လေ့လာမှတ်သားစရာ အာရပ်ရိုးရာ
ကမ္ဘာပေါ်မှာရှိတဲ့ အာရပ်တိုင်းပြည် ၂၂ နိုင်ငံထဲမှာ အပါအဝင်ဖြစ်တဲ့ ယူအေအီးနိုင်ငံရဲ့ ဓလေ့ထုံးစံတွေ လူနေမှု စရိုက်နဲ့ ယဉ်ကျေးမှုတွေကို လေ့လာ မှတ်သားရသလောက် စာဖတ်သူတွေကို ပြန်လည် မျှဝေလိုက်ပါတယ်။
အာရပ်ကမ္ဘာလို့ခေါ်တဲ့ အာရပ်လူမျိုးများနေထိုင်တဲ့ တိုင်းပြည်တွေမှာ ဘာသာတရား ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းအစဉ်အလာတွေမှာ အခြေခံအားဖြင့် တူကြပေမယ့် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ မတူညီတဲ့ အချက်လေးတွေကိုလဲ တွေ့ရပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုလို့ခေါ်တဲ့ ယူအေအီးနိုင်ငံမှာကတော့ အာရပ်ဘာသာစကားကို ရုံးသုံးဘာသာစကား (Official Language) အဖြစ်သတ်မှတ်ထားပါတယ်။ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကတော့ အစ္စလာမ်ဘာသာဖြစ်ပါတယ်။
အာရပ်အမျိုးသားတွေရဲ့ အချင်းချင်း နှုတ်ဆက်ပုံလေးကလဲ အခြားနိုင်ငံတွေနဲ့မတူပဲ တမူထူးခြားပါတယ်။ တစ်ဦးနဲ့တစ်ဦးတွေ့တဲ့ အချိန်မှာ နှာခေါင်းထိပ်ဖျားချင်းထိရုံ နမ်းပြီး နှုတ်ဆက်လေ့ရှိပါသည်။
အာရပ်အမျိုးသမီးတွေကတော့ အချင်းချင်း ပါးချင်းအပ်ပြီး အနမ်းနဲ့ နှုတ်ဆက်လေ့ရှိပါတယ်။ ဘာသာရေးနဲ့ပက်သက်တဲ့ ပွဲလမ်းသဘင်တွေရှိရင်တော့ အာရပ် အမျိုးသမီးတွေက လက်ဖမိုးနဲ့ လက်ဝါးပြင်တွေမှာ ဟာန ( Hana Painting) ရေးဆွဲလေ့ရှိပါတယ်။
အာရပ်တွေရဲ့ နေထိုင်မှုဓလေ့ကို လေ့လာမယ်ဆိုရင် စွန်ပလွန်ပင်ရဲ့ အခက်အလက်တွေနဲ့ ဆောက်ထားတဲ့ ရှေးခေတ်အာရပ်တွေရဲ့ နေအိမ်( Al Kaimah) ကို ပင်လယ်ကွေ့ဒေသမှာ အများဆုံးတွေ့ရပါတယ်။ (Al Kaimah ) လို့ခေါ်တဲ့ အိမ်လေးတွေရဲ့ ထူးခြားချက်ကတော့ နွေရာသီမှာ အေးမြစေပြီး ဆောင်းရာသီမှာတော့ နွေးထွေးမှုကိုပေးပါတယ်။
Al Atish လို့ခေါ်တဲ့ နွေရာသီအိမ်လေးကိုတော့ အခုလိုတွေ့ရပါတယ်။
အိမ်တိုင်းရဲ့ ညာဘက်ထောင့်တည့်တည့်မှာတော့ မျှော်စင်ပုံသဏ္ဍန် လေဝင်ပေါက်တွေကို တွေ့ရပါတယ်။ အဲဒီ wind tower ကိုတော့ လေအေးပေးစက်တွေ မပေါ်သေးတဲ့အချိန်တွေမှာ ပြင်းထန်လှတဲ့ ကန္တာရရဲ့ အပူဒဏ်ကိုကာကွယ်ဖို့ အတွက် လေအေးတွေရဖို့ စီမံဆောက်လုပ်ထားခဲ့ပါတယ်။
