ဒီလို မြင်မိတယ်...
ကိုဇော် Tag လာတဲ့ အမြင်များဆိုတဲ့ ခေါင်းစဉ်ကို ရေးဖို့ စဉ်းစားကြည့်တော့ …..
လောကကြီးကို ဘောင်ခတ်ပြီး ကြည့်တဲ့သူတွေနဲ့ လောကကြီးကို ပကတိအတိုင်းကြည့်တဲ့သူရဲ့အမြင်တွေ
သူတပါးကို အကောင်းမြင်ဝါဒနဲ့ ကြည့်သူတွေနဲ့ အဆိုးမြင်ဝါဒနဲ့ ကြည့်တတ်သူတွေရဲ့ အမြင်တွေ
အရာရာကို မျက်စိတစ်ဆုံးကြည့်တဲ့သူနဲ့ မျက်တောင်တစ်ဆုံးသာကြည့်တဲ့သူရဲ့ အမြင်တွေ
လူကြီးနဲ့ လူငယ်ရဲ့ အမြင်တွေ
ပြီးတော့ ငြင်းခုန်စရာတွေနဲ့ ပြည့်နေတတ်တဲ့ မတူညီနိုင်တဲ့ အခြားအခြားသော အမြင်တွေ ကျွန်မ ခေါင်းထဲကိုရောက်လာခဲ့ပါတယ်။
ဒါပေမယ့် အရှင်းဆုံး အရိုးဆုံး ပြန်မြင်ကြည့်လိုက်တော့ အကောင်းနဲ့ အဆိုး
သူ့အမြင်နဲ့ ကိုယ့်အမြင် ဆိုတဲ့ အခြေခံအချက်လေးတစ်ခုပဲ ကွဲလွဲနေတာကို ထပ်တွေ့ရပြန်ပါတယ်။
အဲဒီမတူညီနဲ့ အတွေးအမြင် ခံယူချက်တွေကပဲ အမှိုက်ကစတဲ့ မီးတွေ ဖြစ်လာတတ်ပါသေးတယ်။
သေချာတာကတော့ အမြင်မတူ အတွေးမတူ ခံယူချက်မတူခြင်းရဲ့ နောက်ကွယ်မှာ ရှိနေတာက မဆုံးနိုင်တဲ့ စစ်ပွဲတွေ မဆဲနိုင်တဲ့ မျက်ရည်တွေပဲ ဖြစ်နေတတ်ပါတယ်။
သူတပါးကို အကောင်းမြင်ဝါဒနဲ့ ကြည့်သူတွေနဲ့ အဆိုးမြင်ဝါဒနဲ့ ကြည့်တတ်သူတွေရဲ့ အမြင်တွေ
လူတိုင်းသိပြီးသားဖြစ်တဲ့ အရိုးရှင်းဆုံးဥပမာကတော့ ရေတဝက်ဖြည့်ထားတဲ့ ဖန်ခွက်ကို အကောင်းမြင်တတ်တဲ့သူက ရေတဝက်ပြည့်နေတယ်လို့ မြင်သလို အဆိုးမြင်တဲ့သူကတော့ ရေတဝက်လျော့နေတယ်လို့ မြင်တတ်တဲ့ အမြင်လေးပဲဖြစ်ပါတယ်။
ပြီးတော့ အမြင်များဆိုတဲ့ ခေါင်းစဉ်ကို တွေ့တွေ့ခြင်းမှာပဲ ကျွန်မတို့မောင်နှမတွေကို ဖေဖေပြောပြဘူးတဲ့ တရုတ်သံအဖွဲ့အကြောင်း ပါးစပ်ရာဇဝင်လေးကို ထပ်ပြီးသတိရလိုက်မိပါတယ်။
တစ်ခါတုန်းက တရုတ်ပြည်က ချစ်ကြည်ရေး သံအဖွဲ့တစ်ဖွဲ့ မြန်မာပြည်ကို အလည်အပတ်လာတဲ့အချိန်မှာ မြန်မာတွေက ညစာစားပွဲအပြီးမှာ ရှင်မွေးလွန်း မင်းနန္ဒာ ဇာတ်လမ်းနဲ့ ဧည့်ခံဖြေဖျော်ခဲ့ပါတယ်။ ဧည့်သည်တွေကတော့ ဇာတ်လမ်းကို သေသေချာချာမသိပေမယ့် ဧည့်သည်ဆိုတဲ့အတိုင်း အိမ်ရှင်ပြသမျှ ဇာတ်ထုပ်ကို စိတ်ဝင်စားတဲ့ ပုံစံပြပြီး အားနာနာနဲ့ ကြည့်ကြပါတယ်။
