ခု လောလောဆယ်...
မနားတမ်းတွေးနေမိတာက
အွန်လိုင်းပေါ်က user တွေရဲ့ Ethic နဲ့ အွန်လိုင်းယဉ်ကျေးမှု အကြောင်း
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
အတ္တတွေများနေသေးတယ်။
ခေါင်းမာလွန်းတဲ့ အကျင့်ကို ပြင်ရမယ်..
သင်ယူစရာတွေ အများကြီးကျန်သေးတယ်...
ကျန်းမာရေး
နှာခေါင်းသွေးလျှံနေတာ နှစ်နှစ်ကျော်နေပြီ။ ခုထိမပျောက်သေးပါ။
ခဏခဏ ခေါင်းကိုက်တယ်... အာရုံကြောအားနည်းနေတယ်....
ဖတ်ဖြစ်တဲ့စာအုပ်တွေက
ဦးလတ်ရေးတဲ့ ရွှေပြည်စိုး
ဆရာဇော်ဂျီရဲ့ ရသစာပေအဖွင့်
ရောက်နေဖြစ်တာက
အာဖရိက ရိုးရာကပွဲ
စွဲစွဲလမ်းလမ်း နားထောင်ဖြစ်နေတာက
အာဖရိက ဗုံသံတွေ
ရေးဖြစ်နေတာက
တဂ်ပို့စ်တွေ ( ဒီပို့စ်က လေးပုဒ်မြောက်)
ခဏခဏရွတ်နေမိတာက
တစ်လလောက် လစာအပြည့်နဲ့ အနားယူချင်တယ်....
တစ်လလောက် မချက်ပြုတ် မလျှော်ဖွပ်ပဲ မီးပူမတိုက်ပဲ ရယ်ဒီမိတ် စားချင် ဝတ်ချင်တယ်..
နေ့တိုင်းနီးပါးစားဖြစ်နေတတ်တာက
ရေခဲသေတ္တာထဲက ရေသတ္တဝါတွေ
သနားနေမိတာက
ဒူဘိုင်း နေရောင်အောက်က ဆောက်လုပ်ရေးဝန်ထမ်းတွေကို
လွမ်းနေမိတာက
ရန်ကုန်-မန္တလေး အမှတ် (၂) လမ်းမကြီး နဲ့ရှမ်းပြည်က မြွေလိမ်မြွေကောက် ကားလမ်းတွေကို
မေ့လျော့ပစ်နေမိတာက
အတိတ်နဲ့ ကိန်းဂဏန်းတချို့ကို
ခါးသက်နေမိတာက
ဟန်ဆောင်အပြုံးတွေ ရင်ထဲက မပါပဲပြောလာတဲ့ စကားလုံးတွေ
တမ်းတမ်းတတ သတိရနေမိတာက
ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ကို....
အမှန်အကန်ချီးကျူးနေမိတာက
ဝေဖန်ခြင်း ကို အပြုံးမပျက် ခံယူတတ်သူ ခံယူရဲသူတွေ
ခပ်ပါးပါးလေး အထင်သေးနေမိတာက
အဝေဖန် မခံနိုင်သူတွေ ကက်ကက်လန် ရန်တွေ့တတ်သူတွေ ( တခါတရံ ကိုယ်ကိုယ်တိုင်လဲ ကက်ကက်လန် ရန်တွေ့တတ်တယ်)
ဆန္ဒမရှိတဲ့အရပ်
မေတ္တာမရှိတဲ့အရပ်
ဆန္ဒရှိနေတဲ့ကိစ္စ
ပြောပြလို့ဖြစ်ပါ့မလား... ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုပေါ့....
