ရှားရှားပါးပါး ရောက်ခဲလှတဲ့ Face Book ပေါ်မှာ မြန်မာ မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက် ရေးထားတဲ့ မက်ဆေ့ခ်ျလေးကို မြင်ရတဲ့ အခိုက်အတန့်မှာတော့ ဖရုဿဝါစာ ယဉ်ကျေးမှုဆိုတဲ့ ပို့စ်လေးရေးဖို့ အကြောင်းတရားက ဖန်တီးလာခဲ့ပါတယ်....
ကိုယ်မြင်တွေ့လိုက်ရတဲ့ Face Book ပေါ်က သူ့မက်ဆေ့ခ်ျလေးကလဲ အံ့သြစရာ ရိုက်သတ်ချင်စရာ .......
LILY ALLEN - F*CK YOU..F*CK YOU VERY..VERY MUCH.......တဲ့
တအံ့တသြနဲ့ ကိုယ်မေးတဲ့ အချိန်မှာ ပြန်ဖြေလာတဲ့ သူ့အဖြေက ပေါ့ပေါ့ပါးပါး အဲဒါ သီချင်းတဲ့ ကြိုက်လို့ တင်ထားတာပါတဲ့.....
ဒါက အနောက်တိုင်းဂီတက ဖရုဿဝါစာ လွှမ်းမိုးမှုတစ်ခုလို့ မကျေမနပ်နဲ့ လက်ခံလိုက်ရပေမယ့်...
ကိုယ့်မြန်မာ့ဂီတ အသိုင်းအဝိုင်းမှာ ဖရုဿဝါစာ ညစ်ညမ်းသော တေးဂီတတွေက တနေ့တခြား ပိုပိုလို့ လွှမ်းမိုးလာချိန်မှာ အနည်းနဲ့ အများတော့ တုန်လှုပ်မိပါတယ်...
ခေတ်ရေစီးကြောင်းကြီးက မြတ်နိုးလေးစားဖွယ်ရာ မြန်မာ့ယဉ်ကျေးမှုကို တစစီ တစစီ တိုက်စားသွားမှာကိုလဲ စိုးရွံ့မိလာပါတယ်။
ဂျောက်ဂျက် ကြက်ဖ ကျော်ထွဋ်ဆွေတို့ရဲ့ မှောင်ခိုသီချင်းတွေမှာ ဖရုသာဝါစာတွေ ပြည့်နှက်လို့ ခေတ်လူငယ်တွေကလဲ blue music တွေကို ကြက်တူရွေးစာအံသလို အရသာခံပြီး လိုက်အော်ဆိုလို့......
ကောင်မလေးတွေ ရှေ့မှာတောင်မရှောင်ပဲ စောင်းချိတ်ပြီးတော့ ဆိုကြပြန်သေးရဲ့...
26 comments:
ဒီတစ်ခါ သမီးကြီး အိမ်ဂျယ် ဖြူစင်ကြယ် တစ်ယူပါတယ်။
နှစ်လဲ ယူပါတယ်။
သုံးလဲ ယူမလားဆိုတော့ ထပ်ယူပါတယ်။
လေးလဲ မပေးချင်သလိုလို လုပ်နေကြလို့  မယူတော့ရင်ကောင်းမလားပေါ့။ မရပါဘူး။ ယူရတာပါပဲလေ....ဟဲဟဲ
၅ ယူပြီး ဖတ်နေပြီနော်။
ရေတမာရေ... လာဖတ်ဟေ့။
တစ်လာယူ ဟိဟိ။
တန်ဖိုးရှိတဲ့ ပိုစ့်လေးကို ဖတ်သွား မှတ်သွား ပါတယ်။ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့လဲဆုတောင်းလိုက်တယ်။
မှတ်ချက်ရေးသူကိုလဲ ကျေးဇူးတင်ပါတယ်။ သူ့ကြောင့်ဒီလိုပိုစ့်မျိုး ဖတ်ရတာဆိုလဲမမှားပေးဘူးလေ။။။
လူငယ်တိုင်း လိမ်မာယဉ်ကျေးလို့  လူ့ တန်ဖိုးသိနားလည်စွာ လူပီသနိုင်ကြပါစေနော်။။။
၇....ကျေနပ်စွာ ဖတ်သွားပြီး ပြန်သွားပါပြီ။
ကိုယ့်အမျိုး ဘာသာ ယဉ်ကျေးမှု ဆိုတာတွေ ကိုယ့်ဘာသာ ထိန်းသိမ်းကြရမှာပါ ။
ကြုံဖူးတယ် မနှင်းရေ ..