ဇာတ်သိမ်းခန်းလေးမှာတော့ ငမိုးရိပ်မိကျောင်းဟာ မင်းနန္ဒာကို ပါးစပ်ထဲမှာငုံထားတာ မေ့လျော့နေခဲ့ပြီး သတိရချိန်ကျမှ ပါးစပ်ဟပြီး မင်းသားလေးကို ကြည့်လိုက်တဲ့အချိန်မှာတော့ မင်းနန္ဒာ မင်းသားလေး အသက်ပျောက်နေတဲ့ ဇာတ်သိမ်းလေးပါ။ အဲဒီအခန်းလေးက တကယ့်ဇာတ်လမ်းအဆုံးကို မရောက်သေးပေမယ့် မင်းသားလေး မိကျောင်းပါးစပ်ထဲမှာ သေနေတာကိုတွေ့တဲ့အချိန်မှာတော့ ချစ်ကြည်ရေးသံအဖွဲ့ဝင်တွေက ဝမ်းသာအားရနဲ့ သူတို့အမြင်ကို ထုတ်ဖော်ပြောပြီး ကောင်းချီးပေးပုံက
“စေ …စေ…ဒီမင်းသား စေတာ နည်းတောင်နည်းသေး… စင်းဘောရှိလယ် စင်းဘော မစီးဘူး စန်မန် ရှိလယ် စန်မန် မစီးဘူး မိကျောင်းစီးတော့ စေမှာပေါ့ “ တဲ့။
သူတို့ခမျာ ဧည့်သည်ပီပီ မြန်မာလိုပြော မြန်မာလိုငို မြန်မာလိုလွမ်းပြသမျှ အောင့်အည်းသည်းခံခဲ့သမျှ ဇာတ်သိမ်းခန်းရောက်တော့မှပဲ သူတို့ရဲ့ အမြင်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြောခွင့်ရခဲ့ရှာပါတယ်။
အဲဒီပါးစပ်ရာဇဝင် ပုံပြင်လေးကို ကျွန်မတို့ အိမ်မှာ မကြာခဏကြားရတတ်ပါတယ်။ အဓိကကတော့  မိဘနဲ့ သားသမီးကြား အတွေးအမြင်လွဲတဲ့အခါတိုင်း မိဘစကားနားမထောင်ပဲ စိတ်ထင်ရာလုပ်ပြီး ကျွန်မအကိုတွေ အဆုံးအရှုံးတွေ တွေ့ကြုံတဲ့အချိန်တိုင်းမှာ ဖေဖေက အဲဒီဇာတ်လမ်းကိုပြောပြပြီး သူ့သားတွေကို လှောင်ပြောင်ရီမောလေ့ရှိပါတယ်။
အဲဒီပုံပြင်လေးဆုံးတိုင်းလည်း “မင်းတို့က ရိုးရိုးမကပဲ ယိုးဒယားက ကချင်တဲ့ကောင်တွေ စေ..စေ ..စေတာနည်းတောင်နည်းသေး”လို့ ဟာသနှောပြီး ဖေဖေက သားတွေကိုဆုံးမလေ့ရှိပါတယ်။
မြန်မာမှုမြန်မာ့ဟန် မြန်မာ့ဓလေ့နဲ့ တင်ဆက်တဲ့ ဇာတ်လမ်းတစ်ပုဒ်အပေါ်မှာ တရုတ်ပြည်က သံအဖွဲ့ကတော့ မြန်မာတွေလို လွန်လွန်ကျူးကျူး ခံစားမပြပဲ ဒီဇာတ်လမ်းလေးအပေါ်မြင်တဲ့ သူတို့ အမြင်ကို အားမနာပဲ ထုတ်ပြတော့ ကျွန်မတို့အတွက် ငိုရခက်ရီရခက် ဖြစ်သလိုမျိုး လူတစ်ယောက်နဲ့ တစ်ယောက်ကြား အတွေးအမြင်မတူလို့ သဘောထားကွဲလွဲကြရင် ဘေးလူတွေအနေနဲ့ ပြုံးရရယ်ရ တတ်ပါတယ်။
လူကြီးနဲ့ လူငယ်ရဲ့ အမြင်တွေ
တကယ်မှာတော့ Generation Gap လို့ ပြောထားသလို မျိုးဆက်တစ်ခုနဲ့ တစ်ခုကြားမှာ အတွေးအမြင်တွေ မတူညီလို့ ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းနေရတဲ့ ကွဲလွဲမှုပေါင်းများစွာ ရှိခဲ့ပါတယ်။