လေဝင်ပေါက်တွေကို ( Wind Tower) လို့ခေါ်ပြီး အရပ်လေးမျက်နှာက လေတွေဝင်လာစေဖို့ လေဝင်ပေါက်တွေကို လေးဘက်ဖွင့် ပြီးဆောက်ထားပါတယ်။ ဝင်လာတဲ့လေတွေဟာ စနစ်တကျ ပြုလုပ်ထားတဲ့ ဂုံနီအိတ်နဲ့ ပုံစံတူတဲ့ ဆန်ကာပေါက်တွေကိုဖြတ်သန်းပြီး အိမ်ထဲကို ဝင်သွားပါတယ်။ wind tower ကနေဝင်လာတဲ့ လေတွေဟာ အိမ်ရဲ့အောက်ခြေကိုရောက်တဲ့ အချိန်မှာတော့ Air Cooler နဲ့အလားသဏ္ဍန်တူစွာပဲ အေးမြတဲ့လေအဖြစ်ကို ကူးပြောင်းသွားပါတယ်။
အာရပ်တိုင်းပြည်ရဲ့ လက်ဖက်ရည်ကလဲ အာရပ်ကမ္ဘာက အမွေအနှစ်တစ်ခုဖြစ်ပါတယ်။ အာရပ်အိမ်တွေကို အလည်အပတ်သွားမယ်ဆိုရင်တော့ အာရပ်လက်ဖက်ရည်ကို စွံပလွံ့သီးနဲ့တွဲပြီး ဧည့်ခံလေ့ရှိပါတယ်။ လက်ဖက်ရည် တည်ခင်းပုံကလဲ အများနဲ့မတူ တမူထူးခြားနေပါတယ်။
လက်ဖက်ရည် ပုဂံလုံးလေးထဲကို လက်ဖက်ရည်ကို သုံးပုံတစ်ပုံလောက်ပဲထည့်ပေးပြီး ဧည့်သည်ကို တည်ခင်းဧည့်ခံလေ့ရှိပါတယ်။ ပန်းကန်းလုံးလေးထဲကို လက်ဖက်ရည် အပြည့်ထည့်ပေးမယ်ဆိုရင် ဧည့်သည်က လက်ဖက်ရည်ကုန်တာနဲ့ နှုတ်ဆက်ပြီး ထပြန်မှာသေချာပါတယ်။ ဒါ့ကြောင့် လက်ဖက်ရည်ကို နည်းနည်းချင်းထည့်ပေးပြီး ထပ်ကာထပ်ကာ ထည့်ပေးခြင်းဖြင့် အချိန်ကြာကြာ စကားစမြည်ပြောလို့ရအောင် ဧည့်ဝတ်ပြုခြင်းဖြစ်ပါတယ်။
စွံ့ပလွန်သီးကိုတော့ လက်ဖက်ရည်နဲ့ အတူတွဲပြီးဧည့်ခံလေ့ရှိပါတယ်။ စွံ့ပလွံ့သီးမှာ ပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက ကျန်းမာရေးကို အထောက်အကူပြုတာမို့ မနက်စောစောမှာ လူတစ်ယောက်ဟာ စွံ့ပလွန်သီး ခုနစ်လုံးစားပြီး ရေတစ်ခွက် သောက်ထားရုံနဲ့ တနေ့တာလုံး ဘာမှစားစရာ မလိုပဲ အလုပ်လုပ်နိုင်အောင် လုံလောက်တဲ့ခွန်အားကို ပေးတယ်လို့ အာရပ်လူမျိုးတွေက ပြောလေ့ရှိပါတယ်။
ဒါ့ကြောင့် အာရပ်ရိုးရာအိမ်တွေကိုသွားလည်မယ်ဆိုရင်တော့ အာရပ်ရိုးရာ လက်ဖက်ရည်နဲ့ စွံပလွန်သီးကို အတူတွဲပြီး ဧည့်ဝတ်ပြုလေ့ရှိကြပါတယ်။ အညာဒေသက မြန်မာများအိမ်မှာ ရေနွေးကြမ်းနဲ့ ထညက်ခဲ အမြဲမပြတ်သလို အာရပ်အိမ်တွေမှာလဲ စွံပလွန်သီးနဲ့ အာရပ်ရေနွေးကြမ်းကို တွဲလျှက်တွေ့ရတတ်ပါတယ်။
