ဖရုဿဝါစာ တေးဂီတ

YouTube - Fuck You - Lily Allen (Lyrics)


ဖရုဿဝါစာ တေးဂီတလေးကို ရှာတွေ့လို့ မြန်မာလူငယ်တွေ အတုယူမမှားစေဖို့ တင်ပြထားတာဖြစ်ပါတယ်....

ဒီက ကောင်မလေးတွေလဲ ဒီသီချင်းလေးကို အမှန်အကန် လိုက်ဆိုနေကြတာကို ကြားလိုက်မိတာမို့ ရှာဖွေပြီး တင်လိုက်တာပါ....

မြန်မာ့ဂီတလောကမှာတော့ Remix အနေနဲ့ မတွေ့ရပါစေနဲ့လို့ပဲ ဆုတောင်းနေမိပါတယ်....

အနောက်တိုင်းယဉ်ကျေးမှု အနောက်တိုင်းတေးဂီတ အနောက်တိုင်း အနုပညာတွေကို မြန်မာမှု ပေတံနဲ့ တိုင်းတာပြီး အတုယူသင့်တာကိုပဲ ယူကြစေချင်ပါတယ် .....

ပြည်တွင်း ပြည်ပမှ မြန်မာလူငယ်များအားလုံး ဖရုဿဝါစာ ဖက်ရှင်လောကကြီးကို အတိုင်းအတာနဲ့သာ သိမြင်နားလည်စေချင်မိပါတယ်.......

ကြားဖူးတဲ့ စကားလေးတစ်ခွန်းကတော့..

ဘယ်ကိုရောက်နေနေ ဘာတွေကိုလုပ်နေနေ အစွန်းတရားနှစ်ဘက်ကို တွေ့အောင်ရှာ လွတ်အောင်ရုန်းပါတဲ့........

အရှေ့နဲ့အနောက်....
အဆိုးနဲ့အကောင်း...
ယဉ်ကျေးမှုနဲ့ မယဉ်ကျေးမှု...
ပီယဝါစာနဲ့ ဖရုဿဝါစာ....

အစွန်းတရားနှစ်ဘက်ကို တွေ့အောင်ရှာမိသူတွေ လွတ်အောင်ရုန်းထွက်နိုင်ကြမယ်လို့ ယုံကြည်စွာဖြင့်....

13 comments:

Nyi Nyi said...

စိတ်မပူနဲ့ .. youtube ကိုဒါကြောင့်အမြော်အမြင်ရှိတဲ့
မဟာပညာရှိများကမြန်မာပြည်မှာပိတ်ထားတယ်။ :P

သူကြီးမင်း (တုံးဖလား) said...

ယူကျုထဲဝင်ပြီး သုံလေးပုဒ်လောက်ကြည့်သွားတယ် နှင်း။
သူတို့နေရာနှင့်သူတို့တော့ ဟုတ်နေတာပါဘဲ။
ခန်းခန်းနားနားတောင်ရှိနေလေရဲ့ ။
ဒါပေမဲ့ နှင်းပြောသလိုဘဲ မြန်မာတွေ အတုမယူမိကြပါစေနဲ့လို့ဘဲ ဆုတောင်းပါတယ်။

အဆင်ပြေပါစေ။

emayarKhin said...

နှင်းရေ...တန်ဖိုးရှိတဲ့ပို့စ်လေးကို
ဖတ်သွားပါတယ်.....

Beauty Studio USA Branded Store said...

ဒီလိုအကြောင်းအရာမျိုးတွေကြောင့် လေထုကြီးပါ ညစ်ညမ်းလာတာကိုး။
မနှင်းရေ ဒီအတွက်တော့ Yessssssssssssssssssssssssssssssssssssssssss ပါပဲ။

မြတ်နိုး said...

