတယ်ဆိုတာ ကြားဖူးပါတယ်...
ဆရာဇော်ဂျီကိုယ်တိုင် သင်ဖျူးဖျာလေးပေါ် ဝမ်းလျားမှောက်ပြီး ခဲတံကိုက်လို့ စဉ်းစားလိုက် စာရေးလိုက် ရေးခဲ့သေးတာပဲ...
ခုချိန်မှာကတော့ ခဲတံမလို ဘောပင်မလို... အိုင်တီခေတ်ကြီးမှာ အစစအရာရာ အင်မတန်အဆင်ပြေနေလေတော့....
စာရေးဆရာတွေ အနုပညာ ဖန်တီးရှင်တွေ အွန်လိုင်းပေါ်မှာ ပေါ်လာခဲ့တာ အစီအရီ...
တသက်လုံးက စဉ်းစားလာတဲ့ ပြဿနာရဲ့ အဖြေကို ခုချိန်မှာ ခပ်ဝါးဝါးလေး မြင်လာသလိုလိုလဲ ခံစားရပါတယ်...
စာရေးဆရာဆိုတာ ပရော်ဖက်ရှင်နယ်အဖြစ် တသက်လုံးရပ်တည်ဖို့ လိုမလို... ဒါကိုလဲ ရေးတေးတေးလေး သဘောပေါက်လာပါတယ်...
စဉ်ဆက်မပြတ်စာရေးနေသူအတွက် စာရေးစရာ အကြောင်းအရာကလဲ သူ့ဟာနဲ့သူ အလိုလို ဖြစ်လာတတ်ပါတယ်.... တခါတရံ ရေးဖို့ အကြောင်းအရာတွေ ခေါင်းတွေ ပူထူအောင်စဉ်းစား ရှာဖွေပေမယ့် ဘယ်လိုမှ ရှာလို့မတွေ့ခဲ့ပါ...ခံစားမှု အနုပညာ ဖြစ်လေတော့ ရင်နဲ့ ခံစားပြီးရေးမှ ရတာဆိုတော့လဲ အဲလောက်တော့ အခက်အခဲ ရှိတတ်ပါတယ်...
ဘလော့ဂါတွေ နေ့စဉ်ကြုံနေရတဲ့ ဒုက္ခကလဲ တူတူပါပဲ....
ရေးစရာ အကြောင်းအရာတွေ စဉ်းစား ရှာဖွေ မိမိ ကိုယ်ပိုင် အချိန်တွေပေးပြီး အိပ်ပျက်စားပျက်ခံ စာတွေရေး
တချို့ဆိုလဲ အလုပ်ထဲမှာ စာတွေခိုးရေး ...
ဝါသနာဆိုတော့လဲ ဘယ်လိုလူလာဖျက်ဖျက် ဘယ်လို လာတားတား မရတော့ပါ... ဒါလဲ မဆန်းပါ...
လူဆိုတာ ခံစားတတ်တဲ့ အမျိုး ကိုယ့်ခံစားချက်တွေကို ကိုယ်သိသမျှ နားလည်သမျှ တွေ့ကြုံသမျှကို
အများကို မျှဝေချင်တဲ့ ဆန္ဒလေးနဲ့ ဘလော့စပေါ့ကြီး ပေါ်မှာ ပရဟိတ လုပ်နေကြတာပါ...
အရင့်အရင်ကတော့ စာရေးဆရာ နှစ်မျိုးနှစ်စား ရှိပါတယ်။ တစ်မျိုးက စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများ( ပရော်ဖက်ရှင်နယ်လမ်းကြောင်းပေါ်က လူများ) ဖြစ်ပြီး နောက်တစ်မျိုးကတော့ အသက်မွေးဝမ်းကျောင်းပြုရင်း ဝါသနာအရ စာရေးနေသူများပါ...
ပရော်ဖက်ရှင်နယ် စာရေးကြသူတွေကတော့ ချမ်းသာတဲ့သူနည်းပါတယ်...
မွေးရာပါ ပင်ကိုဝါသနာ နဲ့ အသက်မွေးကြသူတွေမို့ ဆင်းရဲနေတဲ့သူတောင် အနုပညာ မာနလေးတွေ ကိုယ်စီရှိကြပါတယ်... အောင်မြင်မှု တစ်ခုအတွက် ဘဝတွေကို ပင်ပင်ပန်းပန်း ဖြတ်သန်းနေကြသူတွေပါ....