မြန်မာစကားသင်ပေးပါလို့ ပြောတဲ့နိုင်ငံခြားသားတယောက်ကို သင်ပေးလိုက်တဲ့ ဦးဆုံးစကားလုံးက ဖရုဿဝါစာ စကားလုံး ... ဒီလူဘဲ သူ့ အတတ်သူပြန်စူးရတယ် ..ဘာလို့ လဲ ဆိုတော့ အဲဒီနိုင်ငံခြားသားက နောက်တကြိမ် သူနဲ့ ထပ်တွေ့ တော့ ရိုးရိုးသားသား ပြန်နှုတ်ဆက်လိုက်တာက သူသင်ပေးလိုက်တဲ့  စကားလုံး နဲ့ လေ ..
ဒီလို ပို့စ်လေးတွေ တင်ပေးတာ မနှင်းကို ကျေးဇူးတင်ပါတယ် ...
good post,ma Hnin
:)
တစ်ကနေ နေရာများများဦးတဲ့လူ
အမြန်ယောက်ကျားရပါစေဗျာ ဆုတောင်းပေးလိုက်တယ်
ဒါမှညက်စိနှောက်သက်သာမှာ :D
ယဉ်ကျေးမူတွေကတော့ပြောမနေပါနဲ့ တစ်စ တစ်စနဲ့ တိုက်စားသွားမှာပါ မနှင်း
လက်မခံလည်း သူ အလိုလိုဖြစ်လာမှာပါပဲလေ
ဒါကို ထိန်းသိမ်းစောင့်ရှောက်မယ့် လူမျိုးအများကြီးလိုတယ်မလား
ခက်တာက ခေတ်လူငယ်တွေပဲ အတုမြင်အတတ်သင်လုပ်နေကျတာ
ပြောနေရတာလည်း ပြောနေတာပဲရှိတာ
လိုက်နာစောင့်ထိန်းမယ့် လူက ဒီအတိုင်းပဲနေတယ်
ဒီတော့က အမြင်မတော်တာကို ရေးနေတာပဲကောင်းပါတယ်
တစ်ဦးကောင်းသွားလည်း တစ်ဦးပေါ့
မနှင်းရေ ဘယ်လိုပြောရမလည်း
မနှင်းဒီလိုလေးရေးလာတာကိုက မသိတဲ့လူတွေအဖို့ ဆင်ခြင်သင့်တယ်လို့ တော့ ယူဆပါတယ်
ဟုတ်တယ်..တခါ တရံ စိတ်ထွက်လွန်းလို့.. F** လို့ တချို့ အာမေဓိတ် လို သုံးတာ..နားလည်နိုင်ပေမဲ့.. အပျော် ပုံစံ..ဖက်ရှင်ပုံစံ.. ထမင်းစားရေသောက် ပြောလာကြတာ.. စိတ်ပျက်ဖွယ်ရာ။
မဆဲတာတော့အကောင်းဆုံးပေါ့
မနေနိုင်လို့ဆဲရင်လည်း ထိမ်းသိမ်းသင့်တယ်
ဆဲတာကိုသင်ပေးတယ်ဆိုတဲ့လူတွေတော်တော်များပါတယ်
သူဘာသာ ဘာရာထူးကြီးက
ဘယ်လိုလူ ကြီးပဲဖြစ်နေပါစေ
ဒီလိုလူတွေရဲ့စိတ်ဓာတ်ဟာ.. ဖိနပ်အောက်က လမ်းခင်းကျောက်လောက်တောင် အဆင့်မရှိနိုင်ပါဘူး။
ဒီပို့စ်လေးအတွက် မနှင်းကို ကျေးဇူးတင်ပါတယ်
ဒီဟာက...ရိုင်းမှန်းမသိလို့ ..
ဒါမှမဟုတ်ဖက်ရှင်တစ်ခုဖြစ်သွားလို့ .အဲ့လိုလူတွေကလူငယ်တွေ...သူတို့ကြည့်တဲ့ရုပ်ရှင်၊ ဖတ်တဲ့စာ၊ နားထောင်တဲ့သီချင်း နဲ့ နေထိုင်တဲ့ပတ်ဝန်းကျင်..ကလွှမ်းမိုးထားတာ။ ဥပမာ- ငါတို့ ဆီမှာဆို ရင်...စောက်ရမ်းမိုက်တယ်..လို့ ပြော
တာရိုင်းတယ်လို့ မထင်ကြတော့ဘူး။
သူတို့ ဆီမှာ.. (အင်္ဂလိပ်စကားပြောနိုင်ငံတွေမှာ)
်f**king good လို့ ပြောကြတယ်။
ပြောချင်တာကအင်္ဂလိပ်ပဲဖြစ်ဖြစ်..မြန်မာပဲဖြစ်ဖြစ်..စံနုန်းထားတဲ့သူတွေနဲ့ ပတ်ဝန်းကျင်သာဆိုင်ပါကြောင်း.......
