လက်ဆောင်
နှင်းတွေ တဖွဲဖွဲ ကျနေတဲ့
ဆောင်းညလေးတညကို
ခိုနားရင်း……….
ကျနော်တို့ အတူထိုင်နေလည်း
လွင့်မျောတဲ့စိတ်နဲ့
မနှင်း နှလုံးသားလေး အေးခဲနေမှာစိုးတယ်။
ဘယ်လောက်ဝေးပါစေ
မေတ္တာတရားကို
ကိုယ်စီရင်မှာထားလို့
အဝေးက မနှင်းတစ်ယောက်
မွေးနေ့လေးတစ်နေ့
ဖြတ်သန်းနေချိန်
အဝေးတစ်နေရာကနေ
စိတ်ချမ်းသာဖို့ အတွက်
ဆုတောင်းပေးနေမယ်….
ပျော်ရွှင်သော မွေးနေ့လေးများစွာကို ပိုင်ဆိုင်စေဖို့……..။
ချစ်ခင်လေးစားစွာဖြင့်
မနှင်းမွေးနေ့အတွက် အမှတ်တရ
တစ်ယောက်သောသူက မွေးနေ့အတွက် အမှတ်တရလက်ဆောင် ပို့လာတဲ့ ကဗျာလေးပါ။။။။
ပျော်ရွှင်ပါစေ...
ဒီရက်မြတ်မှာလေ..
မင်္ဂလာအပေါင်းနဲ့ ခညောင်း ပြည့်စုံစေ...
ပျော်ရွှင်ပါစေ..
ဒီရက်မြတ်မှာလေ..
အေးချမ်းပါစေ...။
ပျော်ရွှင်ပါစေ..
ဒီရက်မြတ်မှာလေ..
ဘေးဘယာတွေ ဝေးကွာပါစေ.။
ပျော်ရွှင်ပါစေ..
ဒီရက်မြတ်မှာလေ..
ပန်းကဲ့သို့မွှေး ရေကဲ့သို့ အေးချမ်းပါစေ..
ခင်တဲ့ မြတ်နိုး
ဒီကဗျာလေးက မြတ်နိုးရေးပေးထားတဲ့ ကဗျာလေးပါ......
မနှင်း
မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုလိုက်ပါတယ်။
ဂရိတွေးခေါ်ပညာရှင်ကြီး ဟေရာကလိုက်တပ်(စ်) က မြစ်တစ်မြစ်မှာ ရေနှစ်ခါမချိုးနိုင်ဘူး လို့ ပြောသွားတယ်။
ကျော်ကြားလှတဲ့စကားမို့ လူသိလည်းများလှပါတယ်။
မြစ်ထဲမှာ ရှိတဲ့ရေတွေဆိုတာ အမြဲစီးဆင်းနေတယ်မနှင်း။ မနှင်းချိုးခဲ့ပြီးသားအဲ့ဒီမြစ်
မတူညီတော့တဲ့ ရေတွေ၊ အသစ်အသစ်သော ရေတွေနဲ့ပဲ မနှင်းရင်ဆိုင်ရလိမ့်မယ်။ လောကကြီးဟာလဲ မြစ်ရေတွေလိုပဲ
အချိန်နဲ့အမျှ စီးဆင်းပြောင်းလဲနေတယ်။ ပြောင်းလဲမှုနဲ့အတူ မနှင်းဟာ လိုက်ပါ ရှင်သန်ရလိမ့်မယ်။ လိုအပ်ရင်
သီချင်းသံစဉ်တစ်ခုအတွက် ဂစ်တာကို ကြိုးညှိတီးခတ်ရသလိုမျိုးပေါ့။ လက်ကွက်ပြောင်းရသလိုမျိုးပေါ့။ ဘ၀ကို
သီချင်းတစ်ပုဒ်လို သီဆိုသွားချင်တယ်ဆိုရင်တော့ ခေတ်အလျောက်၊ အချိန်အခါအလျောက် ကိုယ့်ကိုယ်ကိုယ် ကြိုးညှိတီးခတ်သွားပါ မနှင်း။
ဒါဟာ ဆရာလုပ်တာမျိုးတော့ မဟုတ်ပါဘူး။ ကျနော့်ထက် ကြီးတဲ့ မနှင်းဟာ ကျနော့်ထက် အများကြီး အတွေ့အကြုံရှိပြီး ရင့်ကျက်ပြီးသားပါ။
ဒါပေမယ့် ကျနော်အရမ်းနှစ်သက်တဲ့ ဒီစကားပုံကို အဓိပါယ်ဖွင့်ပြီး မွေးနေ့အမှတ်တရအဖြစ် ပို့ပေးလိုက်ခြင်းဖြစ်ပါတယ်။
မွေးနေ့မှသည် သေဆုံးချိန်အထိ ရက်ပေါင်းများစွာ နေ့ပေါင်းများစွာ စိတ်ကြည်လင်အေးချမ်းသော သူဖြစ်ပါစေလို့ ဆန္ဒပြုရင်း..။
ချစ်တဲ့
ဇော်။
ဒါလေးကတော့ ချစ်တဲ့ညီမလေးဇော် ရေးပေးထားတဲ့ ဆုတောင်းလေးပါ...
