မိုး

တစ်သက်မှာ တစ်ခါပဲ ချစ်ခဲ့ဘူးတယ် မောင့်ကို
တစ်သက်မှာ တစ်ခါပဲ သေဆုံးခဲ့ဘူးတယ် မောင့်ကြောင့်
မထင်မှတ်ပဲ.....
ကံကြမ္မာက မောင့်ကို ဒဏ်ခတ်ချိန်မှာတော့....
လူမသိသူမသိ မောင့်ကိုသနားမိပြန်တာက မိုးရယ်လေ......



"မိုး"
စူပါမားကတ်ကြီးထဲမှာ မေမေကြိုက်တတ်တဲ့ ကော်ဖီထုတ်တွေ ရွေးနေရင်း သူမနောက်နားဆီက ခေါ်သံဖွဖွလေးကြားလို့ လှည့်ကြည့်မိချိန်မှာတော့ သူမ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ လူတစ်ယောက်ကို သူမရဲ့ မလှမ်းမကမ်းမှာ တွေ့လိုက်ရပါသည်။

တစ်ခါက မြတ်နိုးလွန်းစွာ ချစ်ခဲ့ဖူးတဲ့ မောင်ရယ်လေ... မောင့်ဘေးနားမှာတော့ ဆံပင်ညိုညို ကောက်ကောက်လေးတွေနဲ့ မျက်လုံးစိမ်းစိမ်းလေးတွေကို ပိုင်ဆိုင်ထားတဲ့ ကော်ပတ်ရုပ်လေး တစ်ရုပ်လို ချစ်ဖို့ကောင်းလွန်းတဲ့ အသက်သုံးနှစ်သာသာ ကလေးမလေးတစ်ယောက်။

အံ့သြခြင်းများစွာနဲ့ မောင့်ကိုတလှည့် မောင့်ဘေးနားက ချစ်စရာ ကော်ပတ်ရုပ်လေးကို တလှည့် ကြည့်မိပြန်တော့ မောင်က ရှက်ရွံ့ခြင်း အားနာခြင်းအပြည့်နဲ့ သူမရဲ့ မျက်ဝန်းတွေကိုနောက်ကို အမီလိုက်ရင်း
" ဒါ မောင့်ရဲ့ သမီးလေးလေ " လို့
မိတ်ဆက်ပေးလာတဲ့ အသံမှာ အားငယ်မှုတွေ သိမ်ငယ်မှုတွေနဲ့ ခပ်တိမ်တိမ်လေး ဖြစ်လို့နေတာကိုလဲ သူမက သတိထားမိနေပြန်ပါတယ်။ ထူးဆန်းလေစွမောင်ရယ်... မောင့်အသံတွေယုံကြည်မှု ကင်းမဲ့နေလိုက်တာ..

နာကျင်စွာ အံ့သြစွာနဲ့ မှတ်ချက်စကားလေးပေးဖို့ ပြန်လည်နှုတ်ဆက်ဖို့ စကားလုံးလေးတွေ စဉ်းစားနေမိပေမယ့် မိုးရဲ့နှုတ်ခမ်းဝမှာ စကားလုံးတွေက ပျောက်ဆုံးလို့နေပြန်ပါသည်။

မိုးရှေ့က ချစ်စရာကလေးမလေးကို ကြည့်ရင်း ဘာပြောရမှန်းမသိအောင်ကို ဆွံ့အလို့နေပေမယ့်
ရင်ထဲမှာတော့ နာကျင်ခြင်းများစွာနဲ့ မှတ်ချက်တွေ တသီကြီးချနေမိတာ မောင့်ကို မသိစေချင်... မကြားစေချင်ပါ...
မောင့်သမီးလေးနဲ့ပက်သက်လို့ ဟန်ဆောင်ပန်ဆောင်လေးတောင်မှ မှတ်ချက်မပေးပါရစေနဲ့မောင်ရယ်....

တချိန်က မောင့်စကားလုံးတွေအောက်မှာ နာကျင်ခဲ့ရတာတွေကို အမှတ်ရမိတော့ မိုးနာကျင်ခဲ့ရသလို မောင့်ကို ပြန်ပြီး မနာကျင်စေချင်ပါ....