သူတို့ကတော့ စာရေးခြင်းမှာမွေ့ပျော်သူ ခံစားခြင်းအနုပညာဖြင့် လောကကို ကြည့်မြင်တတ်သူ ခံစားထိခိုက်လွယ်လွန်း သူတွေပါ... ကျွန်မကြောက်နေခဲ့သလို သူတို့ကတော့ ထမင်းငတ်မှာ မကြောက်ကြပါဘူး....
နောက်တစ်မျိုး ပရော်ဖက်ရှင်နယ် အလုပ်တွေ လုပ်ရင်း စာရေးနေသူတွေ...
သူတို့ကတော့ အောင်မြင်နေတဲ့ ဆရာဝန်တွေ ဆေးကျောင်းသူ ဆေးကျောင်းသားတွေ.... အင်ဂျင်နီယာလောင်းတွေ သမိုင်းပညာရှင်တွေ ပညာရေးနယ်ပယ်က ဆရာကြီး ဆရာမကြီးတွေ...
စီးပွားရေးနယ်ပယ်က အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်တွေ
အိုင်တီ နည်းပညာရပ်ဝန်းက ပညာရှင်တွေ...
အနုပညာရှင်တွေ သရုပ်ဆောင် အဆိုတော်တွေ ဒါရိုက်တာတွေ လူကြမ်းတွေ...
မိမိနေ့စဉ်တွေ့ကြုံနေရတဲ့ အတွေ့အကြုံတွေကို မျှဝေပေးချင်လို့ အသိပညာပေးချင်လို့ ဝါသနာလေး အရင်းခံပြီး စာရေးကြပါတယ်.... လေးစားစရာ အားကျစရာပါ....
ဒီ့ထက်ပိုပြီး လေးစားအားကျဖို့ ကောင်းတာကတော့ ဘလော့စပေါ့ကြီးပေါ်က စာရေးနေသူ ဘလောဂါ မောင်နှမများပါ....
အလုပ်တစ်ဖက် ကျောင်းတစ်ဖက် အချို့ဆို မိသားစုတာဝန်တွေပါ ယူနေရသူတွေပါ...
တကယ်ဆို ကိုယ်ပေးလိုက်ရတဲ့ အချိန်တွေ အရင်းအနှီးတွေ အတွက် ဘာအကျိုးအမြတ်မှ မရပဲ အနုပညာကို ဖန်းတီးနေကြသူတွေဟာ ကျွန်မတို့ ဘလောဂါတွေပါ...
အချိန်ကုန်လူပန်း ပြောပြော အရည်မရအဖတ်မရ ပြောပြော ကိုယ့်ဒုက္ခကိုယ်ရှာတယ် ပြောပြော ....
ဘယ်လိုပဲပြောပြော စာရေးနေသူတွေကတော့ အပြုးံမပျက်ပါဘူး...
မိမိဖန်တီးထားတဲ့ အနုပညာရပ်ဝန်းလေးမှာ ပျော်ရွှင်နေပါတယ်....
တနေ့တနေ့ ဘာတွေအသစ်ရေးရမလဲ ခေါင်းတွေ ပူအောင် စဉ်းစားကြပါတယ်...
စာလာဖတ်တဲ့သူတွေကို ဘယ်လိုပုံစံလေးနဲ့ အသိပညာ ဗဟုသုတ ပေးရမလဲ ဘယ်လို ဖြေဖျော်ပေးရမလဲ
ဆိုတဲ့ အတွေးလေးတွေနဲ့ အကောင်းဆုံးဖန်တီး ပေးဖို့ ကြိုးစားနေကြပါတယ်...
အင်မတန် ချစ်စရာကောင်းတဲ့ စိတ်ဓါတ်လေးတွေနဲ့ အနုပညာကို ဖန်တီးကြပါတယ်...
ကျောင်းတတ်ရင်း စာကျက်ရင်း အလုပ်လုပ်ရင်း ကလေးထိန်းရင်း ထမင်းချက်ရင်း အချိန်တွေရရင် ရသလို စာတွေရေးပါတယ်...
နဂိုက အအိပ်မက်သူတွေ စာရေးဖို့ကြတော့ ညလုံပေါက် အိပ်ရေးပျက်ခံရပါတယ်...
ဒုတိယ အမျိုးအစား စာရေးသူတွေ လို့ ပြောလို့ရပါတယ်....
မိမိ စားဝတ်နေရေးအတွက် အလုပ်လုပ်ရင်း ဝါသနာအရ တဖက်တလမ်းက စာရေးနေခြင်းပါ...
