လွမ်းမိတဲ့အခါ
ချစ်သူခင်သူတွေနဲ့ အဝေးမှာ တစ်ယောက်တည်း အထီးကျန်ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေများလာတဲ့အချိန်မှာ သံယောဇဉ်ရပ်ဝန်းတစ်ခုကို အမှတ်တရနဲ့ ပြန်ပြီး လွမ်းတတ်လာခဲ့တယ်။
သံယောဇဉ်ရပ်ဝန်းလေးထဲမှာ ဟိုးငယ်စဉ်ကတည်းက ချစ်ခင်ခဲ့ရတဲ့ ရင်ခုန်သံတွေတူညီခဲ့ဖူးတဲ သူငယ်ချင်းလေးတွေရှိသလို အလုပ်ခွင်မှာ ခင်မင်ခွင့်ရခဲ့တဲ့ အိပ်မက်မက်ဖော် သူငယ်ချင်းမိတ်ဆွေလေးတွေလဲ ရှိခဲ့ဘူးတယ်။ ခရီးသွားဟန်လွဲတွေ့ခဲ့ဘူးတဲ့ ဖြူစင်တဲ့သူငယ်ချင်းလေးတွေကလဲ နေရာတိုင်းမှာ ရှိခဲ့ဘူးတာမို့ အမှတ်တရတွေနဲ့အတူ သံယောဇဉ်ရပ်ဝန်းထဲကို ဝင်လာတတ်ကြသေးတယ်။
သူငယ်ချင်းတွေကိုလွမ်းတဲ့အခါ အမှတ်တရရှိခဲ့ဖူးတဲ့ အချိန်လေးတွေကို ပြန်တွေးရင်း လွမ်းမိသလို မတွေ့တာကြာပြီဖြစ်တဲ့ ချစ်သူခင်သူတွေကို အရမ်းသတိရလာရင်တော့ ဘယ်တော့များမှပြန်ဆုံမလဲလို့တွေးမိရင်း အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်ကို တွက်နေမိပြန်တယ်။
တခါတရံမှာ အဝေးကြီးမှာ ကျန်နေခဲ့တဲ့သူတွေနဲ့ ပြန်ဆုံဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုလို့ ကိုယ်တိုင်စီရင်ချက်ချမိတဲ့ အချိန်တွေမှာတော့ အထီးကျန်ခြင်းဆိုတဲ့ ဝေဒနာကို အလူးအလဲခံစားမိလာပြန်တယ်။
စတင်ဆုံဆည်းကြစဉ်က ခွဲခွာဖို့ ဘယ်တုန်းကမှ မတွေးမိကြပေမယ့် မသိမသာ ခွဲခွာခဲ့ရသလို သိသိသာသာဝေးဝေးလာတဲ့ အခါမှာလဲ အဲဒီကွေကွင်းစေခဲ့တဲ့ ကံကြမ္မာတွေကို ဘဝလို့ ခေါင်းစဉ်ပြောင်းတပ်မိတော့ ကျေကျေနပ်နပ်ပြုံးဖြစ်သေးတယ်။
ဆုံဆည်းခြင်းမှာ အတိတ်တွေ နိမိတ်တွေ ချိန်းဆိုခြင်းတွေမပါပဲခဲ့ပေမယ့် ချစ်ခင်သူတွေနဲ့ ခွဲခွာဖို့ နိမိတ်တွေ အရိပ်ထင်လာခဲ့ရင်တော့ မခံစားနိုင်အောင် နာကျင်တတ်နေတာကလဲ လူသားဆန်လွန်းလို့လား သံယောဇဉ်ကြီးလွန်းလို့လား ဆိုတာ ဝေခွဲရခက်နေခဲ့ဘူးရဲ့…
