ကလေးဘဝ အမှတ်တရ

ဝါဆိုဝါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ် စတဲ့ကဗျာလေးကစလို့ ကလေးကဗျာလေးတွေ ရွတ်ခဲ့ဘူးတဲ့

အချိန်လေးကို ပြန်လွမ်းမိစေဖို့ ဇီဇဝါက ကလေးဘဝတုန်းက အော်ဟစ်ခဲ့ဖူးတဲ့ ကဗျာလေးတွေ အကြောင်းရေးဖို့ Tag

လာပါတယ်….

ပထမဆုံး ရင်းနှီးခဲ့ ဖူးတဲ့ ဂျာအေးနဲ့ မုန့်လုံး စက္ကူကပ်တဲ့ ကဗျာလေးကို ဆိုချင်သလိုဆို အော်ချင်သလို အော်ခဲ့ဖူးပါတယ်။


မုန့်လုံးကိုစက္ကူကပ်လို့

ကြာကလပ်နဲ့ဆွမ်းတော်တင်

ပလ္လင်ပေါ်က မျောက်ကလေး ဆင်းခုန်လို့ပြေး

ဂျာအေး

ဂျာအေးကို သူ့အမေရိုက် မုန့်လုံး

မုန့်လုံးကို သူ့အမေရိုက် ဂျာအေး

ဂျာအေးကို သူ့အမေရိုက် မုန့်လုံး

ဆိုပြီး ဂျာအေး သူ့အမေရိုက်တဲ့ ကဗျာလေးကို ဆိုချင်သလို ဆိုခဲ့ဖူးတာ ယနေ့ချိန်ထိ အမှတ်ရစေခဲ့သလို….


မူလတန်းကျောင်းတက်တဲ့ အချိန်မှာဆိုတော့ ကတုံးတုံးထားတဲ့ ကျောင်းသားလေးတွေတွေ့တိုင်း အော်ဟစ်

နောက်ပြောင်ခဲ့ဘူးတဲ့ ကတုံးဘွဲ့ ကဗျာတို ကဗျာစလေးတွေ

ကတုံးပြောင် အုံးမောင်

တောင်ပေါ်တက် ဇီးကွက်

ရေထဲချ ငါးပြေမ

တုတ်နဲ့ထိုး ငါးမြွေထိုး

ဆီနဲ့ကြော် ငါးကြော်…… ဆိုတဲ့ ကဗျာတိုတိုလေးတွေ


ကတုံးကတုံး တယ်လီဖုန်း

ရန်ကုန်မြို့ကို ဆက်ပါအုံး

တစ်နာရီကို မိုင်သုံးဆယ်

ကတုံးဖင်မှာေ-ျး ကပ်တယ်


ဆိုပြီးလဲ သူငယ်ချင်းတွေနဲ့ အော်ခဲ့ဘူးသလား ဆိုတာ ခုချိန်မှာတော့ ဝါးတားတား…

ကတုံးတုံးထားတဲ့ ကောင်မလေးတွေကိုတော့

ကတုံးမဖင်မှာ ဝဲခြောက်တွေပေါက်

ခြောက်လကြာတော့ ပြည်သူ့ဆေးရုံရောက်….

ငါးပြားဆယ်ပြားလောက်

လို့ အော်ခဲ့ဘူးသလား နောက်ပြောင်ခဲ့ဘူးသလား…..မမှတ်မိတော့ပါ….


နှပ်ချေးတွဲလောင်းနဲ့ ကလေးလေးတွေကို ကျောင်းမှာတွေ့ရင်

နှပ်ချေးတွဲလောင်း မုန့်စိမ်းပေါင်း

ငံပြာရည်နဲ့လောင်း ဆိုပြီး လက်ညှိုးထိုးလို့ အော်ခဲ့ဖူးသလိုလို…..


