ဖိနပ်လေးတစ်ရံ
မိန်းကလေးတွေတော်တော်များများ ဖိနပ်တွေကို စွဲလမ်းကြပါတယ်… ကိုယ့်ဆီမှာ ဖိနပ် ဘယ်နှစ်ရံပဲရှိနေရှိနေ လှတာ ဆန်းတာ မြင်ရင် မနေနိုင်ကြပါဘူး။
ဝယ်ဖြစ်အောင်ထပ်ဝယ်ကြပါတယ်…ဖိနပ်ဆိုတာ မိန်းကလေးတွေရဲ့ အဆင်တန်ဆာ တစ်မျိုးဆိုတော့လဲ ရူးသွပ်ကြတာ မဆန်းပါဘူး..
ကျွန်မလဲ ဖိနပ်ချစ်သူပါ… ဖိနပ်လှလှလေးတွေတွေ့ရင် လိုချင်ပါတယ်… ဘယ်အရာကိုမှ အစွဲအလမ်းမကြီးပေမယ့် ဖိနပ်လှလှလေးတွေကိုတော့ စွဲလမ်းပါတယ်… ဘယ်ကိုရောက်ရောက် အဆင်ပြေတိုင်း အရမ်းကြိုက်တိုင်းလဲ လိုလိုမလိုလို ဝယ်ထားဖြစ်ပါတယ်…
ချစ်တဲ့သူတွေ သူငယ်ချင်းတွေကလဲ ကျွန်မအတွက် သတိတရနဲ့ ဖိနပ်လေးတွေ ဝယ်ပေးတတ်ပါတယ်...
ကျွန်မက ဖိနပ်တွေကို ရူးသွပ်ခဲ့သလို ကျွန်မရဲ့ မောင်လေးကတော့ နားကပ်တွေကို ရုးသွပ်ပြန်ပါတယ်…
နားပေါက်တော့ မဖောက်ပါဘူး… ကပ်နားကပ်( နားကွင်းလေး) တွေကို နား အနာခံပြီဝတ်တတ်ပါတယ်…
ရန်ကုန်မှာနေတုန်းကတော့ ကျွန်မက ဖိနပ်တွေဝယ်ပြီးစုပါတယ်… မောင်လေးက နားကွင်းတွေစုပါတယ်…
ဖေဖေက ကျွန်မတို့ နှစ်ယောက်ကို အမြဲတမ်း စတတ်ပါတယ်…မြန်မာစကားပုံမှာက ယောက်ျားမှာ ဖိနပ် မိန်းမမှာ နားကပ်တဲ့….ငါ့သားနဲ့သမီးက စကားပုံကို ပြောင်းပြန်လှန်ပစ်တယ်တဲ့…..
ငါ့သမီးအတွက်က ဖိနပ် ငါ့သားက နားကပ်ဖြစ်နေပြီလို့ ပြောနေကျပါ…
အဲဒီရောဂါကို မီးလောင်ရာလေပင့်ဆိုသလို လုပ်ပေးခဲ့တာက အကြောင်းရင်းနှစ်ခုရှိပါတယ်…
တစ်ခါတုန်းက အလုပ်ကိစ္စတစ်ခုနဲ့ ဟေမာနေဝင်းရဲ့အစ်မ ဒေါ်သန္တာနေဝင်း အိမ်ကိုသွားရပါတယ်..
အိမ်ရှေ့ တံခါးဝမှာ ဖိနပ်ချွတ်မိတဲ့ အချိန်မှာ မြင်ရတဲ့ မြင်ကွင်းက ကျွန်မကို ပါးစပ် အဟောင်းသားဖြစ်သွားစေပါတယ်….
အားပါးပါး များလိုက်တဲ့ဖိနပ်တွေ… အရောင်စုံ ဒီဇိုင်းစုံ မနိမ့်မမြင့် မိန်းမစီး ဖိနပ်လေးလေးတွေက အစီအရီ….
စိတ်ထဲကနေ မသိမသာရေကြည့်တော့ အရံသုံးဆယ်နီးပါး… ဆိုဒ်က တစ်ဆိုဒ်တည်းဆိုတော့ သေချာတာကတော့ ဒေါ်သန္တာရဲ့ ဖိနပ်လေးတွေ ဆိုတာပါပဲ….
စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်မှာတောင် ဖိနပ်တွေ အဲလောက်ပုံနေရင် သူ့ညီမ နိုင်ငံကျော် အဆိုတော်ကြီးမှာ ဖိနပ်တွေ ဘယ်လောက်များများ ရှိနေမလဲဆိုတာ စဉ်းစားမိပါတယ်…
နောက်တစ်ယောက်ကတော့ ချောချောလှလှ ရာထူးကြီးကြီး ထိုင်းအမျိုးသမီးကြီးတစ်ယောက်ရဲ့ အိမ်မှာပါ…
သူ့အိမ်မှာ မြင်ရတဲ့ မြင်ကွင်း က ပိုလှပါတယ်…. ဖိနပ်တွေသီးသန့်ထားတဲ့ အခန်းက တစ်ခန်း သတ်သတ်ရှိပါတယ်..
အဲဒီအခန်းလေးထဲမှာကလဲ နံရံလေးဘက်လေးတန်လုံးမှာ နံရံကပ်ဗီဒိုကြီးတွေနဲ့ ဖိနပ်တွေကို ကျကျနန ထိန်းသိမ်းထားတာပါ… နာမည်ကျော် ဖိနပ်ဆိုင်ကြီးမှာတွေ့ရတဲ့ အခင်းအကျင်းလေးအတိုင်းပါပဲ…
ဖိနပ်တွေကို ထားထားတာများ စီစီရီရီ ကျကျနန သူ့အမျိုးအစားနဲ့သူ လေဒီရှုး အနိမ့် အမြင့် ပေါင်းစုံ ရှေ့ပွင့် နောက်ပိတ် ဖိနပ်ပါးပါးလေးတွေ ဒီဇိုင်းလှလှ ဆန်းဆန်း ဒေါက်ဖိနပ် နိမ့်နိမ့်လေးတွေ အားကစားဖိနပ် အရောင်အသွေး အစုံ အိမ်တွင်းမှာ စီးတဲ့ နူးနူးညံ့ညံ့ ဖိနပ်လေးတွေ အရောင်စုံ သူ့အခန်းလေးထဲမှာတော့ ဖိနပ်တွေဟာ အရံ တစ်ရာနီးပါးလောက်တွေ့ခဲ့ရပါတယ်…
အဲဒီအချိန်မှာ ဖိနပ်တွေ အနံ့အသက်မရှိပဲ ထိန်းသိမ်းဖို့အရေးကိုလဲ စိတ်ဝင်စားသွားမိပါတယ်…ဖိနပ်တွေ အများကြီးကို သူတို့ ဘယ်လိုများ ထိန်းသိမ်းကြလဲလို့လဲ တွေးပါတယ် မေးတော့ မမေးမိခဲ့ပါဘူး … ကျွန်မကတော့ ဖိနပ်ဗူးလေးတွေထဲကို ပရုပ်လုံးလေးတွေ ထည့်ပြီးသိမ်းပါတယ်…
ကျွန်မအဲဒီအကြောင်းတွေကို ဖေဖေ့ကို ပြန်ပြောပြတော့ ဖေဖေက ရီနေခဲ့ပါတယ်… ငါ့သမီးထက်ပိုရူးတဲ့သူတွေ အများကြီးရှိသေးတယ်လို့တော့ ပြောပါတယ်….
ကျွန်မဒီကိုလာဖို့ ပြင်ဆင်နေတုန်းကတော့ ဖေဖေနေ့တိုင်းသတိပေးတာက သမီး ဖိနပ်ဖိနပ်တဲ့ လိုသလောက်ဝယ်သွားနော်တဲ့… ငါ့သမီးအတွက် ဖိနပ်က အရေးကြီးတယ်ဆိုပဲ…
ကျွန်မအကြိုက်တွေကို ဖေဖေက အကုန်သိနေသလို အပြစ်လဲ မပြောတတ်ပါဘူး… မလိုအပ်ပဲ ဖြုန်းတာတွေဆိုပေမယ့် မိဘမေတ္တာနဲ့ အကောင်းမြင်ပေးတတ်ပါတယ်…
ဖိနပ်တွေကြိုက်တတ်လွန်းတဲ့ သမီးအတွက်လဲ ဖိနပ်လှလှ ဒီဇိုင်းဆန်းဆန်းလေးတွေ မကြာခဏဝယ်ပေးတတ်ပါတယ်…ကျွန်မခြေထောက်ရဲ့ အတိုင်းအတာကိုတော့ ဖေဖေ တစ်ခါမှမမေးပါဘူး
ဒါပေမယ့် ဖေဖေဝယ်ခဲ့တဲ့ ဖိနပ်မှန်သမျှက ကျွန်မအတွက် ကွက်တိပါပဲ…
ဖိနပ်တွေနဲ့ ပက်သက်လို့ ကျွန်မမေ့လို့မရတဲ့ နောက်ထပ် အဖြစ်အပျက်လေးတစ်ခုလဲ ရှိပါတယ်…
တခါတုန်းက ဖွားဖွားရဲ့ သူငယ်ချင်းအိမ်ကို သွားလည်ဖြစ်ပါတယ်….