နူးညံ့တဲ့ အနမ်းတွေနဲ့ နှုတ်ဆက်လက်ပြပြီးခွဲခွာသွားသူတွေရှိခဲ့သလို အသံတိတ်ခွဲခွာခြင်းတွေနဲ့ မသိမသာထားခဲ့သူတွေလဲ ရှိတာမို့ နှုတ်ဆက်ချိန်တိုင်းကို ခံနိုင်ရည်ရှိနေဖို့ ပြင်ဆင်နေရတာ ကိုယ့်ကိုယ်ကို သေမိန့်ပေးသလိုဖြစ်နေပြီလားလို့ တွေးမိပြီး လောကဒဏ်ဆိုတာကို လက်မခံချင်ပဲ လက်ခံလာရပြန်တယ်။
သံယောဇဉ် အဖြူရောင်လေးတွေကို အမှတ်ရမိတိုင်း လွမ်းမိတိုင်းလဲ ကော်ဖီခါးခါးခါးတွေကို နှစ်သက်သူတစ်ယောက်လို အလွမ်းခါးခါးတွေကို မြိုချရင်း ရူးသွပ်စွာ ပျော်ဝင်နေခဲ့သေးတယ်။
အလွမ်းခါးခါးတွေကို မြိုချနေရုံနဲ့ မလုံလောက်သေးဘူးဆိုရင်တော့ အိပ်ယာထဲမှာ ငြိမ်ငြိမ်လေးလှဲနေပြီး မျက်ရည်တွေကျလာတဲ့အထိ လွမ်းမောဖြစ်ခဲ့သေးတယ်။
မျက်ရည်တွေခြောက်တဲ့အထိမှ အလွမ်းတွေ မပြေသေးရင်တော့ ဘယ်သူမှမမြင်နိုင်တဲ့ မှတ်စုတိုလေးတွေရေးပြီး အွန်လိုင်းဒိုင်ယာရီလေးထဲမှာ သိမ်းထားဖြစ်ခဲ့တယ်။
တစ်ယောက်တည်းစကားတွေ မပြောတတ်ပေမယ့်သူတို့ရဲ့ နာမည်လေးတွေကို ဖွဖွလေးခေါ်ပြီး တိုးတိတ်စွာ လွမ်းတတ်လာတာဟာ ဘဝသင်ခန်းစာတွေထဲက သင်ရိုးတစ်ခုကို လေ့လာနေရသလို အတွေ့အကြုံအသစ်လေးလဲဖြစ်နေခဲ့သေးတယ်။
အမှတ်တရပေါင်းများစွာနဲ့ မိတ်ဆွေပေါင်းများစွာ သူငယ်ချင်းပေါင်းများစွာ သံယောဇဉ်ပေါင်းများစွာကို ကျောခိုင်းထားဖို့ မေ့လျှော့ထားဖို့ဆိုတာကလဲ တကယ်တမ်းမှာတော့ လွယ်မယောင်နဲ့ ခက်နေခဲ့သေးတယ်။
ငယ်သူငယ်ချင်းလေးတွေရဲ့ မွေးနေ့တွေ အမှတ်တရနေ့လေးတွေတိုင်းကို မမေ့မလျှော့ရှိနေခဲ့သလို သူတို့ရဲ့မွေးနေ့တွေမှာ ကိုယ်တိုင်ကိုယ်ကျ နှုတ်ခွန်းဆက်ဖို့ မတတ်သာတဲ့အချိန်တိုင်းမှာလဲ နာနာကျင်ကျင်နဲ့ ခံစား ကြေကွဲခဲ့ရဘူးတယ်။
Online ပေါ်မှာ Face Book ပေါ်မှာ ရှာလို့မတွေ့နိုင်မယ့် သူငယ်ချင်းလေးတွေကို လွမ်းတဲ့အခါ အတူရှိခဲ့ဘူးတဲ့ နေ့လေးတွေကို တမ်းတရင်း မက်ခဲ့ဘူးတဲ့ အိပ်မက်တစ်ခုကိုပြန်ပြီးအသက်သွင်းဖို့ ကြိုးစားမိပြန်သေးတယ်။
ကြယ်ပွင့်လေးတွေကို တစ်ပွင့်ချင်းရေတွက်မိတဲ့ညတွေမှာ ကြယ်ပွင့်လေးတွေကိုချစ်တဲ့ သူငယ်ချင်းကို အမှတ်တရနဲ့ လွမ်းမိတယ်။