အခုအချိန်မှာတော့ မျိုးဆက်တစ်ခုကိုတောင်စောင့်စရာမလိုပဲ နေ့ချင်းညချင်း အတွေးအမြင်တွေ လွဲသွားလောက်အောင်ကို ခေတ်ကြီးက ပြောင်းလဲတိုးတက်နေပြန်တာမို့ အမြင်မတူတဲ့ Issue တွေကိုသာ ချရေးရမယ်ဆိုရင်တော့ ရေးလို့ ကုန်နိုင်မယ်မထင်ပါဘူး။
အဲဒီလို မိဘနဲ့သားသမီးကြားက မတူညီတဲ့ အမြင်တွေ Generation Gap တွေကြောင့်လဲ မိဘနဲ့ သားသမီးကြားက လောဂရာသန်ကြီးကျကွဲလို့ လျော်လိုက်ရတယ်ဆိုတဲ့ ရီစရာဇာတ်လမ်းတွေဖြစ်လာခဲ့တာဟာ ငြင်းစရာမရှိပါဘူး။
ကျွန်မကိုယ်တိုင်ရဲ့ အတွေးအမြင်ကို ပြန်ကြည့်ရင်လဲ အလားတူပြဿနာလေးတွေ ရှိခဲ့ဘူးတာကို ပြန်သတိထားမိပါတယ်။ ကျွန်မကိုယ်တိုင်က မေမေ့စကားကို တစ်လုံးမကျန်နားထောင်တတ်တဲ့ သမီးလိမ်မာတစ်ယောက် မဟုတ်ခဲ့ပါဘူး။ မေမေနဲ့ ကျွန်မကြားမှာရှိနေခဲ့တဲ့ Generation Gap ကြောင့် ကျွန်မတို့ နှစ်ယောက် မကြာခဏ အငြင်းအခုန်ဖြစ်ရတတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးသဘာဝ ဝတ်စားဆင်ယင်မှု အပိုင်းမှာ မေမေနဲ့ ကျွန်မတို့ ညီအစ်မတွေ သိသိသာသာ သဘောထားကွဲလွဲခဲ့ဘူးတဲ့ အချိန်တွေရှိခဲ့ဘူးပါတယ်။
လူကြီးတွေနဲ့ လူငယ်တွေရဲ့ ညှိနှိုင်းလို့မရတဲ့ အမြင်တွေကြောင့် မိဘနဲ့ သားသမီးကြား ဆရာနဲ့ တပည့်တွေကြားမှာ သဘောထား ကွဲလွဲမှုတွေရှိခဲ့ဘူးသလို အခုချိန်ထိလဲ ရှိနေဆဲပါ နောင်လဲ အဲလိုပဲ ကွဲလွဲနေကြအုံးမှာ သေချာနေပါတယ်။
အရာရာကို မျက်စိတစ်ဆုံးကြည့်တဲ့သူနဲ့ မျက်တောင်တစ်ဆုံးသာကြည့်တဲ့သူရဲ့ အမြင်တွေ
အဲဒီလို ကြည့်တတ်မြင်တတ်သူတွေအကြောင်းကိုလဲ ကျွန်မဖေဖေဆီက ပုံတိုပတ်စတွေ မကြာခဏ ကြားခဲ့ဖူးပါတယ်။
အလုပ်ကို ပြီးစလွယ်လုပ်တတ်ကြတဲ့ ကျွန်မရဲ့ အကိုတွေကို “ မင်းတို့ကို အလုပ်လုပ်ခိုင်းရတာ မိဘုရားရဲ့မောင်ကို ခွေးကြည့်ခိုင်းသလိုပဲ” လို့ ဖေဖေပြောလိုက်တာနဲ့ အဲဒီ မိဖုရားရဲ့မောင်နဲ့ ခွေးသားပေါက်လေးတွေရဲ့ အဖြစ်ကို ပြေးမြင်ပြီး ပြုံးရပါတယ်။
နန်းတော်အောက်မှာ ခွေးသားလေးတွေ ပေါက်နေပြီ သွားကြည့်ချေလို့ ဘုရင်က ခိုင်းတော့ မိဖုရားရဲ့မောင်က အပြေးအလွားသွားကြည့်ပြီး ငါးကောင်တိတိပေါက်ပါတယ်လို့ ပြန်လာပြီးလျှောက်ပါတယ်။ သူက အားလုံးပေါင်း ဘယ်နှစ်ကောင်ဆိုတာကိုပဲကြည့်ခဲ့ပြီး အထီးအမ အရောင်အသွေး ခွဲခြားပြီး မကြည့်ခဲ့ပါဘူး ဘုရင်က တစ်ခါမေးတိုင်း တစ်ခါပြေးကြည့်တတ်တဲ့ မိဖုရားရဲ့ မောင်ဟာ မျက်တောင်တစ်ဆုံးသာ ကြည့်တတ်ပြီး မျက်တောင်တစ်ဆုံးသာ မြင်တတ်တဲ့သူမျိုးပါ။