ကျွန်မတို့ရောက်တော့ ဖွားဖွားရဲ့ သူငယ်ချင်း ဖွားလေးက ဈေးကပြန်လာပါတယ်…
မီးဖိုထဲမှာ ကျွန်မတို့နဲ့ စကားတွေပြောနေရင်းက ဖွားလေးက သူဝယ်လာတဲ့ ပစ္စည်းတွေကို ဆွဲခြင်းထဲကနေ တစ်ခုချင်းထုတ်ပါနေပါတယ်…
နောက်ဆုံးဆွဲခြင်းထဲက ထွက်လာတာက ကျွတ်ကျွတ်အိတ်နဲ့ ကျကျနန ထုတ်ထားတဲ့ ညှပ်ဖိနပ်ပါးပါးလေး တစ်ရံပါ… ဖွားလေးဖိနပ်ဝယ်လာတာလားလို့ ကျွန်မကမေးတော့ ဘေးမှာ ရပ်နေတဲ့ ဖွားလေးရဲ့ သမီးကရယ်ပါတယ်…
ဒီဖိနပ်လေးက ဖွားလေးဈေးသွားတိုင်းနေ့တိုင်း ထည့်သွားနေကျ ဖိနပ်လေးလို့ပြောပါတယ်…
ဖွားလေး အခုစီးနေတဲ့ ဖိနပ်လေးက ပြတ်ခါနီးမို့ ဖိနပ်ပြတ်တဲ့ အချိန်မှာ ဒုက္ခမရောက်ရအောင် ကြိုပြီးပြင်ဆင်ထားတာလို့ပြောပါတယ်…
ဖွားလေးဈေးသွားခါနီးတိုင်းလဲ ဖိနပ်လေးကို မမေ့မလျော့ နေ့တိုင်းထည့်သွားတတ်ပါတယ်…
ဖိနပ်ပိုးထနေတဲ့ ကျွန်မ ရင်ထဲမှာ တော်တော်လေး အောင့်သွားပါတယ်…. ဖွားလေးကိုကြည့်ပြီး ဘာမှမပြောနိုင်အောင်လဲ အံ့အားသင့်နေမိပါတယ်…
ပြတ်ခါနီးနေတဲ့ ဖိနပ်တစ်ရံကို ဘာကြောင့်များ စီးနေသေးတာလဲ....
ဖွားလေးအတွက် ဖိနပ်တွေ လိုသလောက်ဝယ်လို့ရနေတဲ့ အချိန် ဝယ်နိုင်တဲ့ အနေအထား.....
ဖိနပ်ပေါင်းများစွာ အလဲအလှယ်နဲ့ စီးလို့လဲရနေသေးတဲ့ ဖွားလေး....
တကယ်ဆို ဖွားလေးက တော်တော် ချမ်းသာတဲ့ မိသားစုက အမျိုးသမီးကြီးတစ်ယောက်ပါ…
သူ့ရဲ့ စည်းစိမ် ကြွယ်ဝမှုကို စိတ်ထဲက မှန်းကြည့်ရုံနဲ့တင် ဖွားလေး ဘယ်လောက်ပြည့်စုံတယ်ဆိုတာ သိသိသာသာ သိနိုင်ပါတယ်…
ဒါပေမယ့် ဖွားလေးက အရမ်းကို စည်းကမ်းကြီးတဲ့ စနစ်ကျတဲ့ မိန်းမပီသတဲ့ မိန်းမတစ်ယောက်ဆိုတာကို ဖိနပ်လေး တစ်ရံက ကျွန်မကို အသိတွေပေးခဲ့သလိုပါပဲ…..
အဲဒီအကြောင်းကို ဖေဖေ့ကို ပြန်ပြောပြဖို့ ကျွန်မမမေ့ခဲ့ပါဘူး…
ဖေဖေက ကျွန်မကို ပြန်ပြောခဲ့တာကလဲ ကျွန်မမျှော်လင့်ထားတဲ့ စကားတွေပါပဲ….
ရှေးရှေးတုန်းက အမျိုးသမီးတွေက အရမ်းစည်းစနစ်ကြီးတယ် မိန်းမ ပီသကြတယ်တဲ့….
