ချစ်သော စာအုပ်များ မရှိခဲ့ရင်

ကျွန်မ မကြာခဏဆိုသလို ခံစားနေရတဲ့ စိတ်ဝေဒနာတစ်ခုကို ပြောပါဆိုရင် စာအုပ်တွေနဲ့ ပက်သက်တဲ့ စိတ္တဇဝေဒနာ တစ်ခုပဲရှိတယ် လို့ပြောလို့ရပါသည်။ ခုတလောမှာတော့ အဲဒီရောဂါက သိသိသာသာ ဆိုးရွားစပြုလာပါသည်။
မရနိုင်တာကိုမှ ပိုလိုချင်တတ်တာ လူ့သဘာဝတစ်ခု ဖြစ်သလို တားမြစ်ပိတ်ပင်ထားတဲ့ အရာတွေကိုမှ မက်မောတတ်တာလဲ လူတွေရဲ့ အတ္တပဲဖြစ်ပါသည်။
တလောဆီက ကွန်ပြူတာကို နာရီပေါင်းများစွာ မရပ်မနားသုံးဖြစ်တဲ့ ဒဏ်တွေကြောင့် မျက်လုံးကိုက်လာတဲ့အချိန်မှာမှ စာတွေမဖတ်ရမှာစိုးတဲ့ စိတ္တဇက သိသိသာသာ ပြူထွက်လာခဲ့ပါသည်။ အလုပ်ကပြန်ရောက်ပေမယ့် ကွန်ပြူတာကို ဆက်ပြီး ဖက်တွယ်နေတတ်တဲ့ အကျင့်အတိုင်း ကွန်ပြူတာကို ဖွင့်ထားပေမယ့် စာတွေဖတ်လို့မရအောင် မျက်လုံးတွေကိုက်ပြီး မျက်ရည်ပူတွေစီးကျလာခဲ့ပါသည်။
ဖတ်နေကျစာတွေကို ဖတ်လို့ရလိုရငြားကြိုးစားပြီး ဖတ်ကြည့်ပေမယ့် ခေါင်းကိုက်ပြီး ဇက်ကြောတက်တဲ့ ဝေဒနာတွေသာ တိုးလာပေမယ့် စာတွေကို အာရုံစိုက်ပြီး ဖတ်လို့မရတာမို့ မြန်မာပီပီ မျက်စိဝေဒနာကုစားဖို့ ဆေးမြီးတိုတွေကို အပြေးအလွားစဉ်းစားမိပါသည်။
စာမဖတ်ပဲ မနေနိုင်သူမို့ စာပြန်ဖတ်ချင်စိတ်နဲ့ အမြန်ဆုံး အထိရောက်ဆုံး မျက်စိကုထုံးတွေကို စဉ်းစားတော့ မျက်စိထဲမြင်လာမိတာက ကွမ်းရွက်နဲ့ သခွားသီး ဖြစ်နေတာမို့ ပိုပြီးထိရောက်မယ့် ကွမ်းရွက်ကို ဦးစားပေးပြီး ရှာပုံတော်ဖွင့်မိပါသည်။ ကျွန်မနေတဲ့ နေရာမှာ ကွမ်းရွက်ရှိတယ် ဆိုပေမယ့် ကျွန်မလိုတဲ့ အချိန်မှာ ရှာလို့မရခဲ့တာမို့ အလွယ်တကူ ဝယ်လို့ရတဲ့ သခွားသီးနဲ့ ယာယီကုစားပြီး အချိန်ယူပြီးသောက်ရတဲ့ အင်္ဂလိပ်ဆေးဝါးအချို့ကို မဖြစ်မနေ သောက်ခဲ့မိပါသည်။
မျက်မှန်တပ်ရမှာကို စိတ်မပူပေမယ့် လတ်တလော ရက်ပိုင်းလောက်ကြုံနေရတဲ့ စာဖတ်လို့မရတဲ့ ဒုက္ခဆိုးကိုတော့ အကြီးအကျယ်တုန်လှုပ်သွားမိပါသည်။
ငယ်စဉ်ကတည်းက စာအုပ်တွေ ဖတ်နေရရင် ထမင်းမေ့ ဟင်းမေ့ လောကကြီးကို မေ့တဲ့အထိ စာဖတ်ခြင်းကို စွဲလမ်းခဲ့ပါသည်။ ဆရာမြသန်းတင့်ဘာသာပြန်ထားတဲ့ လေရူးသုန်သုန် ဝတ္တုရှည်ကြီးကို အလုပ်တစ်ဘက်နဲ့ မအားတဲ့ကြားက လေးရက်အတွင်းပြီးအောင် ဖတ်ခဲ့တဲ့ အချိန်တုန်းက သူငယ်ချင်းတစ်ယောက်က “နင်လဲ ဒါနဲ့ပဲသေမှာပ”ဲ လို့ပြောခဲ့တာကို ကျွန်မမမေ့ခဲ့ပါ။