မျက်စိတစ်ဆုံးကြည့်သူ ငယ်ကျွန်ကြီးကတော့ ခွေးတွေကို တစ်ခါတည်းသွားကြည့်ရုံနဲ့ ခွေးငါးကောင်မှာ အထီး နှစ်ကောင် အမသုံးကောင် အမလေးက အနီရောင်နှစ်ကောင် အမဲရောင်တစ်ကောင် အထီးနှစ်ကောင်ကတော့ အဖြူနှစ်ရောင်တွေပါလို့ သေသေချာချာ ကြည့်ခဲ့ပြီး တိတိကျကျ လျှောက်တင်တတ်တဲ့သူမျိုးဖြစ်ပါတယ်။
လောကကြီးကို ဘောင်ခတ်ပြီး ကြည့်တဲ့သူတွေနဲ့ လောကကြီးကို ပကတိအတိုင်းကြည့်တဲ့သူရဲ့အမြင်တွေ
ဆေးရုံတစ်ရုံက အခန်းကျဉ်းလေးတစ်ခုတည်းမှာ ရောဂါ ဝေဒနာပြင်းစွာ ခံစားနေရတဲ့ လူနာနှစ်ယောက်ရှိပြီး သူတို့ နှစ်ယောက်ရဲ့ မျက်နှာချင်းဆိုင်ထောင့်တစ်နေရာမှာတော့ ပြတင်းပေါက်တစ်ပေါက် ရှိနေခဲ့ပါတယ်။
လောကကြီးကို ဘောင်ခတ်ပြီး ကြည့်ချင်သူ လူနာကတော့ ပြတင်းပေါက်ကို ပြတင်းပေါက်လို့ပဲ မြင်ပြီး
ဘယ်တုန်းကမှ ဖွင့်ကြည့်ဖို့ မကြိုးစားခဲ့ပါဘူး။
အခြားလူနာတစ်ယောက်ကတော့ ပြတင်းပေါက်ကိုဖွင့်လိုက်ရင် စိမ်းလန်းတဲ့ မြက်ခင်းပြင်တွေ မျက်စိတဆုံး မြင်နေရမယ့် နီယွန်မီးတိုင်တွေနဲ့ ကစားကွင်းထဲမှာ ကစားနေကြတဲ့ ကလေးငယ်တွေကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ထားသလို အခါအခွင့်သင့်ရင်တော့ အဲဒီပြတင်းပေါက်ကို ဖွင့်ကြည့်ဖို့ အမြဲ စဉ်းစားနေခဲ့ပါတယ်။
သူ့အမြင် ကိုယ့်အမြင်
ဒီနေရာလေးမှာတော့ လူပြောများနေတဲ့ နိုင်ငံခြားရောက် မြန်မာမိန်းကလေးတွေ အပေါ် မြင်ကြတဲ့ လူတွေရဲ့ အမြင်ကို ဝမ်းနည်းစွာနဲ့ ပါးပါးလေး ပြောချင်ပါတယ်။
ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို မကြာမကြာ မြင်တွေ့ ခံစားနေရတဲ့ မြန်မာမိန်းကလေးတစ်ယောက်ရဲ့ အမြင် ကိုပြောခြင်းဖြစ်တာမို့ အခြားသူတွေကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒတော့ မရှိပါဘူး။
မြန်မာမိန်းကလေးတွေ ကောင်းတယ် တော်တယ် ထက်မြက်တယ် ဆိုတဲ့ သတင်းတွေထက် မကောင်းတဲ့ သတင်းတွေကိုသာ မြန်မာသတင်းရပ်ကွက်တွေမှာ မကြာမကြာကြားရတတ်ပါတယ်။
