နှုတ်ဆက်ချိန်

လက်ပြနှုတ်ဆက်ဖို့
ငါအဆင်သင့်မဖြစ်သေးဘူး
နင့်ပခုံးပေါ်က
ငါ့မျက်ရည်တွေက
အရှက်ပြေမှမဟုတ်တာ....

တမိုးတည်းအောက်မှာ
ငါငိုရင် နင်လိုက်ငိုခဲ့ဘူးတယ်...
နင်ငိုတော့
ငါ့ရင်တွေ ဗလောင်ဆူလို့....

နင့်အနားမှာ
ငါအမြဲရှိတယ်ဆိုတာ
တသက်တာအတွက်နော်...
ဒါဆို နင်ထပ်ငိုအုံးမှာလား....

တမိုးတည်းအောက်က
ရင်ခုန်သံအနီးဆုံး....
အသက်ရှူသံတွေလဲ
နီးခဲ့သေးတယ်.....
အိုးစားဖက်ဆိုတဲ့စကား...
တို့အတွက် တင်စားထားတာများလား...

ကဗျာမဆန် ကာရံမလှတဲ့အချိန်က
နင်ငါတို့နားက
ထွက်သွားတဲ့အချိန်လေ....

ဘဝသိချိန်
ခလုတ်ထိချိန်တိုင်း
ဆိုးတူကောင်းဘက်
အတူတူရှိခဲ့ဘူးတယ်....

ဒါဆိုရင်
သူငယ်ချင်းလို့ ကင်ပွန်းတပ်လို့ရပြီထင်ပါရဲ့.....

နင်ဟာ ငါ့ရဲ့
သူငယ်ချင်းတစ်ယောက်....
အချစ်ဆုံး မဟုတ်တောင်
အသက်ရှူသံအနီးဆုံး
ရင်ခုန်သံအနီးဆုံး သူငယ်ချင်းပေါ့...

အခါခါပြောဘူးတဲ့စကား
ထပ်ပြောချင်တယ်
ငါလေ
နင့်အတွက်
အမြဲတမ်းရှိနေမယ်......

(မကြာမီက ခွဲခွာသွားသော သူငယ်ချင်းတစ်ယောက်အတွက် ရေးပါသည်...)

11 comments:

emayarKhin said...

နှင်းရေ...ကဗျာလေးကကောင်းလိုက်တာ...
အက်ဆေးအရေးကောင်းသလို......ကဗျာ
ကျပြန်တော့လည်း..ကောင်းနေပြန်ရော...
ဖတ်ရင်းနဲ့ဆို့နင့်ကြေကွဲလာတယ်....

လင်းကြယ်ဖြူ said...

ဟုတ်တယ်..
သူငယ်ချင်းဆိုတာ မိတ်ဆွေဆိုတဲ့ စကားထက် ပိုလေးနက်ပါတယ်ခင်ဗျာ....
ကဗျာလေးက ခံစားချက်အပြည့်ပါတယ်..
ပျော်ပါစေ

Angel Shaper said...

မနှင်းရေ....
ရေးတတ်လိုက်တာ။
ရင်ထဲ နင့်ခနဲပဲ။
သမီးဖတ်ဖူးခဲ့တဲ့ စာတိုလေးထဲကလို သူငယ်ချင်းဆိုတာ မျက်လုံးလေးတွေ နဲ့လက်ကလေးတွေ ရဲ့ ဆက်သွယ်မှုလေးလို လက်ကလေး ထိခိုက်နာကျင်လာရင် မျက်လုံးလေးက ငိုပေးတယ်။ မျက်လုံးလေးက မျက်ရည်ကျပြီး ငိုလာရင် လက်ကလေးက သုတ်ပေးတယ် ဆိုတာ ဖြူစင်တဲ့ ရင်ခုန်သံအရင်းနီးဆုံး သူငယ်ချင်းတွေကိုတင်စား ပြောတာနော်။ မှန်ပါတယ်။ အချိန်တိုခဏလေး အတွင်းမှာ ခင်မင်လိုက်ရပေမယ့် ရင်ထဲက သူငယ်ချင်းမောင်နှမတွေကို ဘယ်နေရာရောက်ရောက်၊ ဘယ်လိုသူငယ်ချင်းသစ်တွေနဲ့ပဲ ဆုံနေပါစေ အမြဲတမ်း သတိရ၊ တမ်းတ နေမှာပါ။
မကြာမီက ခွဲခွာသွားတဲ့ သူငယ်ချင်းအတွက် ကဗျာလေးကို မကြာမီ ခွဲခွာသွားရမဲ့ ညီမလေး ကြေကွဲစွာ လာဖတ်ပါတယ်။
ပျော်ရွှင်ပါစေနော်။

