မရှိမဖြစ်သော....









ခုံမင်မြတ်နိုးစွာ
ဖက်တွယ်ဖူးခဲ့တဲ့...

မရှိမဖြစ် အိပ်မက်လေး
မရှိမဖြစ် အသံလေး
မရှိမဖြစ် လက်ကလေးတစ်စုံနဲ့
မရှိမဖြစ် နှုတ်ခမ်းလေးရယ်
မရှိမဖြစ် ကတိလေးတစ်ခု
မရှိမဖြစ် မနက်ဖြန်တွေရယ်
မရှိမဖြစ် သီချင်းတစ်ပုဒ်နဲ့
မရှိမဖြစ် လူတစ်ယောက်ရယ်
မရှိမဖြစ် ကော်ဖီခါးခါးတွေရယ်
မရှိမဖြစ် ကိုယ့်အတ္တတွေရယ်....

မရှိမဖြစ်တွေနဲ့ တည်ဆောက်ထားတဲ့
မင်းမရှိရင် မဖြစ်တဲ့
ကိုယ့်ကမ္ဘာလေးက လှနေခဲ့သေးတယ်....

တစတစနဲ့
ရှိခြင်း မရှိခြင်းတွေ
နှိပ်စက်တဲ့ နေ့တွေအောက်
သံစဉ်တွေ ဝေဝါးလို့...
နှုတ်ခမ်းပါးလေး မချိုမြိန်တော့တဲ့နောက်

ခါးစပြုလာတဲ့ အိပ်မက်တွေရယ်
မလှပတော့တဲ့ မနက်ဖြန်တွေရယ်
မချိုမြိန်တော့တဲ့ သီချင်းလေးတွေရယ်
အရောင်ပြောင်းသွားတဲ့ ကတိစကားတွေရယ်
နှလုံးသား ကမ်းပါးကို
တစတစနဲ့ တိုက်စားသွားလိုက်တာလေ...

နောက်ဆုံးတော့
မရှိမဖြစ် ဖော်မြူလာတွေ
ပျက်သုဉ်းပြီးနောက်
မင်းမရှိရင် ဖြစ်သော
နှလုံးသားမရှိတော့တဲ့ ငါ...
ဖြစ်သွားတယ်...

14 comments:

Sein Lyan Tun said...

မရှိမဖြစ်တဲ့ နူးညံ့တဲ့ နှလုံးသားတစ်စုံပေးပါ..
မရှိမဖြစ်တဲ့ နူးညံ့တဲ့ မင်းနှုတ်ခမ်းက
မရှိမဖြစ်တဲ့ မင်းအချစ်တွေနဲ့ အသက်ဆက်ဖို့
မင်းရဲ့နှလုံးသားတစ်စုံကို လိုချင်ပါတယ်

မရှိမဖြစ်သော ချစ်သူ.....း)


ကဗျာလေးကို ကြိုက်တယ်....

မရှိမဖြစ်တွေ များတယ်.....

ဟုတ်တယ်

ဒါလေးတွေ မရှိခဲ့ရင် ကျနော်လဲ သေမလာပဲ...

စိတ်ကူးကောင်း

အတွေးကောင်းးးး


ချစ်ခင်စွာဖြင့်
ဖိုးစိန်

အိုက်ခီလောက် said...

အဟတ် နေရာလာဦးတာ
ပြီးမှမန့် မယ် အဟား ထိပ်ဆုံးကဖြစ်ချင်တာမဟုတ်ဘူး
အရင်ေ၇ာက်တယ်ဆိုတာသိစေချင်လို့ ပါ မနှင်းရာ
ကဲသွားပြီးဖတ်လိုက်မယ်

desertraindrops said...

မနှင်းရေ..သိပ်ကောင်းတာပဲ တို့ညီအမ တူနေတယ်နော့။ ဆုံမှ ငိုသေးတာပေါ့နော့
အဲဒီ မရှိမဖြစ်တွေကြောင့် စိတ်နာနေတယ်။

အိုက်ခီလောက် said...

