သင်နဲ့ သင့်ချစ်သူ

ချစ်သူတွေဆိုတာ အရင်းနှီးဆုံး နှလုံးသားတစ်စုံ ဒါမှမဟုတ်
ရင်ခုန်သံတူညီသူနှစ်ဦး ဒါမှမဟုတ်
ခံယူချက် သဘောထားတိုက်ဆိုင် နားလည်သူနှစ်ဦး ဒါမှမဟုတ်ရင်လဲ
သံယောဇဉ် တွေနဲ့ တစ်ဦးကိုတစ်ဦး ချည်နှောင် ရစ်ပတ်ထားသူနှစ်ဦး
ဘယ်လိုပြောပြော ပြောလို့ရပါတယ်...

ချစ်သူတွေအဖြစ် ဘယ်လောက်ကြာကြာ လက်တွဲမြဲကြမလဲ...
ဒါကလဲ အကြောင်းတရား များစွာနဲ့ တိုက်ဆိုင်နေတာမို့....
ပြောရခက်လှသလို ဝေဖန်ကောက်ချက်ချရင်လဲ လူအမျိုးမျိုးနဲ့
စိတ်ထားအမျိုးမျိုး ကံကြမ္မာ အဆိုးအကောင်းတွေ ကိုပါပြောရတော့မှာမို့
လူတွေလူတွေနဲ့ သူတို့တွေရဲ့ စိတ်သဘောထားတွေ ကံကြမ္မာတွေ နဲ့ပဲ
သက်ဆိုင်ပါတယ်လို့ အကြမ်းဖြင်း ကောက်ချက်ဆွဲလိုက်ပါတယ်..
တရက်လား... တစ်လလား...တစ်နှစ်လား..ဆယ်နှစ်လား..
တစ်သက်စာဖြစ်မလား...

ချစ်သူတွေအဖြစ်နေတဲ့အချိန်

သင့်ချစ်သူက သင့်ကို အရေးပေး ဂရုစိုက်တဲ့အခါမှာ သင်ကလဲ ပြန်ပြီး ခံယူတတ်ဖို့လိုပါတယ်...
သင်ဘယ်လိုမှ မခံစားရေပေမယ့် သူကသင့်ကို စိုးရိမ်နေ ပူပန်နေတတ်တာမို့
သူ့ရဲ့ ခံစားချက်လေးကို အသိအမှတ်ပြုပေးလိုက်ပါ...
တခါတရံ ဒီလို အပြုအမူ အသေးအဖွဲလေးတွေကို အချိန်လွန်သွားမှ
ပြန်ပြီး နောင်တ မရမိစေဖို့ပါ..

သင့်ချစ်သူက သင့်ကို ဖုန်းတွေဆက်နေခဲ့ရင် သူ့ရဲ့ Missed call တွေတွေ့တဲ့အခါမှာ..
အချိန်မဆွဲပါနဲ့ ပြန်ဖြေလို့ရတဲ့ အချိန်မှာ ဖြေနိုင်အောင်ကြိုးစားပါ။
လစ်လျူရှုထားတာမျိုး မဖြစ်ပါစေနဲ့..
တခါတရံ သင့်အခြေအနေကို သူမသိပေမယ့် သူ့အနေနဲ့ သူ့ကို ဥပေက္ခာပြုထားတယ်လို့ ထင်ပြီး စိတ်မကောင်းဖြစ်နေတတ်ပါတယ်...

သင့်ချစ်သူက သင့်ဆီကို မေးလ်တွေ ပို့ထားရင်
သင်က စာပြန်ရေးဖို့ မအားခဲ့ရင်တောင် စာရကြောင်း အကြောင်းပြန်ပေးလိုက်ပါ....
သူစိတ်တွေပူနေမှာကို သင်သိနေတယ်ဆိုတာ ပြန်ပြီး အသိအမှတ်ပြုပေးလိုက်ပါ...
ဒါဟာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် စာနာ နားလည်ရာ ရောက်ပါတယ်...