ဝေဒနာခံစားနေရတဲ့ ပထမတစ်ရက်မှာ စဉ်းစားမိတာက ဒီစာတွေ မဖတ်ရရင် ဘာဖြစ်သွားမလဲဆိုတဲ့ အတွေးတစ်ခုဖြစ်ပါသည်။ ဒီစာတွေ မဖတ်ရလို့ ဘာမှမဖြစ်လောက်ပါဘူးလို့ လောကကြီးမှာ စာမဖတ်ပဲ အသက်ရှင်နေတဲ့ သူတွေအများကြီး ရှိနေတာပဲလို့ အားတင်းပြီး တစ်ရက်တိတိ စာမဖတ်ပဲနေဖြစ်ပါသည်။ တစ်ရက်လုံးလုံး ဘလော့မှာလဲ မဖတ် မေးလ်ထဲက စာတွေကိုလဲ မဖတ် ဂူဂယ်ရီဒါထဲက စာတွေကိုလဲမဖတ် Buzz မှာမျှဝေထားတဲ့ စာတွေလဲမဖတ် အိပ်ယာပေါ်မှာ အဆင်သင့်ရှိနေတဲ့ စာအုပ်တွေကိုလဲ မဖတ်။
နောက်တစ်ရက်မှာလဲ စာမဖတ်လို့ ဘာမှမဖြစ် လို့အားတင်းလိုက်ပေမယ့် ခေါင်းအုံးဘေးမှာ ရှိနေတဲ့ ဖတ်လက်စ စာအုပ်တွေထဲက တစ်အုပ်ကိုတော့ နှမြောတသစွာ ကိုင်ကြည့်ပြီး ပြန်ချထားလိုက်ရပါသည်။ ကွန်ပြူတာကိုတော့ ဆယ်မိနစ်ထက်ပိုပြီး မသုံးမိအောင် ပထမဆုံးအကြိမ် ကြိုးစားမိတဲ့နေ့လဲဖြစ်ပါသည်။ အဲဒီနေ့အထိ မျက်လုံးကိုက်တဲ့ ဒဏ်က အနည်းငယ်ဆိုးဝါးနေခဲ့ပါသည်။
တတိယနေ့ မှာတော့ အလုပ်မှာ ၁၂ နာရီနီးပါး ကွန်ပြူတာကို တောက်လျှောက်ကြည့်လာတဲ့ ဒဏ်ကြောင့် အိမ်က ကွန်ပြူတာကို မကြည့်မိအောင် အကြည့်လွဲထားရင်း အိပ်ယာပေါ်မှာ နေရာယူထားတဲ့ စာအုပ်တွေကို စုစည်းပြီး သိမ်းလိုက်မိပါသည်။
လောလောဆယ် စိတ်ကိုအလိုလိုက်လို့ မဖြစ်ဘူးဆိုတဲ့ ကိုယ်ပိုင်အသိနဲ့ ဘဝမှာ ပထမဆုံးအကြိမ် စာအုပ်တွေကို ဥပေက္ခာပြုမိတဲ့ နေ့လဲဖြစ်ပါသည်။
မျက်လုံးကိုက်နေတဲ့ အချိန်တွေမှာ ဒီဝေဒနာကို ပျောက်အောင်မကုနိုင်ခင်မှာ ဒီစာအုပ်တွေနဲ့ ဝေးမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ လက်လှမ်းလို့မမီနိုင်မယ့် အဝေးကို စာအုပ်တွေကို ပို့လိုက်မိပါသည်။
ဖတ်လက်စတန်းလန်းစာအုပ်တွေအပြင် Desktop မှာ သိမ်းထားတဲ့ ရေးလက်စတန်းလန်းဖြစ်နေတဲ့ အကြောင်းအရာများစွာကိုလဲ ပြန်မစဉ်းစားမိအောင် ထပ်ပြီးကြိုးစားရပါသည်။
စာအုပ်တွေကို သိမ်းဖြစ်ပေမယ့် စာအုပ်တစ်အုပ်ကြားမှာ သိမ်းထားခဲ့မိတဲ့ လက်ကမ်းစာစောင်လေးတစ်ခုကတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ အိပ်ယာပေါ်မှာ ကျန်နေခဲ့ပါသည်။ စိမ်းဖန့်ဖန့် စာရွက်လေးတွေကို မြင်မြင်ချင်းမှာပဲ အဲဒီစာရွက်လေးနဲ့ စာရွက်လေးထဲက အကြောင်းအရာတွေက ခေါင်းထဲကို အပြေးအလွားဝင်လာကြပါသည်။
ကျွန်မအရမ်းနှစ်သက်မိတဲ့ Jeffery Deaver ရဲ့“The Death of Reading” ဆိုတဲ့ကဗျာလေးနဲ့အတူ “Missing in Desert” ဆိုတဲ့ ကဗျာ ပြီးတော့ စာတမ်းဖတ်ပွဲတစ်ခုရဲ့ အစီအစဉ်တွေပါတဲ့ လက်ကမ်းစာစောင်လေးကို လပေါင်းများစွာ အိပ်ယာဘေးမှာထားပြီး အိပ်မိတဲ့အထိ အဲဒီစာရွက်လေးတွေက စွဲဆောင်မှုရှိခဲ့ပါသည်။