အင်းဟုတ်ပါ့ မရှိမဖြစ်ကနေ မရှိရင်ဖြစ်တယ်ဆိုတာလေး လက်ခံမိတယ် မနှင်းရေ
မရေးတော့လည်းမေ၇းလို့ 
ရေးလိုက်တော့လည်း အဆီပါပါ အနှစ်ပါပါတွေ ချည်းပဲ ငါ့အမတော့ အားရလိုက်ပါဘိ
ခါးမပြုလာတဲ့အိမ်မက်
မလှပတော့တဲ့ နေရက်
မချိုမြိန်တော့တဲ့  သီချင်းတွေ
အရောင်ပြောင်းသွားတဲ့ ဂတိတွေ
တစတစ တိုက်စားသွားလိုက်တာ
ဟုတ်ပါ့ တိုက်စားသွားတာများလာတော့ဘာမှကျန်တော့ဖူး
အားရကျေနပ်စွာနဲ့ ကျေးဇူးတင်ပါတယ် အမ

yehtutnaung said...

cool words! i love it. And also made me feel definitely. Keep it up, friend.

ကိုရဲ said...

ဒီကဗျာလေးကို လုံးဝ(လုံးဝ) ခိုက်သွားပြီး)

(သရဲ အဲလေ ငရဲ)

မမသီရိ said...

ခုတော့..
မရှိလဲ ဖြစ်ပြီ လို့ ပြောချင်တာပေါ့လေ..း)

သားကြီး said...

မရှိလည်းဖြစ်တယ်
နေတတ်တယ်...
ကဗျာလေးကိုဖတ်သွားတယ်

သူကြီးမင်း (တုံးဖလား) said...

အနုပ္ပါသမဓုရသဂုဏ်မြောက်တဲ့ ကဗျာလေးပါ။

မရှိမဖြစ်တွေဟာ မရှိရင် မဖြစ်ပါဘူး။

မှန်ပါတယ်။
မရှိမဖြစ်ဆိုတဲအခြေအနေကို တစ်ခါတစ်ခါ ကြုံရဦးမှာ မုချပါဘဲ။

သုခုမလေဒီ said...

မရှိမဖြစ် အရောက်လာတယ်။ မရှိမဖြစ် မှတ်ထားပေးနော်။း)
ကဗျာလေးအရမ်းကောင်းတယ်။
ပျော်ရွှင်ပါစေ။

ဇော် said...

မရှိမဖြစ် ဒေါ်လေးနှင်း
မရှိမဖြစ်ပြောရရင်
မရှိမဖြစ်ကို ကောင်းပါတယ်ဗျာ။
မရှိမဖြစ် ခိုက်သွာတယ်။ အဟီး။
မရှိမဖြစ်မေးရဦးမယ်။ အဲလေ။ ယောင်လို့
မေးရဦးမယ်လို့။ အဟဲ။
ဘာကို ပုံပြောတယ်ချည်း လာအော်နေတာတုန်း အဗျိုဂျီးရ။ အဲ့ဒါရှင်းပါဦး။ ကျနော်က မေ့နေပြီ။ သိတော့ဝူး။ ဟီး။

လင်းကြယ်ဖြူ said...

ကဗျာက မိုက်တယ်
နောက်ထပ်ဆက်ရေးပါဦး ခင်ဗျာ
ကဗျာရေးနည်းလေးလည်း လာသင်ရဦးမယ်...
ပျော်ပါစေခင်ဗျာ...

မိုးခါး said...

အရမ်းမိုက်တယ် ..း))
အဆင်ပြေ ပျော်ရွှင်ပါစေနော် ..

စူး said...

နောက်ဆုံးအပိုဒ် အကြိုက်ဆုံးပဲ
မရှိမဖြစ်ရင်းနဲ့ နောက်တော့လဲ .....

My Blog List