မြန်မာမိန်းကလေးတွေ အကျင့်စာရိတ္တ ပျက်စီးကုန်တယ် ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တယ် ဆိုတာ နိုင်ငံခြားရောက်မှ ဖြစ်ကုန်တယ်လို့ အခိုင်အမာ ပြောလို့မရပါဘူး။ မြန်မာပြည်တွင်းမှာလဲ ပြောရခက်လောက်အောင် ဆိုးရွားနေတဲ့ အဖြစ်တွေ ရှိနေနိုင်ပါသေးတယ်။
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဗီဇဆိုတာ မွေးရာပါ ဖြစ်လာတာမို့ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ရတယ်ဆိုရင်တောင် ရာနှုန်းပြည့်တော့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ပတ်ဝန်းကျင်ရဲ့ အရောင်ပြောင်းခြင်းကို ခံလိုက်ရတဲ့ မိန်းကလေးတွေ ရှိနေတာကိုတော့
မငြင်းလိုပါဘူး။
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေပေမယ့် ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုကို ကြံ့ကြံ့ခံနိုင်တဲ့ အမျိုးကောင်းသမီးလေးတွေ အများကြီး ရှိနေပါတယ်။.... ရာနှုန်းပြည့်နီးပါး ရှိနေပါတယ်။ အများသူငါတွေ ပြောနေကြသလို မဆိုးရွားကြပါဘူး။
အချို့အချို့သော မိန်းကလေးများရဲ့ လွတ်လပ်မှုကို အလွဲသုံးစားလုပ်မှုတွေကြောင့်သာ မိန်းမကောင်းလေးတွေအားလုံး အထင်အမြင်လွဲခံရတာကတော့ ဝမ်းနည်းစရာကောင်းပါတယ်။
ဆွမ်းဆန်ထဲမှာ ကြွက်ချေးတွေရောနေခဲ့တယ်.... ငါးခုံးမက တစ်ကောင်တည်း ပုတ်ခဲ့တာပါ... တလှေလုံးတော့ မပုတ်ခဲ့ပါလို့ ပြောင်းလဲပြီး မြင်ပေးနိုင်ကြရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်မိပါတယ်။
လောကကြီးမှာ အကောင်းနဲ့ အဆိုးဟာ အမြဲဒွန်တွဲနေတာမို့ တကယ်လို့ ပြောစရာ ဖြစ်လောက်အောင်များ ဆိုးရွားနေတာကို တွေ့ခဲ့ရင်တောင်....
ဖန်ခွက်ထဲက ရေလို တစ်ဝက်ပြည့်နေတယ်လို့ မြင်ပေးဖို့ မပြောဝံ့ပါဘူး...
ဒါပေမယ့် မိဖုးရားမောင် ခွေးကြည့်သလို မျက်တောင်တစ်ဆုံးမကြည့်ပဲ
ငယ်ကျွန်ကြီးလို မျက်စိတစ်ဆုံးထိ ကြည့်ပြီးမှသာ ဝေဖန်ကြည့်ပါလို့ ......
အခြားအခြားသော မတူညီနိုင်တဲ့ အမြင်တွေကတော့ ပြောရင်ဆုံးနိုင်မယ်မထင်ပါဘူး။ ဒီလောက်ဆိုရင်တော့ ကိုဇော် ကျေနပ်နိုင်မယ်လို့ ထင်ပါတယ်။
အခုလို သတိတရတဲ့ Tag တဲ့အတွက် စိတ်ရှည်လက်ရှည် စောင့်တဲ့အတွက်လဲ ကိုဇော့်ကို ကျေးဇူးတင်ပါတယ်။
Saturday, April 24, 2010
|
Labels:
Tag Post
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
15 comments:
ဒါပေါ့ ညီမရေ. . .