စာဖတ်ဖို့ မဖတ်ဖို့ မသိစိတ်နဲ့ အသိစိတ် လွန်ဆွဲနေချိန်မှာ ဒီစာရွက်လေးကို ပြန်တွေ့မိတာမို့ ဝမ်းနည်းတဲ့စိတ်ကို ဘယ်လိုမှထိန်းလို့မရခဲ့ပါ။
“Death of Reading” ဆိုတဲ့ ကဗျာလေးကို မဖတ်မိခင်တကည်းက စာအုပ်တွေ စာပေတွေကို ကျွန်မဘယ်လောက်အထိ စွဲလမ်းခဲ့တယ်ဆိုတာ ကိုယ်တိုင်လဲ သိနေခဲ့ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် စာမရေးပဲ နေနိုင်ခဲ့ပေမယ့် စာမဖတ်ပဲနေလို့မရအာင်ကို စာဖတ်သူဘဝကို ခုံမင်လှပါသည်။
စိတ်ညစ်စရာ စိတ်ကျဉ်းကျပ်စရာတွေရှိတဲ့အချိန်တွေတိုင်းမှာ စာအုပ်တွေက ကျွန်မကို နှစ်သိမ့်မှုပေးခဲ့ဘူးပါသည်။
ဘဝလမ်းပေါ်မှာ မကြာခဏ ပြိုလဲခဲ့ဘူးသလို ကျွန်မလဲကျတိုင်းလဲ ကျွန်မချစ်တဲ့ စာအုပ်တွေက မိတ်ဆွေကောင်းတစ်ယောက်လို မကြာခဏ ထူမပေးခဲ့ဘူးပါသည်။
ဆောက်တည်ရာမရ စိတ်တွေကစဉ့်ကရဲ ဖြစ်ခဲ့စဉ်ကလဲ အဲဒီစာအုပ်တွေကိုပဲ ဆေးဝါးတစ်မျိုးလို မှီဝဲခဲ့ရဘူးပါသည်။
လူတွေရဲ့ ဥပေက္ခာပြုခြင်းကို ခံရတိုင်းလဲ စာအုပ်တွေက ကျွန်မရဲ့ အဖော်အဖြစ် သစ္စာရှိ ပေးခဲ့ဘူးပါသည်။
တွယ်ရာမဲ့ ဖြစ်နေခဲ့တဲ့ အချိန်ပေါင်းများစွာမှာလဲ စာအုပ်တွေက ကျွန်မကို အရိပ်မိုးပြီး အဖော်ပြုပေးခဲ့ဘူးပါသည်။
ကျွန်မအတွက် အချိန်တိုင်းမှာ စာဖတ်ချင်စရာ အကြောင်းပြချက်တွေကလဲ မရိုးနိုင်အောင် ရှိနေတတ်ပါသည်။
ပျင်းလို့ အားနေလို့ စာဖတ်တယ် ဆိုခြင်းထက် အချိန်ရရင် ရသလို နည်းမျိုးစုံနဲ့ စာဖတ်ပါသည်။
ပျော်ရွှင်မိတဲ့ အချိန်တိုင်းမှာ စာဖတ်သလို ဒေါသထွက်မိတဲ့အချိန်တွေမှာလဲ စာဖတ်ပါသည်။
စိတ်ဓါတ်ကျမိတဲ့ အချိန် ဝမ်းနည်းနေတဲ့ အချိန်တွေမှာလဲ စာအုပ်ဖတ်ပြီး အာရုံပြောင်းဖို့ ကြိုးစားမိပါသည်။
တခါတရံ ဘယ်တော့မှ ပြန်မတွေ့နိုင်မယ့် လူတွေကို သတိရမိရင် စာဖတ်ပါသည်။
ပြီးတော့ လူတစ်ယောက်ကို နာနာကျည်းကျည်းမုန်းမိတဲ့ အချိန်တွေမှာ စာတွေကို သည်းကြီးမည်းကြီး ဖတ်ဖြစ်ပါသည်။
တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တဲ့ အချိန်တွေမှာ စာဖတ်ပါသည်။
မိတ်ဆွေ သူငယ်ချင်းတွေကို ပြင်းပြင်းပြပြ သတိရတိုင်းလဲ စာဖတ်ဖြစ်ပါသည်။
သံယောဇဉ်တွေနဲ့ အဝေးမှာ တစ်ယောက်တည်းဖြစ်နေခဲ့တဲ့ ကျွန်မရဲ့ အသံတိတ် အဖော်များ များဖြစ်သလို ငယ်စဉ်ကတည်းက နည်းမျိုးစုံနဲ့ တွယ်တာခဲ့တာမို့ ဒီစာအုပ်တွေကို တော်ရုံသတ္တိနဲ့ ကျောခိုင်းဖို့ မလွယ်ဘူးဆိုတာကို ကျွန်မသိခဲ့ပေမယ့် အခုလို မသိမသာ ဥပေက္ခာပြုဖို့ကြိုးစားရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါ။