"မောင့်သမီးလေးတဲ့လား...မောင့်သမီးလေးက မျက်လုံးစိမ်းစိမ်း ဆံပင်ညိုညိုလေးနဲ့ ဗိုလ်မရုပ်လေးအတိုင်းပဲ.... မောင်နဲ့လဲ မတူသလို မောင့်ချစ်ဇနီးနဲ့လဲ လားလားမှ မတူဘူးနော် " လို့ မောင့်ရှေ့မှာ မှတ်ချက်ချရမှာတော့ အားနာမိနေဆဲ မျက်နှာပူနေဆဲ ပါမောင်ရယ်...

မောင်နဲ့လဲ မတူ မောင့်ဇနီးနဲ့လဲ မဆင်တဲ့ မျက်လုံးစိမ်းစိမ်း ဆံပင်ညိုညို ကလေးမလေးတစ်ယောက်ကို မောင့်သမီးပါလို့ သံသယ ကင်းစွာ မောင်လက်ခံနိုင်လောက်အောင် သတ္တိတွေရှိ နေပြီလား လူအများရှေ့မှာ ချပြ မိတ်ဆက်ပေးရဲနေနိုင်ပြီလား မောင်ရယ်။


မိုးအတွက်တော့ မောင်နဲ့မတွေ့ခဲ့တဲ့ နှစ်ကာလတွေက သိပ်မကြာလှသေးသလို မနေ့တနေ့ကလို ခံစားနေရဆဲ.... အရာရာဟာ သစ်လွင်နေဆဲ...

အထူးသဖြင့် မောင့်နှုတ်ဖျားက စကားလုံးတွေအောက်မှာ သေဆုံးခဲ့တဲ့ အဖြစ်တွေက ပြန်တွေးမိတိုင်း မနေ့တနေ့ကလို ခံစားနေရဆဲ...

မောင့်ဘက်မှာတော့ အပြောင်းအလဲပေါင်းများစွာနဲ့ မောင်ဟာ မောင်မဟုတ်တော့သလို... သူမရဲ့ ကမ္ဘာထဲက လူသားတစ်ဦးမဟုတ်တော့သလို ခပ်စိမ်းစိမ်းဖြစ်နေခဲ့ပါပြီ...
တချိန်တုန်းက မိန်းကလေးတစ်ယောက် ကိုယ့်ချစ်သူတစ်ယောက်ကို နာနာကျင်ကျင်စွဲချက်တွေ အပြည့်နဲ့ ထားခဲ့တာ သူမဟုတ်သလို....

နှစ်ယောက်သား အသံတိတ် မျက်ဝန်းတွေနဲ့စကားတွေ ပြောနေရင်း မောင်ကပဲစလို့ နှုတ်ဆက်လာပါသည်။
"မောင်ဝယ်စရာလေးတွေရှိသေးတယ် သွားတော့မယ်နော်" တဲ့
ဒီတစ်ခါမှာတော့ ကျောက်ရုပ်တစ်ရုပ်လိုဖြစ်နေတဲ့ မိုးတစ်ယောက် မြန်မြန်သွက်သွက် ခေါင်းငြိမ့်လို့
"ဟုတ်ကဲ့ပါ မောင်" လို့ပြောရင်း "သမီးရေ တာ့တာနော်" လို့လဲ မောင့်သမီးချောလေးကို မမေ့မလျှော့နှုတ်ဆက်မိပြန်ပါသည်။

မောင်နဲ့ လမ်းခွဲလို့ အိမ်ပြန်လာချိန်မှာတော့ မိုးရဲ့ခေါင်းထဲမှာ အတွေးတွေက အစီအရီ မေမေမှာလိုက်တဲ့ ကော်ဖီထုတ်လေးတွေကလဲ စူပါမားကတ်က စင်တွေပေါ်မှာပဲကျန်နေခဲ့ပြန်ပါတယ်...