မှတ်မှတ်ရရ မူကြိုတက်တုန်းက အသားဖြူဖြူ တုတ်တုတ်လုံးလုံး ကောင်မလေးတစ်ယောက် ကိုတော့

တရုတ်မကြီး ဘောင်းဘီတို

ဝက်သားရောင်းတယ်ဆို

သူလုငါလု ဝက်သားရိုးနဲ့ထု လို့ နောက်ပြောင်ခဲ့ဘူးပါသေးတယ်….


အသားမဲမဲကောင်လေးတွေကို တွေ့ရင်တော့

ကုလားလေး ဓါးသွေး

ပိုက်ဆံငါးပြားပေး...

လို့သံပြိုင်အော်ခဲ့ဖူးတာ မှတ်မိနေပါသေးတယ်…

ကလေးဘဝတုန်းကတော့ ကလေးသဘာဝ အချင်းချင်း မညှာမတာ နောက်ပြောင်ခဲ့ကြသလို အားမနာတမ်းလဲ

စွပ်စွဲ ခဲ့ဖူးပါတယ်… တစ်ယောက်ယောက်ဆီက အနံ့ထွက်လာရင်လဲ လက်ညှိုးထိုးလို့


အီးအီးဘယ်သူပေါက် မောင်ပေါက်

ပေါက်တဲ့သူ မှန်မှန်ပြော အီးဘွတ်တရားဟော

ဟောလို့မကြေ သံပရာရည် ယောင်းမကြီးနဲ့မွှေ

ဆိုတဲ့ ဟိုမရောက်သည်မရောက်တွေလဲ လျောက်အော်ခဲ့ဖူးသလိုလို…..


မကျေနပ်တဲ့ သူငယ်ချင်းကောင်မလေးတွေကို မသိမသာစချင်နောက်ချင်ရင်တော့…

….. ဖင် လောက်စာလုံးဝင်

ကယ်ကြပါအုံးရှင်

မကယ်နိုင်ဘူး ထဆင်ထူး

ဝလုံးနှစ်လုံးပူး ဆိုလား… အဲလိုလဲအော်ခဲ့ဖူးသလိုလို


နွေကျောင်းပိတ်ရက်တွေဆိုရင် မေမေတို့ မြို့လေးမှာပဲ နေဖြစ်တာများတော့ မေမေတို့မြို့က ကလေးတွေ ရွတ်နေကျ

ဒေါင်းဒေါင်းနီ ချိန်းဒေါင်း ချိန်းဒေါင်း

ဒေါင်းဒေါင်းနီ ချိန်းဒေါင်း ချိန်းဒေါင်း

ဒေါင်းဒေါင်းနီ ချိန်းဒေါင်း ချိန်းဒေါင်း

ဆိုတဲ့ ကဗျာမဟုတ် စာမဟုတ် မန္တာန် လိုလို ဘာလိုလို စာသားကြီးကို

ဘာမှန်းမသိပဲ ကြောက်ကြောက်နဲ့ လိုက်ရွတ်ခဲ့ဖူးသေးတယ်…အဲဒါကြီးကိုတော့ ကလေးတွေ

အချင်းချင်းခြောက်လှန့်တဲ့ အချိန်တွေမှာ ပဲရွတ်ဖြစ်တာများပါတယ်….


ကိုယ်ငယိဘဝတုန်းက သိခဲ့ မှတ်ခဲ့တာကတော့ မေမေတို့မြို့လေးမှာ ကျားပွဲလို့ခေါ်တဲ့

ကျားလှည့်တယ် လို့လဲခေါ်တဲ့ ပွဲတစ်မျိုးရှိခဲ့တယ်…


ကျားလှည့်တဲ့ အချိန်ဆိုရင် တမြို့လုံးကလူတွေ ကလေးတွေကအစ ရှိရှိသမျှ လူတွေက

အိမ်တံခါးတွေ ပိတ်ပြီး ပုန်းနေခဲ့ဖူးတာကို မှတ်မိနေသေးတယ်…


တကယ်တော့ အဲဒီမြို့က ယောက်ျားကြီးတွေက အောက်ပိုင်းလေးပဲ ဖုံးပြီး ကိုယ်လုံးတီး ဝတ်လစ်စလစ်မှာ

