“2010 Altitude wannabe be and reminder”

သူငယ်ချင်း ညီညီ (ပြည်) Facebook မှာ Tag ထားတဲ့
ခေါင်းစဉ်က “2010 Altitude wannabe be and reminder” ဆိုတော့

Altitude နဲ့ ပက်သက်တဲ့ Issue တွေအများကြီး စဉ်းစားမိပါတယ်။
Wanna be ဆိုတော့ ရေးရတာ နည်းနည်းတော့ စိတ်ရှင်းပါတယ်…. ဖြစ်နိုင်ရင် ဖြစ်လာနိုင်ပေမယ့် ဖြစ်မလာခဲ့ရင်တော့ လူပဲ မှားမှာပေါ့ လို့ ပြောလို့ရပါသေးတယ်။

သူငယ်ချင်းပြောထားတဲ့ သူ့ရဲ့ Smart Goal က

I'll go simple enough to face the challenge as much as I could;
confess it if you do mistakes, enjoy if you savor the conquer,
tell you love when you do so.

"အတတ်နိုင်ဆုံး အရိုးဆုံးပုံစံနဲ့နေပြီး အခက်အခဲတွေကို ရင်ဆိုင်မယ် အမှားရှိရင် ဝန်ခံမယ် ( ဘယ်သူ့ကိုမဆို)တဲ့.. အောင်မြင်မှုတွေရရင် ခံစားမယ် ချစ်ရင် ချစ်တယ်လို့ပြောမယ်… ဟန်ဆောင်မှုကင်းစွာ လူသားဆန်စွာ…တဲ့"

သူပြောသွားတာတွေက ရိုးရှင်းလွန်းပါတယ်။ တွေးတာလဲရှင်းတယ် ခံယူချက်လဲရှင်းတယ် အခြေခံကျလွန်းတဲ့ အချက်လေးတွေကို ချပြသွားတယ် ဒါပေမယ့် တွေးစရာလေးတွေ ကျန်နေခဲ့ပါသေးတယ်။

ကိုယ်ကိုယ်တိုင်ပြောရမယ့်အလှည့်လာတော့ ဆိုခဲစေ မြဲစေ ဆိုတဲ့အတိုင်း သူပြောသွားသလို ဒိုးဒိုးဒေါက်ဒေါက်နဲ့ ပြောပြဖို့ ဝန်လေးနေမိပါတယ်။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေအတွက် စကားလုံးတွေ ရွေးချယ်နေရလို့တော့ မဟုတ်ပါဘူး ပြောမိတဲ့စကား တစ်ခွန်း ပေးမိတဲ့ ကတိတစ်ခုကို လက်တွေ့ကျကျ ကျင့်သုံးဖြစ်ပါ့မလားလို့ တွေးမိလို့ တွေဝေနေမိတာပါ။

သူပြောသွားခဲ့တဲ့ Altitude Issue နဲ့ပက်သက်လို့ စိတ်ထဲမှာ ရှိတာတွေကို ပြောရင်တော့ ပြောစရာတွေက မကုန်ပါဘူး။ စဉ်းစားမိတာတွေက အခြားကြီးကျယ်ခမ်းနားတဲ့ ခေါင်းစဉ်တွေအောက်ကို ရောက်သွားတာမို့ အခြေခံအကျဆုံး အချက်တစ်ချက်ကိုပဲ သေသေချာချာ ပြန်စဉ်းစားမိပါတယ်။

2010 အတွက် ထားချင်တဲ့ ကိုယ့်ရဲ့ Smart Goal ကတော့

“လူတိုင်းကို တတ်နိုင်သလောက် ပွင့်လင်းချင်တယ် ရိုးသားချင်ပါတယ်…. ကိုယ့်ရဲ့ ပျော်ရွှင်မှုထက် သူတပါးရဲ့ ပျော်ရွှင်မှုကို ဦးစားပေးဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးတော့ အတ္တနဲ့ပရ မျှတအောင်ကြိုးစားကြည့်ချင်ပါသေးတယ်။”

