တခါတရံဆိုညည်းဖြစ်သော သံစဉ်များ
ချစ်ညီမလေး နှင်းဟေမာက ဆိုညည်းတတ်တဲ့ သီချင်းလေးတွေ အကြောင်းရေးပေးဖို့ တက်ဂ်ထားပါတယ်......
သတိတရနဲ့ တက်ဂ်လာတဲ့ ညီမလေးကို အထူးကျေးဇူးတင်ပါတယ်။
အခုတလော ကျန်းမာရေးက တော်တော် ချူချာနေတာမို့ ဘာစာမှမရေးဖြစ်ပါဘူး။
နှင်းရဲ့ တက်ဂ်ကြွေးကိုလဲ အခုမှဆပ်ရပါတယ်။
ညီမလေးနှင်းက ဆိုညည်းဖြစ်တဲ့ သီချင်းလေးတွေလို့ ပြောပေမယ့် ပါရမီရှင် နှင်းနဲ့မာယာက သီချင်းမညည်းတတ်တဲ့ သူဆိုတော့ ရေးရမှာ နည်းနည်းတော့ ခက်နေပါတယ်...
သီချင်းနားထောင်ရတာကို အရမ်းနှစ်သက်ပေမယ့် သီချင်းတော့ တစ်ခါမှ မဆိုခဲ့ပါဘူး...
အိမ်မှာ ဘယ်သူမှမရှိရင်တော့ တခါတရံ သီချင်းညည်းဖြစ်ပါတယ်....
ဒါကလဲ ပါးစပ်ထဲရှိတဲ့ သီချင်းကို သံစဉ်တလွဲတွေနဲ့ ကီးတခြား သီချင်းတခြား အော်ဖြစ်တာမျိုးပါ... သီချင်း အော်ဖြစ်တယ်လို့ ပြောရင်ပိုမှန်ပါမယ်...
ဆိုပုံဆိုနည်းကလဲ ကဗျာရွတ်တဲ့ ပုံစံမျိုးဆိုတော့ သီချင်းညည်းတာမျိုးတော့ မဟုတ်လောက်ဘူးလို့ ထင်ပါတယ်....
သီချင်းတစ်ပုဒ်ကို ဖြစ်ဖြစ်မြောက်မြောက် ညည်းဖို့ ဆိုဖို့ ကြိုးစားပေမယ့် တခါမှ မအောင်မြင်ခဲ့တာ ကိုယ်တိုင်က ပါရမီ အရမ်းကောင်းနေလို့ဖြစ်ပါလိမ့်မယ်...
( ဒီနေရာမှာတော့ ညီမတော် Angelshaper နဲ့တော်တော်ကွာပါတယ်... ညီမတော်က ပါရမီရှင်ဆိုတော့ ဒူဘိုင်းဘလော့ဂါတွေပေးတဲ့ မိုက်ခဲဘွဲ့ကို ရထားတာ မဆန်းပါဘူး.... )
ဒုတိယနှစ်တက်တုန်းကတော့ သူငယ်ချင်းတစ်ယာက်က အားပေးခဲ့ဘူးပါတယ်....
ချောင်းဆိုးတာကို ကီးဝင်အောင်ဆိုးကြည့်ပါတဲ့ သီချင်းဆိုလို့ရသွားမယ် အာမခံတယ်တဲ့.....
ကိုယ်က ချောင်းဆိုးတာတောင် ကီးဝင်အောင် မဆိုးနိုင်တဲ့သူ ဆိုတော့ သူငယ်ချင်းတွေကြားမှာ မျက်နှာငယ်ရတဲ့ အကြိမ်ပေါင်းလဲ မနည်းပါဘူး။။
YUFL တက်နေတုန်းကတော့ သူငယ်ချင်းတွေ ကာရာအိုကေသွားမယ်ဆိုရင် အမြဲတမ်း မျက်ခုံးလှုပ်ရပါတယ်။။
ကိုယ့်မှာက သီချင်းကို ဖြောင့်အောင်မဆိုနိုင်တဲ့ မဟာအားနည်းချက်ကြီးက ရှိနေတာကိုး...