သီချင်းတစ်ပုဒ်တည်းကို မနားတမ်းဖွင့်ပြီး နားထောင်မိတဲ့အချိန်တွေမှာလဲ အဲဒီသီချင်းကိုဆိုပြဘူးခဲ့တဲ့ သူငယ်ချင်းလေးကို လွမ်းနေမိခဲ့သေးတယ်။
စာအုပ်တစ်အုပ်ကို အသည်းအသန်ဖတ်မိတိုင်းလဲ အဲဒီစာအုပ်တွေကိုချစ်တဲ့ သူငယ်ချင်းလေးကို မမေ့မလျှော့ သတိရလိုက်မိသေးတယ်။
အမှတ်တရဖြစ်စေမယ့် ဖိနပ်လေးတွေရွေးစီးမိတိုင်း ကိုယ့်ခြေထောက်အတိုင်းကို မှတ်မိစွာ သတိရစွာနဲ့ ဖိနပ်ဝယ်ပေးခဲ့ဘူးတဲ့ သူငယ်ချင်းလေးကို သတိတရနဲ့ လွမ်းမိနေတတ်သေးရဲ့.
ခရေပန်းဖြူဖြူလေးတွေကို လွမ်းမိတိုင်းလဲ ခရေပန်းကောက်ပေးခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကို မေ့လျှော့ပစ်ထားတဲ့ကြားက သတိရမိနေတတ်ဆဲ…
နာရီပတ်ဖို့ အင်မတန်ပျင်းခဲ့ပေမယ့် မဖြစ်မနေ နာရီပတ်ရမယ်ဆိုရင်လဲ နာရီလေးကို လက်ဆောင်ပေးခဲ့ဖူးတဲ့ သူငယ်ချင်းကို သတိရပြီး မဆီမဆိုင် ဝမ်းနည်းနေတတ်သေးတယ်။
သူငယ်ချင်းကို မွေးနေ့ဆုတောင်းပို့ဖို့ ပျက်ကွက်ခဲ့ရင်လဲ ကိုယ့်ကိုယ်ကို အပြစ်တွေတင်ရင်း သူငယ်ချင်းလေးကို စိတ်ထဲကနေ အကြိမ်ကြိမ်တောင်းပန်နေရင်း လွမ်းနေခဲ့ဖူးတယ်…
သံယောဇဉ်အပိုင်းအစတွေလို့ ကိုယ်တိုင်နာမည်ပေးခဲ့ဘူးတဲ့ အမှတ်တရလက်ဆောင် ပိစိလေးတွေ စာတိုပေစလေးတွေကိုလဲ လွင့်ပစ်ဖို့ ဖျောက်ဖျက်ပစ်လိုက်ဖို့ကိုလဲ တခါတလေမှာ နှမြောနေတတ်ခဲ့သေးတယ်။
တစုံတခုကို အပြင်းအထန် လွမ်းမိတဲ့ အချိန်တိုင်းမှာလဲ အဲဒီသံယောဇဉ် အပိုင်းအစလေးကို အဖော်ပြုရင်း တိတ်ဆိတ်နေတဲ့ အခန်းကျဉ်းလေးထဲမှာ နာရီလက်တံတွေကို ထိုင်ရေတွက်ခဲ့ဘူးတယ်။
သံယောဇဉ်အပိုင်းအစလေးတွေကို ဖျောက်ဖျက်ချင်ရင် ဖျောက်ဖျက်ပစ်လို့ရနိုင်ပေမယ့်လဲ ရင်ထဲမှာ အချိန်အတော်ကြာစွဲမြဲနေခဲ့ဘူးတဲ့ အမှတ်တရ သံယောဇဉ်ပေါင်းများစွာကတော့ အလွမ်းတွေအဖြစ်နဲ့ ကျန်နေခဲ့မှာမို့ အလွမ်းတွေပြေစေဖို့ အလွမ်းဖြေဖို့အတွက် ရင်ထဲက သံယောဇဉ်လေးတွေကို တစ်သက်စာ သိမ်းထားမှာကတော့ သေချာနေဆဲ…..