kiki said...

ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်း ၊
ကွေကွင်းနောက်ဆုံးရှိချေ၏ ...ဆိုတဲ့ တရားသဘောလေးတွေ သိပေမဲ့
ဆိုးတူကောင်းဘက် သူငယ်ချင်းကောင်းနဲ့ ခွဲခွာရချိန်မှာ
တကယ်ပဲ ကြေကွဲ ဝမ်းနည်းစရာကောင်းပါတယ် ..

မနှင်း ရေ ..အရေးအသားလေးတွေ နုပြီး
ဖတ်ရတာ ဝမ်းနည်းစရာ ဖြစ်အောင်ဖွဲ့ တတ်တယ်နော် ။

Anonymous said...

မမနှင်းရေ...
ကဗျာလေးကတော့ ရေရေလည်လည်ထိတယ်...
“နင့်အနားမှာ ငါအမြဲရှိတယ်ဆိုတာ တသက်တာအတွက်နော်
ဒါဆိုနင်ထပ်ငိုဦးမှာလား......အဲဒီစာသားလေးကို
အကြိုက်ဆုံးပဲ..........
အားပေးလျှက်ပါ အစ်မ
ညီမလေး နှင်းးp

နှင်းဟေမာ

Nyi Nyi said...

သူငယ်ချင်းဟုကင်ပွန်းတပ်ခံလိုက်ရသူ၊ ခွဲခွာသွားသောသူငယ်ချင်းဆိုသူ အစား...ဝမ်းသာပါသည်။ သူ့ တွင်ဒီလိုဆွေးဆွေးမြေ့မြေ့သူငယ်ချင်းအကောင်းစားလေးရှိတယ်ဆိုတာ....

မိုးခါး said...

ဟုတ်တယ်နော်
သူငယ်ချင်းဆိုတာ အသက်ရှုသံချင်း အရင်းနှီးဆုံး .....

Yu Ya said...

မနှင်းရေ.. ကဗျာလေးဖတ်ပြီး သဘောကျလိုက်တာဗျာ.

yu ya

သူကြီးမင်း (တုံးဖလား) said...

သူငယ်ချင်းအတွက်ဖွဲ့ဆိုထားတဲ့ကဗျာက
ကျနော့်ချစ်သူအတွက် ကျနော်ရေးထားတဲ့ ကဗျာထက်
ပိုသရုပ်ပေါ်စေတယ်။

မိုးစက်အိမ် said...

အော်တွေ.ဆုံ ကြုံကွဲ နှုတ်ဆက်ထွက်ခွာ ဒါတွေက သံသရာ
လည်နေတာပါဘဲလားဗျာ ... အိုးစားဖက်စကားလုံးတော.
သဘောကျသားဗျာ ... ငယ်ငယ်က စစ်မှာတမူကဗျာမှာ သင်ရလို. :)

ရေတမာ said...

မကြီးရေ ကဗျာလေးက ကောင်းလိုက်တာ သူငယ်ချင်းတစ်ယောက်ကို သတိရသွားတယ်

My Blog List