သက်ရှိ သက်မဲ့ ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ ဘယ်သူ့ကိုမှ ဥပေက္ခာပြုဖို့ မကြိုးစားခဲ့ဘူးတာမို့ ဥပေက္ခာတရားက ကျွန်မအတွက်တော့ စိမ်းနေခဲ့ပါသည်။ သူတပါး ဥပေက္ခာပြုတဲ့ ဒဏ်ကိုမကြာခဏဆိုသလို ခံစားနားလည်နေခဲ့တာမို့ ကျွန်မခံစားရတဲ့ နာကျင်မှုမျိုးကို သူတပါးကို မခံစားစေချင်တဲ့စိတ်နဲ့ ရန်သူဖြစ်နေတဲ့သူကိုတောင်မှ ကျွန်မ ဥပေက္ခာပြုဖို့ မကြိုးစားခဲ့ဘူးပါ။
ကျွန်မချစ်ရတဲ့ အသံတိတ်အဖော်မွန်တွေကို ဥပေက္ခာပြုခြင်းမဟုတ်သော်လဲ လတ်တလောခံစားနေရတဲ့ ဝေဒနာတွေ သက်သာစေဖို့အတွက် သူတို့ကို အခိုက်အတန့် ယာယီ ခဏမေ့ပစ်ဖို့ ကြိုးစားရခြင်းဖြစ်ပါသည်။
ဒါပေမယ့် မျက်လုံးတွေ တစစ်စစ်ကိုက်နေတဲ့ကြားက မရည်ရွယ်ပဲ ပြန်ပြီး ဖတ်လိုက်မိတဲ့ စာပိုဒ်လေးက ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေကို အခိုက်အတန့်အားဖြင့် တွေဝေစေခဲ့ပါသည်။ အသက်တမျှ စွဲလမ်းခဲ့ရတဲ့ စာရေးခြင်း စာဖတ်ခြင်းတွေကို ဘယ်လို အခြေအနေမျိုးမှာမှ စွန့်လွတ်လို့ မဖြစ်ဘူးဆိုတဲ့ အစွဲအလမ်းက ချက်ချင်းဆိုသလို ပြန်ပေါ်လာခဲ့ပါသည်။
ကဗျာစာရွက်လေးကို ကိုင်ထားရင်းက “ကျွန်မ မျက်လုံးထဲက စီးကျနေခဲ့တာ မျက်ရည်စက်တွေမဟုတ်ပဲ သွေးစက်တွေ ဖြစ်နေခဲ့မယ်ဆိုရင်တောင် ဒီစာအုပ်တွေကို မဖတ်ပဲ စွန့်ပစ်ရက်ပါ့မလား” လို့ ရူးသွပ်စွာ ထပ်စဉ်းစားမိပြန်ပါသည်။
တခါတရံမှာ စာအုပ်ဖတ်ဖို့သက်သက် ခရီးထွက်ဖြစ်ခဲ့ပြီး ထမင်းစားချိန် အိပ်ချိန်ကလွဲပြီး သုံးလေးရက်လုံးလုံး စာအုပ်ဖတ်ခဲ့ဘူးတဲ့ ရက်တွေကို မကြာခဏ ပြန်သတိရမိပါသည်။
အကြိမ်ပေါင်းများစွာ ဖတ်ဖူးခဲ့ပေမယ့် အခု ကျွန်မ ပြန်ဖတ်မိတဲ့ “Death of Reading” မှာ
“Now, if people are no longer going to read
Then writers are something that nobody needs.
This made my heart tremble and made my hand shake
And I considered what others jobs I might take.”
ဆိုတဲ့ စာပိုဒ်လေးမှာ စာရေးသူ ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို ကျွန်မကိုယ်တိုင် ပုံတူကူးယူပြီး ခံစားခဲ့ဘူးပါသည်။
ဒီစာပိုဒ်လေးက သူ့ခံစားမှုတွေနဲ့ တုန်ရီနေသယောင်ယောင်….
ကဗျာစာသားတွေရေးနေတဲ့ သူ့ရဲ့ လက်တွေတုန်ရီနေခဲ့သလို သူ့ရဲ့ နှလုံးသားတစ်ခုလုံးလဲ ဝမ်းနည်းစိတ်တွေနဲ့ တုန်ရီနေခဲ့မှာသေချာပါသည်။
သူ့ရင်ထဲမှာ ဘယ်လောက်အထိ နာကျင် ခံစားနေရမလဲ... သူခံစားနေရတဲ့ ခံစားချက် အတိမ်အနက်ကိုတော့ သေသေချာချာ ခွဲခြားပြီး ကျွန်မ မပြောနိုင်ပါ ….