အခုချိန်မှာတော့ အလွမ်းဆိုတာ ကိုယ့်အတွက် သစ္စာအရှိဆုံး အဖော်မွန်...
အရင်းနှီးဆုံး မိတ်ဆွေဖြစ်နေလေရဲ့...
(အဝေးဆုံးမှာကျန်နေခဲ့တဲ့ သူငယ်ချင်းများနဲ့ နှုတ်ဆက်လက်ပြသွားခဲ့ကြတဲ့ သူငယ်ချင်းများ မကြာမီ ထပ်မံခွဲခွာသွားမည့် သူငယ်ချင်းများအတွက် ရေးပါသည်)
(အကြောင်းအမျိုးမျိုးကြောင့် ဘလော့ပေါ်မှာ ပျောက်နေခဲ့ပေမယ့် မမေ့မလျော့ သတိရနေကြတဲ့ သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။)
Friday, January 22, 2010
|
Labels:
အမှတ်တရလေးတွေ
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
13 comments:
ဆောင်းအေးအေးမှာ ချမ်းချမ်း နဲ့  ကွေးပြီး
လွမ်းလွမ်းဆွေးပြနေတယ်လား မနှင်းရေ ..
အချစ် အမုန်း ၊ တွေ့ ဆုံ ၊ ပျော်ရွှင် ။
နောက်ဆုံးကျတော့လည်း တယောက်တည်းသာပဲပေါ့ ။
လွမ်းတာလည်း လွမ်း ။
ကျန်းမာရေးလည်း ဂရုစိုက်အုံး နော် ။
အလွမ်းတွေ အပန်းတွေ ပြေပါစေ ..
အလွမ်းတွေပြေပျောက်ပါစေ မနှင်းမာယာရေ။
အော် မနှင်းရယ်
တွေ့ ဆုံ ကြုံ ကွဲ ဖြစ်မြဲ ဓမ္မတာ တဲ့ လေ
အရင်က အမြဲ နုတ်ဆက် စကားတွေပြောနေတဲ့အချိန် တွေ လွမ်းတယ်
အမ တစ်ယောက်လို ဆိုးခဲ့တာတွေကိုလည်း လွမ်းတယ်
မနှင်းလို ပဲ အနော့လည်း သူငယ်ချင်းတွေကိုခင်တွယ်တယ်
အဝေးရောက်နေလို့ လည်း ဒီသူငယ်ချင်းတွေပဲရှိတာ
အကြီးတန်ရင် အမ ၊ အကို လိုသဘောထားပြီးဆိုးခဲ့တာ
မောင် လို ညီမလို လူမျိုးကျတော့ တန်းတူပေါင်းပြီး အပြောင်အပျက်တွေ နဲ့ ပေါတောတောနေခဲ့တာ
ခုတော့ ဒူဘိုင်းက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် စိမ်းသွားတာလား ဒါမှမဟုတ်ရင် အကြောင်းအမျိုးမျိုးကြောင့် နုတ်ဆက်ခွဲခွါသွားတာလား
နားမလည်နိုင်ပေမယ့် အရင်က ခင်ခဲ့ သိကျွမ်းခဲ့တာတွေကို မနှင်းရေးခဲ့သလိုပဲ ခံစားရတယ်
တစ်ခါ တစ်လေ အားငယ်နေချိန် ကိုယ့်ခံစားချက်ကို နားလည်ပေးနိုင်တဲ့  အခြင်းခြင်း ဖေးမ ကူညီတတ်တဲ့လူတွေ ခုတော့ အားမပေးနိုင်တော့ဘူး
စကားပြောချင်တာတောင် မှ အမြဲပျောက်နေတတ်တဲ့ သူငယ်ချင်းတွေ ဘာတွေများဖြစ်ကုန်ပြီလည်း မသိတော့ဘူးဗျာ
တည်မြဲနေတတ်တဲ့
မတည်မြဲခြင်း တရားတွေ က
သံသရာရေစီးကြောင်း ထဲ စီးမျောပျော်ဝင်လို့နေတုန်း
နေ၀င်နေထွက် ချိန်တွေကို သတိထား ကြည့် နေရင်းနဲ့ ကို ပဲ ကိုယ့် အသက်ရှူသံတွေ ပြောင်းလဲ နေတာကို မေ့လျော့ချင်ယောင် ဆောင်နေမိခဲ့တယ် ....