ဒီပို့ စ်လေးဖတ်ပြီး...ဆရာမဂျူးရဲ့ ဆဲတတ်သူများနဲ့ တစ်ည
နေ ( လို့ ထင်ပါတယ် ) ဆိုတဲ့ ဝတ္တုတိုလေးသွားသတိရ
မိတယ်...ဖတ်ဖူးမယ်ထင်ပါတယ်...
တစ်ချို့ ကျတော့ လဲ ...လက်ရှိဘ၀အခြေအနေအရကိုယ်
မကြေနပ်ကြောင်းပေါ်ပေါ်ထင်ထင်ကြီးပြောလို့ 
မရဘူးလေ....
အဲဒါကြောင့် အမျိုးသားတော်တော်များများကတော့ ဘောလုံးပွဲသွားပြီးအားရပါးရဆဲကြတာပါပဲ...
မပြောပဲနေနိုင်ယင်တော့ အကောင်းဆုံးပေါ့ ...
တစ်ချို့ ကျတော့ လည်းချိုချိုသာသာပြောပြီးအရက်စက်ဆုံး
သောအပြုအမူတွေရှိတတ်ကြပြန်လေရဲ့ .....
Nyi Nyi ပြောတာ မမ တော့လက်ခံတယ် နှင်းရေ
တချို့လူငယ်တွေက တချှိုစကားလုံးတွေ ရိုင်းနေတာ ရိုင်းတယ်လို့ တောင်မသိတော့ ဖက်ရှင်မှတ်ပြီး ပြောတဲ့လူတွေလဲ ရှိမှာပါ
တချို့ကျတော့လဲ ရိုင်းကို ရိုင်းတာမျိုး လေ
မမ ဆို ကျောင်းဆရာမ ဘ၀ က ထွက်ပြီး NGO တခုမှာ ၀င်လုပ်တဲံ အချိန်ကျမှ ရိုင်းတဲ့စကားလုံးတွေလှိုင်လှိုင်သုံးပြီး စဟကားပြောတတ်တဲ့သူတွေ .. မိုက်မိုက်ရိုင်ရိုင်းပြောတာ ကို ထမင်းစား ရေသောက် သဘောထားသူတွေ ကို တွေ့ခဲ့ရဖူးတယ်
ပတမ ကြားစ ကများဆို မျက်နှာတွေ ဘယ်နား ထားရမှန်းမသိ ဖြစ်လို့ ..
တကယ်တော့ ရိုင်းစိုင်းတဲံ စကားလုံးတွေ လွယ်လွယ်သုံးတတ်တာ ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ပေမဲ့ သူ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင် နဲ့ ပညာ အဆင့်အတန်းက အရေးပါတယ် ထင်တာပဲ.. ငယ်ငယ်ထဲ က ယဉ်ကျေးခြင်းဆိုတာဘာလဲ လို့ သိပြီး ယဉ်ကျေးတာ အလေးထားသူတွေ နဲ့ ထိတွေ့မှု များတဲ့ သူတွေ၊ စာပေပညာ ကို ကောင်းမွန်စွာ လေ့လာ သင်ယူခဲ့ရသူတွေဟာ မိုက်ရိုင်းချင်ရင်တောင်မှ လူတွေရှေ့မှာ ထိမ်းထိမ်းသိမ်းသိမ်း ရှိတတ်ကြပါတယ်
နှင်းရေ....ပို့စ်တခုလုံးကို
ကြိုက်တယ်....အားလုံးကအမှန်တွေချည်းပဲ..
တလောက..အိုင်လွယ်ပန်တို့အလုပ်မှာတောင်
ဗမာလိုဆဲနည်းသင်ခိုင်းတဲ့နီပေါတွေကို
သူက ချစ်တယ်လို့သင်ပေးလိုက်တယ်...
ဒါနဲ့ပဲ..ဟိုကောင်တွေက မတည့်တဲ့သူတယောက်
နဲ့တယောက်တွေ့တိုင်း..အံကြိတ်ပြီး..ချစ်တယ်..