စားချင်နေမိတာက
ဝယ်စားလို့မရနိုင်တဲ့ အမေ့လက်ရာ
ချစ်နေတာက
တစ်ယောက်ယောက်ကို
မုန်းတီးနေမိတာက
တစ်ယောက်မှ မရှိပါ
စိတ်နာနေမိတာက
တစ်ယောက်မက ရှိပါတယ်။
အကြီးအကျယ် စိတ်ပျက်နေမိတာက
လူမှုရေးညံ့ဖျင်းတဲ့ အစွဲအလမ်းကြီးလွန်းတဲ့ ကိုယ့်ကိုယ်ကို
စွဲလန်းနေမိတာက
အမှိုက်တစကို
လိုအပ်နေတာက
လူတိုင်းဆီက နားလည်မှု စာနာမှု အလိုက်သိမှု
နေ့တိုင်း တောင်းချင်နေမိတဲ့ဆု
လစာ နှစ်ဆ တိုးပါစေ။။ လတိုင်းဘောနပ်စ်ရပါစေ။။ ( တကယ်မတောင်းပါ ဘုရားနားညည်းမှားစိုးလို့ ဆုမတောင်းတာ ကြာပါပြီ)
တစ်နေ့မှာ အခါနှစ်ဆယ်ထက်မနည်းပြောမိနေတဲ့ စကားတစ်ခွန်း
Excuse me
တစ်နေ့မှာ အခါသုံးဆယ်ထက်မနည်းပြောမိနေတဲ့ စကားတစ်ခွန်း
ွှThank you
မေ့တေ့တေ့ ဖြစ်နေတဲ့ စကားတစ်ခွန်း
အရမ်းချစ်တယ်နော် အာဘွား တာ့တာ( ဒူဘိုင်းသူ ဒူဘိုင်းသားတွေရဲ့ လက်သုံးစကား)
ခပ်တည်တည်နဲ့ ဝန်ခံချင်တာက
တက်ဂ်ပို့စ်တွေကို ကျေးဇူးတင်တယ်... ကိုအောင်သာငယ်ကိုလဲ ကျေးဇူးတင်တယ်..ခုတလော ကိုယ်ပိုင် ကုန်ကြမ်းတွေ နည်းနေလို့....
အကြီးမားဆုံးဆန္ဒ
လူတိုင်းကို သိန်းဆုကြီးတွေ ပေါက်စေချင်တယ်.... (ဒါမှ ငိုယိုညည်းတွားသံတွေ မကြားရမှာ)
ပေးချင်တဲ့ ကတိတစ်ခု
မအားပေမယ့် စာတွေကြိုးစားပြီးရေးပါ့မယ်။
စာဖတ်သူတွေကို တောင်းပန်ချင်တာက
ကိုယ်ပိုင် အချိန်ကို စီမံခန့်ခွဲရေးမှာ ညံ့ဖျင်းနေလို့ လူမှုရေးတွေ ပျက်ကွက်နေတယ်.... နားလည်ပေးပါ...
အသည်းအသန်စိတ်ဝင်စားနေတာက
123456789 နဲ့ 11:11:11 ( မနက်ဖြန်ရေးမယ့်ပို့စ်မှာ ရှင်းပြမယ်နော်)
ကိုအောင်သာငယ်တက်ဂ်လို့ရေးတဲ့ ပို့စ်လေးပါ။
Wednesday, August 05, 2009
|
Labels:
Tag Post
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
15 comments:
လူတိုင်းဆီက နားလည်မှု စာနာမှု အလိုက်သိမှု
တွေ အားလုံးရပြီဆိုရင် ပြည့်စုံပြီ ထင်ပ...
mie nge
လူမှုရေး ညံ့ဖျင်းတယ်တဲ့လား
ကျနော်တော့ မထင်ပါဘူး
ဟိုတစ်နေ့ ကပဲ လူတစ်ယောက် ပျော်အောင် လုပ်ပေးခဲ့သေးတယ်ဆို...
ခဏခဏ ရေရွတ်မိနေတဲ့စကားလေ
ဆုတောင်းပြည့်ပါစေဗျာ
လိုအပ်နေတာလေးကိုလဲ ဖြည့်ပေးချင်ပါတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ရေးပေးတာ ကျေးဇူးပါ့ ငါ့ညီမ...