ဒါပေမယ့် ကြိုးစားပန်းစားနဲ့ ကာရာအိုကေမှာ ဆိုခဲ့ဘူးတဲ့ သီချင်းတစ်ပုဒ်တိတိ ရှိခဲ့ဖူးပါတယ်.... အဲဒီအချိန်တုန်းက သီချင်းမဆိုတတ်တာကို သူငယ်ချင်းတွေကို အသိမပေးပဲ ခပ်တည်တည်နဲ့ အော်ခဲ့တာမို့ ကိုယ်ညံ့တာသူငယ်ချင်းတွေ မသိခဲ့ကြပါဘူး....
ကဗျာဘွဲ့မှုးရဲ့ တခါတလေတော့လည်း သီချင်းလေးပါ...
အခုချိန်ထိလဲ တခါတရံညည်းဖြစ်ပါတယ်...
ကာရာအိုကေမှာ မဟုတ်ပဲ ဆိုခဲ့ဘူးတဲ့ အခြား သီချင်းတစ်ပုဒ်လဲရှိပါသေးတယ်....
ဆယ်တန်းတက်တုန်းက ဂီတချိန်မှာ ဆရာမ သင်ပေးခဲ့တဲ့ သီချင်းလေးပါ...
မြမန်းဂီရိ ကြိုးလား ဘုန်းတော်ဘွဲ့ ပတ်ပျိုးလားတော့ သေချာမသိပါဘူး။။
ဆိုလို့တော့ အရမ်းကောင်းပါတယ်....
တစ်ပတ်တခါ ဂီတအတန်းမှာ မဖြစ်မနေဆိုရတာမို့ ဆရာမတွေနဲ့ လိုက်ဆိုရင်းနဲ့ ဆိုတတ်သွားတဲ့ သီချင်းကြီးတစ်ပုဒ်ပါ....
မြမန်းဂီရိ သေလာတောင် နန်းတည်ထောင် ဘုန်းရောင်နေသို့လင်း
နောင်ညီကို ရွှေဘိုနွယ်တော်ရင်း.... ရာဆူဆူ ပြည်သူခဝပ်စင်း.....
ရွှေဘုန်းတော် နှုန်းလျှော်စံပျော်ခင်း တေဇာ တိုးလို့ဖြိုးဝေ
မန်းဌာနေ အောင်ဇေယျာပြည့်မင်း.....
အခုနောက်ပိုင်းမှာတော့ သီချင်းမှန်ရင် ကလေးတွေနားထောင်တဲ့ သီချင်းကစလို့ ခေတ်သီချင်းတွေအလယ် ရှေးသီချင်းတွေအဆုံး တွေ့သမျှသီချင်းတွေ အကုန်လုံးကို သေသေချာချာ ခံစားပြီးနားထောင်ပါတယ်....
အရမ်းကြိုက်တဲ့ သီချင်းတွေလဲ ရှိပါတယ် ရှင်ဘုန်း ဆုန်သင်းပါရ် တို့ရဲ့ သီချင်းလေးတွေကိုလဲ ကြိုက်ပါတယ်..
ရှင်ဘုန်းရဲ့ ဒီသီချင်းလေးကို အရမ်းကြိုက်တယ်..... အိမ်မှာ သူငယ်ချင်းတွေ မရှိတဲ့အချိန်မှာတော့ အော်ဆိုဖြစ်ပါတယ်...
ပြီးတော့ နောက်တစ်ပုဒ်ကလဲ ရှင်ဘုန်းရဲ့ သီချင်းလေးပါပဲ
ဆုန်သင်းပါရဲ့ ဒီသီချင်းလေးကိုလဲ အရမ်းနှစ်သက်ပါတယ်... အကြင်နာစစ်ရင် တဲ့
အမျိုးသားအဆိုတော်တွေထဲမှာတော့ ခင်ဝမ်း ခင်မောင်တိုး စိုင်းထီးဆိုင် ဝိုင်ဝိုင်း ထူးအိမ်သင် ဘိုဘို လေးဖြူ ကျားပေါက် အီတိုး စိုင်းစိုင်း အကုန်လုံးနီးပါး နားထောင်ဖြစ်ပါတယ်...