မိုးအတွေးတွေကို နှိပ်စက်နေတာက မောင်ရယ်လေ...
မိုးရှေ့ကို မောင်ရောက်လာတဲ့ အချိန်တိုင်းမှာ မိုးအတွက် အရာရာဟာ အစီအစဉ်တွေ လွဲချော်နေကျ...
ဒီနေ့လဲ ထုံးစံအတိုင်း.....
မေမေရယ် ဆောရီးနော်လို့ စိတ်ထဲကနေ တိုးတိုးလေး ရေရွတ်တောင်းပန်ရင်း အိမ်ပြန်ရောက်လို့ မေမေ မေးခဲ့ရင်
စူပါမားကတ်မရောက်ဖြစ်ဘူးမေမေရယ်လို့ ခပ်တည်တည်နဲ့ ညာရတော့မယ်လေ...

မိုးမျက်ဝန်းထဲမှာစွဲနေခဲ့တာက မျက်ဝန်းစိမ်းစိမ်းလေးနဲ့ ဆံပင်ညိုညို ကော်ပတ်ရုပ်လေးတစ်ရုပ်...

........................................................

ဒီနေ့ကျမှ တိုက်တိုင်ဆိုင်ဆိုင်
လမ်းထဲကို ခပ်သွက်သွက်လေးလျှောက်လို့ ဝင်လာချိန်မှာ မိုးရဲ့နောက်နား မလှမ်းမကမ်းကနေ ပါလာတဲ့ မောင့်မမကြီးကို သတိထားမိချိန်မှာတော့ နှုတ်ခမ်းဖျားလေးကို တင်းတင်းလေးကိုက်လို့ ရင်ထဲက စကားလုံးတွေကို အရည်ဖျော်ဖို့ ကြိုးစားရင်း..

မိုးအလုပ်ပြန်ချိန်နဲ့ မမကြီးအလုပ်ပြန်ချိန်တွေဟာ အမြဲတမ်းတူနေခဲ့တာပဲ မိုးတို့နှစ်ယောက်က ဒီလိုဆုံနေကျ...

အတိတ်ကို ပြန်သတိမရချင်ပေမယ့် မိုးပတ်ဝန်းကျင်က မိုးမေ့ထားတဲ့ အတိတ်ကို မီးမောင်းထိုးပြနေသလို မိုးကိုကြည့်နေကြတဲ့ အကြည့်တွေမှာလဲ အရောင်တစ်မျိုးစွန်းထင်းနေဆဲ... မိုးစိတ်ထင်နေတာများလား.... တကယ်ဖြစ်နေဆဲလား...
ဆိုတာကိုတော့ မိုးရဲ့ ပတ်ဝန်းကျင်က လူတွေ အထူးသဖြင့် မောင်နဲ့ မောင့်မိသားစုကတော့ အသိဆုံးဖြစ်မှာပါ...

မမကြီးမိုးဘေးနားက ဖြတ်လျှောက်ချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားမိခင်လေးမှာပဲ
"မမကြီးရေ ဒီနေ့ပဲ မောင်နဲ့ မောင့်သမီးလေးကို စူပါမားကပ်မှာတွေ့ခဲ့သေးတယ် သိလား...
သမီးလေးက ဗိုလ်မလေးလိုပဲ ချစ်စရာလေးသိလား မမကြီးတို့နဲ့ နည်းနည်းမှမဆင်ဘူးနော်"
လို့ မဆီမဆိုင် စကားအဆက်အစပ်မရှိပဲ နှုတ်ဆက်သလို ပြောမိတော့

မမကြီး မျက်နှာပေါ်မှာ မသိမသာ ဖြတ်ပြေးသွားတဲ့ အရိပ်တချို့ကို လိုက်ဖမ်းရင်း ရင်ထဲမှာ ကျေနပ်နေခဲ့မိတာတော့ မိုးရဲ့ နောက်ဆုံး လက်ကျန်မာနလေးပဲ ဖြစ်မှာပါ....

