ချစ်သူသိစေ..

နှလုံးသားနှင့် နီးစပ်ခွင့်ကို
သခင့်အပေါ် ရင်ခုန်မျှော်ဆဲ
တမ်းတဆဲပါ ဆွေးကမ္ဘာမှာ
တွေးကာမျှော်လဲ
အချစ်သဲက
ဟိုဝေးဆီမှာ....

တွေ့ဆုံရက်ကို လက်ချိုးလို့ရည်
မျှော်မှန်းစိတ်ကူး ရင်ထဲရူးခဲ့
လွမ်းတဆဲပါ မစွမ်းသာပြီ
နှလုံးသားက
ချစ်သူဆီမှာ....

နောင်တစ်ချိန်မှာ မင်းနဲ့ကိုယ်ဟာ
ပြန်ဆုံမယ်ဆိုရင်
ခုဘဝမှာ ဘယ်လောက်ပဲဝေးဝေး
ကိုယ်တစ်ယောက်သာမင်းအတွက်ဖြစ်ပြီး
မင်းတစ်ယောက်သာ ကိုယ့်အတွက်ဖြစ်စေမှာပါ
ကြင်နာသူရယ်.....

ဘယ်လိုပဲဖြစ်ဖြစ်
ဘယ်နေရာပဲရောက်ရောက်
ဘယ်အရပ်မှာပဲနေနေ
ကိုယ့်နှလုံးသားက
အကြင်နာစကားလေးတွေကို
မင်းနှလုံးသားရပ်ဝန်းဆီ
မှန်းဆလို့
လေပြေနှင့်အတူ အမှာတော်ပါးလိုက်ပြီ....................

အရမ်းခင်ရတဲ့ သူငယ်ချင်း နေခြည်ရဲ့ ရင်တွင်းဖြစ်လေးပါ။

1 comments:

Beauty Studio USA Branded Store said...

အဝေးရောက်ချစ်သူတွေရေ
သစ္စာမှန်စွာပြုလို့ နီးပါစေ။

My Blog List