စိတ်ကူးရရင်လဲ လိုက်အော်တတ်ပါသေးတယ်...
ညီမလေး နှင်းဟေမာရေ ကျေးဇူးပါပဲနော်...
အခုလောလောဆယ်တော့ အခန်းဖော်ဆိုတဲ့ ဝတ္တုတိုလေးတစ်ပုဒ်ရေးနေပါတယ်....
ကျန်းမာရေးအခြေအနေအရ ကြိုးစားပြီး ဆက်ရေးနေပါတယ်...
စာမရေးဖြစ်တဲ့ အချိန်တွေမှာ ဘလော့မှာ လာအားပေးကြတဲ့ သူငယ်ချင်းလေးတွေ စာလာဖတ်ကြတဲ့ မိတ်ဆွေတွေကို အရမ်းကျေးဇူးတင်ပါတယ်...
Friday, October 16, 2009
|
Labels:
Tag Post
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
13 comments:
ဟဲဟဲ .. အသံ အကျိုးပေးပုံခြင်းကတော့ အတူတူပါပဲလား နှင်းရေ ...
အီစကိုယ် လဲ ရေချိုးခန်း မင်းသမီး ပဲ လုပ်တာ
လူမရှိတဲ့ အချိန်ဆို ရင်တော့ အော်ချင်ရာ အော်တာပဲ ..ဟိဟိ ..
သီချင်းလေးတွေ အများကြီး နားထောင်သွားတယ် မနှင်းရေ...
ကျန်းမာရေး သေချာ ဂရုစိုက်ပါဗျာ။ ကျန်းမာမှ သီချင်းကောင်းကောင်းဆိုနိုင်မှာဗျ..
yu ya
မဆိုတတ်လို့သာတော်တော့တယ်..
ကိုယ့်အစ်မ..မြန်မာသီချင်းကြီးတပုဒ်လုံး
တောင်ရတာ.နည်းတဲ့အဆင့်မှတ်လို့..
ရှင်ဘုန်းသီချင်းတွေနဲ့..ကဗျာဘွဲ့မှုးသီချင်း
လေးတွေကြိုက်တာချင်းတော်တော်တူတယ်..
ချစ်တဲ့
ကဗျာဘွဲ့ မှုးကိုက အရင်တည်းကကြိုက်တယ် . . .
ရှင်ဖုန်းကတော့ ဘာပြောကောင်းမလည်း ဟဲဗီးကြိုက်
ခုဥက္ကာဦးသာ လက်ထဲရောက်သွားလို့  ... ဆုန်ဆုန်က
တော့ ကြိုးစားခွင့် ရှိသေးတယ်ထင်တာဘဲ :D . . .
တစ်ခါတစ်လေတော့လည်း သီချင်းကတော့ တော်တော်
ကြိုက်တယ်ဗျာ . . . ကျန်းမာရေးဂရုစိုက်ပါဗျာ
ကျန်းမာမှ ကိုယ်လုပ်ချင်တာ လုပ်လို့ ရတာမလား . . . :)
မမနှင်းရေ...
သီချင်းမဆိုတင်တဲ့သူတစ်ယောက် ဘ၀ကနေ အစပျိုးပြီးရေးထားတော့ ဖတ်ရတာ တော်တော်စိတ်
ဝင်စားသွားတယ်.....။မြမန်းဂီရိကိုလဲ တွေ့ရော အာင်မငီး တို့ မမတော့ မခေသူပဲလို့ တွေးဖြစ်လိုက်တယ် ....း)
ညီမလေးက မြမန်းဂီရိသီချင်းကြီးကို ပတ်တလားကောင်းကောင်းတီး နိုင်တယ် .... ညီမလေးနှင်းက တီး မယ် မမနှင်းက ဆိုပေါ့ ..ကောင်းဘူးလား..... ညီမလေးတဂ်ရဲ့ တဂ်ပို့လေးကို မမနေမကောင်းတဲ့ကြားက ဖြေကြားပေးသွားတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ..... ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့ စကားအတိုင်း ကျန်းမာရေးကို အထူးဂရုစိုက်ပါလို့ မှာခဲ့ပါရစေနော် .....