(Majlis) လို့ခေါ်တဲ့ အာရပ်ရိုးရာ ဧည့်ခန်းဆောင်မှာတော့ ကြမ်းခင်းပေါ်မှာ ဆိုဖာ ထိုင်ဖုံတွေ ချထားလေ့ရှိပါတယ်။ အရောင်ကတော့ အနီရောင်နဲ့ အနက်ရောင်စပ်ထားတဲ့ ထိုင်ဖုံတွေ ကော်ဇောတွေကို သုံးလေ့ရှိပါတယ်။ ခေတ်မီတဲ့ ဆိုဖာဆက်တီတွေကို အိမ်ထောင်ပရိဘောဂတွေ အနေနဲ့ သုံးနေကြသလို ရိုးရာဓလေ့ဖြစ်တဲ့ Majlis လို့ခေါ်တဲ့ ကြမ်းခင်းပေါ်က ထိုင်ဖုံတွေကို အခုချိန်ထိ အိမ်တိုင်း ရုံးတိုင်း နေရာတိုင်းမှာ မှာ တွေ့ရတတ်ပါတယ်။
ရှေးခေတ် အာရပ်ပြည်မှာတော့ သယ်ယူပို့ဆောင်ရေးအတွက် ကုလားအုပ်ကို သုံးခဲ့ကြပါတယ်။ ခေတ်မီမြို့တော် ဖြစ်လာပြီး ကုလားအုပ်ကို သုံးဖို့ မလိုအပ်တော့တဲ့ အချိန်တွေမှာတောင်မှ ခေတ်ပေါ်ကားမျိုးစုံနဲ့ အပြိုင် ကုလားအုပ်တွေကို အိမ်မှာ မွေးမြူထားဆဲဖြစ်တဲ့ အာရပ်လူမျိုးများကို လေးစားစရာ တွေ့နေရဆဲပါ။
ကုလားအုပ်တွေကို တန်ဘိုးထား ထိန်းသိမ်းခဲ့ကြသလို အဲဒီ ရိုးရာ အစဉ်အလာတွေကို ထိန်းသိမ်းဖို့အတွက် နှစ်စဉ်နှစ်တိုင်း ကုလားအုပ်အလှပြိုင်ပွဲ (Camel Beauty Contest) ကိုလဲ ကျင်းပလေ့ရှိပါသည်။
အဲဒီပြိုင်ပွဲတွေမှာတော့ ဆုရရှိတဲ့ ကုလားအုပ်တွေကို ဒူဘိုင်းငွေ ဒါဟန်း သန်းလေးဆယ် (အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်) ပမာဏရှိတဲ့ ဆုကြေးငွေကို ရက်ရက်ရောရော ချီးမြင့်လေ့ရှိပါတယ်။
အာရပ်ရိုးရာဓလေ့တွေထဲမှာ သိမ်းငှက်( Falcon) ကလဲ အခန်းကဏ္ဍတစ်နေရာကနေ ပါဝင်ပါတယ်။ အဲဒီသိမ်းငှက်တွေကို ရှေးခေတ်အာရပ်ပြည်မှာ အမဲလိုက်ဖို့ အသုံးပြုကြသလို အခုနောက်ပိုင်းခေတ်မှာတော့ Faconry လို့ခေါ်တဲ အင်မတန်အဖိုးတန်လှတဲ့ အာရပ်ရိုးရာ အားကစားအနေနဲ့  သိမ်းငှက်တွေကို ပြန်မြင်ရပါတယ်။
သိမ်းငှက်တွေနဲ့ အမဲလိုက်တဲ့ ရာသီတွေကတော့ ဆောင်းရာသီနဲ့ နွေဦးပေါက်ရာသီတွေဖြစ်ပါတယ်။ ဆောင်းရာသီနဲ့ နွေဦးရာသီတွေမှာ တူရကီ ရုရှားနဲ့ ဆီးရီးယား နိုင်ငံတွေကနေ ဆောင်းခိုလာကြတဲ့ သိမ်းငှက်တွေကို ယူအေအီးမှာ အများဆုံးတွေ့ရပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွေမှာ သိမ်းငှက်တွေကို ယဉ်ပါးအောင် နည်းပြ တွေနဲ့ စနစ်တကျ လေ့ကျင့်သင်ကြားပေးတဲ့ Falcon Camp တွေရှိသလို သိမ်းငှက်တွေအနားယူ အပန်းဖြေရင်း ဆေးကုသမှုခံယူဖို့အတွက်လဲ ဆေးရုံတွေ သီးသန့်ထားရှိတာကို စိတ်ဝင်စားစရာ တွေ့ရတတ်ပါတယ်။