ရိုးသားမှုကို သီးသန့်ခေါင်းစဉ်တပ်ဖြစ်တာမို့ ရိုးသားမှုနဲ့ ပက်သက်ပြီး ထင်မြင်မိတာလေးကို တဆက်တည်း ရေးဖြစ်သွားပါတယ်။

ပထမဆုံး ရိုးသားမှုနဲ့ မရိုးသားမှု လွန်ဆွဲတဲ့အခါ ဘယ်သူနိုင်မှာလဲဆိုတဲ့ မေးခွန်းကို တစုံတစ်ယောက်ကို မေးမိတော့ ရိုးသားလွန်းလို့ ခံနေရတဲ့ သူတွေအများကြီးလို့ ပြန်ပြောပါတယ်။
ဒါဆို မရိုးသားမှုကြောင့်ရော လူတွေထိပ်ဆုံးကိုရောက်နိုင်ပါသလားလို့ ဖြန့်ကျက်တွေးမိပြန်ပါတယ်။ အဖြေကတော့ အမျိုးမျိုးထွက်လာပါတယ်။

ရိုးသားစွာ နေထိုင်မယ် ရိုးသားစွာ တွေးခေါ်မယ် ရိုးသားစွာပြုံးပြ နှုတ်ဆက်ကြမယ် အဲဒီအဆင့်အထိတော့ လူတိုင်းလုပ်နိုင်တာမို့ အင်မတန်လွယ်ပါတယ်။

ဒါပေမယ့် လူသားအချင်းချင်း ရိုးသားစွာ ဆက်ဆံနိုင်ပါ့မလားလို့ ထပ်ပြီး တွေးမိလိုက်တော့ ရေးနေတဲ့ ခေါင်းစဉ်က နည်းနည်းခက်လာတာကိုတွေ့ရပါတယ်။

လူမှုဆက်ဆံရေး နယ်ပယ်မှာ ရိုးသားမှုကြောင့် ကောင်းမွန်တဲ့ အကျိုးဆက်တွေရလာနိုင်ပေမယ့်…
မရိုးသားခဲ့ကြလို့ ဘဝမှာ ဆုံးရှုံး နစ်နာမှုတွေ ဖြစ်နေတာကိုတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။

ရိုးသားမှုကို နေရာတိုင်းမှာ မတွေ့နိုင်ပေမယ့် မရိုးသားမှုတွေကိုတော့ နေရာတိုင်းမှာ ပုံစံမျိုးစုံနဲ့ တွေ့ရတတ်ပါတယ်။

ရိုးသားခြင်းဆိုတဲ့နေရာမှာ သူတပါးအပေါ်မှာရိုးသားနေရုံနဲ့လဲ မပြီးသေးပါဘူး။ ကိုယ့်ကိုယ်ကိုလဲ ရိုးသားတတ်ဖို့လိုပါတယ်။
ကိုယ်ကိုယ်တိုင်ရဲ့ ဆန္ဒတစ်ခုကို ဖုံးကွယ်မျိုသိပ်ပြီး သူတပါးကို ရိုးသားပြနေတာကလဲ မိမိကိုယ်ကို နှိပ်စက်ခြင်းတစ်မျိုး ဖြစ်ပါတယ်။အချိန်လွန်မှ နောင်တတွေ ရတတ်ပါတယ်။ ဒါပေမယ့် နောင်တတွေကို လူပီသစွာ အတ္တနဲ့ ဖုံးကွယ်ပစ်လိုက်ကြတာမို့ အဲဒီမရိုးသားမှုမျိုးကိုတော့ အပြင်လူတစ်ယောက် အနေနဲ့ တွေ့ရခဲပါတယ်။

ကိုယ့်ကိုယ်ကို မရိုးသားခဲ့ ခြင်းရဲ့ ရလာဘ် တစ်ခုတည်းအတွက်တောင် ခံစားရခက်နေခဲ့ရင် သူများအပေါ်မရိုးမသား ဆက်ဆံခဲ့လို့ သူတပါးနာကျင်ခံစားရမယ်ဆိုရင်လဲ ကိုယ့်လိပ်ပြာကိုယ်လုံဖို့ ခက်လှပါတယ်။