တခုတော့ လာတူနေတယ်...
အကိုလည်း နှာခေါင်းသွေးလျှံနေတယ်... ခဏခဏပဲ...
ဘာလို့လဲ မသိ...
စိတ်နဲ့ ဆိုင်သလား...
ရာသီဥတုနဲ့ ဆိုင်သလား
မအယ်ကို မေးမှပဲ...
ကျန်းမာရေး ဂရုစိုက် မနှင်းရေ...။
ခုလောလောဆယ်မှာ ...
ကိုယ့်ကျန်းမာရေး ကိုယ်ဂရုစိုက်ပါ ...
တူတဲ့အချက်တွေ များနေလို့ ပြုံးမိတယ် ..နှင်းရေ
တချို့တူတယ် ..း)
ကျန်းမာရေး ဂရုစိုက်ပါ
အပျိုကြီးရေ...နောက်တင်မယ့်ပို့စ်က ကိန်းဂဏန်းတွေပါလားဟ သိပ်တော့နားမလည်ဘူး ထူးထူးဆန်းဆန်းဟယ်
နှာခေါင်းသွေးလျှံတာ..သတိထားကြလေ-
မနှင်း ရဲ့ လတ်တလောလေးတွေမှာ.. နှင်းလေးတွေမြင်သွားတယ်။ ခင်တဲ့-
တော်ကီတွေက တော.လန်းပ မနှင်းရေ...
အဲဒါကြောင်.လည်း ကောင်လေးတွေ
ကြည်တဲ. အပျိုကြီး ဖြစ်နေတာ :P
ဆိုလိုက ရွေးရ ခက်နေတာကို ပေါ. :D
အခုလောလောဆယ်တော့ သိပါပြီ
မနက်ဖြန်အတွက် ကျန်းမာရေး ဂရုစိုက်ပါအုံး...။
အတည်ပြောမယ်နော် နှာခေါင်းသွေးလျှံရင် ရွာတွေမှာ တော့ နွားချေးခြောက်ကို မီးရှို့ပြီး ရှုကြတာပဲ....။
အဲဒီမှာတော့ ရှိမယ်မထင်ဘူး ....။
ဆေးနည်းတွေ့ရင် ထပ်ပြောပါ့မယ်....။
ဆန္ဒတွေပြည့်ပါစေ....
ရေးထားတာ တော်တော်ကို လန်းနေပါလား..ငါ့အစ်မ ရေ
ပူတယ်နော်..အပြင်သိပ်မထွက်နဲ့...
နှာခေါင်းသွေးလျှံတာ သတိထား....
အိပ်ရေးဝအောင်အိပ်....
အစားအသောက်ကတော့မှန်ပုံရပါတယ်..ဟဲ..ဟဲ
ပျော်ပါစေခင်ဗျ
ရင်တွင်းဖြစ်တွေက လန်းလှချည်လားအမရေ။နောက်ရေးမဲ့ ပိုစ့်ကို စောင့်နေမယ်လေ။စိတ်ဝင်စားလို့.............
တီနှင်း....မုန်းနေမိတာသိပါတယ်နော်။
ကျန်းမာရေးလေးတော့ ဂရုစိုက်ပါဗျိုးးးးးးးးးးး
ကိုဗြိုးးးးးးးးးးပြောသလို အစားတော့ အင်မတန်မှမှန်...ဟုတ်တယ်ဟုတ်။
စောစောအိပ်။ နောက်ကျမှထ။ များများစား။
ဒါပဲ။
မနှင်းရေ
လောလောဆယ်ကို လာဖတ်သွားပြီ
:D
ကျန်းမာရွှင်လန်းပါစေ
ခင်မင်စွာဖြင့်
သီဟသစ်
အာဖရိကဗုံသံတွေနားထောင်တတ်တဲ့မနှင်းထံ
အာဖရိကမှလာလည်ပါတယ်။
ပျော်ရွှင်ပါစေ။
Post a Comment