အသစ် အသစ်လေးတွေကိုလဲ စောင့်မျှော်အားပေးနေပါ့မယ် မမနှင်းရေ.....
ချစ်တဲ့ ညလေး နှင်း
နှင်းရေ..အကြိုက်ချင်းတူတယ်ဟေ့။။ အဟိ မိုက်ခဲ အဲ..အိန်ဂျယ် အဆိုကောင်းတာ တို့တတွေ သိတယ်လေ။ ဒီတခါမနှင်းအလှည့်ပဲ။ တွေ့လို့က အကြွေးရှင်းရမယ်နော့။ :)
အားးးးးးးးပါးးးးးးးးပါးးးးးးးးးးးးး
အမတော် ညီမတော်မိုက်ခဲကို အသေကြော်ငြာသွားသကိုးးးးးးးးးးးး
ရှက်လိုက်တာ အဟီးးးးးးးးးးးးး
ဘယ်ရမလဲ နောက်တစ်ခါ သမီးရဲ့ တတာနေ့ကျရင် မိုက်ခဲအမတော် မိုက်မဲ အလှည့်နော် ဟိဟိ။
ဒါပဲ။ သီချင်းလေးတွေက အလန်းကြီးတွေပဲဗျ။
အမတော် သီချင်းတွေကြားထဲ ကျန်းမာပျော်ရွှင်ပါစေနော်။
ပါရမီကတော့ အတူတူပဲ..ဟီးး
မိုနိုတုန်းလေးပါ... ဒီကလဲ..
ကျန်းမာရေး ဂရုစိုက်ပါ..။
ပညတ်သွားရာ ဓာတ်သက်ပါလို့ အခုကစပီး ဘာအလွမ်းအဆွေး သီချင်းမှ ဆိုတော့ဘူးးးး
တစ်ခါတစ်လေတော့လဲ မနှင်းတစ်ယောက် မြမန်းဂီရိသေလာတောင် ညီးတွားနေပြီပေါ့လေ။
မြမန်း..ဂီရိ.. သေလာတောင်..
ဘာမှန်း..မသိတဲ့..သေနာကောင်..
ဟဲ ဟဲ ကြားဖူးတာလေးပါ။
ပျော်ရွှင်ပါစေ။
တခါတလေတော့လည်း.. က ကိုယ့်အကြိုက်ဆုံး ညည်းဆိုဖြစ်တဲ့ သီချင်းတွေထဲမှာ ပါခဲ့တာပေါ့။
ဘာပဲဖြစ်ဖြစ် သီချင်းတွေကို အကဲခတ်ရတာ အလွမ်းဓာတ်ခံရှိနေတာတော့ သေချာပြီ။
ကဗျာဘွဲ့မှူး က အကြိုက်ချင်းတူ တယ်။ ခရေညိုလည်း သူ့အသံအေးအေး လေးတွေကိုကြိုက်တယ်
ကေကေရေ...ဒင်းရဲ့ တာ့တာနေကျရင် ကာရာအိုကေ ပါ မပါ ကြိုပြောပါနော်။ ပါတယ်ဆိုရင်လည်း ကြိုယူလာသင့်တာလေးတွေ တစ်ခါတည်း ယူလာလို့  ရအောင်လေ.. ( Ear Plug တို့ ဘာတို့ ပေါ့... :) )... ဟိုတစ်ခါကလို မဖြစ်ရလေအောင်... :P ... ကိုသာယာမင်းဝေ ကလည်းပြောတယ် ... (ဘာပြောလဲ သိချင် မေးကြည့်... )
MZL
အယ်.......ဒီလူကြီးတွေ တော်တော်ဆိုးတာပဲ။
ဘကြီးမိုးရယ်... ဘကြီးသာရယ်....
နေဦး နေဦးးးးး
သမီးအဆိုတော် ဖြစ်မှ သီချင်းဆိုပြပါ လာမလုပ်နဲ့။
လုံးဝခေါ်နဲ့နော်။ ဟွန်းးးးးးးးးးးးးးး
Post a Comment