အဲ့ဒီ့ ရေစီး က မရပ်မနား ဆိုတော့ ကျွန်တော်တို့ တစ်တွေ လည်း ပျော်ပျော်ကြီး စီးမျော လိုက်ကြတာပေါ့ဗျာ....
ပျော်ပါစေ အစ်မရေ..
*.*.*
ဘာတွေကိုတွေးပြီးဘာတွေကိုဆွေး... အဟီး..
ငါ့တူမလဲ..လွမ်းကောင်းကောင်းနဲ့ လွမ်းလိုက်တာ...
ပွဲကြည့်ပရိဿတ် ..အဲဟုတ်ပါဘူး..စာဖတ်ပရိဿတ်တောင်..ဆွေးသွားတာပဲ
လွမ်းမိတဲ့ခါ
လွမ်းစာတွေရေး
လွမ်းတေးတွေသီ
လွမ်းပန်းချီဆွဲ
လွမ်းပွဲတွေသွား
လွမ်းစားလွမ်းသောက်
လွမ်းခရေကောက်ရင်း
လမ်းမပျောက်စေနဲ့ ညီမရေ...
းဝ)
အလွမ်းတွေမို့ သေချာမဖတ်သွားဘူး
အလွမ်းငွေ့ အလွမ်းမိုး တွေ ရင်မှာပြည့်နေလို့ လွမ်းတာမှန်သမျှ မဖတ်ဖြစ်ဘူး
လွမ်းနေသူကို လွမ်းလို့မဖြေနိုင်တာ လွမ်ူစကားတွေကိုမုန်းလို့ လွမ်းလိုက်တာလို့တောင်မပြောချင်ဘူး
ဒါပေမဲ့ မနှင်းကိုတော့ သတိရမိပါကြောင်း(မလွမ်းပါ)
နေကောင်းသွားပီလားဟင်
အလွမ်းမမလေး
မိုးမင်းကြီး
သြ...ငါ့တူမကြီးများ တော်လိုက်တာ.ကိုယ်လွမ်းတာကို သူများတွေပါ လွမ်းသွားအောင်လုပ်တတ်တယ်..ဟင်း..
ဘကြီးကိုချစ်ဖေလဲ လွမ်းတတ်သလား မမေးနဲ့ ငယ်ငယ်တုန်းက အမေက “မင်းသားကြီး” တဲ့ ရုပ်ရှင်ကြည့်လဲငို ၀ထ္ထုဖတ်လဲငို လို့လေ.ခုတော့ မငိုတော့ပါဘူး..ဟဲ..တိတ်တိတ်လေးပဲ..
စာဖတ်ရင်း အလွမ်းဓါတ်တွေ ကူးစက်သွားတယ် မနှင်း။
လွမ်းလာပြီ။
ဖြူစင်တဲ့အလွမ်းလေးတွေ :)
မမနှင်းရေ...အလွမ်းစာလေးကို ဖတ်ရင်း ငယ်ငယ်က သူငယ်ချင်လေးတွေ အမှတ်မထင် ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေနဲ့ ရုတ်တရာက် ခွဲခွာသွားကြသူတွေကို လွမ်းမိသွားတယ် ... ။ မရောက်ဖြစ်ပေမယ့် ထိပ်ဆုံးက သတိရနေခဲ့လို့ မအားလပ်တဲ့ကြားက အပြေးတပိုင်း လာသွားခဲ့ပါတယ်း)
ချစ်ခင်လျှက်
ညီမလေး နှင်း
နှင်းရေ..ဖတ်ရင်းနဲ့လွမ်းတယ်..
Post a Comment