ချစ်တယ်..အော်နေကြသတဲ့...
ဟုတ်တယ် မနှင်း
ကျနော်လဲ ဖရုသ၀ါစာကို ထည်လဲသုံးနေတဲ့ လူတွေ သိဖူး တွေ့ဖူးတယ်။ စကားငါးလုံးပြောရင် အနည်းဆုံး ဖရုသ၀ါစာ တစ်လုံးလောက် ပါနေတတ်တယ်။
အဲဒါသည်ပင်လျင် အရမ်းခင်မင်တဲ့ သင်္ကေတလို့ ထင်မှတ်ထားဟန်တူပါရဲ့ ။
ဒါပေမဲ့
နားထောင်ရသူ ကြားရသူမှာတော့ ခက်ရှက်ရှက်ဘဲဗျ။
ဘယ်လောက်အထိ အကျင့်ပါနေလဲ ဆိုရင် တစ်ခုခုလွတ်ကျတဲ့အခါ အပူကို ရုတ်တက်ရက်ကိုင်မိတဲ့အခါ ခလုပ်တိုက်မိတဲ့အခါမျိုးမှာတောင် အမျိုးသမီးမွေးရာပါကို ယောင်ယမ်းတတ်လေရဲ့ ။
ဒီပို့စ်လေး အတော်ကောင်းပါတယ်။
ဒီပို.စ်လေး ဖတ်ပြီး အများကြီးတော. မပြောတော.ပါဘူးဗျာ
တခုပါဘဲ တကယ်ကို စိတ်မကောင်းဘူးဗျာ ...
ဟုတ်ပါ့..ဟုတ်ပါ့..
ရှုပ်ပွနေတဲ့ ဘာသာ ဆိုးတွေ
အခါခါ မရိုးပဲ ကြားမိလို့
နားထိ တောင် အရောက်မခံချင်တော့ဘူး..
တော်တော်လေတယ်နော်...။
ပျော်ပါစေ အစ်မရေ..
အင်း..ဟုတ်တယ်ဗျ.. ကျွန်တော်လည်း အတွေ့အကြုံတစ်ခု ရှိခဲ့ဖူးတယ်.. အဲဒီတစ်ယောက်က တစ်ခုခု အဆင်မပြေရင် Shit!! Shit!! နဲ့ တစ် ရှစ်ထဲ ရှစ်နေတာ..
ဒါနဲ့ ကျွန်တော်လည်း နားကြားမြင်းကပ်လာတယ်.. နောက်ဆုံး ဘယ်လိုမှ လက်မခံနိုင်တော့တဲ့ခြေအနေမှာ သူနဲ့ မျက်နှာချင်းဆိုင်ပြီး ပြောလိုက်တယ် ..
မင်းပါးစပ်က အဲဒီ Shit! တွေနဲ့ ပြည့်နေတယ်နဲ့ တူတယ်လို့။ ရုတ်တရက် သူက နားမလည်ဘူး။ ဒါနဲ့ကျွန်တော်လည်း ရှင်းပြလိုက်တယ်။ ကြည့်ရတာ မင်းအစားအစာ မစားဘဲနဲ့ အဲဒီ Shit!! တွေပဲ စားတယ်နဲ့တူတယ်လို့။ ဘာဖြစ်လို့လဲဆိုရင် မင်းပါးစပ်က Shit တွေပဲ ထွက်နေလို့ ဆိုပြီး တုတ်ထဲ့လိုက်တာ. တရုံးလုံး ၀ိုင်းရီကြတာဗျာ.. ။ နောက်ပိုင်း အဲဒီ Shit ဆိုတာ အခုထိ မကြားရတော့ဘူးဗျ.။
အဲဒီလို ညစ်ညမ်းတဲ့ စကားတွေလာပြောလို့ ငြိမ်ခံနေရင် ပိုဆိုးတယ်ဗျ.. သူတို့က ရင်ပါးနေတော့ သူတို့ပြောတာ သာမန်လောက်ပဲထင်နေတာ။ ကြားရတဲ့သူမှာသာ မအီမသာကြီး။
yu ya
အင်း..ဟုတ်တယ်ဗျ.. ကျွန်တော်လည်း အတွေ့အကြုံတစ်ခု ရှိခဲ့ဖူးတယ်.. အဲဒီတစ်ယောက်က တစ်ခုခု အဆင်မပြေရင် Shit!! Shit!! နဲ့ တစ် ရှစ်ထဲ ရှစ်နေတာ..