မျက်စိတစ်ဆုံးထက် မက မြင်ပေးတဲ့ သူတွေလည်း ရှိနေကြပါတယ်။
မြန်မာမိန်းကလေးတွေ ကြားထဲမှာ မြင်နေတဲ့ အယူအဆကိုလည်း မမြင်စေချင်ပါဘူး။ ဒီလို မြင်နေတဲ့ အတွက် ဒီလိုမျိုးတွေနဲ့ လိုက်ပြီး ဇာတ်သွင်း ချင်တတ်ကြတယ်။
ညီမ အမြင်လေးတွေ သဘောကျတယ် ညီမရေ။ ဘာလို့လဲ ဆိုတော့  အစ်ကိုက ကျယ်ကျယ်ပြန့်ပြန့် တွေးစေချင် ၊ မြင်စေချင် လို့ပါ။
ရေးပေးတဲ့ အတွက် ကျေးဇူး။
အမြင်ရှင်းစွာဖြင့်
ကိုဇော်
အမြင်လေးတွေဖတ်သွားပါတယ် ညီမ။
အမြင်လေးတွေကို တစ်ခုချင်းစီ ရေးသားထားတဲ့အတွက် ဖတ်လို့ကောင်းသလို၊ အသိပညာလည်းရသွားပါတယ်။ ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။
တွေးစရာ တွေ အများကြီး ရလိုက်တယ် နှင်းရေ ။
ရှု ဒေါင့် မတူ တဲ့ နေရာက နေကြည့် ရင်တော့ ဘယ်လိုမှ အမြင် တထပ်တည်း ရှိနိုင်မှာ တော့ မဟုတ် ပါဘူး ..လက်ဖမိုး နဲ့ လက်ဖဝါး ကို မြင်သလို ပါပဲ ။ လက်တော့ လက်ပဲလေ ။
လက်ကို ကြည့် ပြီး ခြေ လို့  ထင်တတ်တဲ့ သူတွေမရှိရင်တော့ အကောင်းဆုံး လို့ ထင်ပါတယ်။
လူတိုင်း ရဲ့  အမြင်တွေ ကြည်လင် မျှတ နိုင်ပါစေ...
ခင်မင်စွာဖြင့်
မကိ
နှင်းရဲ့ အမြင်လေးတွေကို လာရောက်ဖတ်ရှုပါတယ်
အရေးကောင်းသလို အတွေးကောင်းလေးနဲ့ အမြင်လေးတွေကိုချပြထားလို့ ဖတ်လို့ကောင်းပါတယ်..
ဘာဘဲဖြစ်ဖြစ် အဓိက ကတော့ ကိုယ်မြင်တဲ့အမြင်၊ ကိုယ်ပြောတဲ့အပြောဟာ ဘယ်သူ့ကိုမှ မထိခိုက်စေတာ အကောင်းဆုံးပါဘဲ ..
လက်ဖ၀ါးလို့ဘဲမြင်မြင် လက်ဖမိုးလို့ဘဲမြင်မြင် ကိစ္စမရှိပါဘူး
လူတိုင်းဟာ အမြင်ချင်းမတူနိုင်သလို တစ်ထပ်တည်းမကျနိုင်ပါဘူး
ကိုယ်တိုင်က ဘာမှမဟုတ်တဲ့အတွက် လူတွေကို ပြုပြင်ပြောင်းလဲပေးဖို့ဆိုတာ ခက်လှပါတယ်..
ဒီတော့ သူ့အမြင်ကိုယ့်အမြင်လေးတွေ မတူတာရှိရင် နားလည်မှုလေးနဲ့ စာနာပေးလိုက်တာ ကောင်းမယ်လို့ယူဆပါတယ်
မြန်မာမိန်းခလေးတွေအပေါ်ထားတဲ့ အမြင်ကိုလည်း နှင်းနဲ့ ထပ်တူ ခံယူပါတယ်.. လူတိုင်းဟာ ပျက်စီးနေတာမဟုတ်သလို အားလုံးကို ပုံစံခွက်တစ်မျိုးထဲနဲ့ မြင်တာတော့ မဖြစ်သင့်ပါဘူး..
လူတိုင်းမှာ အကောင်းအဆိုးရှိတာ လက်ခံပါတယ်..
မနှင်းရေ....
ညီညွတ်မျှတတဲ့ အမြင်...ဆိုတဲ့ ရသစာလေးကို ဖတ်လိုက်ရတာ တန်ဖိုးရှိပါတယ်
အောင်မြင် ပျော်ရွှင်ပါစေ
ခင်မင်လေးစားလျှက်
ညီမလေး နှင်းဟေမာ
မနှင်းတင်ပြပုံလေးကတော့ တကယ်သပ်ယပ်တယ်..