လူဆိုတာ အသက်ကြီးလာတာနဲ့အမျှ ရိုးသားမှုတန်ဘိုးတွေ ကျလာတယ်လို့ ယေဘုယျအားဖြင့် သတ်မှတ်ထားကြပါတယ်။

ယေဘုယျ အကျဆုံးဖြစ်တဲ့ ရိုးသားမှုနဲ့ အချစ်အကြောင်းကို ဆွေးနွေးမယ်ဆိုရင်ပဲ မရိုးသားမှုတွေကြောင့် အငြင်းပွားစရာ အချက်တွေနဲ့ ပြည့်နေတာကို တွေ့ရတတ်ပါတယ်။

ဘဝမှာ အဓိက နေရာမှာ မပါဘူးလို့ အများက ခံယူထားတဲ့ အချစ်ရေးမှာတောင် ရိုးသားမှုတွေ ရှားပါးနေတတ်ပါတယ်။

ရိုးသားခြင်းတွေ ဆုံးရှုံးမှု အများဆုံး အချိန်က အချစ်နဲ့တွေ့ချိန် အချစ်အတွက် ဟန်ဆောင် မျက်နှာဖုံးတပ်နေတဲ့ အချိန်တွေလဲ ဖြစ်တတ်ပါတယ်။

အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူး ဘယ်လို ပဲနိုင်နိုင် နိုင်ဖို့က အဓိက ရိုးသားဖို့ မလိုဘူးဆိုတဲ့ တရားဝင် လိုင်စင်တစ်ခုရှိနေလေတော့ အချစ်နဲ့ပက်သက်လို့ မရိုးသားတာဟာ ဖက်ရှင်တစ်ခုလို ဖြစ်နေပြန်ပါတယ်။

ဒုတိယ အကြိမ်ကတော့ စီးပွားရေး နဲ့ ပက်သက်လာချိန် ငွေကြေးတွေ ဂုဏ်သိက္ခာတွေကို ထည့်သွင်းစဉ်းစားရတဲ့ အချိန်တွေမှာ ရိုးသားမှုဒီဂရီက သုညအောက်ကို ရောက်သွားတတ်ပါတယ်။

မိမိကိုယ်တိုင်ရဲ့ မရိုးသားမှုကြောင့် ရလာတဲ့ ရလာဘ်တွေ နောက်ဆက်တွဲ အကျိုးဆက်တွေက ကိုယ်နဲ့တကွ ကိုယ့်ပတ်ဝန်းကျင်က လူသားတွေကို ထိခိုက်စေမယ်ဆိုရင်တော့ မရိုးသားမိတဲ့အတွက် လိပ်ပြာသန့်စွာ ရပ်တည်နေနိုင်ဖို့ ခက်ခဲပါတယ်။

ဒါပေမယ့် မရိုးသားစွာ ရရှိထားတဲ့ ပိုင်ဆိုင်မှုတွေ ရာထူး ဂုဏ်သိက္ခာတွေ အတွက် ရိုးသားခြင်းဆိုတဲ့စကားလုံးကို အဘိဓါန်စာအုပ်ထဲမှာ ဖျောက်ဖျက်ထားတဲ့ လူတွေလဲ ရှိနေပြန်တာမို့မရိုးသားခြင်း ခေါင်းစဉ်က ဆွေးနွေးလို့ ကုန်နိုင်စရာမရှိတော့ပါဘူး။

ရိုးသားခြင်းကို မရိုးသားခြင်းက မသိမသာ အနိုင်ယူသွားတတ်တာမို့ ရိုးသားခြင်းဂုဏ်ကို အတတ်နိုင်ဆုံး တန်ဘိုးထား တတ်ရင်တော့ ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းပေါ်မှာ လိပ်ပြာသန့်စွာ ပျော်ရွှင်စွာ လျှောက်နိုင်ကြမှာ သေချာပါတယ်။