ဂျောက်ဂျက် တို့ ဆိုထားတယ်လေ.. တအားရိုင်းတယ်.. ကိုယ်တော့ သေချာ နားမထောင်ပါဘူး တခါ အဲဒီပြသနာ ဖြစ်လိုက်သေးတယ်


အခု လဲ မနှင်းက ရိုင်းတယ်ဆိုလို့.နားမထောင်ဖြစ်

ပြန်အိပ်လိုက်ဦးမယ်..ဟဲဟဲ
အခုတလော စက်ဖွင့်ပီး အိပ်နေတာ တရးနိုးစာဖတ်ပီးပြန်အိပ်..

Anonymous said...

မမရေ....
အရမ်းတန်ဖိုးရှိပြီး လူငယ်တွေဖတ်သင့်တဲ့ ပို့စ်လေးတစ်ခုပါပဲ..
အရှေ့နဲ့ အနောက်
အဆိုးနဲ့အကောင်း
ယဉ်ကျေးမှုနဲ့မယဉ်ကျေးမှု
ပီယ၀ါစာနဲ့ ဖရုဿဝါစာ
ခွဲခြားသိမြင်ရင်း အစွန်းတရား၂ပါးတို့မှ တကိနိုင်သလောက် ကြိုးစား
ှရှောင်ရှားရမယ်ဆိုတဲ့ အသိလေးနဲ့အတူ
ချစ်ခင်လေးစားလျှက်ပါ
ညီမလေး နှင်းဟေမာ

ကောင်းကင်ရဲ့ သမီးပျို said...

အပျိုကြီးမနှင်းရေ.....သီချင်းကြီးက နားထောင်လို့လဲ မကောင်းပါဘူး ဘာတွေကြိုက်နေကြ ပါလိမ့်နော် ငါတော့မကြိုက်ပါဘူး ချစ်မကြီးပြောတာတွေ နားထောင်နေပါတယ်နော် ဆဲလည်းမဆဲဘူး နားလည်း မထောင်ဘူး ဟုတ်ပြီလား တွေ့ရင်မုန့်သာကြွေးနော်

Nyi Nyi said...

ငါညက..ဘာသာပြန်ကြည့်လိုက်တယ်...မဆိုးပါဘူးဟ....
Chorus ပိုဒ်တစ်ခုပဲနည်းနည်းဆိုးတာ...စိတ်ဝင်စားရင်
ပိုစ်လိုက်မယ်။ အဟီး...

ကိုအောင် said...

ညီမရေ၊ ပို့စ်အသစ်လာဖတ်သွားပါတယ်၊ အားပေးလျက်။

လင်းကြယ်ဖြူ said...

ဟုတ်ပါ့..ဟုတ်ပါ့..
ရှုပ်ပွနေတဲ့ ဘာသာ ဆိုးတွေ
အခါခါ မရိုးပဲ ကြားမိလို့
နားထိ တောင် အရောက်မခံချင်တော့ဘူး..
တော်တော်လေတယ်နော်...။
ပျော်ပါစေ အစ်မရေ..

Angel Shaper said...

အင်းးးးးးးးးးး
မကြားချင်ပဲ ကြားနေရတဲ့ အရာတွေပဲနော်။
မကြီးညီမ အလိမ်မာလေးအကြောင်းသိတယ်ဟုတ်။ စွာသွာစွာတာ မဆဲဘူးနော်။ ဟိဟိ

ကိုလူထွေး said...

သီချင်းကတော့ နားထောင်လို့ကောင်းသားပဲ...
သူဆဲတာ ကိုယ်မှမဟုတ်တာ...

းဝ)

ဗျတ်ဇ said...

ယဉ်ကျေးမှုချင်း မတူဘူးလေ မနှင်းရဲ. ။ သူတို.ဆီမှာ F ကအမြဲတမ်းသုံးနေကြတာပဲ။ Eminem သီချင်းတွေ ဆိုတစ်မျိုးနဲ. တစ်မျိုး မရိုးအောင်ကို F တွေသုံးတာ။ ဟီးဟီး။ ကျွန်တော်က ဒီသီချင်းကို စထွက်ကတည်းက ကြိုက်တယ်။Lily Allen ရဲ.တခြားသီချင်းတွေအရမ်းကောင်းတယ်။ နားထောင်ကြည်.။

My Blog List