စာရေးကြတဲ့ အကြောင်းအရာတွေကလဲ စုံလှပါတယ်... မိမိဖြတ်သန်းနေတဲ့ အတွေ့အကြုံလေးတွေကို ပုံစံမျိုးစုံနဲ့ဆန်းသစ်နေအောင်ရေးပြီး စာဖတ်သူတွေကို ပြောပြတတ်သူတွေပါ....
တစ်ယောက်နဲ့ တစ်ယောက် ဖြတ်သန်းနေရတဲ့ ဘဝတွေ မတူသလို အတွေ့အကြုံတွေ မတူတာမို့ ဘလော့ရပ်ဝန်းကြီးထဲ ဝင်လိုက်တာနဲ့ ဟင်းပွဲသုံးရာနဲ့ တည်ထားတဲ့ စားတော်ပွဲကြီးကို ရောက်လာသလို ခံစားရပါတယ်....
အချို အချဉ် အငံ အစပ် အခါး အရသာမျိုးစုံ ဟင်းအမယ်မျိုးစုံကို မတူညီတဲ့ အပြင်အဆင်လေးတွေနဲ့ ပြင်ဆင်ပြီး တည်ခင်းပေးထားသလိုပါပဲ...
ဒါတွေဟာ စာရေးဆရာတွေနဲ့ စာရေးစရာလေးတွေ သူတို့ဘဝလေးတွေကို မီးမောင်းထိုးပြနေသလိုပါပဲ....
စာရေးနေတဲ့သူတစ်ယောက်ဟာ အမြဲတမ်းတွေးနေတတ်တာမို့ ရေးစရာကတော့ မရှားပါးပါဘူး...
ခံစားမှုပေါင်းစုံကို ရသပေါင်းစုံနဲ့ပေးဖို့ တင်ပြပုံလေး ကိုစဉ်းစားရတဲ့ အပိုင်းလေးပဲ ရှိပါတယ်...
ပရော်ဖက်ရှင်နယ်ကြီးတွေ မဟုတ်ပေးမယ့် ဖတ်လို့ကောင်းအောင် ရသလေးတွေ ပေါ်အောင် ပေးချင်တဲ့ မက်ဆေ့ခ်ျလေးကို လှလှပပလေးဖြစ်အောင် ဖန်တီးပေးနေတာပဲ ရှိပါတယ်...
စေတနာ အပြည့်နဲ့ တင်ပြနေကြတဲ့ ဘယ်လို ဘလော့လေးဖြစ်ဖြစ် လေးစားမိပါတယ် စာရေးနေကြတဲ့ မောင်နှမတွေအတွက်လဲ ဂုဏ်ယူပါတယ်..
စာရေးတာဟာ မွန်မြတ်တဲ့ အလုပ်တစ်ခုပါ ခံစားပြီးရေးထားတဲ့ စာလေးတွေကို ခံစားပြီး ဖတ်ဖြစ်ပါတယ်...
ကိုယ်မသိတာလေးတွေ သိလာရတဲ့အခါ မျှဝေသူတွေကို ကျေးဇူးတင်မိပါတယ်...
ပေးခဲ့ရတဲ့ အချိန် ရင်းခဲ့ရတဲ့ အချိန်တွေအတွက်လဲ မိမိရေးမယ် အကြောင်းအရာလေးကို ထိုက်ထိုက်တန်တန် ဖြစ်စေချင်ပါတယ်.. သူတပါးအတွက် အကျိုးမရှိမယ့် အကြာင်းအရာတစ်ခုဟာ မိမိကိုယ်တိုင်အတွက်လဲ အကျိုးမရှိစေပါဘူး...
ဒါတွေကြောင့်လဲ ဟိုးအရင်က စာရေးဆရာတွေဟာ ပြည်သူ့အကျိုးပြုစာတွေကိုပဲ ရေးလေ့ရှိတယ်လို့ ပြောကြပါတယ်......
အဆိပ်အတောက်ဖြစ်စေတတ်တဲ့ စာပေတစ်ချို့လဲ အွန်လိုင်းပေါ်မှာရှိနေတတ်ပါတယ်...
ဒါပေမယ့် ဝမ်းသာစရာကောင်းတာက ဘလော့စပေါ့ပေါ်မှာတော့ မရှိပါခဲ့ဘူး...
စာရေးနေတဲ့သူတွေအားလုံးဟာ မိမိရေးတဲ့ စာတွေအတွက် အပြည့်အဝ တာဝန်ယူကြရသူတွေပါ...
ကောင်းသည်ဆိုးသည် ဝေဖန်လာသမျှကိုလဲ ပုဂ္ဂလိက ခံစားချက်တွေ ဘေးဖယ်လို့ လက်ခံသင့်တာကို လက်ခံကြရပါတယ်...... အကောင်းဆုံးဆိုတဲ့ ဝေဖန်ချက်တွေ အမြဲတမ်းအတွက် ရှိမနေတတ်ပါဘူး..