မိသားစုတွေ အချင်းချင်း မိဘနဲ့ သားသမီးကြား မောင်နှမတွေကြား မရိုးသားတာ မပွင့် လင်းတာတွေ ရှိနေတတ်ပါတယ်။
မိဘနဲ့ သားသမီးဆက်ဆံရေး မောင်နှမတွေကြားက ဆက်ဆံရေး သူငယ်ချင်း အပေါင်းအသင်းတွေကြားက ဆက်ဆံရေး အိမ်ထောင်ဘက်တွေကြားက ဆက်ဆံရေး ဘယ်လို ဆက်ဆံရေးပဲဖြစ်ဖြစ် ပကတိ ရိုးသားနိုင်ကြရင် အကောင်းဆုံးပါပဲ။ အရိုးသားဆုံး မဟုတ်ရင်တောင် အတတ်နိုင်ဆုံး ကြိုးစားပြီး ရိုးသားသင့်ပါတယ်။

ချစ်သူခင်သူတွေ အပေါ်မှာ ရိုးသားခြင်းနဲ့ ပက်သက်လို့ ထပ်ပြောချင်တဲ့ အကြောင်းအရာလေးတစ်ခုလဲ ရှိပါသေးတယ်။

ဒီအကြောင်းအရာလေးက Online ပေါ်က Ethic လေးဖြစ်နေတာမို့ လူတိုင်းနဲ့ တနည်းနည်းတော့ ဆက်နွယ်နေပါတယ်။ ဂျီတော့မှာ လွတ်လပ်စွာ လိမ်ညာနေတာကိုတော့ ကလေးက အစသိတာမို့ အထူးတလည် ဆွေးနွေးစရာ မရှိပါဘူး။

သာမန် မရိုးသားခြင်းထက်ပိုတဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကမ်းကုန်အောင် မရိုးသားမှု တစ်ခုကို ကျူးလွန်နေသူတွေက အချစ်နဲ့ စစ်မှာ ရိုးသားစရာမလိုဘူးလို့ ခံယူထားသူအချို့ဖြစ်သလို
“ချစ်လို့ Hack တာမှတ်ပါလို့ တရားဝင် ကြော်ငြာပြီးတော့ Hack ခဲ့တဲ့ မဟာပညာရှိ Hacker တွေရဲ့ လုပ်ရပ်တွေပါ။

ချစ်တဲ့သူကို ချစ်တယ်ပြောတာ လွယ်ပါတယ် ချစ်သူက ပြန်မချစ်နိုင်ရင်တော့ လမ်းက ဆုံးသွားပါပြီ။ ဆက်ပြီး ဒုက္ခပေးစရာမလိုတော့ပါဘူး။

ဒါပေမယ့် ကိုယ့်ကိုမချစ်တဲ့အတွက် သူများကိုလဲ မချစ်ရဘူး။ မင်းကို ချစ်လို့Hack ထားတာပါ ကိုယ့်မျက်စိအောက်မှာ အမြဲနေရမယ် ဘယ်လိုပဲ အကောင့်တွေ ပြောင်းပြောင်း ရအောင် Hack ပြမယ် ဆိုပြီး သူငယ်ချင်းရဲ့ မေးလ်ကို Hack ထားခဲ့သလို သူငယ်ချင်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေရဲ့ မေးလ်ကို ပါ ရအောင် Hack ပြ ခြိမ်းခြောက်ပြီး အချစ်ကို တောင်းခံနေသူတစ်ယောက်က မြန်မာပြည်က အမြင့်ဆုံး တက္ကသိုလ်တစ်ခုက ဘွဲ့ရထားတဲ့ မဟာပညာတတ် တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ လုပ်ရပ်နဲ့ သူ့ရဲ့ ဂုဏ်သိက္ခာ သူသင်ယူထားတဲ့ အတတ်ပညာတွေ အတွက် အင်မတန်ရှက်ဖို့ကောင်းနေပြန်ပါတယ်။

တကယ်ဆိုရင် ချစ်ခြင်း မုန်းခြင်းနဲ့ Hack ခြင်းဟာ ခေါင်းစဉ်တစ်ခုတည်ုးအောက်ကို ဆွဲသွင်းလို့ရလောက်အောင် မလွယ်ကူလောက်ပါဘူး။