ကျွန်မရဲ့ ရင်ထဲကနေပဲ သူနဲ့ထပ်တူထပ်မျှ ခံစားကြည့်လိုက်မိပါသည်။ စာရေးသူတစ်ယောက်ရဲ့ စေတနာနဲ့ သူခံစားနေရတဲ့ ဝေဒနာတွေကို သူ့လို စာရေးသူတွေကပဲ ထပ်တူထပ်မျှ ပုံစံတူခံစားနိုင်မှာသေချာပါသည်။
ချစ်တတ်သူတစ်ယောက်ရဲ့ မျက်ဝန်းထဲက စကားလုံးတွေကို သူ့ကို တကယ်ချစ်တဲ့ သူတစ်ယောက်ကသာ ပီပီပြင်ပြင် ဘာသာပြန်နိုင်မှာ သေချာနေသလိုမျိုး။
အခြားစာပိုဒ်တစ်ခုမှာတော့
PlayStations, Facebook, Big-screen TVs
And mobile phones smarter than I’ll ever be,
We pray at the alter of our brand-new God,
Who’s powerful and wise and whose name is iPod. လို့ မေးခွန်းထုတ်ထားပါသည်။
iPod iPad iPhone တွေက သူပြောသလိုပဲ စွမ်းအားကြီးမားလှစွာနဲ့ ကျွန်မတို့ကို လွှမ်းမိုးချုပ်ကိုင်သွားပြီလားလို့လဲ သူ့ခံစားချက်ကို စာနာစွာတွေးလိုက်မိပါသည်။ ကျွန်မတို့ရဲ့ ကိုးကွယ်အားထားရာ အရှင်သခင်ရဲ့ နေရာကို သူတို့တွေ တကယ်ပဲ ရောက်နေကြပြီလား မသိပါ။
Play Station တွေ တနေ့တခြားတိုးပွားလာတဲ့ အွန်လိုင်းကစားနည်းတွေ မိုဘိုင်းဖုန်းတွေ အိုင်ပက်တွေရဲ့ ဆွဲခေါ်ရာကို မသိမသာပါသွားသူတွေကို ကျွန်မ သတိမထားမိခင် အချိန်ကတည်းက Jeffery Deaver ကတွေ့ရှိခဲ့ပြီးပြီဆိုတာ သေချာနေပါသည်။
“Life was much easier when apple and blackberry were just fruits.” လို့ပြောထားတာတဲ့ စာတမ်းလေးကိုလဲ ပြေးမြင်မိပါသည်။
သူနဲ့ထပ်တူထပ်မျှ ပုံတူခံစားပေးဖို့ဆိုရင် သူ့လို စေတနာ မေတ္တာတွေ သူ့လို ခံစားချက်တွေ သူ့လို အနုပညာတွေကို ရင်းနှီးပေးဆပ်နိုင်ဖို့ လိုအပ်ပါလိမ့်မည်။ စာဖတ်သူတွေရဲ့ ရှေ့မှာ စာရေးသူတစ်ယောက် အဖြစ် ပီပီပြင်ပြင် ရပ်တည်နိုင်ဖို့ ကန့်လန့်ကာ နောက်ကွယ်မှာ သူရုန်းကန်ခဲ့ရတဲ့ အခြေအနေတွေကို ကျွန်မတို့ မသိနိုင် မမြင်နိုင်ပါ။ သူရင်းနှီးပေးဆပ်ခဲ့ရတဲ့ အချိန်တွေ သူကျော်လွားဖြတ်သန်းခဲ့တဲ့ ခက်ခဲတဲ့ အခြေအနေတွေကို ကျွန်မတို့တွေ မသိနိုင် မမြင်နိုင်တာသေချာပါသည်။
ဘယ်သူပြောခဲ့မှန်းမသိပေမယ့် “စာရေးသူဘဝဆိုတာ အင်မတန် အတ္တနည်းတဲ့သူတွေမှ ရနိုင်တဲ့ ဘဝမျိုးလို့” တခါတုန်းက မှတ်ခဲ့ဘူးပါသည်။
ဒါပေမယ့် စာရေးသူဆိုတာ စာဖတ်သူပရိတ်သတ်တွေရဲ့ အားပေးမှုနဲ့ အပြည့်အဝရပ်တည်နေရတဲ့ လူတန်းစားတစ်ရပ်ဖြစ်တာမို့ စာဖတ်သူတွေ စာမဖတ်တော့မယ့် အချိန်ကို တွေးပြီးကြောက်နေတာ သိပ်တော့မဆန်းလှပါ။
အထူးသဖြင့် အခုလို အင်တာနက်ကိုသုံးပြီး ဖတ်ချင်တဲ့စာတွေကို ဖတ်ချင်တဲ့ အချိန်တွေမှာ အချိန်ကုန် လူပန်းစရာမလိုပဲ ရှာဖွေပြီး ဖတ်လို့ရနေတဲ့ အနေအထားမှာတော့ စာအုပ်တစ်အုပ်ဖြစ်မြောက်ရေးအတွက် အချိန်ပေးပြီး ဖန်တီးနေရတဲ့ စာရေးသူတွေအနေနဲ့ Printing လုပ်ထားတဲ့ သူတို့စာအုပ်တွေအတွက် စိုးရိမ်သောက ဖြစ်တတ်ကြတာလဲ သိပ်မဆန်းလှပါ။
ကျွန်မနားထောင်ခဲ့ဘူးတဲ့ စာပေဆွေးနွေးပဲ တစ်ခုမှာလဲ Book Club Fun အဖွဲ့အစည်းလေးတစ်ခု တည်ထောင်ဖို့ ဆွေးနွေးခဲ့ကြတာကို အမှတ်ရမိပါသည်။ နိုင်ငံတကာ စာဖတ်သူတွေအနေနဲ့ သူတို့ဖတ်ဖူးတဲ့စာအုပ်တွေကို စာချစ်သူတွေကိုမျှဝေချင်တဲ့ ရည်ရွယ်ချက်လေးနဲ့ ဆွေးနွေးခဲ့ကြတာမို့ သူတို့ရဲ့ စေတနာကို အသိအမှတ်ပြုမိပါသည်။