အဲလို အမျိုးသမီးကြီးတစ်ဦးနဲ့ တွေ့ခွင့်ရခဲ့တဲ့ တိုင်ဆိုင်မှုလေးကိုတော့ ဘဝရဲ့ အမှတ်တရ တွေထဲမှာ
မှတ်တမ်းတင်ထားမိပါတယ်…
အဲဒီနေ့က ဖွားလေး ရဲ့ မီးဖိုခန်းလေးထဲမှာ စကားတွေပြောနေရင်း တကယ် မစီးဖြစ်ပဲ လှလွန်းလို့ သဘောကျလွန်းလို့ ဝယ်ထားတဲ့ အိမ်က ဖိနပ်လေးတွေကို ပြေးမြင်မိပါတယ်… ပြီးတော့ မြင်ခဲ့ဘူးတဲ့ အားကျခဲ့ဖူးတဲ့ ဖိနပ်ဗီရိုကြီးတွေနဲ့ ဖိနပ်လေးတွေရဲ့ ပိုင်ရှင်တွေကိုလဲ ပြန်မြင်ယောင်မိပါတယ်…
စာအုပ်ထဲမှာ တစ်ခါတုန်းက ဖတ်ခဲ့ရဖူးတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း မားကို့စ်ရဲ့ မဟေသီ သမ္မကတော် ဟောင်းအီမယ်ဒါ မားကို့စ်ပိုင်ဆိုင်ခဲ့ဘူးတဲ့ လေဒီရှုး အရံ ၂၇၀၀ ကိုလဲ အမှတ်ရနေပြန်ပါတယ်..
အခုချိန်မှာတော့ ဖိနပ်လေးတွေကို မြင်တိုင်းတွေ့တိုင်း ချစ်ခင်စိတ်ရှိနေဆဲပါ… မလိုအပ်ပဲ ဝယ်ဖို့ စဉ်းစားမိတိုင်းလဲ ဖွားလေးကို ပြေးမြင်မိပါတယ်…ဖွားလေးရဲ့ ဖိနပ်တစ်ရံ ပေးခဲ့တဲ့ အသိတရား တစ်ခုက အားကျခဲ့ဘူးတဲ့ အီမယ်ဒါမားကို့စ်နဲ့ တခါက အဖြစ်အပျက်လေးတွေကို ……….
Saturday, June 27, 2009
|
Labels:
အမှတ်တရလေးတွေ
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
17 comments:
တစ်ကွ ။ ဘာတစ်တာလည်းတော့မသိဘူး တစ်တော့တစ်ပဲ ။ ဟိဟိ ။ အင်းခရေဇီကျတာချင်းတူနေတရ် ။ နော်လည်း ဝေါလက်နဲ့ ဖိနပ်ကို ခရေဇီကျတရ် ။ မြင်ရင်လိုချင်နေတာ . ဟီးးး ။ ဖွားလေးကိုနမူနာယူရမလား အီမယ်ဒါမားကို့စ် ကိုအားကျရမလား :( ပြောပါဦး မစညက်ရေ ။
(ငရဲ)
nice post!
ဖိနပ်တွေအကြောင်းရေးပြီး တွေးစရာတွေ အများကြီး ပေးသွားပါလားနှင်းရေ..
ခင်မင်စွာဖြင့်
သီဟသစ်
:( မငုံ အဖြစ်က ဖိနပ်လှလှလေး မြင်ရင်တောင် ကိုယ်နဲ့တန်တဲ့ ဆိုဒ်မရှိလို့.မ၀ယ်ရဘူး။
ဝါသနာတော့ပါပါရဲ့။ ဒါပေမဲ့. တော်တဲ့ဖိနပ်ပဲစီးနေရတယ်။
အသိတွေပေးသွားတာ ကောင်းတယ် မနှင်းရေ.
ခေါင်းစားအောင် လုပ်နေပြန်ပါပြီ.....
ကိုယ်ပေါ်ဆင်မြန်းတဲ့ အ၀တ်အစားနဲ့ အလိုက်တော့ သင့်တော်တဲ့ ဖိနပ်တွေ ၀ယ်သင့်ပါတယ်။ များများရှိလေ မြန်မြန်မပါးတော့ အလှတရားလည်းကြွယ်တာပေါ့။ ခရေဇီဖြစ်လို့ အလှကြည့်ဖို့ဆိုရင်တော့ ဖိနပ်ဆိုင်ဖွင့်လိုက်ပါ။ အားရင်သွားငေးပေါ့။
ရေတမာ
ကျနော်လဲ ဖိနပ်သရဲ...
ဖိနပ်စုတာလဲဝါသနာပါတယ်...
ဒီပိုစ့်လေးမှာလဲ ရစရာတွေ အများကြီးပဲ....