သူတပါးရဲ့ သတင်းအချက်အလက်တွေကို လူမသိသူမသိ ခိုးယူနေသူတွေဆိုပေမယ့် ကိုယ်တိုင်က ငါ hacker ပါလို့ ဂုဏ်ယူဝင့်ကြွားစွာ လက်ခံနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ လူတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာ ကိုယ်ကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ကြည့်သင့်ပါတယ်။

ဒါဟာ မရိုးသားခြင်းဆိုရင်တောင်အင်မတန် လူမဆန်တဲ့ မရိုးသားခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

ဒါဟာ ဖက်ရှင်တစ်ခုမဟုတ်တာမို့ ချစ်သူအပေါ် ရိုးသားစွာ တရားမျှတစွာပဲ ချစ်ခင်မြတ်နိုးစေချင်ပါတယ်။ ကမ္ဘာနဲ့ချီပြီး အရေးမကြီးလှတဲ့ ကိစ္စအတွက် သိက္ခာတရားတွေ ကျင့်ဝတ်တွေထိခိုက်စေတဲ့အထိ မမိုက်မဲသင့်ပါဘူး။
လူသားအချင်းချင်း ချစ်သူ အချင်းချင်း ရိုးသားပွင့်လင်းစွာ ဆက်ဆံတတ်ကြရင် မင်္ဂလာတစ်ပါးပါ။

လူတိုင်းပေါ်မှာအတတ်နိုင်ဆုံး ပွင့်လင်းမယ် ရိုးသားမယ် ဟန်မဆောင်ရဘူးလို့ အတင်းအကြပ်တိုက်တွန်းချင်တဲ့ ဆန္ဒတော့ မရှိပါဘူး။။
အတ္တနဲ့ မကင်းတဲ့ လူသားတွေ ဖြစ်နေတာမို့ ရာနှုန်းပြည့်ဖြစ်လာဖို့ကိုတော့ မမျှော်လင့်ထားပါဘူး
ရိုးသားရတာ အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲလှတာမို့ ကိုယ်တိုင်လဲ တတ်နိုင်သမျှ ကြိုးစားပြီး ရိုးသားကြည့်ပါမယ်။

သူငယ်ချင်းပြောတဲ့ 2010 Altitude တစ်ခုတည်းတော့ မဟုတ်ပါဘူး အဲဒီ အတိုင်းအတာထက်တော့ပိုပါတယ် 2010 onward
အသက်ရှင် ရပ်တည်နေသရွေ့... ကြိုးစားပြီး ရိုးသားပါ့မယ်...

ရေးပေးဖို့ Tag လာတဲ့ ညီညီကျေနပ်မယ်လို့ထင်ပါတယ်။

ဒီပို့စ်လေးကို
ဒီဇင်ဘာ ၁၀ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ချစ်ညီမ အိမ်ကျယ်ရဲ့ မွေးနေ့
ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ Junior သန္တာ ရဲ့ မွေးနေ့
ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ သူငယ်ချင်း ရွှေလင်ဗန်းရဲ့ မွေးနေ့
ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ကျရောက်တဲ့ ချစ်သောစုရဲ့ မွေးနေ့ အတွက် နဲ့
ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ချစ်ညီမငယ် နှင်းဟေမာရဲ့ မွေးနေ့အတွက်
လက်ဆောင်ပေးပါတယ်။

24 comments:

Angel Shaper said...

တစ်

Angel Shaper said...

နှစ်

Angel Shaper said...

ဟောဒီမှာာာာ သုံးးးးးးးး

အိုက်ခီလောက် said...

အိုင်အမ် နှစ်
တောက်ဦးသွားတယ် ငါ့သောင်းကျန်းနေတာနဲ့ လွဲပြီ
တစ် နဲ့ တော့

အိုက်ခီလောက် said...

တောက်တစ်လွဲ ငါးကွာ

Angel Shaper said...

မင်္ဂလာရှိတဲ့ နှစ်သစ်ပါ ချစ်မကြီးရေ...........
မွေးနေ့လက်ဆောင်ဆိုလို့ ကျေးကျေးစ်နော်။
စာဖတ်လိုက်ဦးမယ်။

အိုက်ခီလောက် said...