သိမ်းငှက်တွေနဲ့ အမဲလိုက်ပုံလိုက်နည်းကတော့ အမဲမလိုက်မီမှာ လေးထောင့်စပ်စပ် ရာဘာစလေးတွေနဲ့ သိမ်းငှက်တွေရဲ့ မျက်လုံးတွေကို ဖုံးအုပ်ပေးထားကြပြီး အမဲလိုက်ချိန်ကျမှ မျက်လုံးကိုပိတ်ထားတဲ့ ရာဘာစတွေကို ဖြေပေးပြီး အမဲလိုက်ခိုင်းလေ့ရှိပါတယ်။ သိမ်းငှက်တွေရဲ့ အဓိက သားကောင်တွေကတော့ တောယုန် တွေနဲ့ အခြားငှက်အမျိုးမျိုးပဲဖြစ်ပါတယ်။
သိမ်းငှက်တွေရဲ့ အရှင်သခင်များက မိမိတို့ပိုင်ဆိုင်တဲ့ သိမ်းငှက်တစ်ကောင်ချင်းစီကို ခွဲခြားပြီး သိနိုင်စေဖို့အတွက်တော့ သူတို့ရဲ့ ခြေထောက်လေးတွေမှာ ကွင်းလေးတွေ တပ်ပေးထားကြသလို microchip လေးတွေကိုလဲ ငှက်တွေရဲ့ အရေပြားအောက်မှာ ထည့်သွင်းထားလေ့ရှိပါတယ်။
သိမ်းငှက်နဲ့ အမဲလိုက်တဲ့သူဟာ အခြားအမဲလိုက်ဖော်တွေနဲ့အတူ မြင်းပေါ်မှာ စီးနင်းလိုက်ပါနေရင်း ကောင်းကင်မှာ ဝဲပျံနေတဲ့ သိမ်းငှက်က သူ့ရဲ့ လက်ပေါ်ကို လာရောက်ခိုနားနေတဲ့ ပုံရိပ်ဟာ သူ့အတွက် အလွန်တရာသြဇာအာဏာရှိစေတဲ့ အသွင်ကို ဆောင်စေပါတယ်။
မကြာမီမှာ ထွက်မယ့် ဒူဘိုင်း ရွှေရောင်စဉ် အမှတ် ( ၃) အတွက် ရေးထားတဲ့ ဆောင်းပါးလေးဖြစ်ပါတယ်။
Monday, April 12, 2010
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
12 comments:
အမျိုးသား နဲ့  အမျိုးသမီး နှုတ်ဆက်တဲ့  အခါကျတော့ ရော ..ဘယ်လို နှုတ်ဆက်ကြမလဲ.. နှာခေါင်းဖျားခြင်းထိမှာလား ။ ပါးချင်းအပ်မှာလား..း)) အဟိ..
စွန်ပလွံသီး ၇ လုံး နဲ့ ရေ ၁ ခွက် ..တနေ့ လုံး အားရှိတယ် ဆိုတော့ မြန်မာပြည်မှာ တွက်ချေကိုက်ပဲ နော် .. ချွေတာရေး.. လေ ။
မသိရတာလေးတွေ သိရတဲ့  အတွက် ကျေးဇူးပါ မနှင်း ရေ..
ဗဟုသုတ ရသွားတဲ့အတွက် ကျေးဇူးပါနော် ....
mie nge
ယောက်ျားနဲ့ မိန်းမ ဆုံမှတော့ ကိုယ်သန်ရာနဲ့ပဲ နှုတ်ဆက်လိုက်တာပေါ့လေ. . နှာခေါင်း နဲ့ ပါး. .
မသိတာလေးတွေ သိရလို့ ကျေးဇူးပါပဲ မနှင်း ရေ. . .
တကယ့် ဒေသန္တရ ဗဟုသုတ တွေပါပဲ။
သူတို့ရဲ့ လေဝင်လေထွက် စနစ်လေးကို သဘောကျတယ်။ လူ တွေဟာ ဘယ်ခေတ် အခါမှာပဲ ဖြစ်ဖြစ် အဆင်ပြေအောင် နေတတ် ခဲ့ကြတယ်။ ဒီတော့ အခုခေတ်ပေါ်ပစ္စည်းတွေ မရှိတော့ရင်လည်း တနည်းနည်းနဲ့ အဆင်ပြေ အောင် နေနိင်မှာပဲ တွေးလိုက်မိသေးတယ်။
နောက်ထပ် သုတ လေးတွေ ရှိရင်လည်း ထပ်ရေးပါအုံး။။ စိတ်ဝင်စားဖို့ ကောင်းတယ်။
အခုလိုမျှဝေပေးတဲ့အတွက် ကျေးဇူးပါနော် ။ နှစ်သစ်မှာ ရွင်လန်းချမ်းမြေ့ပါစေ။ ရေလောင်းသွားတယ်နော်
မနှင်းတို့ ခေါင်းမြီးခြုံထားတယ်ထင်တယ်..
ဒီတခါ ပုံထဲမှာ လက်ပဲတွေ့ရတယ်..
မနှင်းရေ...
အာရပ်ယဉ်ကျေးမှုလေးတွေလဲ စိတ်ဝင်စားစရာကောင်းတယ်နော်။ အကြိုက်ဆုံးကတော့ လေအေးအေးလေးတွေရအောင် လုပ်တဲ့နည်းဘဲ။ အဲယားကွန်းတွေမတပ်ဆင်နိုင်သေးတဲ့ မြန်မာနိုင်ငံနဲ့ ကွက်တိဘဲ မနှင်းရေ..
တစ်ဆက်ထဲ..
အတာရေလောင်းသွားပါတယ်။ ဗြန်း ဗြန်း ဗြန်း။းဝ)
အာရပ်ရိုးရာအဲကွန်းတပ်စရာမလိုတဲ့အိမ်လေးကိုအရမ်း
သဘောကျမိတယ်။ မသိသေးတဲ့အာရပ်တွေရဲ့ဓလေ့
ကိုသိရတဲ့အတွက်ကျေးဇူးနော်မနှင်း။။
နှစ်သစ်မှစ၍ကျန်းမာပျော်ရွှင်ပြီးစာပေဆက်လက်ရေးသား
နိုင်ပါစေနော်..။
ခင်တဲ့
သဒ္ဓါ
နှင်းရေ...
တကယ့်ကို ဗဟုသုတရစေပါတယ်။
နှင်း မေးလ်နဲ့ပို့ပေးထားတဲ့ " ရွှေရောင်စဉ် အမှတ်စဉ် ၃" အတွက်လည်း ကျေူဇူး စကားပြောပါရစေနော်။ နောင်လည်းလစဉ် ထွက်တိုင်း ပို့ပေးပါဦးနော်။
ခင်မင်စွာ..
မြသွေးနီ
နှင်းရေ
ခရီးထွက်နေလို့ ခုမှ စာတွေစုပြီးလာဖတ်ဖြစ်တာ
စိတ်ဝင်စားစရာ အာရပ်ရိုးရာလေးကို သေချာဖတ်ဖြစ်တယ်
ကိုယ်မသိတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားမိလို့ပါ..
ခုလို ရေးပြီးတင်ပေးတဲ့အတွက်ကျေးဇူးပါ..
ဗဟုသုတတော်တော်ရပါတယ်..
အင်း ၀ိတ်လျှော့ချင်ရင် စွံပလွန်သီးစားပြီးလျှော့ရမယ်ထင်တယ်..
ဒီနည်းလမ်းတော့ တော်တော်ကိုကြိုက်သွားမိတယ်..
နှစ်သစ်မှာပျော်ရွှင်ပါစေနှင်းရေ..
ခင်မင်စွာ
ချော
စိတ်ဝင်စားဖို့ကောင်းလိုက်တာ၊
ကျေးဇူးအများကြီးတင်ပါတယ်။
နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ...
ပိုလို့ တိုးတက်ကြီးပွားအောင်မြင်ပါစေ ...
ခုမှပဲ..သေချာသိတော့တယ်..
ကျေးဇူးပဲ..နှင်းရေ...
Post a Comment