ဖိနပ်ခရေဇီမှန်းသိလို့ စောင်းပြောနေသလားအောက်မေ့ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဖိနပ်တဲ့.. မိန်းကလးတော်တော်များများက ဖိနပ်သရဲထင်တယ်..။
ဟိုးနေ့ကတောင် အိမ်ရှင်က ရေပူတဲ့ပိုက် ရေလာများအောင် လာလုပ်တော့ သူ ဖိနပ်ချွတ်က ဖိနပ်တွေ မြင်တော့.. ဧည်ါသည်တွေ ရောက်နေတယ်ထင်ရော..ဟီးး
ဒါနဲ့ သူပြန်သွားမှ ၃ ရံလောက်ပဲ အပြင်ထုတ်ထားလိုက်ရတယ်..။
ဖိနပ်ကတော့..ဖိနပ်ဆိုင်ကို ၀င်မကြည့်ရဲဘူး..တွေ့ရင် ဈေးတော်ရင် လှရင် ဝယ်မိရော...။
ဘာပဲဖြစ်ဖြစ် အီမယ်ဒါမားကို့စ်လောက်တော့ များအောင်မဝယ်ပါဘူး..ဟို အန်တီလိုလဲ မလုပ်ပါရစေနဲ့.. လိုသလောက်နဲ့ အနဲငယ်ထည်လဲလေးတော့ စီးပါရစေ..။
သြော်....ဆိုရိုးတွေတောင်ပြောင်းပြန်ဖြစ်ကုန်မှကိုး :P
တို့လဲ ဆင်ခြင်မှပဲ..
ဖိနပ် ဝါသနာပါတာလဲ ကုန်ပေါက် တခုပဲ..
ကုန်ပေါက်တွေက များလွန်းလို ဘာလိုက်ပိတ်ရမှန်းတောင် မသိတော့ဘူး
ဒီပ်ု့စ်လေးကို ကြိုက်နှစ်သက်တယ် ..
ဂျစ်ကတော့ ဖိနပ်စုတဲ့သူတော့ မဟုတ်ဘူး..လေ
ဒါပေမဲ့ ဖိနပ်စီးကြမ်းလို့ တစ်လ ၂ရံလောက်ဝယ်စီး
ရသူပါ.............
ဘာပဲဖြစ်ဖြစ် ဖိနပ်နဲ့ပက်သက်တာလေားတွေ
မှတ်သားသွားပါတယ်......။
ခင်မင်စွာဖြင့်
ဂျစ်
သင်ခန်းစာကောင်းလေးနဲ့ အတူ ရေးသားထားတဲ့ နှိုင်းယှဉ်သုံးသတ်ချက်လေးပါပဲ ....
စာကောင်းလေးတွေနဲ့ တည်ဆောက်ထားတဲ့ ဥယျာဉ်လေး တစ်ခုမို့လို့ ကျွန်တော့်အိမ်မှာ link ထားခွင့်ပြုပါဗျာ ...
ကျေးဇူးများကြီး တင်ပါတယ် ....
နေဒေးသစ်။
ခုမှ ဖိနပ်လိုချင်လာပြီ။
ဒေါ်လေးနင်း .. ၀ယ်ပေး ..။။။
အီးးးး ။။။။ =P
နှင်းရေ....ပို့စ်ကောင်းလေး
တခုပါပဲ.......စိတ်ဝင်တစားနဲ့
ဖတ်သွားတယ်.....အကြွေးတွေအများ
ကြီးကျန်သေးတယ်....ဖြည်းဖြည်းခြင်း
ဖတ်သွားပါမယ်.....အားပေးနေမယ်....။။။
ခင်မင်စွာဖြင့်
အမရာ
ဖိနပ်တော့မလိုချင်ပါဘူး လိုချင်တာက ဗူးတစ်လုံးပဲ
အရက်ထည့်လို့ ရမယ့်ဗူးကောင်းကောင်းလေးလိုချင်တာပါပဲ အဟတ်
ပြန်လာရင်လေ မနှင်း သဲတောမှာသောက်တဲ့ ဗူးလေးဝယ်လာပေးနော် အရက်ထည့်ရင် အများကြီးဆံမှာ ဂါလံတော်တော်ဆံမယ်ထင်တယ် အဟတ်
စာအရေးအသား တင်ပြပုံ အရမ်းညက်ပါတယ်၊ တန်ဖိုးရှိတဲ့ ပို့စ်လေးတွေ ဆက်လက်ရေးသားနိုင်ပါစေ၊
ဖွားလေးကို အားကျရင်ကောင်းတာပေါ. ...
မားကို.စ်ကို အားကျလဲ ချစ်ချစ်ကို ၀ယ်ခိုင်းလိုက်ပေါ. :P
သေချာဖတ် မှတ်သွားပါတယ်နော် ..း)
Post a Comment