ဒါပေမယ့် အွန်လိုင်းမှာ စာပေါင်းစုံကို ကျယ်ကျယ်ပြန့်ပြန့် ဖတ်လို့ရနိုင်တဲ့ အချိန်မှာ လူတိုင်းမအားလပ်နိုင်အောင် အလုပ်ရှုပ်နေကြတဲ့ အရှေ့မကျ အနောက်မကျ နိုင်ငံတစ်ခုမှာ စာကြည့်တိုက်ဆန်ဆန် လူမှုရေးအဖွဲအစည်းလေး တစ်ခုဖြစ်လာဖို့အတွက် အင်မတန် စိတ်ရှည်သည်းခံရမယ်ဆိုတာကိုတော့ ပြန်စဉ်းစားမိပါသည်။
အချိန်ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာမို့ ခုနောက်ပိုင်းမှာ စာအုပ်ထူထူတွေကိုင်ပြီး ဖတ်နေနိုင်တဲ့လူတန်းစားတစ်ရပ်ဟာ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေပဲ ဖြစ်တယ်ဆိုတာကို ဆွေးနွေးပွဲ တက်လာကြတဲ့ စာဖတ်သူတွေကို ကြည့်ရုံနဲ့ သေချာနေခဲ့ပါသည်။
စာဖတ်သူတွေအနေနဲ့ စာအုပ်တစ်အုပ်ကို ဖတ်ဖို့အတွက် စာအုပ်ဖိုးကို စပြီး ရင်းနှီးရမယ် ပြီးတော့ အဲဒီစာအုပ်ကို ထိန်းသိမ်းဖို့အတွက် နေရာတစ်ခုပေးရမယ်….ခရီးသွားရင်းအပျင်းပြေဖတ်ဖို့ ဝယ်တယ်ဆိုရင်လဲ စာအုပ်တစ်အုပ်ကို ဝန်ထုတ်ဝန်ပိုးတစ်ခုလို နေရာပေးပြီး သယ်ရမယ့် ဒုက္ခတစ်ခုကလဲရှိနေတာမို့ စာဖတ်သူတွေအနေနဲ့ အလွယ်တကူ အသုံးပြုနေရတဲ့ အွန်လိုင်းမှာ လိုချင်တဲ့ စာအုပ်တွေကို ရှာဖွေပြီး စာဖတ်ဖို့ကို ပိုပြီး စိတ်ဝင်စားကြတာမဆန်းလှပါ။
ဒါ့ကြောင့်ခုနောက်ပိုင်းကာလတွေမှာ ခရီးသွားသူတွေရဲ့ လက်ထဲမှာ စာအုပ်တွေတွေ့ရတာထက် အိတ်ဆောင်ကွန်ပြူတာ ခပ်ပါးပါးလေးတွေကို တွေ့ရတာများပါသည်။ ရောက်ရာအရပ်မှာ အဆင်ပြေသလို အသုံးပြုလို့ရနေတဲ့အတွက် စာအုပ်တစ်အုပ်ထက် များစွာ အသုံးတည့်တဲ့ အိတ်ဆောင်ကွန်ပြူတာ သေးသေးလေးတွေက စာအုပ်တွေရဲ့ နေရာကို အပြည့်အဝ ယူသွားကြပါသည်….
ဒါပေမယ့် အစဉ်အလာမပျက် ရထားပေါ်မှာ ကားပေါ်မှာ လေဆိပ်တွေမှာ စာအုပ်ကိုင်ထားတဲ့သူတွေကို မြင်တိုင်း Jeffery Deaver ကိုယ်စား ကျွန်မ ဝမ်းသာနေမိပါသည်။
ကျွန်မကိုယ်တိုင်ကလဲ ဖတ်ဖတ် မဖတ်ဖတ် ခရီးတို ခရီးရှည် ဘယ်နေရာသွားသွား စာအုပ်တွေ ထည့်သွားတတ်ပါသည်။ ကျောင်းတက်စဉ်အချိန်တုန်းက ကျောင်းစာအုပ်တွေ ဘာသာရပ်ဆိုင်ရာ စာအုပ်တွေ အပြင် အခြားနှစ်သက်မိတဲ့ စာအုပ်ခပ်ပါးပါးလေးတွေကို သယ်သွားလေ့ရှိပါသည်။
ပြီးတော့ ဘူတာရုံတွေ လေဆိပ်တွေမှာ စာဖတ်သူတွေ စာအုပ်တွေကို စိမ်ပြေနပြေ ထိုင်ဖတ်နေတာတွေတိုင်းလဲ ကျွန်မကို အမြဲနောက်ပြောင်နေကျ သူငယ်ချင်းမလေးပြောနေကျ စကားကို သွားသတိရမိပါသည်။
“သူငယ်ချင်းရေ နင့်စာအုပ်တွေကတော့ တော်တော်ကုသိုလ်ထူးတယ် ကားစီးလိုက် ရထားစီးလိုက် လေယာဉ်စီးလိုက်နဲ့ တော်တော် ပင်ပန်းနေမှာရှာပဲ နင်အဲဒီစာအုပ်တွေ ဖတ်ရောဖတ်ဖြစ်လို့လား” လို့ အမြဲပြောတတ်ပေမယ့် သူမကိုယ်တိုင်လဲ သွားလေရာ နေရာတိုင်းကို စာအုပ်ထူကြီးတွေ သယ်သွားတတ်သလို ကျွန်မရောက်နေတဲ့ နေရာတိုင်းကိုလဲ ဖုန်းဆက်ပြီး သူမဖတ်နေတဲ့ စာအုပ်တွေအကြောင်း လှမ်းကြွားလေ့ရှိပါသည်။