မနှင်း မ္ဂေးနေ့...
နှင်းတစ်ပ္ဂင့်ကို လေအေးအေးလေးတ္ဂေက သယ်ဆောင်ရင်း
အပြာရောင် မိုးကောင်းကင်အောက်က လူသားတ္ဂေကို အေးမြစေတယ်
ဒီလိုနဲ့ ဖြူစင်တဲ့ နှင်းပ္ဂင့်လေးတ္ဂေ ကျဆင်းနေလိုက်တာ
ကြည်နူးစရာပါပဲ .....
အေးချမ်းသော ရင်တစ်စုံကို န္ဂေးထ္ဂေးတဲ့ လက်တစ်ခုနဲ့ဖိရင်း
နှင်းပ္ဂင့်လေးတ္ဂေရဲ့ သိပ်သည်းမှုနဲ့ တစ်လောကလုံး အေးချမ်းနေတာကို
သတိထားမိခဲ့ပါရဲ့.......
နှင်းဆီပန်းလှလှလေးတ္ဂေ ကပြုံးနေရင်းလှမ်းကြည့်နေတာကို
ဖြူဖ္ဂေးတဲ့ စံပယ်လေးတ္ဂေ က စူးစမ်းမိတော့
ဘာလို့ နှင်းပ္ဂင့်လေးပျော်နေတာလဲတဲ့..
ဒါကိုကြားလိုက်ရတဲ့ လေပြည်ညှင်းလေးက
နှင်းပ္ဂင့်လေးရဲ့ အမှတ်တရနေ့တ္ဂေကို ငါက သယ်ဆောင်ပေးခဲ့တာ
ဒါနဲ့ဆို (.......) ကြိမ်ရှိပြီတဲ့....
ပျော်နေလိုက်တဲ့ နှင်းပ္ဂင့်လေး မြင်ရသူတ္ဂေ ငေးလို့.........
ပျော်ပါစေ မနှင်းရေ
ဒါလေးကတော့ လင်းကြယ်ဖြူ ရဲ့ လက်ဆောင်ပါ....
မနှင်းရေ
ပျော်ရွှင်မှုတွေ အပြည့်အဝရရှိတဲ့ ပျော်ရွှင်စရာ မွေးနေ့လေးဖြစ်ပါစေညီမရေ မွေးနေ့ အတွက် သီချင်းခွေ
http://www.youtube.com/watch?
ဒါတွေမွေးနေ့မှာကျွေးတာ
မွေးနေ့လာတဲ ဘော်ဘော်တွေလေ
စားပြီးတော့ ကာရာအိုကေဆိုကြ ၊ကကြ ပျော်ကြမယ် အော်ကြမယ် လေ။
ဒါ လေးကတော့ ကိုနေလင်းချမ်း ရဲ့ လက်ဆောင်လေးပါ....
အခုလောလောဆယ် မွေးနေ့အတွက် ဘဝဆိုတာ ဆိုတဲ့ ပို့စ်လေးကို ရေးနေဆဲ မပြီးသေးတာမို့
ဒီပို့စ်လေးတွေကို အရင်တင်ထားတာပါ....
သတိတရ လာပြီး ဆုတောင်းပေးကြတဲ့ သူငယ်ချင်းလေးတွေကို အရမ်းကျေးဇူးတင်ပါတယ်...
