ကမ္ဘာတလွှား ခရီးသွား မိခင်လောင်းများ
တလောတုန်းက ကျွန်မရေးခဲ့ဘူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန် ၃၂ ပတ်ဆိုရင် လေယာဉ်စီးပြီး ခရီးသွားဖို့ သက်ဆိုင်ရာဆရာဝန်ရဲ့ ထောက်ခံချက်လိုပါတယ် ….ကိုယ်ဝန် ၃၂ ပတ်ကျော်လာရင်တော့ လေကြောင်းလိုင်းတွေက လက်မခံပါဘူးလို့ ရေးခဲ့ဘူးပါတယ်။
အချို့ကိုယ်ဝန်တွေဟာ ကိုယ်ဝန် ခုနစ်လလောက်နဲ့ ကလေးမွေးတတ်သလို ကိုယ်ဝန်ဆောင်မိခင်တွေ လေယာဉ်နဲ့ ခရီးသွားချိန်တွေမှာ စိတ်လှုပ်ရှားမှုကြောင့် မတော်တဆ ကလေးမွေးတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။
ဒီရက်ပိုင်းလေးမှာပဲ ကိုယ်ဝန်သက်တမ်း ၂၇ ပတ် ( ၇ လခန့်) ရှိပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် လေယာဉ်ပေါ်မှာ ကလေးမွေးလိုက်ရတဲ့ သတင်းလေးကို တွေ့လိုက်ရပါတယ်။ ဒီဖြစ်စဉ်လေးကတော့ အဲမရိတ်(Emirates) လေကြောင်းလိုင်းရဲ့ ဒူဘိုင်းကနေ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကို သွားတဲ့ ခရီးစဉ်မှာ ဖြစ်ခဲ့တာပါ။ မိခင်လောင်းကတော့ အသက် ၃၅ နှစ်အရွယ် ဖြစ်ပြီး သူမအတွက် ပထမဆုံး ရင်သွေး သားယောက်ျားလေး ဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးဆုံးဖြစ်တဲ့ မနီလာမြို့ကိုရောက်ဖို့ နှစ်နာရီခွဲလောက်အလို အင်ဒိုချိုင်းနား ကျွန်းဆွယ်ရဲ့ အမြင့်ပေ ထောင်ပေါင်းများစွာပေါ်အထက်မှာ ကလေးငယ်ကို မွေးခဲ့ရပါတယ်။
ကံကောင်းချင်တော့ သူမစီးလာတဲ့ လေယာဉ်ပေါ်မှာ ဖိလစ်ပိုင်နိုင်ငံသူ သူနာပြုဆရာမလေး နှစ်ယောက်လဲ ပါလာတာမို့ လေယာဉ်အိမ်သာထဲမှာ ကလေးမွေးလိုက်ရတဲ့ သူမကို ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးငယ်လေးက အာက်ဆီဂျင်ပြတ်လပ်မှုကြောင့် တကိုယ်လုံးပြာနှမ်းနေခဲ့တာမို့ လေယာဉ်မှူးဟာ ကလေးအသက်ကို ကယ်ဖို့ အနီးဆုံးလေယာဉ်ကွင်းတစ်ခုမှာ ဆင်းသက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အနီးဆုံးလေယာဉ်ကွင်းတစ်ခုဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို လေယာဉ်မဆင်းသက်နိုင်ခင်အထိ မိခင်နဲ့ ကလေးကို လေယာဉ်ပေါ်မှာပဲ အောက်ဆီဂျင်ပိုက်တွေ တပ်ဆင်ပေးထားခဲ့ပါတယ်။ ကလေးငယ် အနွေးဓါတ်ရရှိဖို့ကိုတော့ လေယာဉ်ပေါ်မှာသုံးတဲ့ LED စာဖတ် မီးချောင်း ၂ ခုကို သုံးခဲ့ကြပါတယ်။
အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဗီယက်နမ်နိုင်ငံ Tudu ဆေးရုံမှာ ကလေးနဲ့ မိခင်ကို ပို့ထားခဲ့ပြီး လေယာဉ်ကြီးဟာ မူလဦးတည်ရာနိုင်ငံ ဖြစ်တဲ့ မနီလာကို ခရီးဆက်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံက ဆေးရုံမှာတော့ မိခင်နဲ့ ကလေးအတွက် တပတ်စာ ကုန်ကျငွေဟာ ဒေါ်လာ ရှစ်ရာလောက်သာ ကျတာမို့ ကလေးမိဘတွေအတွက် ဆေးရုံစရိတ် ဒေါ်လာ ၇၀၀ လောက်သာ ကျခံရမှာ ဖြစ်ပါတယ်။ ကလေးရဲ့ မိဘများကတော့ အဲမရိတ်လေကြောင်းလိုင်းရဲ့ ခရီးစဉ်မှာ မွေးဖွားခဲ့တဲ့ သားလေးကို အဲမရိတ်လေကြောင်းလိုင်းရဲ့ သင်္ကေတ ဖြစ်တဲ့ EK လို့ အမည်ပေးမယ်လို့ ပြောခဲ့ပါတယ်။
ဒီလိုဖြစ်စဉ်တွေမှာ ကလေးနဲ့ မိခင်ရဲ့ အသက်ကို ဦးစားပေးလေ့တဲ့ လေကြောင်းလိုင်းတွေအတွက် အချိန်ကုန် စရိတ်ကုန်တဲ့အပြင် ခရီးစဉ် နှောင့်နှေးမှုတွေ ကြုံရတတ်ပါတယ်။ အနီးဆုံးလေယာဉ်ကွင်းမှာ ခွင့်ပြုချက်တောင်းပြီး ဆင်းရတဲ့အတွက် လေယာဉ်ကွင်း အသုံးပြုခစရိတ်နဲ့ လေယာဉ်လောင်စာဆီစရိတ်တွေကုန်သလို မိမိရဲ့ ခရီးစဉ်လဲ နှောင့်နှေးတတ်စမြဲပါ။ ခရီးသည်ပေါင်း သုံးရာကျော်ပါတဲ့ လေယာဉ်ဖြစ်တဲ့အတွက် ခရီးသည်တစ်ယောက်ရဲ့ အရေးပေါ်အခြေအနေမှာ ကျန်တဲ့ ခရီးသည် သုံးရာကျော်လဲ ခရီးစဉ်ကြန့်ကြာမှုအတွက် စိတ်အနှာင့်အယှက်ဖြစ်ရတတ်ပါတယ်။
ဒါပေမယ့် ရှားရှားပါးပါး လေယာဉ်ပေါ်မှာမွေးလာတဲ့ ကလေးတွေကို International citizenship ပေးတတ်သလို သက်ဆိုင်ရာလေကြောင်းလိုင်းကလဲ ဘဝတစ်သက်သာ လေယာဉ် အခမဲ့ စီးခွင့် ပေးခဲ့ဘူးတဲ့ အစဉ်အလာတွေ ရှိခဲ့ဘူးပါတယ်။ ဒါပေမယ့် အဲမရိတ်လေကြောင်းလိုင်းကတော့ အဲဒီအစီအစဉ်ကို အခုချိန်မှာ ဆက်ပြီး မကျင့်သုံးတော့ပါဘူး။
၂၀၁၀ ခုနှစ်အတွင်းမှာလဲ Etihad လေကြောင်းလိုင်းရဲ့ ခရီးစဉ်တစ်ခုမှာ ဆေးကျောင်းသူတစ်ယောက် ကလေးမွေးခဲ့တဲ့ သတင်းလေးလဲ ဖတ်လိုက်ရပါတယ်။
၂၀၁၀ နှစ်ကုန်ပိုင်းတုန်းကလဲ ဘိုလီးဗီးယားနိုင်ငံ လေတပ်က ပြေးဆွဲခဲ့တဲ့ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုကတော့ လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်တစ်ယောက်ကို အသက် ၂၁ နှစ်ပြည့်တဲ့ အထိ လေယာဉ် အခမဲ့ စီးနင်းခွင့်ပေးခဲ့တဲ့ အပြင် ဘိုလီးဗီးယား နိုင်ငံမှာ အထက်တန်းအထိ ပညာသင်ကြားခွင့်နဲ့ လေကြောင်းပညာသင်ဖို့အတွက် ပညာသင်ဆုကိုပါ ပေးအပ်ခဲ့ဘူးပါတယ်။ လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးဟာ တိုက်တိုက်ဆိုင်ဆိုင် ခရီးသွား ဆရာဝန်တစ်ယောက်နဲ့ သူနာပြုဆရာမတစ်ယောက်ရဲ့ အကူအညီနဲ့ ကျန်းကျန်းမာမာ မွေးဖွားခဲ့ပြီး လေကြောင်းလိုင်းရဲ့ အသိအမှတ်ပြုခံရတဲ့ ကံထူးရှင်မလေး ဖြစ်ခဲ့ပါသေးတယ်။ သူမရဲ့မိဘများက သူမမွေးဖွားခဲ့တဲ့ TAM လို့ အမည်ရတဲ့ လေကြောင်းလိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ကလေးမလေးကို Tami လို့ အမည်ပေးခဲ့ပါတယ်။
သိပ်မကြာခင်လေးကလဲ ကျွန်မရဲ့ ဂျူတီချိန်မှာ လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်မှာဖြစ်တဲ့အတွက် လူနာတင်ကားနဲ့ ကျွန်မတို့ဌာနက ဝန်ထမ်းတစ်ယောက် အသင့်စောင့်နေဖို့ သတင်းဝင်လာပါတယ်။ ဆင်းသက်မယ့် လေယာဉ်ရဲ့ ခရီးစဉ်အမှတ်နဲ့ ပါကင် နံပါတ်ကို မေးကြည့်တော့ မကြာလေးခင်ကမှ ကျွန်မတို့ ကွင်းကနေထွက်သွားတဲ့ လေယာဉ်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
ဒူဘိုင်းကနေ သီရိလင်္ကာနိုင်ငံကိုထွက်ခွာသွားတဲ့ လေယာဉ်ဟာ နာရီပိုင်းအတွင်း အရေးပေါ် ပြန်ဆင်းလာရတဲ့ အကြောင်းရင်းကလဲ လေယာဉ်ပေါ်မှာ ပါသွားတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် ဗိုက်နာလာတဲ့ အတွက်ဖြစ်နေပါတယ်။ လေယာဉ် အရေးပေါ် ဆင်းသက်ဖို့အတွက် သက်ဆိုင်ရာ လေကြောင်းလိုင်းက ဝန်ထမ်းတွေလဲ ပျာယာခတ်သွားကြသလို တာဝန်ကျ ဂျူတီမန်နေဂျာကလဲ ထုံးစံအတိုင်း စုံစမ်းစစ်ဆေးရေး စရပါတယ်။ ဗိုက်နာလာတဲ့ ကိုယ်ဝန်ဆောင်ခရီးသည်ကို စိစစ်ပြီး လက်ခံခဲ့တဲ့ ဝန်ထမ်းကတော့ ထိပ်ဆုံးက စစ်ဆေးခံရလေ့ရှိပါတယ်။ ခရီးသွားသူဟာ ကိုယ်ဝန်ဆောင်မှန်းသိရင် သက်ဆိုင်ရာ ဆေးရုံက ဆရာဝန်ရဲ့ ထောက်ခံစာနဲ့တကွ သေသေချာချာ စိစစ်ပြီး လက်ခံရတာမို့ ဒီလို ကိစ္စမျိုးမှာ ခရီးသည်ကို check-in လုပ်ပေးတဲ့ ဝန်ထမ်းက အရင်ဆုံး ခေါင်းစဉ်တပ်ပြီး စစ်ဆေးခံရတာပါ။ အခန့်မသင့်ရင်လဲ ဝန်ထမ်းအနေနဲ့ ထုချေလွှာတင်ရတဲ့ အပြင် သတိပေးစာ ( Warning Letter ) ရတတ်ပါသေးတယ်။
ကျွန်မ ညဂျူတီကျတဲ့ ညတစ်ညမှာလဲ လေယာဉ်ပေါ်မှာ ဗိုက်နာလာတဲ့ ခရီးသွားမိခင်လောင်းတစ်ယောက်ကို ဆေးရုံကို ပို့လိုက်တဲ့ သတင်းကို ကြားခဲ့ရပါသေးတယ်။ အဲဒီခရီးသည်ကတော့ ကူဝိတ်ကနေ အာဖဂန်နစ္စတန်ကိုသွားတဲ့ ခရီးသည်ပါ။ သူမကတော့ ဒူဘိုင်းလေဆိပ်မှာ တထောက်နားပြီး လေယာဉ်ပြောင်းစီးရမယ့်သူပါ။ မိခင်လောင်းဟာ ဒူဘိုင်းကို လေယာဉ်မဆိုက်ခင်ကတည်းက ဗိုက်နာလာတာမို့ လေယာဉ်ဆိုက်တာနဲ့ ဆေးရုံကို အရေးပေါ် ပို့ပေးလိုက်ရပါတယ်။ သူမနဲ့အတူ ခရီးသွားကြတဲ့ သူမရဲ့ လူမမယ် သားသမီး ငါးယောက်ကိုတော့ လေဆိပ် ဆိုက်ရောက်ဌာနက ကျွန်မရဲ့ ရုံးခန်းမှာ တာဝန်ယူပြီး ထိန်းပေးထားရပါတယ်။ သားသမီးကုသိုလ်ထူးရှာတဲ့ သူမကတော့ သားသမီးခြောက်ယောက် ရှိနေတဲ့ အပြင် တထောက်နားတဲ့ နိုင်ငံမှာ မွေးလာတဲ့ ကလေးငယ်ကလဲ သားယောက်ျားလေး အမွှာနှစ်ယောက် ဖြစ်နေပါတယ်။
သူမရဲ့ ဖြစ်စဉ်မှာလဲ ဆေးရုံပေါ်ရောက်နေတဲ့ မိခင်လောင်း ဆေးရုံက မဆင်းမချင်း လူမမယ်ကလေးငါးယောက်က လေဆိပ်မှာ သောင်တင်နေမှာမို့ သက်ဆိုင်ရာ သံရုံးကို အကူအညီတောင်းရပါသေးတယ်။ သံရုံးကဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ကလေးတွေကို တာဝန်ယူပြီး ပြန်ပို့ပေးမယ့် စေတနာ့ဝန်ထမ်းတစ်ယောက်ကို ညချင်းတွင်း ရှာတွေ့လာခဲ့ပါတယ်။ စေတနာ့ဝန်ထမ်း လူငယ်လေးက နောက်နေ့မနက် လေယာဉ်နဲ့ ကလေးငါးယောက်ကို ခရီးဆုံးမြို့ကို လိုက်ပို့ပေးခဲ့ပါတယ်။ ကလေးအမွှာနှစ်ယောက်နဲ့ မိခင်ကတော့ ဆေးရုံကဆင်းမှ အိမ်ပြန်ခွင့်ရပါတယ် သူမအတွက် ကုန်ကျခဲ့တဲ့ ဒေါ်လာသောင်းနဲ့ချီတဲ့ ဆေးရုံစရိတ်နဲ့ အထွေထွေ ကုန်ကျစရိတ်တွေကိုတော့ သက်ဆိုင်ရာ လေကြောင်းလိုင်းက ကူညီပံ့ပိုးပေးခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ မဟုတ်ပဲ လေယာဉ်ကွင်းမှာ ဗိုက်နာပြီး ကလေးမွေးတဲ့ အဖြစ်အပျက်တွေလဲ မကြာခဏ ဖြစ်တတ်ပါသေးတယ်။ တခါတုန်းကလဲ လေယာဉ်ထွက်ခွာဖို့ Boarding လုပ်နေချိန်မှာ ဗိုက်နာလာတဲ့ မိခင်လောင်း တစ်ယောက်ကိုလဲ အရေးပေါ်အစီအစဉ်နဲ့ ဆေးရုံကို ပို့ပေးခဲ့ရဘူးပါတယ်။
အချို့ မိခင်တွေကလဲ ဆေးရုံရောက်တဲ့အထိ မစောင့်နိုင်ကြလို့ လေဆိပ်ကျန်းမာရေးဌာနက ဆေးခန်းမှာပဲ ဆရာဝန်တွေရဲ့ အကူအညီနဲ့ ကလေးမွေးတတ်ကြပါတယ်။ တခါတလေကျပြန်တော့လဲ လေဆိပ်ဆေးခန်းအထိ မသွားနိုင်တော့တဲ့ အခြေအနေမျိုးတွေကို တွေ့ရပြန်ပါသေးတယ်။ ဆေးခန်းရောက်အောင် မသွားနိုင်တဲ့ မိခင်လောင်းတွေကိုတော့ လေဆိပ်ကြီးရဲ့ ရောက်ရာအရပ်မှာ လိုက်ကာတွေ ကာပြီး ကလေးမွေးပေးရတတ်ပါသေးတယ်။