ထပ်ယူတယ်ကွာ ခြောက် ဘာဖြစ်လည်း

အိုက်ခီလောက် said...

ခီးတဲ့မှပဲ ခုနစ်ကွာ လပ်ကီးဆဲဗင်း

အိုက်ခီလောက် said...

သွားပြီ ကိုးကွာ အငဲ ကို အားကျလို့ 
ကိုးးးးးးးးးးးးးးးးးးးးးး

Angel Shaper said...

ဟဟဟားးးးးးးးးးးးး
ဟုတ်လို့လားဗျ ၆ ဟိဟိ။
ချစ်လို့ကျီစယ် စတွားဒယ်။။။
ဘာဖစ်လဲ ဘာဖစ်လဲ.. ခွိခွိ

Angel Shaper said...

အောင်မယ် ကိုးးးးးးးးးးးးတဲ့လားးးးးးးးးးးး ခုဘယ်လောက်ရှိပီလဲဗျ။ ဟင်

အိုက်ခီလောက် said...

တစ်ဆယ်ကွာ သုည ဖြုတ်ရင် တစ်ပဲ ငါ့တော့ဟတ်ဟတ်

Nyi Nyi said...

နင်ကလဲ... တစ်ခုခုလိုနေသလိုပဲ။ တည့်တည့်ရေးဟ...

အိုက်ခီလောက် said...

အီးဂျယ် အီးဂျယ် နင့်တော့ နော်
ဘာမှဟုတ်ပါဘူး သောက်မလားလို့ ပါ ဟဟ

အိုက်ခီလောက် said...

စောင်းစောင်းလေး မူးနေတော့ဖတ်ရတာလွယ်တယ်လေ
ဟဟ

ကိုလူထွေး said...

ဓာတ်ပုံ ဖလင်ကူးသလို လူတွေကို Negative နဲ့ ကြည့်ရမလို ဖြစ်နေပြီ...

ဒါမှ ရိုးသားမှုနဲ့ အမှန်တရားကို ရှာတွေ့တော့မှာမို့ပါ...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်မင်္ဂလာပါ...

းဝ)

Angel Shaper said...

ချစ်မကြီးရေ... လိပ်ပြာလုံတဲ့ ရိုးသားမှု တဲ့လားးး
ပညာတတ်ကြီး ပညာရှင်ကြီးပါ ဆိုပြီး အောက်တန်းကျတဲ့ ဟက်ကာကြီးကိုလဲ ရှုံ့ချမိပါရဲ့။ အဟက်ခံရတဲ့ ချစ်သူငယ်ချင်းအတွက်လဲ ဒေါသထွက်ရပါရဲ့။ ဒီနှစ်သစ်မှ လူသားအားလုံး စစ်မှန်ရိုးသားတဲ့ အမှန်တရားများ ရှာတွေ့နိုင်ကြပါစေဗျာာာာာ

ရွှေရတုမှတ်တမ်း said...

ခုမှဖတ်ရတော့တယ်

မင်္ဂလာပါ .... said...

မမနှင်းရေ ....
နှစ်သစ်မှာ မျှောလင့်နေခဲ့တဲ့ ပို့စ်အသစ်လေးကို လာဖတ်သွားပါတယ် .....
မမပြောသွားတဲ့ထဲက အချက်များကို ကြိုးစားကျင့်ကြံဖြစ်အောင် မှတ်သားသွားပါတယ် ...

ပျော်ရွှင်သော အောင်မြင်သော ဆန်းသစ်သော ရိုးသားသော ... အကျိုးများသော နှစီသစ်ဖြစ်ပါစေ မမနှင်းရေ ....
ချစ်ခင်လေးစားစွာဖြင့်
ညီမလေး နှင်း

မြစ်ကျိုးအင်း said...

