
ထူးထူးဆန်းဆန်း သတင်းစာထဲမှာတွေ့ လိုက်တဲ့ သတင်းလေးပါ။
A camel Beauty Contest တဲ့ ဓါတ်ပုံနဲ့တကွ လှလှပပလေး ဖော်ပြထားတာပါ။
ထိပ်စည်းမှာဖော်ပြထားတဲ့ ဆုကြေးငွေ ပမာဏ ကို မြင်တော့ ပိုလို့ စိတ်ဝင်စားမိပါတယ်။
ဒူဘိုင်းငွေ (ဒါဟန်း) သန်းလေးဆယ် တဲ့။ ( 1USD = 3.6 DHS) ဆိုတော့ အမေရိကန်ဒေါ်လာ
၁၁ သန်းကျော် ကို ဆုရရှိတဲ့ ကုလားအုပ်ကို ချီးမြင့်မှာပါ။
ပြီးတော့ ထရပ်ကားက ၁၄၃ စီးပါပါသေးတယ်။
အဲဒီပြိုင်ပွဲမှာ ကုလားအုပ်လေလံ ပွဲလဲ တစ်ပြိုင်တည်းကျင်းပမှာပါ။
ပြိုင်ပွဲဝင်မယ့် ကုလားအုပ်တွေကလဲ ထောင်နဲ့ချီလို့ ။
အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း ကူဝိတ် အိုမန် ကာတာ ဆော်ဒီ နဲ့ အခြားနိုင်ငံတွေက ကုလားအုပ်တွေ ဟာပြိုင်ပွဲ ဝင်ဖို့ ယူအေအီးရဲ့ မြို့တော် အဘူဒါဘီကို ရောက်နေကြပါပြီ။
ကုလားအုပ် တစ်ကောင်ရဲ့ တန်ကြေးကလဲ မသေးလှပါဘူး။
သူတို့ အဆိုအရ အမေရိကန်ဒေါ်လာ ၅သန်းလောက်တန်ဖိုး ရှိတဲ့ ကုလားအုပ်ဟာ
ပြိုင်ပွဲဝင်ဖို့ အကောင်းဆုံး အလှပဆုံးလို့ ဆိုပါတယ်။
ပြိုင်ပွဲဝင် ကုလားအုပ်တွေကို အဓိကထားပြီး အမှတ်ပေးရွေးချယ် ရမယ့် အချက်တွေကတော...
၁။ ကုလားအုပ် အရွယ်အစား နဲ့ အမျိုးအစား
၂။ ကုလားအုပ်ရဲ့ ကိုယ်နေဟန်ထား
၃။ နားရွက်နဲ့ နှာခေါင်းရဲ့ အချိုးအစားကျနမှု (ဒါကတော့ မျက်နှာပြင်အရွယ် အစားပေါ်မူတည်ပြီးကြည့်ပါတယ်)
အပိုဆောင်းအနေနဲ့က ကုလားအုပ်ရဲ့ ဝတ်စားတန်ဆာ အချိုးကျန လှပမှုကိုပါ ထည့်သွင်း စဉ်းစားသွားမှာဖြစ်ပါတယ်။
ဆုရရှိတဲ့ ကုလားအုပ်ကတော့ သူ့ရဲ့ ပိုင်ရှင်တွေဆီကို မြောက်မြားလှတဲ့ ဆုကြေးငွေတွေနဲ့ အတူ အောင်မြင်မှုနဲ့ ဂုဏ်သိက္ခာတွေ ကိုပါ သယ်ဆောင်လာမှာဖြစ်ပါတယ်။
သင်ရော ကုလားအုပ်ပိုင်ရှင် မဖြစ်ချင်ဘူးလား။
0 comments:
Post a Comment