ဒါနဲ့ ကျွန်တော်လည်း နားကြားမြင်းကပ်လာတယ်.. နောက်ဆုံး ဘယ်လိုမှ လက်မခံနိုင်တော့တဲ့ခြေအနေမှာ သူနဲ့ မျက်နှာချင်းဆိုင်ပြီး ပြောလိုက်တယ် ..
မင်းပါးစပ်က အဲဒီ Shit! တွေနဲ့ ပြည့်နေတယ်နဲ့ တူတယ်လို့။ ရုတ်တရက် သူက နားမလည်ဘူး။ ဒါနဲ့ကျွန်တော်လည်း ရှင်းပြလိုက်တယ်။ ကြည့်ရတာ မင်းအစားအစာ မစားဘဲနဲ့ အဲဒီ Shit!! တွေပဲ စားတယ်နဲ့တူတယ်လို့။ ဘာဖြစ်လို့လဲဆိုရင် မင်းပါးစပ်က Shit တွေပဲ ထွက်နေလို့ ဆိုပြီး တုတ်ထဲ့လိုက်တာ. တရုံးလုံး ၀ိုင်းရီကြတာဗျာ.. ။ နောက်ပိုင်း အဲဒီ Shit ဆိုတာ အခုထိ မကြားရတော့ဘူးဗျ.။
အဲဒီလို ညစ်ညမ်းတဲ့ စကားတွေလာပြောလို့ ငြိမ်ခံနေရင် ပိုဆိုးတယ်ဗျ.. သူတို့က ရင်ပါးနေတော့ သူတို့ပြောတာ သာမန်လောက်ပဲထင်နေတာ။ ကြားရတဲ့သူမှာသာ မအီမသာကြီး။
yu ya
အင်း မနှင်းရေ
ဝသီကို ပါနေတဲ့သူတွေ ရှိပါလိမ့်မယ်။ တတ်နိုင်သမျှ ချိုသာယဉ်ကျေးစွာပြောတာ အကောင်းဆုံးပါ
ခင်မင်စွာဖြင့်
သီဟသစ်
တန်ဖိုးရှိတဲ့ ပို့စ်ပါ အစ်မရေ...။ နှုတ်ကြမ်းတာက ချမ်းသာဆင်းရဲတာနဲ့ မဆိုင်ဘဲ လူတစ်ယောက်ရဲ့ personality နဲ့သာ လုံးလုံးလျားလျား သက်ဆိုင်တယ်လို့ ညီမလည်း ယုံကြည်ပါတယ်။ ကြမ်းတမ်းတဲ့စကားတွေ နှုတ်ကထွက်တာဟာ ပေါ့ပေါ့ပါးပါးပြောတာ ဆိုရင်တောင် မကောင်းနိုင်ပါဘူး။ အခု အစ်မပြောသလို သီချင်းတွေ ထွက်နေတာကလည်း စိတ်ပျက်စရာ တစ်ခုပါပဲ။ လူငယ်တွေ အတုယူမှားချင်စရာပါ။ ဒီပို့စ်လေးအတွက် ကျေးဇူးပါအစ်မ။
ဖရုဿဝါစာ ဂီတတွေ မြန်မာ ယဉ်ကျေးမှု နယ်ပယ်ကို ကူးစက်လာတာနဲ့ ပက်သက်ပြီး စိတ်မသက် မသာခံစား နေရတာ ကြာပြီ အစ်မရေ။ သိပ်ကိုတန်ဖိုးရှိတဲ့ ပို့စ်လေးပါ။ ကျွန်တော့် အတွေးနဲ့လည်း တိုက်ဆိုင်နေတော့ တော်တော်လေး နှစ်သက်မိပါတယ်။
လေးစားမှုဖြင့်
ဟုတ်တယ် အစ်မရယ်
မိန်းကလေးတွေပါးစပ်က အဲလိုတွေထွက်နေတာတော့ စိတ်လည်းမကောင်းဘူး ခံစားလို့လည်းမရဘူး စိတ်လည်းပျက်တယ်
ပို့ စ်လေးကို သဘောကျတယ်။
တချို့ က ဒီလို အသုံးနုန်းရိုင်းတာ ကို ဘဲ ဖက်ရှင်လို လုပ်ပြောနေတာ။ ပရော်ဖက်ရှင်နယ်တွေပါ ပြောနေသုံးစွဲနေ ကြတာ။ ကြားရတိုင်း စိတ်ပျက်တာ အမှန်ဘဲ။
Post a Comment