အခုဆိုရင်တော့ ကျွန်မစာအုပ်တွေက ကားစီးရုံသက်သက် ရထားစီးရုံသက်သက် မဟုတ်တော့တဲ့ အကြောင်းကို သူမကိုတွေ့ရင် ပြောပြဖြစ်မှာသေချာပါသည်။ သူငယ်ချင်းတွေနဲ့ ဝေးနေခဲ့တဲ့ အချိန်တွေမှာ ကျွန်မရဲ့ အိပ်ဖန်စောင့် ကျွန်မရဲ့ သစ္စာရှိသော အသံတိတ် အဖော်မွန်တွေ ဖြစ်သွားခဲ့တယ် ဆိုတာကိုသိကြရင်တော့ သူတို့တွေ ကျွန်မရဲ့ စာအုပ်တွေကို မနာလိုဖြစ်ကြမှာသေချာပါသည်။
ပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် စာဖတ်ခြင်းကို စွန့်လွတ်ဖို့ မကြိုးစားတော့ဘူးဆိုတာကို Jeffery Deaver သိအောင် ပြောပြချင်ပါသည်။
Wednesday, September 01, 2010
|
Labels:
အက်ဆေး
|
- Gamers Magazine
- Happy Birthday
- Tag Post
- Women' World Journal
- ကဗျာ
- ကုလားအုပ်
- ကလေးဂျာနယ် ဆောင်းပါး
- စာအုပ်အညွှန်း
- ဒူဘိုင်းသတင်း
- နိဒါန်း
- ပန်းကမ္ဘာ
- မျက်ရှု အွန်လိုင်း မဂ္ဂဇင်း
- မြတ်ဆရာများ
- မြန်မာစကားပုံများ
- မြန်မာ့မှု မြန်မာစာ
- ရသ
- လင်္ကာချို ကဗျာများ
- ဝတ္တုရှည်
- ဝတ္ထုတို
- ဝတ္ထုတို ( ရတီမဂ္ဂဇင်း)
- သူငယ်ချင်း
- အက်ဆေး
- အက်ဆေး (ရတီ မဂ္ဂဇင်း)
- အထူးအက်ဆေးရှည်
- အထူးအက်ဆေးရှည် Women's World Journal
- အပိုင်းအစများ
- အမှတ်တရလေးတွေ
- မေမေ
My Blog List
-
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ3 months ago
-
-
2019 Eclipse6 years ago
-
-
ကိုယ့္အတြက္အား7 years ago
-
ပန်း7 years ago
-
-
ပျော်ရွှင်ခြင်း8 years ago
-
-
အဖေတူသား9 years ago
-
Havana Blues10 years ago
-
အဆင်သင့် ဖြစ်ခဲ့ပြီလား ...10 years ago
-
-
အန်းမ10 years ago
-
-
FaceBook Account အခမဲ့ဖွင့်ပေးမည်။12 years ago
-
ပြန်လည်နိုးထခြင်း12 years ago
-
"အင်တာနက်စွဲရောဂါ"12 years ago
-
တစ်ဆောင်းသစ်ပြန်ပြီ12 years ago
-
“ ဖြတ်မျဉ်းများ “12 years ago
-
သူ .... သိစေ။13 years ago
-
တံခါးခေါက်သံ...13 years ago
-
အရိပ်13 years ago
-
ငါ့ကို မချစ်ပါနဲ့13 years ago
-
Bus ကားပေါ်မှ ဟာသများ14 years ago
-
ကျမချစ်သော မြင်ကွင်းများ ( စစ်တွေအလွမ်း)14 years ago
-
နင်မရှိတဲ့ ငါ14 years ago
-
“ ချူး...အီး ဆုတောင်း ”14 years ago
-
Pa-O or Descendants of Dragon14 years ago
-
မျက်ရည်ရဲ့ တန်ဖိုး14 years ago
-
" ကဗျာရေးတဲ့ကျောက်စာ " ( မွေးနေ့ အမှတ်တရ )15 years ago
-
ခြေထောက်ကိုဆွဲ .......သရဲ15 years ago
-
ဥာဏ်များတဲ့ဘကြီးမြစ်15 years ago
-
-
Salad အကြောင်းလေပေါမယ်15 years ago
-
-
အတိုက်အခိုက်15 years ago
-
်ချစ်သောရှမ်းပြည်16 years ago
-
လွတ်မြောက်ခြင်း16 years ago
-
အပျင်းပြိုင်ချင်ကြပါသလား.....16 years ago
-
နံနက်မပါတဲ့ကိုယ့်ရဲ့မနက်ခင်း16 years ago
-
အကယ်လို့များ ၂၀၁၂ မှာ ကမ္ဘာ ပျက်မယ် ဆိုရင်16 years ago
-
Hong Kong mourns Tiananmen Martyrs17 years ago
-
၅။ မြိတ်ကျွန်းစု အပန်းဖြေ အဏ္ဏ၀ါ လေ့လာရေးခရီး18 years ago
-
-
-
-
-
-
-
-
-
-
-
-
-
-
10 comments:
မနှင်းရေ..