လက်ခုပ်သံတွေကြားမှာ ကျောက်ခဲတစ်လုံးတစ်လေတော့ ပါလာတတ်ပါတယ်....
ဒါကလဲ လောကကြီးရဲ့ ဓမ္မတာလို့ပြောလို့ရပါတယ်...
အပြုံးမပျက်ပဲ ခံယူတတ်ဖို့ နားလည်ပေးတတ်ဖို့လဲလိုပါတယ်...
စာရေးနေသူအားလုံး စာရေးစရာတွေ ရှာဖွေတွေ့ရှိကြစေဖို့နဲ့ မိမိရဲ့ ပရော်ဖက်ရှင်နယ် လမ်းကြောင်းပေါ်မှာ အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ကြပါစေ.....
Wednesday, May 06, 2009
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
8 comments:
blogger အားလုံးကို လေးစားပါ၏
ဘာတွေပဲရေးရေး
ပေးထားတဲ့ အချိန်တွေကိုတော့ တန်ဖိုးထားကြရမယ်လေ
ခေါင်းစဉ်ဖတ်ပြီး ဘီယာ ၃ ခွက် one stroke သောက်လိုက်ရသလို ခဏ မူးသွားတယ်။ အခုတော့ ပြေသွားပြီ။ :P
စာရေးဆရာတွေရဲ့  အမြဲမပြတ် စာရေးဖို့  အားထုတ် ကြိုးပမ်းရမှုကို blogging နဲ့  နှိုင်းယှဉ် ဖော်ပြထားတာ ဖတ်သွားပါတယ်ဗျာ။
ကျွန်တော်လဲ blog လုပ်တော့မှ ဆံပင်ဖြူတွေတောင် ပိုထွက်လာ သလိုပဲ။ :P
အညိုပြောတာ ဟုတ်တယ် ဆံပင်ဖြူထွက်ရုံတင်မကဘူး ဟင်းလဲကောင်းကောင်းတောင် ချက်မစားနိုင်ဘူး ဖြစ်သလိုပဲ နှစ်ပါးသွားတာများတယ်ဟ ။ အဲလောက်ဖြစ်သွားတယ် ။မျက်လုံးတွေလဲ တစ်ခါတစ်လေ သိပ်တောင်မြင်ချင်ဘူး ။သမီးပျို ခရီးသွားမယ့် ညတွေမှာတောင် မအိပ်ပဲ အိမ်လည်လွန်တာ ခရီးတလျှောက်ဒုက္ခရောက်တာ အကြိမ်မနည်းတော့ဘူး နှင်းရေ့
အဟီး တူ့ ညားတွေကျောတဲ့အတိုင်းပဲ အားလုံးကိုလေးစားတယ်
အကောင်းဆုံးလုပ်ပေးကျတာပဲလေ ကွဲလွဲခွင့်ပဲရှိမှာပါ အားထုတ်တာတော့အတူတူပဲ
ဒါလေးလုပ်ဖြစ်တော့ စိတ်ကတည်ငြိမ်နေတယ် အပြင်ကိုသိပ်မထွက်တော့ဘူး
ရေးဖို့ စဉ်းစားနေတာနဲ့  အချိန်ကကုန်မြန်နေတယ်
အမ ပြောသွားသလို ပဲ
အားလုံးကဖြစ်သလို မေ၇းကျပါဘူး
အဟိ
ဟုတ်လားဟင် အနော့တော့မူးနေတာပဲ
ကိုယ်ပြောချင်တဲ့ စကားတွေကို ကိုယ့်ညီမက သိများနေလေသလား...
အာ တူများက အရင်ဖတ်တာပါ။ နောက်မှမန့်မယ်ဆိုပြီး ဂျစ်ကိုနဲ့ လေပန်းလိုက်တာ ဘယ်နှဲ့ ရှေ့မှာ ၅ယောက်တောင် တန်းစီကုန်ရတာဒုန်း။ ကျေနပ်ဖူး။ အသစ်ပြန်ရေးပေး။ ဟွန်း။
သိပ်ကောင်းတဲ့ ပိုစ့်လေးပါ။ ဟုတ်ပ..အကြောင်းအရာ တခုခုတွေ့တာနဲ့ စာရေးဖို့ ခေါင်းထဲရောက်လာရော။ :))
ဝါသနာတွေကို စာနာ ထားတာ ကျေးဇူး
Post a Comment