ဘကျောက်တော့ အဲလိုမတွေးတာကြာလေပေါ့
အရမ်းကောင်းပီး ရိုက်ချက်ပြင်းတယ်။ သဘောတူတယ်။
မိန်းကလေးတွေပဲ ပျက်တယ်ဆိုးတယ်နာမည်ထွက်ပီး
မြန်မာအမျိုးသားအများစုရဲ့ မကောင်းသတင်းကတော့ မထွက်ပေးဘူးနော်။ အထူးသဖြင့် ပြည်ပရောက်သူတွေပေါ့။
မိန်းကလေးတွေလာပီဆို ..စားဖားကြီးတွေလို..ဆည်ဝကဗျိုင်းစောင့်သလို အကူအညီပေးရန်အသင့်...အင်း..သူတို့တွေကတော့ သူတော်ခေါင်း တွေပေါ့လေ..။
ပြဿနာတစ်ခုဖြစ်တိုင်း အဆိုးမြင်တာထက် မျှတွေးပေးတာကို သဘောကျတယ်။ ကိုယ်ထင်တိုင်းမှ မဖြစ်ကြတာရယ် ဖြစ်နိင်ချေလေး တွေးပေးလိုက်တော့ ကိုယ်တိုင်လည်း အေးချမ်းရတယ်လေ။
I am agreed with you. All the girls will not change once they arrived oversea. Its depend on individual behavior.
အမြင်လေးတွေရေးထားတာတန်ဖိုးရှိပါတယ်မနှင်းရေ..။
လူတိုင်းလူတိုင်းဟာကိုယ့်အမြင်သူ့အမြင်မတူနိုင်ကြပါဘူး
လေ။ဒါပေမဲ့လည်းမျှမျှတတတွေးပြီးတော့ပဲနားလည်ပေး
လိုက်တာအကောင်းဆုံးပဲဖြစ်မှာပါနော်..။
ကျန်းမာရွှင်လန်းပါစေမနှင်းရေ..။
ခင်တဲ့
သဒ္ဓါ
နှင်းရေ..
ကြည်လင်တဲ့ အမြင်လေးတွေက အကောင်းဆုံးပါပဲနော်။
အမြင်လေးတွေကြည်လင်တော့ ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကိုပါ အကြည်ဓာတ်လေးတွေ ကူးစက်လာနိုင်တာပေါ့နော်။ ကုသိုလ်လုပ်ခြင်း တမျိုးပေါ့။
ပျော်ရွှင်ပါစေနှင်းရေ..။
ခင်မင်စွာ..
မြသွေးနီ
www.myathwayyni.com
အမြင်ဆိုတာကလဲ အခက်သားလား။
အပေါ်ကကြည့်ရင် ပ စောက်
အောက်ကကြည့်ရင် ဂ ငယ်
ညာဘက်ဘေးကကြည့်ရင် နံပါတ် ၁
ဘယ်ဘက်ဘေးကကြည့်ရင် င
ခက်တော့ ခပ်ခက်ခက်ကြီး။
အဓိကကတော့ ဘယ်လိုကြည့်ကြည့် အပြုသဘောဆောင်တဲ့ အကြည့်မျိုးနဲ့ ကြည့်တာတော့ ကောင်းတာပေါ့လေ။
မနှင်းတင်ပြထားတာလေးတွေ အဓိပ္ပါယ်အများကြီးရှိပါတယ်။
ပျော်ရွှင်ပါစေ မနှင်း။
..
အမြင်လေးရှင်းရှင်းလင်းလင်း မြင်သွားတယ် မနှင်းရေ။
နှင်းရေ...အမြင်တွေတူနေတယ်ဗျို့.....
မနှင်းရေ........
ခုမှပဲ ဖတ်ရတော့တယ်........။
ပြည်ပရောက်မိန်းကလေးတွေအပေါ်မှာ ထားတဲ့ အမြင်လေးတွေကို ကျွန်တော်လည်းသဘောတူတယ်....။
တွေ့လည်းတွေ့ဖူးတယ်.......။
များသောအားဖြင့် မြန်မာမိန်းကလေးတွေရဲ့ အရောင်ဆိုးခံရမှုဟာ မြန်မာယောကျာ်းလေးတွေကြောင့်ပဲ....။
အများကြီးမြင်ခဲ့ဖူးလို့...................။
ခင်မင်တဲ့
ဏိလင်းညို
Post a Comment