မမကြီးကတော့ မိုးကို ပြန်လို့တုန့်ပြန်ဖို့ စကားလုံးတွေ ရှာမတွေ့သလို ခပ်အအ ဖြစ်သွားခဲ့တာဟာ နေ့လည်က မိုးကိုယ်တိုင် ကြုံခဲ့တဲ့ အဖြစ်နဲ့ တစ်ပုံစံတည်းတူနေတာမို့ မမကြီးကို မိုး သဘာထားကြီးစွာနဲ့ နားလည်ပေးလိုက်မိပါသည်....

ဒါပေမယ့် ဒါဟာ အစပဲရှိပါသေးတယ် မမကြီးရယ်လို့ ရင်ထဲမှာ တစ်ယောက်တည်းပြောရင်း အလှဆုံးဖြစ်အောင် ပြုံးပြမိချိန်မှာတော့ မိုးရဲ့ အိမ်ရှေ့ကို ရောက်လာတာမို့ ခြံတံခါးကို လက်လျှိုဖွင့်ရင်း အိမ်ထဲဝင်လာလိုက်ပါတယ်။
မမကြီးကတော့ သူ့အိမ်ကိုရောက်ဖို့ နောက်ထပ် ခြေလှမ်းဆယ်လှမ်းလောက် ထပ်လှမ်းရအုံးမယ်ဆိုတာကိုတော့ အလွတ်ရနေတဲ့ မိုးက သိနေပြန်ပါသည်။

အိမ်ထဲဝင်လာတဲ့ မိုးနှုတ်ခမ်းမှာတော့ အပြုံးတွေ မပြယ်သေးသလို မိုးဒီလိုလှလှပပလေး မပြုံးနိုင်ခဲ့တာ ဘယ်လောက်တောင်ကြာနေခဲ့ပြီလဲ.... မိုးကိုယ်တိုင်တောင် မမှတ်မိတော့ပါ...
နာနာကျင်ကျင်နဲ့ ပြုံးမိခဲ့တဲ့ အချိန်တွေရော ဘယ်လောက်ကြာခဲ့ပီလဲ...
မှတ်မှတ်ရရ ဒီနေ့ဒီအချိန်အထိပေါ့ ...
မောင့်ကြောင့်ပဲ လှလှပပ ပြုံးတတ်ခဲ့သလို နာနာကျင်ကျင်လဲ ပြုံးပြတတ်ခဲ့သူဟာ မိုးပါမောင်ရယ်။

မိုးနာနာကျင်ကျင်နဲ့ ဖြတ်ကျော်ခဲ့ရတဲ့ အိပ်မက်ဆိုးတွေကို မောင်တစ်ယောက် သေသေချာချာ မသိခဲ့ပေမယ့် ဒီနေ့ ပြန်ဆုံတွေ့ခဲ့တဲ့ အဖြစ်တွေအတွက် မောင်တစ်ယောက် အိပ်မက်ဆိုးတွေ မက်နေမယ်ဆိုရင်တော့ မိုးပဲစိတ်မကောင်းဖြစ်ရမှာသေချာပါတယ်...

မောင်မသိမသာဖုံးကွယ်ထားခဲ့တဲ့ မောင့်သိက္ခာ မောင့်မိသားစုသိက္ခာနဲ့ ဆိုင်တဲ့ အိပ်မက်ဆိုးတစ်ခုရဲ့ အပိုင်းအစလေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် မိုးမပျော်နိုင်ခဲ့ပါဘူးမောင်ရယ်....

မောင်တန်ဘိုးထားတဲ့ လူ့ကျင့်ဝတ် မောင်မိသားစုက တစ်ချိန်လုံးရေရွတ်နေတဲ့ မိန်းမကောင်းတစ်ယောက် အိမ်ထောင်ရှင်မကောင်း တစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာတွေကို မိုးပြန်သတိမရချင်ပေမယ့်.....

တကယ်ဆို မောင်နဲ့မိုးကြားမှာ စစ်ခင်းခဲ့တဲ့ စစ်တလင်းဆိုတာမရှိခဲ့သလို မိုးအတွက်တော့ အနိုင်အရှုံးဆိုတာလဲ မရှိခဲ့ပါဘူး...