Friday, July 24, 2009
|
Labels:
Happy Birthday
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
14 comments:
ကဗျာလေးက ရိုးရိုးလေးနဲ့ ချစ်စရာလေး
တစ်ယောက်သောသူဆိုတာ ဘယ်သူလဲး)
မနှင်း မွေးနေ့မှာပျော်ရွှင်ပါစေ
နေကောင်းအောင်လဲနေအုံးနော်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ နှင်းနှင်း...
Happy Birthday ဗျိုးးးးးးးးး
နိုက်ဒျူတီက ပြန်ရောက်ရောက်ချင်း အပြေးလာပြီး ယူနီဖောင်းတောင်မလဲသေးဘူး လာနှုတ်ဆက်တာ။ ငှဲငှဲ။
ဟိုနေ့ကျရင် မွေးနေ့လက်ဆောင် ယူလာပေးနော် ချစ်ဒေါ်လေး။ လိမ်မာတယ်။ ကျနော်လဲ ယူလာပေးမယ်လေဗျာ။ နော်။ အဟီး။
မွေးနေ့မှာ ပျော်ရွှင်ပါစေဗျ။ ပိုစ့်ကို အိပ်ရင်းစောင့်မယ်နော်။ အဟဲ။ =P
မွေးနေ့က ဘယ်တော့လဲဗျ တအိမ်လုံးမွှေနောက်ရှာရ တော့မယ်ထင်ပါရဲ့...။
ဘယ်သူ့မွေးနေ့လည်းပြောပါအုံး...။
့happy birthday ပါ. ပျော်ရွှင်ချမ်းမြှေ့ပါစေ ။
မွေးနေ့ ပျော်ရွှင် ချမ်းမြေ့ခြင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေ
မနှင်း....
Dear...
Take time to laugh
It is the music of the soul.
Take time to think
It is the source of power.
Take time to read
It is the fountain of wisdom.
Take time to pray
It is the greatest power on earth .
Take time to be friendly
It is the road to happiness.
May the love of those who matter to you, come to you beyond measure.
စုံဖြစ်ကြမယ်.နေ.မလာရောက်နိုင်လို.ခုလိုပဲ
နှုတ်ဆက်ဆုမွန်ခြွေပါတယ်...
Text message လဲ ဒီနေ.မနက်ကပို.လိုက်သေးတယ်..
ဆန္ဒမွန်ဖြင်.
ကိုပီတာ
ပျော်စရာမ္ဂေးနေ့လေးမှာ ပျော်ပါစေ..
ပြီးတော့ ဒီလို ပျော်စရာမ္ဂေးနေ့ပေါင်းများစ္ဂာကို
ကျန်းမာပျော်ရွှင်စ္ဂာ အကြိမ်ပေါင်း များစ္ဂာ များစ္ဂာ ဆင်နွှဲနိုင်ပါစေ..ခင်ဗျာ..
နှင်း မွေးနေ့လား
မွေးနေ့မှသည် အမြဲတမ်း နှင်းပွင့်လေးတွေလို ဖြူဖွေးသန့်စင် ငြိမ်းအေးပါစေ
မနှင်းရေ.. နောက်ကျသွားလို့ ခွင့်လွှတ်ပါ။
ပျော်ရွှင်စရာမွေးနေ့ လေးများစွာ ပိုင်ဆိုင်နိုင်ပါစေနော်။ ထာဝရ ပျော်ရွှင်ပါစေလို့။
ံHappy Birthday နှင်းရေ..
ပျော်ရွှင်ဖွာ်ရာ မွေးနေ့ပေါင်းများစွာကို
နောင် မှာလဲ ပိုင်ဆိုင်ပါစေ
ချစ်တဲ့
မမသီရိ
ညီမ မနှင်းရေ
ပျော်ရွှင်ဖွယ်ရာကောင်းသောမွေးနေ့လေးဖြစ်ပါစေ
ဘ၀တစ်လျှောက်လုံး အောင်မြင်ပျော်ရွှင်ပါစေကွယ်
ခင်မင်စွာဖြင့်
သီဟသစ်
နောင်နှစ်မွေးနေ့တွေမှာ ချစ်သောသူတွေနဲ့ ဆင်နွဲနိုင်ပါစေ။ အဝေးတစ်နေရာမှာဆိုလို့း)
နောက်ကျမှရောက်လာတယ်...
Happy Birthday ပါ ညီမရေ့...
Post a Comment