၂၀၁၂ ရဲ့ ကမ္ဘာ့ ထိပ်တန်း အမျိုးသမီးများ



နှစ်တစ်နှစ်ကတော့ မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးသွားပြန်ပါပြီ။ ဒီ ၂၀၁၂ ဟာ အရင်နှစ်တွေလိုမဟုတ်ပဲ ကမ္ဘာတဝှမ်းလုံးကို ထူးထူးခြားခြား တုန်လှုပ်စေခဲ့တဲ့ နှစ်တစ်နှစ်လဲ ဖြစ်ခဲ့ပါတယ်။
 
ကမ္ဘာကြီးတစ်ခုလုံး အပြောင်းအလဲ ဖြစ်စေမယ်။ ကမ္ဘာပျက်မယ်ဆိုတဲ့ အတိတ်နမိတ်ဆိုးတွေကြားမှာပဲ ကျွန်မတို့ရဲ့ အမျိုးသမီးကဏ္ဍက ထူးထူးခြားခြား တိုးတက်ခဲ့ပါတယ်။

နှစ်တနှစ်လုံးရဲ့ ဖြစ်စဉ်တွေကို သုံးသပ်ကြည့်လိုက်တော့ ၂၀၁၂ ဟာ ကမ္ဘာ့အရှေ့ခြမ်းမှာရော အနောက်နိုင်ငံမှာပါ အမျိုးသမီးတွေ ထူးထူးခြားခြား နေရာယူနိုင်ခဲ့တဲ့ နှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါတယ်။



၁။    ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်  ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမှာသာမက ကမ္ဘာကပါ အသိအမှတ်ပြုရတဲ့အထိ အောင်မြင်တဲ့ အတိုက်အခံပါတီခေါင်းဆောင်အဖြစ် ထင်ရှားလာပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်ဟာ  ၂၀၁၂ မှာ ကမ္ဘာအရပ်ရပ်က ပေးအပ်ခဲ့တဲ့ ဆုတံဆိပ်ပေါင်းများစွာကို လက်ခံရရှိခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များရဲ့ အထူးအလေးပေး အသိအမှတ်ပြုခံရသူ တစ်ဦးတည်းသော အာရှတိုက်သူ အမျိုးသမီးတစ်ယောက်လဲ ဖြစ်ပါတယ်။ သူမဟာ ၂၀၁၂ ရဲ့ ကမ္ဘာ့ သြဇာအရှိဆုံး ထိပ်တန်း အမျိုးသမီး ၁၀၀ မှာ နံပါတ် ၁၉ နေရာမှာ ရှိခဲ့ပါတယ်။
လာမယ့် ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ  မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာနိုင်တယ်လို့ သတင်းမွှေးနေသူလဲ ဖြစ်ပါတယ်။

 

၂။    ၂၀၁၂ နှစ်ကုန်ကာနီးအချိန်လေးမှာပဲ တောင်ကိုရီးယား သမ္မတဟောင်း ပါ့ခ်ချုံဟီးရဲ့ သမီး ဖြစ်တဲ့ ပတ်ခ်ဂွမ်ဟေးက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြန်ပါတယ်  အသက် ၆၀ ရှိပြီဖြစ်တဲ့ ပတ်ခ်ဂွမ်ဟေးဟာ  လက်ရှိ အာဏာရ ဆေနူရီ ပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး တောင်ကိုရီးယားမှာ နှစ် ပေါင်း များ စွာ အမျိုးသားများ ကြီးစိုး ထား မှုကို အဆုံး သတ် နိုင်ခဲ့သူ ပထမဆုံး အမျိုးသမီးသမ္မတလဲ ဖြစ်ပါတယ်။ 