တခုခုကြောင့် သင်စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရင် အပြစ်တွေသူ့အပေါ်ပုံချတာမျိုးကို ရှောင်ပါ...
သူ့ကို ပြဿနာမရှာမိပါစေနဲ့...
သူဟာ သင့်ချစ်သူဖြစ်နေတာမို့ သူ့ကို ခံစားနေရတာကို ရင်ဖွင့်ပြောပြလိုက်ရင်ပဲ လုံလောက်နေပါပြီ...
ထွက်ပေါက်ရှာတဲ့အနေနဲ့ သူ့ကို အော်ဟစ်ခဲ့မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာလေးတွေ ရှိလာတတ်ပါတယ်...

ချစ်သူအပေါ်မှာ အတတ်နိုင်ဆုံး ချိုချိုသာသာ ပျော့ပျော့ပျောင်းပျောင်း ဆက်ဆံနိုင်အောင်ကြိုးစားပါ...
ကြမ်းတမ်းတဲ့ စကားတွေ မပြောမိပါစေနဲ့.... ဆဲဆိုခြင်းကို လုံးဝရှောင်ပါ...
တချိန်လုံး ပူညံပူညံ ပြောခြင်းကို ရှောင်ပါ...
သိမ်မွေ့နူးညံ့မှုမှာသာ လူတိုင်းသာယာ ပျော်ဝင်ချင်ကြပါတယ်... ခါးသီးတဲ့ စကားလုံး
အသုံးအနူန်းတွေကို ဘယ်သူကမှ မနှစ်သက်ကြပါဘူး...
တချို့တချို့ ချစ်သူတွေ လမ်းခွဲသွားကြတာ အဲဒီလို ငြူစူတဲ့ဒဏ် မခံနိုင်လို့ နားပူမခံနိုင်လို့ပါ...

တခုခု အတိုက်အခံ ပြောစရာ ဆွေးနွေးစရာတွေ တွေ့လာရင်လဲ အတိုင်းအတာ
တစ်ခုအထိပဲ ဆွေးနွေးပါ...
ငြင်းခုန် ရန်ဖြစ်ရလောက်အောင် မဆွေးနွေးမိပါစေနဲ့...
သင်နဲ့ ငြင်းခုန်နေတဲ့ သူဟာ သင့်ချစ်သူလေးဆိုတာ မမေ့ပါနဲ့...
အစွန်းရောက်စေမယ့် သက်သေပြချက်တွေ ကိုယ့်ဆီမှာရှိနေရင်တောင် အလျော့ပေးလိုက်ပါ...
တစ်ခါတရံ ကိုယ်က မှန်လွန်းနေခဲ့ရင်တောင် သူ့အတွက် ဒဏ်ရာတွေ ဖြစ်သွားတတ်ပါတယ်...

မိမိရဲ့ ရည်းစားဟောင်းတွေ အကြောင်းကို သူမေးလာမှပြာပြပါ...
ကိုယ်က စပြီးပြောပြတာမျိုး မဖြစ်ပါစေနဲ့ ပြောပြဖြစ်ခဲ့ရင်လဲ အရမ်းတမ်းတ လွမ်းဆွတ်နေတဲ့
ပုံစံမျိုး မဖြစ်အောင်သတိထားပြီးပြောပြပါ...
ပြောပြနေတဲ့ အချိန်မှာလဲ သူ့မျက်နှာ အမူအယာကို သတိထားနေပါ။
ကိုယ့်ရဲ့ အတိတ်က ဇာတ်လမ်းတစ်ခုကြောင့် သူတခုခု ထိခိုက်စေမယ် နာကျင်စေမယ်ဆိုရင်တော့...
ဘာမှအသိမပေးပဲ ထားလိုက်တာ အကောင်းဆုံးပါ...