ကျားနဲ့တူအောင် တကိုယ်လုံးကို ဆေးအဝါရောင်တွေ အကွက်ဖော်ပြီး ဆိုးထားကြသလို အဲဒီ

ဆေးအဝါရောင်တွေဆိုးပြီး ကျားတွေကသလို ခြေတွေလက်တွေ ကွေးလိုက် ဆန့်လိုက်လုပ်ပြီး

တမြို့လုံးလှည့်တဲ့ အချိန်မှာ အဲဒီစာသားတွေကို ရွတ်ပြီး လှည့်ကြသလို လမ်းပေါ်မှာ မတော်တဆ

တွေ့တဲ့ သူတွေကို ဖမ်းပြီးကျားလုပ်ခိုင်းတယ် လို့လဲ ကြားဖူးပါတယ်….


ကျားလုပ်ဖို့ အတွက် အဲဒီဆေးတွေဆိုးပြီးရင် ဆေးတွေခြောက်အောင် မီးနဲ့ကင်တယ်လို့လဲ

လူကြီးတွေက ပြောပြဖူးတာမို့ ကျားပွဲဆို ကလေးတိုင်း တုန်နေအောင် ကြောက်ကြပေမယ့် ကျားတွေအော်တဲ့


ဒေါင်းဒေါင်းနီ ချိန်းဒေါင်း ချိန်းဒေါင်း

ဒေါင်းဒေါင်းနီ ချိန်းဒေါင်း ချိန်းဒေါင်း

ဆိုတာကြီး ကိုတော့ အဓိပ္ပါယ်လဲမသိ ဘာရယ်မှန်းလဲ မသိပဲအပျော်တန်းလိုက်ရွတ်ခဲ့ဘူးပါတယ်…..

အဲဒီ ကျားလှည့်တဲ့ အစဉ်အလာလေးက လူမှုရေးနဲ့ ပက်သက်လား ဘာသာရေးနဲ့

ပက်သက်လားဆိုတာကတော့ ခုချိန်ထိ ဇဝေဇဝါနဲ့ သေသေချာချာ မသိခဲ့ပါဘူး….


နောက်ပြီးတော့ ရှေ့ကအကိုတွေက အမတွေ အင်္ဂလိပ်စာ စသင်တော့ သူတို့ ရွတ်နေတဲ့ စာသားလေး

ရွတ်လို့ကောင်းလို့ လိုက်ရွက်ဘူးတယ်….

ဦးဆန်းဦးက အီးပါရင် ing လေးထည့်ဖို့ပြင်

ဆိုတာလေးကို ငယ်တုန်းကတော့ ဘာမှန်းမသိပဲ ရွတ်မိခဲ့တာ….

နောက်ပိုင်းမှာ မှသိလာတာက U SAN OO ဆိုတာကြီးက Usually, Sometimes, Always, Never, Ever,

စတာတွေကိုပြောပြီး ဝါကျတွေ တည်ဆောက်တာကို စသင်တဲ့အချိန်တုန်းက အကိုအမတွေက အော်လို့

ကလေးတွေကလဲ ဘာမှန်းမသိပဲ အော်ခဲ့ကြတာလေးပါ...


ပြီးတော့ ထားဝယ်သူ အဖွားက အသံခပ်ဝဲဝဲနဲ့ ရွတ်ပြနေကျ သင်္ကြန်သံချပ်တွေလဲ လိုက်ရွတ်မိပါတယ်….


ဝယ်သား (ကောင်မလေးတွေ)တွေလဲ ကြီးတတ်လာ

(တို့ )လဲ ကြီးတက်လာ

ဝယ်သားတွေက ( တို့) ကိုကြည့်

( တို့) က ( တို့) ကိုကြည့်

အဲသည် (တို့) ဆိုတာကြီးက သူတို့ အသံထွက်နဲ့ဆိုရင် အဲဒီစာပိုဒ်က ဟာသ တစ်မျိုးဖြစ်နေပါတယ်…


မြန်မာသံထွက်မယ်ဆိုရင် နည်းနည်းလဲ ရိုင်းတဲ့ အသုံးအနှုန်းလို့ ( အသံထွက်က ရိုင်းသလိုလို) ဖြစ်နေလို့

သေချာမရေးဖြစ်တာပါ…. ထားဝယ်သားထားဝယ်သူတွေ အသိရှိရင် မေးပြီး ရွတ်ခိုင်းကြည့်ပါ ရီရတယ်...