သူမရဲ့ ထူးခြားချက်ကတော့ ဘဝတစ်လျှောက်လုံး အိမ်ထောင်မပြုပဲ တကိုယ်တည်း နေခဲသူတစ်ဦး ဖြစ်ပြီး ကိုရီးယားနိုင်ငံဆိုးလ်မြို့ ဆုန်ဂန်း တက္ကသိုလ်က အင်ဂျင် နီယာဘွဲ့အပြင် ထိုင်ဝမ်နိုင်ငံ မွန်းဝါဒ် တက္ကသိုလ်က စာပေနဲ့ ပတ်သက်တဲ့ ဂုဏ်ထူးဆောင် ဘွဲ့ကိုလဲ ရခဲ့ပါသေးတယ်။



၃။    ကမ္ဘာ့ထိပ်တန်း သြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ အမေရိကန် သမ္မတ ဘာရက်အိုဘားမား ပြီးရင် ဒုထိယ နေရာကနေ လိုက်နေသူကတော့ ဂျာမနီနိုင်ငံရဲ့ ခေါင်းဆောင် (Chancellor)ဖစ်တဲ့ အိန်ဂျယ်လာ ဒိုရိုသီရာ မာကယ်လ် ပဲ ဖြစ်ပါတယ်။ ၂၀၁၂ ရဲ့ ကမ္ဘာ့ သြဇာ အရှိဆုံး အမျိုးသမီး၁၀၀မှာတော့ သူမဟာ နံပါတ် တစ်နေရာမှာ ရှိခဲ့ပါတယ်။

မာကယ်လ်ဟာလဲ ဂျာမနီနိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ၂၀၁၂ ရဲ့ အထင်ကရ အမျိုးသမီးတစ်ဦးဖြစ်တဲ့ မာကယ်လ်ဟာ ၂၀၁၁ နဲ့ ၂၀၁၂  အတွင်းမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးတွေက ချီးမြှင့်တဲ့ ဆုတံဆိပ်တွေ ရခဲ့သူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၁ မှာ အမေရိကန် သမ္မတ ဘာရက်အိုဘားမား ချီးမြှင့်တဲ့ Presidential Medal of Freedom  ကို လက်ခံရခဲ့ပြီး အိန္ဒိယ အစိုးရက ချီးမြှင့်တဲ့ ဂျဝါဟာလာ နေရူး ဆုတံဆိပ်ကိုလဲ ရရှိခဲ့ပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းမှာလဲ  ဂျာမနီနိုင်ငံက ချီးမြှင့်မယ့် Presidential Medal of Freedom  ကိုလဲ ရရှိအုံးမှာပါ။ သူမကတော့ ခွေးတွေကို မနှစ်သက်တဲ့သူ အဖြစ် လူသိများပါတယ်။


၎။    ၂၀၁၂ ရဲ့ အထင်ကရ အာရှ အမျိုးသမီး တစ်ဦးကတော့ ဆိုနီယာ ဂန္ဒီပါ။ ကမ္ဘာ့သက်တမ်းအရှည်ဆုံး  ဒီမိုကရက်တစ်ပါတီတစ်ခုဖြစ်တဲ့ အိန္ဒိယ ကွန်ဂရက်စ်ပါတီဥက္ကဌ ဖြစ်တဲ့ ဆိုနီယာ ဂန္ဒီကတော့ ကမ္ဘာ့သြဇာ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တွေထဲမှာ နံပါတ် ၁၂ နေရာမှာ ရှိသူပါ။
အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးလောကမှာ ဆိုနီယာဟာ အတိုက်အခံ ရန်သူတွေကြားထဲက ကမ္ဘာ့ထိပ်တန်းသြဇာအရှိဆုံး အမျိုးသမီးများထဲမှာ အခုချိန်ထိ ပါဝင်နေဆဲဖြစ်ပါတယ်။  သူမဟာ ၀န်ကြီးချုပ်မဟုတ်ပေမယ့် အာဏာရကွန်ဂရက်စ်ပါတီမှာ ၀န်ကြီးချုပ်ထက် ပိုပြီး အာဏာရှိသူလို့အားလုံးက တညီတညွတ်တည်း လက်ခံထားရသူတစ်ဦးလို့ ပြောလို့ရပါသေးတယ် ဆိုနီယာ ရဲ့သားဖြစ်တဲ့ ရဟူးဂန္ဒီကတော့ လွှတ်တော် အမတ်တစ်ယောက်ဖြစ်ပြီး ကွန်ဂရက်စ်ပါတီမှာ လက်ရှိ အထွေထွေအတွင်းရေးမှုးဖြစ်သလို  သိပ်မကြာခင်ကာလမှာ ၀န်ကြီးချုပ် ဖြစ်လာနိုင်ခြေရှိသူအဖြစ် ခန့်မှန်းကြပါတယ်။