ဒီပို့စ်လေးက တွေးရင်တွေးသလောက် ကျယ်ပြန့် နိင်တာသေချာတယ်။ ဖတ်ပြီးတော့ ဆွေးနွေးချင်လာတွေတော့ အများအပြား ပါပဲ။
ရိုးသားတာဟာ တကယ်ကို ကောင်းတယ် ။ ကောင်းလွန်းတဲ့ အရာတွေက ပိုပြီး ရှားတယ်တဲ့ ဒီတော့ ရိုးသားခြင်းက ရှားပါလာတယ်။ ကျယ်ကျယ်ပြန့်ပြန့်ပြောရင်တော့ ဒီဘက်ခေတ်မှာ ရိုးသားမှု ပိုနည်းလာတာဟာ အကျင့်စာရိတ္တဆိုတာထက် ခေတ်ရဲ့ ကျပ်တည်း မှုတွေနဲ့လည်း ဆိုင်ပါမယ်။ သူငယ်ချင်းအချင်းချင်း ရိုးသားဖို့ ကိစ္စဟာ ဘာကြောင့် ခေတ်နဲ့ ဆိုင်တာလဲ ထင်စရာ ရှိတယ်။ ဒါပေမယ့် တခြားကိစ္စတွေမှာ မုသား တွေသုံးရင်းနဲ့ နှုတ်က မုသားတွေထွက်ဖို့ မရိုးမသားလုပ်ဖို့ ပိုပြီး လွယ်ကူတာပါပဲ။

အရင်ခေတ်က လမ်းမ မှာ လက်စွပ်ကျနေရင် တွေ့တဲ့သူက လက်စွပ်ကို ထုံးနဲ့ မြေပြင်မှာ ဝိုင်းသွားပေးတယ် သဘောက ပိုင်ရှင်လာပြန်ရှာရင် အလွယ် တကူ တွေ့နိင်ဖို့လေ။ ဒီဘက်ခေတ်မှာ ဒါတွေ ပြောရင် ပုံပြင်ပါပဲလေ။
ဘယ်ကိစ္စပဲမဆို ကိုယ့်ကိုကိုယ် တာဝန်ယူ လာတတ်ကြရင် လူ့ဘောင်ဘဝက ပိုပြီး သာယာလာမှာ သေချာတယ်

မြစ်ကျိုးအင်း said...

ညကလာဖတ်သေးတယ် အစပိုင်း ဖတ်ပြီး တာနဲ့ ပြန်ပြေးသွားရတာ ဘာကြောင့်ဆိုတော့ စာက အခန့် ဖြစ်နေချိန်ကိုယ်က အခြေအနေ မကောင်းတော့ ဆက်ဖတ်ရင် စာရေးသူကို စော်ကားရာ ရောက်တော့မှာ ဒါကြောင့် အခုလို အေးအေးဆေးဆေးမှ ပဲ လာဖတ်ဖြစ်တော့တယ်။

မြစ်ကျိုးအင်း said...

မနှင်းရေ နှစ်သစ်မှာပျော်ရွှင်အဆင်ပြေပါစေဗျာ

လင်းကြယ်ဖြူ said...

ဟုတ်ပါတယ် Attitude ဆိုတာ the ways of seeing things ဒါမှမဟုတ် Perceptions ပါပဲ
If you change the way you see things ,the things you see will change ဆိုတဲ့အတိုင်း အဆိုးတွေမှန်သမျှ ကို နှစ်သစ်မှာ
အကောင်းမြင် ကြည့်လိုက်ကြရင် မနှင်းပြောတဲ့အတိုင်း
သိပ်ကောင်းသွားမှာပေါ့ခင်ဗျာ....
ရေတစ်ဝက်ပြည့်သော ခွက်ကို မြင်နိုင်ကြပါစေလို့...
လေးစားစွာ

သူကြီးမင်း (တုံးဖလား) said...

မနှင်းရေ..
ဒီပို့စ်လေးက အရမ်းတန်ဖိုးရှိတယ်။ တကယ်လဲ လက်တွေ့ဆန်တယ်။ အသိပေးစာဆိုလဲ မမှားဘူး။
အခုလို တွေးခေါ်တတ်တာဟာ အဆင့်မြင့်တယ်။
စာခန့်တယ်။ မကလက်တော့ဘူး။ ကောင်းမှကောင်းဘဲ။

ပျော်ရွှင်ပါစေ မနှင်းရေ...

My Blog List