တချိန်တုန်းက မိုးရှုံးခဲ့တယ်လို့ မယူဆခဲ့သလို မောင်ဟာလဲ အောင်နိုင်သူမဟုတ်ဘူးလေ....
အခုချိန်မှာရော မောင့်ကိုမရှုံးစေချင်သလို .. မိုးလဲ မနိုင်ပါရစေနဲ့... မောင့်ကို အနိုင်မယူပါရစေနဲ့.....
ဒါဟာ ကံတရားရဲ့ စမ်းသပ်မှု တစ်ခုပါလို့ ယူဆလိုက်ပါမောင်....

ပြီးတော့ အစွဲအလမ်းကြီးခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ ဒဏ်ရာတွေအတွက် ဘုရားသခင်က ပြန်ပေးခဲ့တဲ့ အပြစ်ဒဏ်လို့လဲ မောင်မှတ်ယူလို့ရပါသေးတယ်...

ဆက်ရန်....

18 comments:

စူး said...
This comment has been removed by the author.
Angel Shaper said...
This comment has been removed by the author.
Angel Shaper said...
This comment has been removed by the author.
Angel Shaper said...

တီတီနှင်း သိနေတယ်နော်.။။။။။
ဟင်းးးဟင်းးဟင်းးးးးး
ညှင်းးးးးးးးးးးညှင်းးးးးးးးးညှင်းးးးးးးးးးးး
ဘူ့ ကြောင်းလေးလဲဟင်။ ပြောပြော
မောင့်ကိုသိနေတယ်နော်။။။။
မိုးရေ...
အဲ နှင်းးးရေ.......

ရွှေ ယွန်း ဝါ said...

ဆက်ရန် ... ဆက်ရန် ... ဆက်ရန်

kiki said...

အဲ.....
နှင်းကနေ မိုးဖြစ်သွားတော့လည်း
ဖတ်လို့ အကောင်းသား ။
သစ္စာမရှိတဲ့  မောင်ကို အမြန်ဆုံး ပညာပေး ပစ်လိုက်...

(ဆက်ရေးပါတော့ဗျိုး .. ဆန့် တငင်ငင် လုပ်မထားပါနှင့် )

အိုက်ခီလောက် said...

လုပ်ပြီ ဆက်ရန် လုပ်ပြန်ပြီ ဆက်ရန်တွေ
ငါ့အမတော့နော် ဆန့် တငင်ငင်လုပ်နေတယ်
ပြန်ခံ၇မယ်မှတ် မောင်က လုပ်သွားမှာသိလား
အဲ့လိုဆန့် ငင် ဆန့် ငင်ကို
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး စောင့်ရမှာပေါ့ နော်

Beauty Studio USA Branded Store said...

စောင့်ရတော့မှာပေါ့မနှင်းရေ။မိုး ဘာဖြစ်မလဲ သိချင်လို့လေ။မျော်နေပါ့မယ်။

Anonymous said...

မောင်စိန်ဝင်း( ပုတီးကုန်း ) ကတော.မျက်ဝန်းထဲမှာ
မိုးရွာပြီညို တဲ. ...

နှင်းနဲ.မာယာ ကတော. မျက်ဝန်းထဲမှာမိုးရွာပြီမောင်
ပေါ.နော်. ....ပေါ.နော်...

သားကြီး said...

ထုံးစံအတိုင်းဖတ်ရှုခံစားသွားတယ်မနှင်းရေ
အရေးအတွေးတွေကိုလေးစားအားကျလျှက်
ဆက်ရန်မျှော်နေမယ်.....

စူး said...

အပေါ်ဆုံးက ကော်မန့်ကို ပြန်ရေးတာပါ။
xxxxxxxxxxxxxxxxx

မီးပျက်သွားတာလားးး


ရော့ မီးအားပြန်ဖြည့်ပေးတယ်....
ဆက်ရေးပါဗျို့

xxxxxxxxxxxxxxxxxxxxxxxxx
တစ်မလိုချင်လို့ အောက်မှာ ပြန်ရေးလိုက်တယ် မနှင်းရေ...