၅။    ဘရာဇီးနိုင်ငံရဲ့ ၃၆ ယောက်မြောက် သမ္မတ ဖြစ်တဲ့ Dilma Rousseff ဟာ ၂၀၁၂ ကမ္ဘာ့ သြဇာအရှိဆုံး ထိပ်တန်း ပုဂ္ဂိုလ် ၁၀၀ ထဲမှာ နံပါတ် ၁၈ နေရာမှာ ရှိပါတယ်။  အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ သူမဟာ ဘရာဇီး နိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော အမျိုးသမီး သမ္မတ တစ်ယောက်အဖြစ်၂၀၁၁ မှာ သမ္မတရာထူးကို လက်ခံခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၂ ရဲ့ ကမ္ဘာ့သြဇာ အရှိဆုံး အမျိုးသမီးစာရင်းမှာတော့ သူမဟာ နံပါတ် သုံး နေရာမှာ ရှိခဲ့ပါတယ်။


၆။    ကမ္ဘာကို လွှမ်းမိုးနိုင်ဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တစ်ယောက်လဲ ပါပါတယ်။ ဟီလာရီဟာ အမေရိကန် သမ္မတရဲ့ ဒုတိယ သက်တမ်းကုန်ဆုံးတဲ့ အထိ တာဝန်မထမ်းဆောင်နိုင်တော့တဲ့အတွက် ၂၀၁၂ မှာ လက်ရှိရာထူးကနေ အနားယူဖို့ ပြင်ဆင်နေပါတယ်။
သူမဟာ ၂၀၁၆ အမေရိကန် သမ္မတ ရွေးချယ်ပွဲမှာ သမ္မတလောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ခြေရှိတဲ့ အမျိုးသမီးအဖြစ် အမေရိကန်ပြည်ထောင်စုမှာ ရေပန်းစားနေသူလဲ ဖြစ်ပါတယ်။



 ၇။    ၁၂၁၂ ရဲ့ ထူးခြားဖြစ်စဉ်တွေထဲမှာ ထင်ရှားခဲ့သူ ကျောင်းသူလေးတစ်ယောက်ကတော့ ပါကစ္စတန်နိုင်ငံသူလေး မာလာလာပဲဖြစ်ပါတယ်။
မာလာလာဟာ အမျိုးသမီးများ ပညာသင်ကြားခွင့်ရရေးအတွက် တက်ကြွစွာတောင်းဆိုခဲ့သူ တစ်ဦးဖြစ်လို့ အောက်တိုဘာလ () ရက်နေ့မှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှုကို ခံခဲ့ရပါတယ်။ သူမရဲ့ ရဲရင့်တဲ့ လှုပ်ရှားမှုအတွက် ၁၅ နှစ်အရွယ် ပါကစ္စတန် မိန်းကလေး မာလာလာ ယူဆပ်ဇိုင် (Malala Yusafzai) ကို ပါကစ္စတန် ကျောင်းသားတွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက  ဂုဏ်ပြုခဲ့ကြပါတယ်။
မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်ရရေး ရှေ့ထွက်ပြောဆိုခဲ့တဲ့ မာလာလာ ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာလ ၁၀ ရက်၊ စနေနေ့ကိုလဲ မာလာလာ နေ့အဖြစ် ကုလသမဂ္ဂ သတ်မှတ်ပေးခဲ့ပါတယ်။ သူမရဲ့ နိုင်ငံမှာရှိတဲ့ ကောလိပ်တစ်ခုကိုလဲ မာလာလာ ကောလိပ်အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုဖို့ ကြိုးစားခဲ့ပေမယ့် သူမက လက်မခံခဲ့ပါဘူး။
မာလာလာ ကို ၂၀၁၂ ခုနှစ်အတွက် သမ္မတ အိုဘားမားပြီးရင် ဒုတိယ စိတ်ဝင်စားစရာ အကောင်းဆုံး လူပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ကြတာ
ဖြစ်ပါတယ်။ သူမကို ပစ်ခတ်ခဲ့တဲ့ တာလီဘန်တွေဟာအမျိုးသမီး ပညာရေးကဏ္ဍအတွက် တက်ကြွစွာ လှုပ်ရှားခဲ့တဲ့ မာလာလာကို သေတဲ့အထိ တိုက်ခိုက်သွားဖို့ ပစ်မှတ်ထားခဲ့ကြပါတယ်။