လေယာဉ်ကွင်းက အများသုံးအိမ်သာတွေမှာ မွေးကင်းစကလေးတွေကို စွန့်ပစ်ခဲ့ကြတဲ့ မိခင်လောင်းတွေရဲ့ သတင်းတွေကိုလဲ တခါတရံ ကြားရတတ်ပါသေးတယ်။ လုံခြုံရေး ကင်မရာ အပြည့်တပ်ထားတဲ့ လေဆိပ်တစ်ခုဆိုတာကို မေ့လျော့ပြီး ကလေးငယ်တွေကို စွန့်ပစ်ဖို့ကြိုးစားကြတဲ့ မိခင်တွေဟာ လေဆိပ်ထဲကနေ ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်ခဲ့ပါဘူး။
လေဆိပ် အိမ်သာတွေမှာ ကလေးတွေကို စွန့်ပစ်ကြသလို လေယာဉ်အိမ်သာတွေထဲမှာလဲ ကလေးတွေကို စွန့်ပစ်ခဲ့ကြတဲ့ ခရီးသွား မိခင်လောင်းတွေရဲ့ သတင်းတွေကိုလဲ ကြိုကြားကြိုကြား ကြားရတတ်ပါသေးတယ်။ Gulf Air ရဲ့ လေယာဉ် အိမ်သာထဲက ကလေးငယ်လေးကို သန့်ရှင်းရေးသမားတွေက တွေ့ရှိပြီး ဆေးရုံပို့ခဲ့တဲ့ သတင်းကို ၂၀၁၀ နှစ်ကုန်ပိုင်းလောက်က ဖတ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ကလေးကို စွန့်ပစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသူမိခင်ကို သက်ဆိုင်ရာက ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်တုန်းကလဲ ဆာမိုရာကနေ နယူးဇီလန်ကိုသွားတဲ့ လေယာဉ် အိမ်သာထဲမှာ မွေးကင်းစကလေးငယ်ကို တိတ်တဆိတ်စွန့်ပစ်ခဲ့တဲ့ ဆာမိုရာနိုင်ငံသူ မိခင်လောင်းအကြောင်း သတင်းတစ်ခုမှာ တွေ့ခဲ့ရပါသေးတယ်။
ဒူဘိုင်းလေဆိပ်က အိမ်သာထဲမှာ မွေးကင်းစ ကလေးငယ်ကို စွန့်ပစ်ခဲ့တဲ့ အီသီယိုးပီးယား နိုင်ငံသူကိုလဲ လုံခြုံရေးကင်မရာတွေကနေတဆင့် ခြေရာခံမိခဲ့ပါသေးတယ်။
မိခင်လောင်းတွေဆိုတာ တစ်နေ့မှာ သချိုင်းကုန်းကို သုံးကြိမ်လောက် မျက်စောင်းထိုးရသူတွေလို့ ရှေးလူကြီးတွေ ပြောခဲ့ဘူးပါတယ်။
အသက်နဲ့ယှဉ်ပြီး စွန့်စွန့်စားစား ကလေးမွေးရတဲ့ အလုပ်ကို ခရီးသွားဟန်လွဲ မလွဲသာ မရှောင်သာလုပ်နိုင်တဲ့ မိခင်လောင်းတွေဆီမှာ သူမတူတဲ့ မိခင်တွေရဲ့ သတ္တိထူးတွေနဲ့ မေတ္တာတွေကို ပီပီပြင်ပြင်တွေ့ရမှာ သေချာပါတယ်။
ဒါပေမယ့် လူ့အသက်နှစ်ချောင်းပိုင်ရှင် မိခင်လောင်းတွေ ဖြစ်တာမို့ မလိုအပ်ပဲ မစွန့်စား သင့်ပါဘူး။ ကိုယ်ဝန် လရင့်လာရင်လဲ ဘယ်လို ခရီးမျိုးကိုမှ မသွားပဲ ရှောင်ကြဉ်နိုင်ရင် မိခင်ရော ကလေးရော နှစ်ယောက်စလုံးအတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။
ဘေးရန်ကင်းသော ခရီးသွားမိခင်များဖြစ်ကြစေဖို့ ဆန္ဒပြုရင်း။
နှင်းနဲ့မာယာ
Tuesday, September 18, 2012
|
Labels:
Women' World Journal
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
1 comments:
ဖတ်ရတာ ဗဟုသုတရစေတာမို့
ကျေးဇူးပါအမရေ
Post a Comment