ရန်ကုန်က ကလေးတွေရွတ်တာတွေလဲ ရွတ်မိသလို နယ်ရောက်ရင်လဲ နယ်က ကလေးတွေ ရွတ်တာတွေလဲ လိုက်ရွတ်ခဲ့ဖူးပါတယ်...

ကလေးဆိုတာ ဘယ်က ကလေးပဲ ဖြစ်ဖြစ် အပြစ်ကင်းပါတယ်.....

အပြစ်ကင်းတဲ့ ကလေးဘဝတုန်းက အပျော်သဘောနဲ့ ဟိုအော် သည်အော် အော်ခဲ့ဖူးတာလေးတွေကို ပြန်တွေးတိုင်း လွမ်းမိသလို....

အဲသည်လို ဖြူစင်လွန်းတဲ့ အချိန်တုန်းကရခဲ့ဖူးတဲ့ လွပ်လပ်ခွင့်လေးတွေကိုလဲ ပြန်ပီး တမ်းတမိပါတယ်...

လွပ်လပ်ခြင်းရဲ့ အရသာကို မလွပ်လပ်ခြင်းနဲ့ နှိုင်းယှဉ်ကြည့်မှ သိသိသာသာ မြင်လာရသလို...

ကလေးဘဝတုန်းက လွပ်လွပ်လပ်လပ်နဲ့ အော်ချင်တိုင်းအော်ခဲ့ရပေမယ့် ခုချိန်မှာတော့ အဲလို အော်မိရင် အရိုက်ခံရမှာ သေချာပါတယ်.... ကလေးတွေမှ မဟုတ်တော့တာနော်....

ဇီဇဝါရေ ကလေးဘဝကို ပြန်ပြီး လွမ်းမိအောင် အခုလို တက်ဂ်တာ ကိုကျေးဇူးပါနော်.....


ကိုယ်တိုင်က သူငယ်ချင်းတွေကို အားနာပေမယ့် ဇီဇဝါက တက်ဂ်ပေးပါဆိုလို့


သူငယ်ချင်းများဖြစ်ကြတဲ့

မြတ်နိုး

မငုံ

ဇော်

လင်းကြယ်ဖြူ

ကိုနေလင်းချမ်း

သမီးပျို

ဖြူစင်ကြယ်

အိုက်ခီလောက်

ရေတမာ

ပန်းရနံ့(ကိုကိုမောင်)

ကိုသားကြီး

မိုးစက်အိမ်

မြစ်ကျိုးအင်း

အမရာ

ကိကိ

မိုးခါး

တို့ကို လက်ဆင့်ကမ်းပါတယ်....


သူငယ်ချင်းတို့ရေ ဇီဇဝါနဲ့ အတူတူ စောင့်ကြည့်နေမယ်နော်....

18 comments:

Angel Shaper said...

ရော်... ချစ်တယ်ချစ်တယ် ပေါ့လေ။
မငယ်ငယ်က တော်တော် မျောက်ရှုံးခဲ့မှန်း ခုမှပဲ သိရတော့တယ်။ ဟိဟိ
ငယ်ဘ၀ရဲ့ ဖြူစင်အပြစ်ကင်းပုံလေးတွေ ကြည်နူးစွာ လာဖတ်သွားပါတယ်။ တဂ်ထားတာလေးတော့ အဟဲ... ကြာနေရင်လည်း နားလည်ပေးပေါ့ ကိုယ့်ညီမ အဆိုတော် ပွဲစဉ်များတယ်ဆိုတာသိတယ်ဟုတ်... ဟိဟိ..ပျော်ရွှင်ပါစေနော်။

လင်းကြယ်ဖြူ said...

ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ...
ကြိုးစားပြီးရေးပါ့မယ်...
အချိန်နဲနဲတော့ပေးနော်.....
လာမယ်...ကြာမယ်...ဟဲ...ဟဲ
ပျော်ပါစေခင်ဗျာ

လင်းကြယ်ဖြူ said...
This comment has been removed by the author.
သားကြီး said...

မနှင်းရေ
ကျနော့ကိုတော့အချိန်ပေးပါနော်
ရေးပေးပါ့မယ်ဗျာ
ကျနော်ဇာတ်လမ်းတစ်ပုဒ်စလိုက်မိပါတယ်
တိုတိုလေးနဲ့ရေးမယ်ဆိုပြီးတော့ပေါ့
ခုကျနော့်ဇာတ် ကျနော်မနိုင်တော့ဘူး
ပထမပိုင်းရယ် ဒုတိယပိုင်းရယ်ပြီးတာတောင်မှ
ဇာတ်လိုက်နဲ့ မင်းသမီးက ဘာမှမဖြစ်သေးဘူး
သိရုံပဲရှိသေးတာ စိတ်ညစ်တယ်
ဖြစ်နိုင်ရင် အရှည်မရေးချင်ဘူး တပုဒ်တည်းအပြီးရေးချင်တာ ဒါပေမယ့် ကိုယ့်ဇာတ်ကိုယ်မနိုင်တော့ဘူးဗျ
ဒါပေမယ့် မနှင်းtagကိုတော့အမြန်ဆုံးဆပ်နိုင်အောင်ကြိုးစားပါ့မယ်

မြစ်ကျိုးအင်း said...

နောက်တပုဒ်မှ တဂ်ပါလားသူငယ်ချင်းရေ ကဗျာတွေက အရှေ့ကသူတွေ ရေးသွားတာ ကုန်သလောက် ရှိနေပြီလားမသိဘူးလေ...။ငယ်ငယ်က စာမကြိုးစားတော့ သိပ်မမှတ်မိဘူး လွတ်ငြိမ်းခွင့် ပေးပါနော်...။တကယ်လို့ရှားရှားပါးပါး ကဗျာလေးများ
သတိရရင်တော့ ရေးပါ့မယ်....။

desertraindrops said...

ရက်စက်လိုက်တာ နှင်းရယ်။ ပြောတော့ ချစ်တယ်ဆို..ခုတော့ ကလေးဘ၀က မဟုတ်က ဟုတ်က အော်ခဲ့တာကို တဂ်တယ်။ ဟိဟိ နှင်းရေးထားတာ အကုန်ပဲ။
ဘာကျန်သေးလဲ ဆိုတာတွေးပြီး ရေးမယ်နော်။ :))

kiki said...

သွပ်ပြား ကလေ .. သိလားး
ငယ် ငယ်တုံး ကတည်း ကလေ .. သိလား..
သွက် ချာ ပါ ဒ လေ.. သိလား ..
အဲ ဒါ လေ ..သိလား ...
အဲ လို ဖြစ် သွား တော့ လေ ..သိလား...
ဘာကဗျာ မှ လေ ..သိလား ...
မ မှတ် မိ တော့ ဘူး ရယ်......

သိလားးးးးးးးးးးးးးးးးး
ကော်ပီ လေး လေ ..သိလား
ဆွဲ ပေးမယ် လေ ... သိ လားးးးးး

Anonymous said...

ငယ်ငယ်တုန်းက ဆိုခဲ့တာလေးတွေ ကြည့်ပြီး ရယ်သွားပါတယ်ဗျာ အဆင်ပြေပျော်ရွှင်ပါစေ

ဇော် said...

အေးဗျာ
ရှေ့က အကိုတွေ အမတွေပြောသလိုပဲ
သူရေးသွားတာဖြင့် ကုန်နေပြီလေ။ ကျန်တော့ဝူဂျ ရေးဖို့က။
ငယ်တုန်းကဟာတွေ မှတ်မိတော့ဘူးရယ်ဂျ။
တေပြီဆရာ။
အဟီး။

ရေတမာ said...