မိမိချစ်သူက မိမိကို သဝန်တိုတတ်တယ်ဆိုရင် သူ့ကို ဂရုစိုက်ပါ... နားလည်ပေးပါ..
သူသဝန်တိုစေမယ့် ကိစ္စတွေ ကိုရှောင်ပါ...
တကယ်လို့ ချစ်သူက သဝန်မတိုတတ်ဘူးလို့ ပြောလာရင်တော့ သင်ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်...
ဘယ်လောက်ပဲ သဝန်မတိုဘူး ပြောပြော သူ့ရင်ထဲမှာ သင့်အတွက် ပူပန်စိတ်တွေ
ရှိနေတတ်တယ်ဆိုတာ သင်မမေ့ပါနဲ့...
သင့်ပျော်ရွှင်မှုတစ်ခု အတွက် သူဟန်ဆောင်ပြနေတာလဲ ဖြစ်နိုင်ပါတယ်...
သဝန်မတိုတတ်တဲ့ ချစ်သူလေးကို ပိုပြီးတော့ ဂရုစိုက်ပေးပါ... သူ့ကို အနာတရ မဖြစ်ပါစေနဲ့...


ချစ်သူအပေါ် အလွန်အမင်း သဝန်မတိုမိပါစေနဲ့...
သဝန်တိုတာဟာ ချစ်လို့ ဆိုတာမှန်ပါတယ်...
ဒါပေမယ့် တခါတရံမှာ သင့်ချစ်သူရဲ့ ဖြူစင်မူ ယုံကြည်မှုတွေကို
အရောင်ဆိုးသလို ဖြစ်သွားတတ်ပါတယ်.... သူ့ရဲ့ သိက္ခာပိုင်းဆိုင်ရာကို
ထိခိုက်စေတဲ့အထိလည်း ဆိုးရွားလာတတ်ပါတယ်...

မိမိချစ်သူလေးကို လေးစားပါ...သူဟာ ဘယ်လိုလူပဲ ဖြစ်နေဖြစ်နေ
လေးစားပေးပါ... တန်ဘိုးထားပေးပါ..
ချစ်သူတစ်ယောက်ဟာ တန်ဘိုးဖြတ်လို့မရတဲ့ ရတနာတပါးပါ...
အထင်ကြီး လေးစားခြင်းတွေဟာ ချစ်သူလေးကို အရောင်အဝါ ပိုပြီး တောက်ပြောင်စေပါတယ်..
မိမိတန်ဘိုးထားနေတာနဲ့အမျှ သူဟာ တန်ဘိုးတက်နေမှာ သေချာပါတယ်...
လူရှေ့သူရှေ့မှာ မိမိချစ်သူကို တန်ဖိုးမဲ့စေမယ့် စကားလုံးတွေနဲ့ မပြောမိပါစေနဲ့..
မကျီစယ်မိပါစေနဲ့...
သင်က ချစ်လို့ ကျီစယ်တာဟာ...သူ့အတွက် မေ့လို့မရမယ့် ဒဏ်ရာဆိုးကြီးဖြစ်သွားတတ်ပါတယ်...

သင့်ချစ်သူနဲ့ ဝေးနေတဲ့ အချိန်တွေမှာ

သူ့အပေါ် သံသယစိတ်တွေ မဝင်မိပါစေနဲ့..
တတ်နိုင်သလောက် ယုံကြည်ပေးပါ...
သင်ယုံကြည်နေတယ်ဆိုတာလဲ သူသိအောင်ပြောပြနေပါ...
သံသယဝင်နေခဲ့ရင်တောင် ရင်ထဲမှပဲ သိမ်းထားလိုက်ပါ....
အဝေးကိုရောက်နေတဲ့ သူနှစ်ယောက်အတွက် ပြဿနာတွေဟာ သေးသေးလေးကနေ
မထင်မှတ်ပဲ ကြီးလာတတ်ပါတယ်...
ကြားလေသွေးစရာမလိုပဲ ဝေးသွားတတ်ပါတယ်...