စာလာဖတ်ပီး ကော်မန့်ကို ကြိုက်မှပေးတတ်တဲ့ ကျနော့်အဖို့ တစ်က မလိုအပ်ပါဘူး
စာမဖတ်ပဲ တစ်ကိုယူပီး ကော်မန့်ထဲ မလိုအပ်ပဲလဲ မပေးတတ်ပါဘူး
အဲဒါကြောင့်အပေါ်က ပထမဆုံးဖြစ်သွားတဲ့ကော်မန့် ကို ပြန်ဖျက်ပီး အောက်ကနေ ပြန်ထည့်လိုက်တာပါ။

ဘလိုင်းကြီး အယုတ်တမာ ဖြစ်သွားတဲ့ အတွက်တော့ မကျေနပ်ဖူး ဘာလို့လဲဆို မလိုအပ်ပဲနဲ့ မယှဉ်ပြိုင်တတ်တဲ့ ကျနော့်အဖို့ ပြိုင်တယ်လို့လဲ မသတ်မှတ်ပဲနဲ့ ပြိုင်သလိုသတ်မှတ်ပီး အယုတ်တမာ ဖြစ်သွားတာတော့ စိတ်ပျက်မိပါရဲ့..။
သူ့လဲ ကိုယ်မသိ ကိုယ့်လဲ သူမသိပဲနဲ့များ

Angel Shaper said...

အယ် မြတ်နိုးကြီး ရှိုတ်ရှိုးတွားတာလား။။။။။။
စလိုက်မိတာပါလေ။
တောင်းပန်ပါတယ်နော်။
စိတ်ဆိုးပါနဲ့။ ပျော်စေပျက်စေလို့ စလိုက်တာ။
မောင်နှမတွေ အဲလိုပဲ စနောက်နေကျမို့ လို့ ပါ။
တကယ်တောင်းပန်တယ်။ ခွင့်လွှတ်ပါ။
ဘာရည်ရွယ်ချက်မှ မရှိဘူးနော်။ တကယ်ပြောတာပါ။
သမီးလည်းပြန်ဖျက်တယ်။ ဟင့်.....

လင်းကြယ်ဖြူ said...

မမရေ ..မမနှင်းရေ...
ရောက်လာပြီး..ဖတ်လို့ပြန်ပါတယ်..
စာအရေးအသားကတော့ တက်ာညက်..
ထက်ထက်မြက်မြက်..သွက်သွက်လက်..
ဆက်ဆက် လက်လက် အောင်မြင်ပါစေ...အစ်မကြီး မနှင်းရေ ခင်ဗျားးးးးးးးးးးး.......

ပျော်ပါစေ

desertraindrops said...

ဖတ်လို့ကောင်းတယ်။ နှင်း ရေးတာလေးကောင်းတယ်။ ဘာလဲ ဆက်ရန်ကြီးက ခဏခဏနော်။ မြန်မြန်တင်ပါ။

emayarKhin said...

ဇာတ်ရှိန်တက်နေတုံး
ဆက်ရန်နဲ့တိုးသွားခဲ့ပေါ့.....

ဇော် said...

တွေ့လား။ ဒီလိုမှန်းသိ လာမဖတ်ပါဘူး။ ခုတော့ လူကို စိတ်ဆင်းရဲအောင် လုပ်ပြန်ပြီ။ =(

မြစ်ကျိုးအင်း said...

ဇာတ်လမ်းလေးကို အလယ်ကနေဖောက်ပြထားတာဆို တော့ နောက်ခံဇာတ်လမ်းကောင်းကောင်းလေးကို ဖတ်ရမယ်လို့မျှော်လင့်ပါတယ်...။

ဆက်ရန်ကိုလည်း မြန်မြန်လေးမျှော်လင့်ပါတယ်..။

မိုးခါး said...

ဒုတိယပိုင်း သွားဖတ်ဦးမယ်
မမကိကိပြောသလို ပညာပေးနိုင်ပါစေး)

My Blog List