 

၈။    အမေရိကန်ပြည်ထောင်စု ကွန်နက်တီကတ် ပြည်နယ် SANDY HOOK SCHOOL မူလတန်းကျောင်း က အသက် ၂၇ ကျောင်းဆရာမလေး Vicki Soto ဟာ ၂၀၁၂ ရဲ့ အမျိုးသမီး သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ပါတယ်။ စာသင်ကျောင်းကို သေနတ်သမား လာရောက်တိုက်ခိုက်ချိန်မှာ သူမအတန်းထဲက ကလေးတွေကို အဝတ်ဘီရိုတွေထဲကို ဝင်ပုန်းစေခဲ့ပါတယ်။ သေနတ်သမားရောက်လာချိန်မှာတော့ ကလေးတွေ အားကစားခန်းမထဲကို ရောက်နေတယ်လို့ ပြောခဲ့ပြီး ကလေးတွေကိုယ်စား သူမရဲ့ အသက်ကိုပေးခဲ့သူပါ။ သူမကိုယ်တိုင် အသေခံပြီး ကလေးတွေအသက်ကိုကယ်ဆယ်သွားတဲ့ ဆရာမလေး ဗစ်ကီဟာ ၂၀၁၂ မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ စံပြ သူရဲကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။



၉။    ဗြိတိန် အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန် ဟာလဲ ၂၀၁၂ မှာ လူသိများ ထင်ရှားသူ အမျိုးသမီး တစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ နှစ်ကုန်ပိုင်းမှာ  ဗြိတိန်ရဲ့ နန်းသွေးနန်းလျာလောင်းလေးကို  ကိုယ်ဝန်လွယ်ထားရတဲ့ ကိတ်ရဲ့ သတင်းဟာ မီဒီယာလောကကို ဂယက်ရိုက်စေခဲ့သလို ကမ္ဘာအဝှမ်းက ပြည်သူတွေ စိတ်ဝင်စားဆုံးသတင်းတစ်ပုဒ်လဲ ဖြစ်ခဲ့ပါတယ်။

ဓါတ်ပုံတွေကိုတော့ Google ကနေ ယူပါတယ်။ မူရင်းဓါတ်ပုံပိုင်ရှင်များအားလုံးကို ကျေးဇူးတင်ပါတယ်။ 

နှစ်သစ်မှာ စာဖတ်သူတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ။

2 comments:

သူကြီးမင်း (တုံးဖလား) said...

တစ်ခဏလေး ဖတ်ပြီး ဗဟုသုတတွေ အများကြီး ယူသွားတယ်။ မနှင်းရေ။ ကျေးဇူးပါ။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။

Unknown said...

How about Daw KK? I can't find her name is the list!

My Blog List