သင့်ချစ်သူနဲ့ လမ်းခွဲကြတဲ့ အခါမှာတော့


အလှပဆုံးပြုံးပြ ဖြစ်အောင်ကြိုးစားပါ...
သူနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးခဲ့ပေမယ့်...
သူဟာသင့်ရဲ့ တခါက ချစ်ခဲ့ဖူးသူပါ... ရန်သူမဟုတ်ပါဘူး...
မမုန်းမိအောင် မနာကြည်းမိအောင် နားလည်ပေးနိုင်အောင် ကြိုးစားပေးလိုက်ပါ...
တခါက ချစ်ခွင့်ပေးခဲ့တဲ့ အပေါ်မှာ ကျေးဇူးတင်ကြောင်း ပြောပြလိုက်ပါ...
သံသရာဆိုတာ လည်နေသေးတာမို့ ချစ်သူကို မုန်းသူ စာရင်းမသွင်းမိစေဖို့ သတိရပါ...

သင် ချစ်သူရပြီဆိုရင် သင့်မှာ ချစ်သူရှိနေရင် သင်ကသူ့ကို တကယ်ချစ်နေခဲ့ရင်

အကောင်းပဲလာလာ အဆိုးပဲတွေ့တွေ့ ခံယူတတ်ဖို့ ပြင်ဆင်ထားပါ...
သူ့ရဲ့ ကောင်းမွေ ဆိုးမွေကို လက်ခံနိုင်အောင် အားမွေးထားပါ..
သူ့ရဲ့ အားနည်းချက် အားသာချက်တွေ မြင်တတ် ကြည့်တတ်
နားလည်တတ်အောင် ကြိုးစားပါ ...
အစစအရာရာ သူ့အတွက် အဆင်သင့်ဖြစ်နေပါစေ...
အပြန်အလှန် စာနာ နားလည် အားပေးခြင်းနဲ့ ယုံကြည်မှုကို တည်ဆောက်ပါ...


စစ်မှန်တဲ့ ချစ်ခြင်းတရားတွေနဲ့ ငြိမ်းအေးကြပါစေ...


8 comments:

yehtutnaung said...

မနှင်းရေ.. သိထားသင့်တဲ့ အချက်တွေပဲနော်။ သေချာတော့ ဖတ်မှတ်ထားပါတယ်။ ဒါပေမယ့် အချစ်ဆိုတာ unseen စာမေးပွဲ တခုလို ပါပဲဗျာ။ ကျေးဇူးနော်။

Anonymous said...

မှတ်သားသွားပါတယ်ဗျာ..အခုလို ပို့စ်လေးတင်ပေးတဲ့အတွက် ကျေးဇူးပါဘဲ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

အိုက်ခီလောက် said...

မနှင်းရေ ဆောင်ရန် ရှောင်ရန်တော့မှတ်သွားတယ်
အဟိ လိုရင် သုံးလို့ ရအောင်လို့ လေ
ကျေးဇူးပါ မနှင်းလည်း တော်တော်လေ့လာထားတယ်ဆိုရင်
သိနေတာလည်း အကုန်ဆိုတော့
ကဲ မေးတော့ပါဘူးလေ
ဖြေမှာလည်းဟုတ်ဖူးမလား

အိုက်ခီလောက် said...

မနှင်းရေ ဆောင်ရန် ရှောင်ရန်တော့မှတ်သွားတယ်
အဟိ လိုရင် သုံးလို့ ရအောင်လို့ လေ
ကျေးဇူးပါ မနှင်းလည်း တော်တော်လေ့လာထားတယ်ဆိုရင်
သိနေတာလည်း အကုန်ဆိုတော့
ကဲ မေးတော့ပါဘူးလေ
ဖြေမှာလည်းဟုတ်ဖူးမလား

desertraindrops said...

မနှင်းရေ.မှတ်သွားတယ်:)) အဆင်ပြေပျော်ရွှင်ပါစေ။

ဇော် said...

ဂျစ်မရ
ကျနော်မနေ့ကတည်းက ဖတ်ပြီးလို့မန့်ထားတာရယ်။ ၀င်ဘူးကိုး။ ဆိုးပါ့။
အင်း။ ကောင်းချက်ဗျာ။ ဘာပြောရမယ်မှန်းတိတော့ဝူးရယ်။ ဟင့်။

♥ Acacia ♥ said...

မိုက်တယ် မှတ်သားသွားပြီနော်

မိုးခါး said...

သေသေချာချာ ဖတ်သွားပါတယ်း)

My Blog List