ကုလားအုပ်နဲ့ ပလတ်စတစ် (သို့) ကလေးတစ်ယောက်ရဲ့ အတွေး




ဒီအကြောင်း အရာလေးကလဲ စိတ်ဝင်စားစရာလေးပါ။
အရင်တုန်းကတော့ ဆရာမဂျူးရေးတဲ့ ပလတ်စတစ် ယဉ်ကျေးမှု ကိုဖတ်ခဲ့ဘူးပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်းပါးပါ။
အခုဒီမှာတော့ တွင်တွင်ကျယ်ကျယ် တွေ့ရပါတယ်။ သူတို့လည်း သေသေချာချာ ထိန်းသိမ်းဖို့ လုပ်နေပါတယ်။
ဒီသတင်းလေးမှာတော့ စွန့်ပစ်ပလတ်စတစ် တွေစားမိလို့ ဒူဘိုင်းမှာ တိရိစ္ဆာန်တွေ နှစ်စဉ် နှစ်တိုင်းသေဆုံးနေပါတယ်။ သေဆုံးနှုန်းကလည်း မြင့်မားနေဆဲပါ။ အခြေအနေကလဲ လုံးဝ တိုးတက်မှု မရှိသေးပါဘူး လို့ဆိုထားပါတယ်။
အထူးသဖြင့်တော့ ကန္တာရထဲမှာ ဆိုးဆိုးရွားရွား ဖြစ်နေပါတယ်။

တိရိစ္ဆာန် ဆေးဝါးကုသရေး ဗဟို သုတေသန ဒါရိုက်တာ ဒေါက်တာ Ulricl Werney က ပြည်သူလူထုကို သတိပေးဖို့ ဒူဘိုင်းနေ့စဉ် သတင်းစာ တစ်စောင်ဖြစ်တဲ့ Gulf News ကို ပြောလာပါတယ်။

လူတွေက နေ့စဉ်နဲ့ အမျှ စွန့်ပစ်ပလတ်စတစ်တွေ အကြောင်းကို ပြောနေကြပါတယ်။
ဒါပေမယ့် အပြောင်းအလဲ ကိုမတွေ့ရပါဘူး။
စူပါမားကတ်တွေ မှာကြည့်ရင်လည်း ကိုယ်ပိုင်အိတ်တွေနဲ့ ဈေးလာဝယ်တဲ့ သူဟာ အင်မတန်မှ နည်းပါတယ်။
ကန္တာရထဲကို သွားကြည့်ရင်တော့ သူပြောနေတာတွေ ကိုသိရမှာပါလို့ ပြောလာပါတယ်။
ကန္တာရကို သွားရောက်လည်ပတ်ခဲ့ တဲ့ သူတွေက စည်းမဲ့ကမ်းမဲ့ ပလတ်စတစ်တွေ စွန့်ပစ်ခဲ့ကြတာပါ။

သူကဆက်ပြောပါတယ် နေ့စဉ်နဲ့ အမျှ တိရိစ္ဆာန်တွေ စားပွဲပေါ်မှာ သေဆုံးနေတာ ကိုတွေ့နေရပါတယ်။ ဝမ်းနည်းစရာပါတဲ့။ အောက်ခြေမှစလို့ အရေးယူသင့်နေပါပြီလို့ ပြောပါတယ်။

အဲဒီအဆိုကို လက်တွေ့ အကောင်အထည်ဖော်ခဲ့တဲ့ သူကလေးကတော့ ကင်မရွန်းနိုင်ငံသား အသက် ၁၁ နှစ်အရွယ် အိုလီဗာ လေးပါ။ ဓါတ်ပုံထဲမှာ ပါတဲ့အတိုင်း အမှိုက်မပစ်ရ ဆိုတဲ့ ကိုယ်ပိုင် အစီအစဉ်လေး ကိုစပါတယ်။ ပလတ်စတစ်တွေ ကြောင့် ကုလားအုပ်တွေ သေဆုံးရတာကို သူ့အနုပညာလေးနဲ့ သတင်းစာမှာ
ကြိုးစားဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ ကြိုးစားမှု ကြောင့်သူဟာ အိမ်ရှေ့မင်းသားရဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြင့် ခြင်းကိုခံခဲ့ရပါတယ်။
အိုလီဗာလေးကတော့ သူဆုချီးမြင့် ခံရခြင်းအပေါ် ကင်မရွန်းနိုင်ငံ သားတစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်လို့
ပြောပါတယ်။

ကလေးပေမယ့် အရာရာမှာ စူးစမ်းပြီး အရွယ်နဲ့ မလိုက်အောင် သူ့ရဲ့ပတ်ဝန်းကျင်ကို အပြောင်းအလဲတွေ လုပ်ဖို့ ကြိုးစားနေတာ လေးစားစရာပါ။ အိုလီဗာလို ကလေးတွေ အများကြီးရှိ အုံးမှာပါ။

သဘာဝပတ်ဝန်းကျင်ကိုချစ်တာ ဂရုစိုက်တာ ဟာ မိမိကျန်းမာရေးကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတာဟာ မိမိကိုယ် မိမိ မပျက်စီးစေဖို့ မိမိ စည်းကမ်းကို ထိန်းသိမ်းတာပါပဲ ။
သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးကြပါစေ။


0 comments:

My Blog List