မျက်စေ့တော့ ဂရုစိုက်..
ဘကျောက်
ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ လေရူးသုန်သုန်
စာအုပ်ကို ကျွန်တော် ဖတ်တုန်းက ဆို 2 ရက်ပဲ ကြာလိုက်တယ်....(အားအားနဲ့ တနေကုန်ထိုင်ဖတ်တာ)
ခုတော့ ညအိပ်တော့ မယ်ဆိုရင်တောင် စာမဖတ်ဘဲနဲ့ မအိပ်နိုင်ဘူး...သူငယ်ချင်းတွေကတော့ စာဘိန်း စွဲနေပြီလို့ ပြောကြတယ်....
လင်းခန့်
နှင်းရေ
စာအုပ်ကြိုက်တဲ့အကျင့်ကလည်း တူနေပြန်တယ်
တစ်နေရာသွားဖို့ဆိုရင် မဖြစ်မနေ ထည့်ရတာက ဖတ်ဖို့စာအုပ်တွေပါဘဲ
အချိန်ကြာကြာစောင့်ရမဲ့ကိစ္စတွေမှာလည်း စာအုပ်သာရှိနေခဲ့ရင် သိပ်ကြာတယ်လို့ မထင်သလို စိတ်ရှည်ရှည်နဲ့လည်း စောင့်နိုင်ပါရဲ့..
အင်း ကိုယ်တွေ ဘ၀မှာလည်း စာအုပ်ကလွဲလို့ တွယ်တာစရာသိပ်မရှိတာကိုးနော်...
စာဖတ်တဲ့ အကျင့်ကတော့ အတော့်ကိုတူတယ်အစ်မ
စာအုပ်တွေကို လဲ မနာလိုဘူ။
ဘာပဲဖြစ်ဖြစ်မျက်လုံးကိုတော့ ဂရု စိုက်စေချင်တယ်
ကြာကြာဝါးမယ့်သွား အရိုးကြည့်ရှောင်ဆိုသလိုပေါ့
်ငြိမ်းချမ်းပါစေ
မိုးယံ
ဖြစ်ဖူးလို့ ခံစားနားလည်တယ် ညီမရေ။ သတိထားပေါ့။ စာဖတ်တာကတော့ ဘယ်လိုလုပ် နားနိုင်ပါ့မလဲ။ ကျန်းမာရေးအရ လျော့သင့်တာတော့ လျော့ရမှာပေါ့လေ။ မျက်လုံးကိုတော့ ဂရုစိုက်။
ပျော်ရွှင်ပါစေ
ကိုဇော်
ဟုတ်တယ်..တို့လည်း စာမဖတ်ပဲ ကွန်ပျူတာမကြည့်ပဲ နေကို မနေနိုင်ဘူး.. ဒီကြားထဲ TV ကြည့်တာက ပါသေးတယ်။ အဲတော့ မျက်လုံးလေးလည်း ဘယ်ခံနိုင်တော့မလဲ.. ပါဝါတွေ.. ဆလင်ဒါတွေ တိုးပြီးရင်းတိုးတော့တာပေါ့..။
မနှင်းပြောတာလက်ခံတယ်...
ကျွန်တော် Face book မှာပြန် Share ပါရစေ။
မနှင်းရေ..
မျက်လုံးဖြစ်တာချင်း..ဇက်ကြောတက်တာခြင်းတူနေ
တယ်..။ သဒ္ဓါလည်းမျက်လုံးအနားမပေးတဲ့အတွက်
ဇက်ကြောတွေတက်..ခေါင်းတွေကိုက်..မျက်လုံးတွေ
ကိုက်နဲ့ မကြာခနရောဂါခံစားနေရတယ်..။
ဒါပေမဲ့လည်းမျက်လုံးကိုအနားပေးဖို့ဆိုတာမဖြစ်နိုင်ဘူးနော်.။
စာမဖတ်ပဲမနေနိုင်ဘူးလေ..။ မနှင်းလည်းဂရုစိုက်ပါ..။
ခင်တဲ့
သဒ္ဓါ
စာအုပ်တွေ ဖတ်တာချင်း ကြိုက်တာချင်းကတော့ တကယ်တူပါတယ်ဗျာ
ကျွန်တော်လဲ စာမဖတ်ရ မနေနိုင်တဲ့ အထဲကပါ..
ကျန်းမာရေးထိခိုက်လောက်အောင်တော့ မဖတ်နဲ့ပေါ့ဗျာ
နားနားနေနေ ဖတ်ပါ။
နှင်းရေ..
ပြန်ကာနီးနားနားနေနေ နေဦး။
အာရောဂျံ ပရံမံလာဘံနော်။
ဂရုစိုက်ဦး။
Post a Comment