ချောက်အကြီးကြီးထဲကို ကျတာ......... သေချာများချလိုက်သလားဟင်...........
ှုဘာများကျန်သေးလည်းဟင်.... သူရယ်သူများတွေရယ်ရေးတာ ပြောင်ပြီ။ ဒီကြားထဲ အယောက်၂၀ လောက်ထပ်တက်လိုက်တော့ မူပိုင်ခွင့်တွေနဲ့ ရှင်းရတော့မယ်ထင်တယ်။ အကြောင်းတိုက်ဆိုင်ရင်ရေးပေးပါမယ်။
တက်တာလည်းကျေးဇူးပါ။
အမရေးထားတာလည်း တော်တော်ကောင်းပါတယ်။ အမောတွေကြားထဲ ငယ်ဘ၀လေးကို ဖတ်လိုက်ရတော့ အသက်ကလေးပြန်ငယ်သွားသလိုပဲ။ ကျေးဇူးပါ

Beauty Studio USA Branded Store said...

အနော် ကဗျာတွေ မေ့ကုန်ပြီဗျ။ ဘယ်နှယ့်ရေးမတုန်း။
ငယ်ငယ်က ကဗျာ???????
ဘာဆိုမိတာလဲနော်...........
:(

မိုးခါး said...

အိုး ချစ်တယ်လား :P
အင်း .. တော်တော်စဉ်းစားရမယ် .. တူရေးတာနဲ့ ကုန်ဘီ .. ဘာထပ်ရေးရဦးမှာတုန်း ..
စဉ်းစားပြီး ရေးပေးမယ်နော့း))

kay said...

နှင်းဟာလေး လာဖတ်တော့မှ..တိုင်းရင်းသား တေးသံလေးတွေ ပါ ထပ်သိရတယ်။း) ပျော်စရာပဲနော်

မိုးစက်အိမ် said...

ကဗျာတူက တူတူဖြစ်နေတယ် နှင်းကြီးရ
အနော် ရေးစရာက ဟို မိုးရွာရင် မိုးရေ
ချိုးမယ် ကဗျာဘဲ ကျန်တော.တယ် :P

ko watote said...

မနှင်းရေးတာ စိတ်ဝင်စားစရာကောင်းလိုက်တာ။ ကျားက အောက်နယ်ကဆိုတော့ သမန်းကျားတော့ မဟုတ်လောက်ဘူး။ ကျားပွဲ အခုရော လှည့်သေးလားအမ။ ထားဝယ်ကလူတွေ ပုဂံလေနဲ့ ပြောကြတယ်ဆိုတော့ ပုဂံညောင်ဦးဘက်မှာရော အဲဒီလိုဆိုကြမလားမသိ။ ကိုပီတိကို မေးရမယ်ထင်တယ်။

ကဗျာလေးတွေရေးပေးတာ ကျေးဇူးပါ။ သတိရရင် ထပ်ရေးပါအုံး။

Sein Lyan Tun said...

သူငယ်ချင်း စာရင်းထဲ မပါတာ ကျေးဇူးတင်ပါတယ်


အဟီးးးးးးး


မရေးတတ်ဘူးးး


ချစ်တဲ့


ဖိုးစိန်

emayarKhin said...

ဝါးးးးးကဗျာတွေတလှေကြီးပါလား
နှင်းရေ.....

ပျော်ရွှင်ပါစေ.....

သုခုမလေဒီ said...

ငယ်ငယ်ကအကြောင်းလေးရေးထားတာ ဖတ်ရင်း အပျော်လေးတွေကုးစက်မိတယ်။ ကဗျာလေးတွေလည်း တော်တော်ရွတ်နိုင်ခဲ့တယ်နော်။ ဖတ်လို့ ကောင်းတယ်။
အဆင်ပြေပျော်ရွှင်ပါစေ။

My Blog List